iMyanmarHouse.com - Best Property Website for Myanmar
×











Credit: Cele yetkwat
# Unicode Version ဖြင့် ဖတ်ပါ #
နယ်ပရိတ်သတ်သာမက မြို့ပရိတ်သတ် ရဲ့ အားပေးမှုကိုပါ အခိုင်အမာ ရရှိ ထားသူကတော့ မင်းသားချော ဇေရဲထက်ပဲ ဖြစ်ပါတယ်။

ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် အချိန်တိုအတွင်း နာမည်ကြော်ကြား လူကြိုက်များလာပြီး ပရိတ်သတ် အားပေးမှုကို ရရှိထားသူပါ။

ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ် ။

မင်းသားချော ဇေရဲထက်ရဲ့ ဝါသနာကတော့ ဟင်းချက်တာပဲ ဖြစ်ပါတယ်။ ကျောက်ဆည်မြို့ မှာ ထမင်းဆိုင် ဖွင့်ဖူးခဲ့တယ် လို့ ဆိုပါတယ်။ ဟင်းချက်ဝါသနာကြောင့် online မှာ ဟင်းတွေချက်ပြီးလည်း ရောင်းခဲ့ပါသေးတယ်။

online မှတစ်ဆင့် ဟင်းတွေ ဝယ်ယူအားပေးခဲ့တဲ့ ပရိတ်သတ် များလွန်းတဲ့ အတွက်ကြောင့် လက်မလည်အောင် ချက်ပြုတ်ခဲ့ရပါတယ်တဲ့။

ငယ်ရွယ်စဉ်က အဖွားနဲ့ အတူနေခဲ့ရတာ ဖြစ်တဲ့အတွက် ဟင်းချက် ဝါသနာပါလာတယ်လို့လည်း ဆိုပါတယ် ။

ဦးလေးရဲ့ ထမင်းဆိုင်မှာ တစ်နှစ်လောက် စားပွဲထိုးဝင်လုပ်ပြီး အတွေ့အကြုံတွေစုပြီးမှ ထမင်းဆိုင် ဖွင့်ဖြစ်ခဲ့ပါတယ် တဲ့။

ဟင်းချက်ဝါသနာပါတဲ့ မင်းသားချော ဇေရဲထက်အတွက် ထမင်းချက်တာကတော့ သူ့အတွက် ခက်ခဲတယ်လို့ ဆိုပါတယ်။

မြန်မာဟင်းလျာများအပြင် တရုတ်ဟင်းများကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ချက်တတ်ပါသေးတယ်တဲ့။

ကဲ……ပရိတ်သတ်ကြီးလည်း ကြုံကြိုက်ရင် မင်းသား ဇေရဲထက်ရဲ့ ဟင်းချက်လက်ရာလေးတွေကို မြည်းစမ်းကြည့်လိုက်ပါဦးနော်။

Credit: Cele yetkwat
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top