iMyanmarHouse.com - Best Property Website for Myanmar
×
ကြက်ဆူဆီ
မာလကာသီး ၊ ငှက်ပျောသီး
သင်္ဘောသီး
သံပယိုရည်
အာလူး
ဆနွင်း
ရှားစောင်းလက်ပက်
Credit: ForHerMyanmar
# Unicode Version ဖြင့် ဖတ်ပါ #
ဒါဆိုရင်တော့ ညစ်နေတာလေးတွေ ခဏမေ့ပြီး အောက်က အိမ်တွင်းကုထုံးလေးတွေကို အချိန်ပေးပြီး မျက်တောင်မခတ် ဖတ်ကြည့်လိုက်နော်။
ထောပတ်သီးမှည့်ကို အနှစ်ဖြစ်အောင် ကြိတ်ချေပါAvogadro။
ထိုအနှစ်ကို တင်းတိတ်ဖြစ်နေတဲ့နေရာတွေမှာ လိမ်းပါ။
နာရီဝက်ခန့်ထားပြီး ကြက်သီးနွေးရေနဲ့ ဆေးကြောပေးပါ။
တစ်နေ့ နှစ်ကြိမ်မှန်မှန်လုပ်ပေးပါ။
ကြက်ဆူဆီ
ကြက်ဆူဆီနှင့် ဗီတာမင်အီးကို ရောပြီး တင်းတိတ်နေရာတွေကိုနေ့စဉ် လိမ်းပေးခြင်းဟာ သင့်အသားရေကို နူးညံ့ချောမွေ့စေပြီး  မျက်နှာအသားရေကို အားဖြည့်ပေးတာကြောင့် တင်းတိတ်တွေကို လျော့ပါးလာစေပါတယ်။
မာလကာသီး ၊ ငှက်ပျောသီး
မာလကာသီးနှင့်ငှက်ပျောသီးအနှစ်တို့ကို ရောပြီး မျက်နှာပေါ်တွင်လိမ်းပေးပါ။
၁၅–၂၀မိနစ်ခန့်ထားပြီးနောက် ရေဆေးချပါ။ နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင်
ထူးခြားတဲ့ရလဒ်ရရှိမှာပါ။
သင်္ဘောသီး
သင်္ဘောသီးကို ကြိတ်ခြေပြီး အရည်တွေကိုညှစ်ထုတ်ပစ်ပါ။ အဖတ်တွေကို တင်းတိတ်ပေါက်တဲ့နေရာတွေမှာသုတ်လိမ်းပေးပါ။
တစ်လလောက်မှန်မှန်လုပ်သွားမယ်ဆိုရင် ထူးခြားချက်ကို တွေ့ရမှာပါ။
သံပယိုရည်
သံပယိုရည်ကို ဝါဂွမ်းလုံးလေးအသုံးပြုပြီးတော့ တင်းတိတ်ပေါက်တဲ့နေရာတွေမှာ သုတ်လိမ်းပေးပါ။ ၁၀–၁၅မိနစ်ခန့်ထားပြီး ရေဆေးချပါ. တစ်နေ့ကိုနှစ်ကြိမ်ပြုလုပ်ပေးမယ်ဆိုရင်
ရလဒ်မြန်မြန်ရမှာပါ။ ထိလွယ်ရှလွယ်အသားရေပိုင်ရှင်များအနေနဲ့
သံပယိုရည်ကို ရေနဲ့ အနည်းငယ်ရောပြီး  အသုံးပြုပေးသင့်ပါတယ်။
အာလူး
အာလူးတစ်လုံးကို အခွံခွာပြီး ထူထူလေးလှီးပါ။ အာလူးစိတ်တွေပေါ်ကို ရေအနည်းငယ်ဖြန်းပြီး
မျက်နှာပေါ်မှာ ၅–၁၀မိနစ်ခန့် ပွတ်ပေးပါ။ ထို့နောက် ကြက်သီးနွေးရေလေးနဲ့
ဆေးကြောပေးပါ။ ဒါကို တစ်နေ့ သုံးကြိမ်မှ လေးကြိမ်ခန့် ပြုလုပ်ပေးပါ။
အနေတော်အာလူးတစ်လုံးကို ကြိတ်ခြေပြီး အရည်ညှစ်ယူပါ။
ရလာသောအရည်ကို သံပယိုရည်နှင့်  ဆတူရောစပ်ပြီး
မျက်နှာပေါ်သုတ်လိမ်းပေးပါ။ ထို့နောက် ၂၀–၃၀မိနစ်ခန့်ထားပြီး ရေဆေးချပါ။
တစ်နေ့ နှစ်ကြိမ်မှန်မှန်လုပ်ပေးပါ။
ဆနွင်း
ဆနွင်း လဘက်ရည်ဇွန်း၁ဇွန်းနှင့် သံပယိုရည် လဘက်ရည်ဇွန်းတစ်ဇွန်းတို့ကို
ရောစပ်ပြီးမျက်နှာပေါ်လိမ်းပေးပါ။ မိနစ်၂၀ခန့်ထားပြီါ် ရေဆေးချပါ။ အသုံးပြုပြီး တစ်နာရီမပြည့်ခင် အပြင်မထွက်သင့်ပါဘူး။
တစ်နေ့ တစ်ကြိမ် မှန်မှန်လုပ်ပေးဖို့ အရေးကြီးပါတယ်။ ဆနွင်းစစ်ဖို့လည်း အရေးကြီးပါတယ်နော်။
ရှားစောင်းလက်ပက်
ညအိပ်ရာမဝင်ခင် လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပက်ဂျယ်လ်လေးကို
တင်းတိတ်ဖြစ်နေတဲ့နေရာတွေမှာ လိမ်းပြီး ညအိပ်ရာဝင်ပါ။
မနက်မိုးလင်းကျတော့မှ မျက်နှာသစ်ပါ။ နေ့စဉ်ပြုလုပ်ပေးသွားမယ်ဆိုရင်
ထူးခြားတဲ့ရလဒ်ကို ရရှိမှာပါ။
နောက်တစ်နည်းကတော့ ရှားစောင်းလက်ပက်ဂျယ်လ် (စားပွဲတင်ဇွန်း၂ဇွန်း)နှင့်  ပျားရည်စစ်စစ် (စားပွဲတင်ဇွန်းတစ်ဝက်) တို့ကို နှံ့စပ်စွာရောနယ်ပြီး ၁၀မိနစ်ခန့်
ထားထားပါ။ ထို့နောက်မှ မျက်နှာပေါ်မှာ လိမ်းပေးပပြီး သဘာဝအတိုင်း ခြောက်အောင်ထားပေးပါ။ မိနစ်၂၀ခန့်ထားပြီး ကြက်သီးနွေးရေလေးနဲ့
ဆေးကြောပေးပါ။ တစ်နေ့တစ်ကြိမ် မှန်မှန်လုပ်ပေးပါ။
အပြင်ထွက်တော့မယ်ဆိုရင် နေရောင်ခံလိမ်းဆးလိမ်းတာမျိုး၊  ဦးထုပ်နဲ့ လက်ရှည်ဆောင်တာမျိုးတွေ  လုပ်ပေးသင့်ပါတယ်။
နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့တာကတော့ အကောင်းဆုံးပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အသားရေအမျိုးအစား ကွဲပြားတာကြောင့် တစ်နည်းအဆင်မပြေရင် နောက်တစ်နည်းစမ်းသပ်ကြည့်လိုက်နော်။
Credit: ForHerMyanmar
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top