iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္ႀကီးေရ ႏႈတ္ခမ္းနီမေလးေတြရဲ႕ ႏွလုံးသားကို ဆုပ္ကိုင္ထားႏိုင္စြမ္းရွိတဲ့ စိုင္းစိုင္းခမ္းလႈိင္နဲ႔ ကိုကို၊ေမာင္ေမာင္ေတြၾကားမွာ ေရပန္းစားေနတဲ့ ေဆးေက်ာင္းသူေလး ပိုးမမွီသာတို႔ႏွစ္ဦးကေတာ့ ပရိသတ္ေတြရဲ႕စိတ္ဝင္စားမႈကို အျပည့္အဝ ပိုင္ဆိုင္ထားသူေတြ ျဖစ္ပါတယ္။ ပိုးကေတာ့ စိုင္းရဲ႕ ”သိဂၤါရသီခ်င္းတစ္ပုဒ္” ဆိုတဲ့သီခ်င္းဗီဒီယိုေလးမွာ ပါဝင္သ႐ုပ္ေဆာင္ရင္းကေန စိုင္းနဲ႔တြဲၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းေမတၱာေတြကို ရရွိလာခဲ့တာ ျဖစ္ပါတယ္။ဒါအျပင့္ သူမက Sai Cosmetic ကေ႐ြးခ်ယ္ျခင္းခံခဲ့ရတဲ့ ေမာ္ဒယ္ေတြထဲကတစ္ဦးလည္း ျဖစ္ပါတယ္။

ပိုးက စိုင္းႏႈတ္ခမ္းနီေၾကာ္ျငာေတြ ႐ိုက္ကူးခဲ့သလို ေနာက္ဆုံးထြက္ရွိထားတဲ့ Sai ေပါင္ဒါေၾကာ္ျငာမွာ စိုင္းနဲ႔တြဲဖက္ၿပီး သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။ စိုင္းစိုင္းနဲ႔အတူတြဲၿပီး သိလာတဲ့ ပိုးကအခုဆိုရင္ ေမာ္ဒယ္တစ္ဦးအျဖစ္ ရႈိးပြဲေတြမွာပါ ပါဝင္ေလွ်ာက္လွမ္းလာၿပီ ျဖစ္ပါတယ္။ ပြဲအတူတက္ေလ့ရွိတဲ့ သူတို႔ႏွစ္ဦးက အခုလည္း Sai Sai နဲ႔အတူ ပြဲတစ္ခုကို အတူယွဥ္တြဲ တက္ေရာက္ခဲ့တာ ေတြ႕ရပါတယ္။

ၾသဂုတ္လ ၂၆ရက္ေန႔ စံရိပ္ၿငိမ္ ဂမုန္းပြင့္မွာ က်င္းပျပဳလုပ္ခဲ့တဲ့ ”SAI SAI X G-SHOCK Limited Edition” ပြဲေလးကို ပိုးမမွီသာက စိုင္းနဲ႔အတူ ပြဲတက္လာခဲ့တာ ျဖစ္ပါတယ္။ အနက္ေရာင္ဝတ္စုံေလးေတြ ကိုယ္စီနဲ႔လိုက္ဖက္ညီစြာ ပြဲတက္လာခဲ့တဲ့ သူတို႔ႏွစ္ဦးက ေရွ႕သြားေနာက္လိုက္ညီၿပီး ၾကည္ႏူးစရာေကာင္းေနတာ ေတြ႕ရပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ စိုင္းစိုင္းနဲ႔ပိုးမမွီသာတို႔ႏွစ္ဦးရဲ႕ အတူပြဲတက္လာခဲ့တဲ့ပုံရိပ္ေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Credit: MMCele
# Unicode Version ျဖင့္ ဖတ္ပါ #

ပရိသတ်ကြီးရေ နှုတ်ခမ်းနီမလေးတွေရဲ့ နှလုံးသားကို ဆုပ်ကိုင်ထားနိုင်စွမ်းရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ကိုကို၊မောင်မောင်တွေကြားမှာ ရေပန်းစားနေတဲ့ ဆေးကျောင်းသူလေး ပိုးမမှီသာတို့နှစ်ဦးကတော့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝ ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ ပိုးကတော့ စိုင်းရဲ့ ”သိင်္ဂါရသီချင်းတစ်ပုဒ်” ဆိုတဲ့သီချင်းဗီဒီယိုလေးမှာ ပါဝင်သရုပ်ဆောင်ရင်းကနေ စိုင်းနဲ့တွဲပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိလာခဲ့တာ ဖြစ်ပါတယ်။ဒါအပြင့် သူမက Sai Cosmetic ကရွေးချယ်ခြင်းခံခဲ့ရတဲ့ မော်ဒယ်တွေထဲကတစ်ဦးလည်း ဖြစ်ပါတယ်။

ပိုးက စိုင်းနှုတ်ခမ်းနီကြော်ငြာတွေ ရိုက်ကူးခဲ့သလို နောက်ဆုံးထွက်ရှိထားတဲ့ Sai ပေါင်ဒါကြော်ငြာမှာ စိုင်းနဲ့တွဲဖက်ပြီး သရုပ်ဆောင်ခဲ့ပါသေးတယ်။ စိုင်းစိုင်းနဲ့အတူတွဲပြီး သိလာတဲ့ ပိုးကအခုဆိုရင် မော်ဒယ်တစ်ဦးအဖြစ် ရှိုးပွဲတွေမှာပါ ပါဝင်လျှောက်လှမ်းလာပြီ ဖြစ်ပါတယ်။ ပွဲအတူတက်လေ့ရှိတဲ့ သူတို့နှစ်ဦးက အခုလည်း Sai Sai နဲ့အတူ ပွဲတစ်ခုကို အတူယှဉ်တွဲ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

သြဂုတ်လ ၂၆ရက်နေ့ စံရိပ်ငြိမ် ဂမုန်းပွင့်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ”SAI SAI X G-SHOCK Limited Edition” ပွဲလေးကို ပိုးမမှီသာက စိုင်းနဲ့အတူ ပွဲတက်လာခဲ့တာ ဖြစ်ပါတယ်။ အနက်ရောင်ဝတ်စုံလေးတွေ ကိုယ်စီနဲ့လိုက်ဖက်ညီစွာ ပွဲတက်လာခဲ့တဲ့ သူတို့နှစ်ဦးက ရှေ့သွားနောက်လိုက်ညီပြီး ကြည်နူးစရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စိုင်းစိုင်းနဲ့ပိုးမမှီသာတို့နှစ်ဦးရဲ့ အတူပွဲတက်လာခဲ့တဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။


Credit: MMCele
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top