iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာအုိင္ေဒါရဲ႕ဝင္းနားတစ္ဦးျဖစ္လာတဲ႔ ျဖိဳးျမတ္ေအာင္ဟာ ပရိသတ္ေတြရဲ႕ ႏွလံုးသားကိုယခုခ်ိန္ထိတုိင္ေအာင္ သိမ္းယူထားနိုင္သူတစ္ဦးျဖစ္ပါတယ္။

ျပိဳင္ပြဲျပီးသြားေပမယ့္လည္း သူ႔ရဲ႕အိပ္မက္ျဖစ္တဲ့ ဘုရားထီးတင္မယ့္ပြဲမွာ လာေရာက္လွဴဒါန္းခ်င္သူေတြအလြန္မ်ားျပားလ်က္ရွိေနတာကိုလည္း ေတြ႔ရပါတယ္။

ရိုးဂုဏ္၊ မိဘအေပၚသိတတ္တဲ့စိတ္ေတြေၾကာင့္ ဝင္းနားဆုကိုထိုက္ထိုက္တန္တန္ရရွိခဲ့တဲ့အျပင္ ပရိသတ္ေတြရဲ႕ အသည္းေတြကိုပါ သိမ္းပိုက္ႏိုင္ခဲ့တဲ႔ ဝင္းနားဆုရွင္တစ္ဦးျဖစ္ပါတယ္။

ျမန္မာအုိင္ေဒါရဲ႕ Judge တစ္ဦးျဖစ္တဲ႔ ျမန္မာျပည္သိန္းတန္ႏွင့္ဇနီးေမာင္ႏွံကလည္း ဒီရက္ပုိင္းထဲမွာပါ ျဖိဳးျမတ္ေအာင္ရဲ႕ ဇာတိျဖစ္တဲ့ ဟသၤာတကိုသြားေရာက္ခဲ့ျပီးေတာ့ မိသားစုေတြနဲ႔ ေတြ႔ဆံုခဲ့ၾကပါေသးတယ္။

ျဖိဳးျမတ္ေအာင္ရဲ႕ ဘုရားထီးတင္မယ့္ေနရာမွာ လွဴဒါန္းခ်င္သူေတြအမ်ားအျပားရွိေနတဲ့အျပင္ ထူးထူးျခားျခားလွဴဒါန္းခ်င္တဲ့ မိုးကုတ္က ျဖိဳးျမတ္ေအာင္ရဲ႔ ပရိသတ္ေတြလည္းပါဝင္ပါတယ္။

သူတုိ႔ဟာ မိုးကုတ္ကေနျပီးေတာ့မွ ျဖိဳးျမတ္ေအာင္ရွိရာ ဟသၤာတသို႔ေရာက္ေအာင္လာခဲ့ၾကျပီး ျဖိဳးျမတ္ေအာင္ လွဴမယ့္ဘုရားထီးေတာ္မွာ စိန္ဖူးေတာ္ေတြ လွဴမယ့္အျပင္ အရံေစတီ ၈ ဆူအတြက္ပါ စိန္ဖူးေတာ္ေတြ လွဴၾကမွာျဖစ္ပါတယ္။

မိုးကုတ္ပရိသတ္ေတြနဲ႔ ျဖိဳးျမတ္ေအာင္တို႔သားအမိ ေတြ႕ဆံုၾကတဲ့ ဗီဒီယိုေလးဟာ ယခုအခါ လူမွုကြန္ယက္ေပၚပ်ံ႕ႏွံ႔ေနျပီး ၾကည့္ရွုသူေတြအရမ္းကိုသေဘာက်ေနၾကတာလည္းျဖစ္ပါတယ္။

အားလံုးပဲ အတူၾကည့္ရွုႏုိင္ေအာင္ ယခုပဲေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Video- ဗီဒီယိုဖုိင္ကို ယုယုေဝအေကာင့္မွ ကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။

Credit: We Love Cele
# Unicode Versionျဖင့္ ဖတ္ပါ #
မြန်မာအိုင်ဒေါရဲ့ဝင်းနားတစ်ဦးဖြစ်လာတဲ့ ဖြိုးမြတ်အောင်ဟာ ပရိသတ်တွေရဲ့ နှလုံးသားကိုယခုချိန်ထိတိုင်အောင် သိမ်းယူထားနိုင်သူတစ်ဦးဖြစ်ပါတယ်။

ပြိုင်ပွဲပြီးသွားပေမယ့်လည်း သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ဘုရားထီးတင်မယ့်ပွဲမှာ လာရောက်လှူဒါန်းချင်သူတွေအလွန်များပြားလျက်ရှိနေတာကိုလည်း တွေ့ရပါတယ်။

ရိုးဂုဏ်၊ မိဘအပေါ်သိတတ်တဲ့စိတ်တွေကြောင့် ဝင်းနားဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့အပြင် ပရိသတ်တွေရဲ့ အသည်းတွေကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့ ဝင်းနားဆုရှင်တစ်ဦးဖြစ်ပါတယ်။

မြန်မာအိုင်ဒေါရဲ့ Judge တစ်ဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်နှင့်ဇနီးမောင်နှံကလည်း ဒီရက်ပိုင်းထဲမှာပါ ဖြိုးမြတ်အောင်ရဲ့ ဇာတိဖြစ်တဲ့ ဟင်္သာတကိုသွားရောက်ခဲ့ပြီးတော့ မိသားစုတွေနဲ့ တွေ့ဆုံခဲ့ကြပါသေးတယ်။

ဖြိုးမြတ်အောင်ရဲ့ ဘုရားထီးတင်မယ့်နေရာမှာ လှူဒါန်းချင်သူတွေအများအပြားရှိနေတဲ့အပြင် ထူးထူးခြားခြားလှူဒါန်းချင်တဲ့ မိုးကုတ်က ဖြိုးမြတ်အောင်ရဲ့ ပရိသတ်တွေလည်းပါဝင်ပါတယ်။

သူတို့ဟာ မိုးကုတ်ကနေပြီးတော့မှ ဖြိုးမြတ်အောင်ရှိရာ ဟင်္သာတသို့ရောက်အောင်လာခဲ့ကြပြီး ဖြိုးမြတ်အောင် လှူမယ့်ဘုရားထီးတော်မှာ စိန်ဖူးတော်တွေ လှူမယ့်အပြင် အရံစေတီ ၈ ဆူအတွက်ပါ စိန်ဖူးတော်တွေ လှူကြမှာဖြစ်ပါတယ်။

မိုးကုတ်ပရိသတ်တွေနဲ့ ဖြိုးမြတ်အောင်တို့သားအမိ တွေ့ဆုံကြတဲ့ ဗီဒီယိုလေးဟာ ယခုအခါ လူမှုကွန်ယက်ပေါ်ပျံ့နှံ့နေပြီး ကြည့်ရှုသူတွေအရမ်းကိုသဘောကျနေကြတာလည်းဖြစ်ပါတယ်။

အားလုံးပဲ အတူကြည့်ရှုနိုင်အောင် ယခုပဲဖော်ပြပေးလိုက်ပါတယ်နော်။

Video- ဗီဒီယိုဖိုင်ကို ယုယုဝေအကောင့်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Credit: We Love Cele
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top