iMyanmarHouse.com - Best Property Website for Myanmar
×

လူရယ္လို႔ျဖစ္လာရင္ ထိခိုက္ဒဏ္ရာနဲ႔မကင္းပါဘူး။ ထိခိုက္ဒဏ္ရာက ခႏၶာကိုယ္ရဲ႕ ေနရာအႏွံ႔မွာျဖစ္ႏိုင္ပါတယ္။ အနာကိုေသခ်ာဂရုမစိုက္တဲ့အခါ အမာရြတ္ျဖစ္လာရင္လည္း အလွပ်က္ေစႏိုင္ပါေသးတယ္။ ခႏၶာကိုယ္ရဲ႕ အျခားေနရာေတြမွာျဖစ္ရင္ ဖံုးကြယ္ထားလို႔ရေပမယ့္ မ်က္ႏွာမွာျဖစ္္က်န္ခဲ့တဲ့ အမာရြတ္ေတြကိုေတာ့ ဖံုးကြယ္ဖို႔ခက္ပါမယ္။ ဒါေၾကာင့္ မ်က္ႏွာေပၚမွာ ထိခိုက္ဒဏ္ရာရတဲ့အခါ ေသခ်ာဂရုစိုက္ဖို႔လိုပါမယ္။ လူတစ္ေယာက္အတြက္ အရမ္းအေရးပါတဲ့ မ်က္ႏွာမွာထိခိုက္ဒဏ္ရာရတဲ့အခါ ဘယ္လိုေသခ်ာဂရုစိုက္ေပးရမလဲဆိုတာကို ေသေသခ်ာခ်ာေလးေျပာျပေပးမွာမို႔ ဖတ္ၾကည့္ၾကဖို႔ေျပာပါရေစ။
ဒါေတြေၾကာင့္ မ်က္ႏွာေပၚမွာထိခိုက္ဒဏ္ရာရႏိုင္ပါတယ္

    မေတာ္တဆ ေခ်ာ္လဲတာ
    မုတ္ဆိတ္ရိတ္ရင္း ဓားရွတာ
    မ်က္ႏွာကို  တစ္ခုခုနဲ႔ ထိခိုက္မိတာ
    ထိုးၾကိတ္ခံရတာ
    တစ္ခုခုနဲ႔ဝင္ေဆာင့္မိတာလိုမ်ိဳးျဖစ္ႏိုင္ပါတယ္။

မ်က္ႏွာမွာထိခုိက္ဒဏ္ရာရတဲ့အခါ ဘယ္လိုေစာင့္ေရွာက္မႈေတြလုပ္မလဲ

မ်က္ႏွာမွာထိခိုက္ဒဏ္ရာရတဲ့အခါ ေသေသခ်ာခ်ာဂရုစိုက္ႏိုင္မွ ေသရာပါအမာရြတ္ေတြကို ကာကြယ္ႏိုင္မွာပါ။ ဒါေၾကာင့္မ်က္ႏွာမွာ ထိခိုက္ဒဏ္ရာရတဲ့အခါ အစစအရာရာေသခ်ာဂရုစိုက္ဖို႔လိုပါမယ္။

ေသြးတိတ္ေအာင္လုပ္ပါ

အရင္ဆံုးအနာကိုေသြးတိတ္ေအာင္လုပ္ေပးပါ။ အနာကို တစ္သွ်ဴးစသန္႔သန္႔ေလးနဲ႔ဖိျပီး ေသြးတိတ္သြားေအာင္အရင္လုပ္ေပးလိုက္ပါ။ ေသြးကေတာ္ေတ္ာနဲ႔ မတိတ္ဘူးဆိုရင္ေတာ့ ေရခဲကို တဘက္စသန္႔သန္႔ေလးထဲ ထည့္ထုတ္ျပီး အနာေပၚမွာ ခပ္ဖြဖြေလးကပ္ေပးလိုက္ပါ။ မ်က္လံုးတဝိုက္မွာ ထိခိုက္မိတာဆိုရင္ေတာ့ ေသခ်ာဂရုစိုက္ဖို႔လိုပါမယ္။

အနာကို သန္႔စင္ေဆးေၾကာေပးပါ

အနာကို ေရေအးေအးသန္႔သန္႔ေလးနဲ႔ ညင္ညင္သာသာေဆးေၾကာသန္႔စင္ေပးလိုက္ပါ။ အနာကိုေဆးတဲ့အခါ သန္႔စင္သြားေအာင္ဆိုျပီး ဆပ္ျပာသံုးျပီးေဆးေၾကာတာမ်ိဳးမလုပ္ပါနဲ႔။ ေနာက္တစ္ခုက ေရေႏြးသံုးျပီး ေဆးေၾကာတာမ်ိဳးမလုပ္ဖို႔ပါ။ ေရေႏြးသံုးျပီး ေဆးေၾကာတာက အခန္႔မသင့္ရင္ အနာကို ေသြးျပန္ထြက္လာေစႏိုင္တာေၾကာင့္ပါ။အနာကိုေဆးေၾကာတဲ့အခါ အနာထဲမွာရွိေနတဲ့ ဖုန္မႈန္႔ေတြ၊ အညစ္အေၾကးေတြနဲ႔ ျပင္ပအရာဝတၳဳေတြကို  သန္႔စင္ဖယ္ရွားေပးပါ။

Antibiotics Cream တစ္ခုခုလိမ္းေပးပါ

အနာကိုသန္႔စင္ေဆးေၾကာျပီးျပီးဆိုရင္ေတာ့ အနာကို ေျခာက္ေသြ႔ေအာင္သုတ္ျပီး အနာကို Antibiotics Cream တစ္ခုခုလူးေပးလိုက္ပါ။ အနာကိုပိုးဝင္တာနဲ႔ အနာရင္းတာမ်ိဳးေတြမျဖစ္ေအာင္ကာကြယ္ႏိုင္ဖို႔ပါ။

အနာကို ပလာစတာကပ္ေပးပါ

အနာကို ေဆးတစ္ခုခုလူးျပီးျပီဆိုရင္ေတာ့  ပတ္ဝန္းက်င္က သန္႔ရွင္းမႈမရွိတဲ့အရာေတြကို ကာကြယ္ႏိုင္ေစဖို႔အတြက္ အနာကို ပလာစတာေလးကပ္ေပးထားလိုက္ပါ။

အနာကိုေန႔စဥ္စစ္ေဆးေပးပါ

အနာကိုေန႔စဥ္စစ္ေဆးဖို႔ကလည္း မျဖစ္မေနလုပ္သင့္တဲ့ အနာ ထိန္းသိမ္းေစာင့္ေရွာက္မႈတစ္ခုပါ။ ေန႔စဥ္ အနာက ရင္းေနလား၊ ျပည္တည္ေနလားဆိုတာေတြကို စစ္ေဆးေပးပါ။ အနာကိုေန႔စဥ္စစ္ေဆးျပီး ေဆးထည့္တာ၊ ပလာစတာလဲတာေတြလုပ္ေပးပါ။ အနာကိုေန႔စဥ္ စစ္ေဆးတာက အနာနီျမန္းေရာင္ရမ္းတာေတြကို ကာကြယ္ရာလည္းက်ပါတယ္။

အနာကပိုးဝင္ကူးစက္ေနတာ၊ ျပည္တည္ေနတာ၊ အနာရင္းေနတာေတြျဖစ္ေနမယ္ဆိုရင္ေတာ့ အနာကို နီးစပ္ရာေဆးခန္းမွာသြားေရာက္ျပသေပးပါ။ မ်က္ႏွာမွာျဖစ္တာေၾကာင့္ အမာရြတ္က်န္ျပီး အက်ည္းတန္မေနေစဖို႔အတြက္ အနာကိုေသခ်ာဂရုစိုက္ေပးတာက အေကာင္းဆံုးျဖစ္မွာပါ။ မ်က္ႏွာက အနာက်က္သြားျပီဆိုရင္ေတာင္မွ အျပင္သြားတဲ႔အခါမွာ ပလာစတာကပ္ထားေပးတာက အဆင္ေျပမွာပါ။ မေတာ္တဆကုတ္မိ၊ထိမိတာေတြေၾကာင့္ အမာရြတ္ထင္က်န္တာမ်ိဳးျဖစ္ႏိုုင္တာေၾကာင့္ပါ။

မ်က္ႏွာမွာထိခိုက္ဒဏ္ရာျဖစ္ျပီးျပီးခ်င္း ၂၄ နာရီအတြင္း အက္စပရင္လိုမ်ိဳး ေဆးဝါးေတြေသာက္သံုးတာမ်ိဳးမလုပ္ပါနဲ႔ ေသြးမတိတ္တာမ်ိဳးျဖစ္ႏိုင္တာေၾကာင့္ပါ။ ျပီးရင္ေတာ႔ ၄၈ နာရီအတြင္း ေရေႏြးနဲ႔ေရခ်ိဳးတာ၊ေရေႏြးအိတ္ကပ္ေပးတာ၊ ပူပူစပ္စပ္အစားအေသာက္ေတြစားတာမ်ိဳးကိုေရွာင္ရွားေပးပါ။ ေနာက္တစ္ခ်က္က အနာကိုေနေရာင္နဲ႔တိုက္ရိုက္ထိေတြ႔တာမ်ိဳးမလုပ္ဖို႔ပါ။ အနာက်က္သြားတဲ့အခါမွာလည္း အနာေပၚကေန ေနေလာင္ကာခရင္မ္ခပ္ပါးပါးေလးလူးေပးလိုက္ပါ။ အနာကယားယံတဲ႔အခါမွာလည္းကုတ္ဖဲ႔မိတာမ်ိဳးမျဖစ္ေအာင္ဂရုစိုက္ေပးပါ။

Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
လူရယ်လို့ဖြစ်လာရင် ထိခိုက်ဒဏ်ရာနဲ့မကင်းပါဘူး။ ထိခိုက်ဒဏ်ရာက ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာဖြစ်နိုင်ပါတယ်။ အနာကိုသေချာဂရုမစိုက်တဲ့အခါ အမာရွတ်ဖြစ်လာရင်လည်း အလှပျက်စေနိုင်ပါသေးတယ်။ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာဖြစ်ရင် ဖုံးကွယ်ထားလို့ရပေမယ့် မျက်နှာမှာဖြစ်ကျန်ခဲ့တဲ့ အမာရွတ်တွေကိုတော့ ဖုံးကွယ်ဖို့ခက်ပါမယ်။ ဒါကြောင့် မျက်နှာပေါ်မှာ ထိခိုက်ဒဏ်ရာရတဲ့အခါ သေချာဂရုစိုက်ဖို့လိုပါမယ်။ လူတစ်ယောက်အတွက် အရမ်းအရေးပါတဲ့ မျက်နှာမှာထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်လိုသေချာဂရုစိုက်ပေးရမလဲဆိုတာကို သေသေချာချာလေးပြောပြပေးမှာမို့ ဖတ်ကြည့်ကြဖို့ပြောပါရစေ။
ဒါတွေကြောင့် မျက်နှာပေါ်မှာထိခိုက်ဒဏ်ရာရနိုင်ပါတယ်

    မတော်တဆ ချော်လဲတာ
    မုတ်ဆိတ်ရိတ်ရင်း ဓားရှတာ
    မျက်နှာကို  တစ်ခုခုနဲ့ ထိခိုက်မိတာ
    ထိုးကြိတ်ခံရတာ
    တစ်ခုခုနဲ့ဝင်ဆောင့်မိတာလိုမျိုးဖြစ်နိုင်ပါတယ်။

မျက်နှာမှာထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်လိုစောင့်ရှောက်မှုတွေလုပ်မလဲ

မျက်နှာမှာထိခိုက်ဒဏ်ရာရတဲ့အခါ သေသေချာချာဂရုစိုက်နိုင်မှ သေရာပါအမာရွတ်တွေကို ကာကွယ်နိုင်မှာပါ။ ဒါကြောင့်မျက်နှာမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ အစစအရာရာသေချာဂရုစိုက်ဖို့လိုပါမယ်။

သွေးတိတ်အောင်လုပ်ပါ

အရင်ဆုံးအနာကိုသွေးတိတ်အောင်လုပ်ပေးပါ။ အနာကို တစ်သျှူးစသန့်သန့်လေးနဲ့ဖိပြီး သွေးတိတ်သွားအောင်အရင်လုပ်ပေးလိုက်ပါ။ သွေးကတော်တေ်ာနဲ့ မတိတ်ဘူးဆိုရင်တော့ ရေခဲကို တဘက်စသန့်သန့်လေးထဲ ထည့်ထုတ်ပြီး အနာပေါ်မှာ ခပ်ဖွဖွလေးကပ်ပေးလိုက်ပါ။ မျက်လုံးတဝိုက်မှာ ထိခိုက်မိတာဆိုရင်တော့ သေချာဂရုစိုက်ဖို့လိုပါမယ်။

အနာကို သန့်စင်ဆေးကြောပေးပါ

အနာကို ရေအေးအေးသန့်သန့်လေးနဲ့ ညင်ညင်သာသာဆေးကြောသန့်စင်ပေးလိုက်ပါ။ အနာကိုဆေးတဲ့အခါ သန့်စင်သွားအောင်ဆိုပြီး ဆပ်ပြာသုံးပြီးဆေးကြောတာမျိုးမလုပ်ပါနဲ့။ နောက်တစ်ခုက ရေနွေးသုံးပြီး ဆေးကြောတာမျိုးမလုပ်ဖို့ပါ။ ရေနွေးသုံးပြီး ဆေးကြောတာက အခန့်မသင့်ရင် အနာကို သွေးပြန်ထွက်လာစေနိုင်တာကြောင့်ပါ။အနာကိုဆေးကြောတဲ့အခါ အနာထဲမှာရှိနေတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ ပြင်ပအရာဝတ္ထုတွေကို  သန့်စင်ဖယ်ရှားပေးပါ။

Antibiotics Cream တစ်ခုခုလိမ်းပေးပါ

အနာကိုသန့်စင်ဆေးကြောပြီးပြီးဆိုရင်တော့ အနာကို ခြောက်သွေ့အောင်သုတ်ပြီး အနာကို Antibiotics Cream တစ်ခုခုလူးပေးလိုက်ပါ။ အနာကိုပိုးဝင်တာနဲ့ အနာရင်းတာမျိုးတွေမဖြစ်အောင်ကာကွယ်နိုင်ဖို့ပါ။

အနာကို ပလာစတာကပ်ပေးပါ

အနာကို ဆေးတစ်ခုခုလူးပြီးပြီဆိုရင်တော့  ပတ်ဝန်းကျင်က သန့်ရှင်းမှုမရှိတဲ့အရာတွေကို ကာကွယ်နိုင်စေဖို့အတွက် အနာကို ပလာစတာလေးကပ်ပေးထားလိုက်ပါ။

အနာကိုနေ့စဉ်စစ်ဆေးပေးပါ

အနာကိုနေ့စဉ်စစ်ဆေးဖို့ကလည်း မဖြစ်မနေလုပ်သင့်တဲ့ အနာ ထိန်းသိမ်းစောင့်ရှောက်မှုတစ်ခုပါ။ နေ့စဉ် အနာက ရင်းနေလား၊ ပြည်တည်နေလားဆိုတာတွေကို စစ်ဆေးပေးပါ။ အနာကိုနေ့စဉ်စစ်ဆေးပြီး ဆေးထည့်တာ၊ ပလာစတာလဲတာတွေလုပ်ပေးပါ။ အနာကိုနေ့စဉ် စစ်ဆေးတာက အနာနီမြန်းရောင်ရမ်းတာတွေကို ကာကွယ်ရာလည်းကျပါတယ်။

အနာကပိုးဝင်ကူးစက်နေတာ၊ ပြည်တည်နေတာ၊ အနာရင်းနေတာတွေဖြစ်နေမယ်ဆိုရင်တော့ အနာကို နီးစပ်ရာဆေးခန်းမှာသွားရောက်ပြသပေးပါ။ မျက်နှာမှာဖြစ်တာကြောင့် အမာရွတ်ကျန်ပြီး အကျည်းတန်မနေစေဖို့အတွက် အနာကိုသေချာဂရုစိုက်ပေးတာက အကောင်းဆုံးဖြစ်မှာပါ။ မျက်နှာက အနာကျက်သွားပြီဆိုရင်တောင်မှ အပြင်သွားတဲ့အခါမှာ ပလာစတာကပ်ထားပေးတာက အဆင်ပြေမှာပါ။ မတော်တဆကုတ်မိ၊ထိမိတာတွေကြောင့် အမာရွတ်ထင်ကျန်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။

မျက်နှာမှာထိခိုက်ဒဏ်ရာဖြစ်ပြီးပြီးချင်း ၂၄ နာရီအတွင်း အက်စပရင်လိုမျိုး ဆေးဝါးတွေသောက်သုံးတာမျိုးမလုပ်ပါနဲ့ သွေးမတိတ်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။ ပြီးရင်တော့ ၄၈ နာရီအတွင်း ရေနွေးနဲ့ရေချိုးတာ၊ရေနွေးအိတ်ကပ်ပေးတာ၊ ပူပူစပ်စပ်အစားအသောက်တွေစားတာမျိုးကိုရှောင်ရှားပေးပါ။ နောက်တစ်ချက်က အနာကိုနေရောင်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ဖို့ပါ။ အနာကျက်သွားတဲ့အခါမှာလည်း အနာပေါ်ကနေ နေလောင်ကာခရင်မ်ခပ်ပါးပါးလေးလူးပေးလိုက်ပါ။ အနာကယားယံတဲ့အခါမှာလည်းကုတ်ဖဲ့မိတာမျိုးမဖြစ်အောင်ဂရုစိုက်ပေးပါ။

Credit: Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top