iMyanmarHouse.com - Best Property Website for Myanmar
×

အာသီးဆိုတာ ဘာလဲ? ေသခ်ာသိၾကလား? မသိေသးရင္လည္း စိတ္မပူပါနဲ႔။ အခုပဲ အာသီးအေၾကာင္း ေျပာျပမယ္ေနာ္။

          အာသီးဆိုတာ လည္ေခ်ာင္းရဲ႕ အေနာက္အစြန္ဆံုးမွာရွိတဲ့ ဂလင္းအသားစ ၂ ခုပါပဲ။ ေသးေသးေလး ဆိုၿပီးေတာ့ အထင္ေတာ့ မေသးလိုက္နဲ႔ေနာ္။ ဒီဂလင္းအသားစေလး ၂ ခုဟာ အစားအေသာက္နဲ႔ ေလထုထဲကေန ပါလာတဲ့ ေရာဂါပိုးမႊားေတြကို တိုက္ထုတ္ဖို႔ ေသြးျဖဴဥေတြနဲ႔ အင္တီေဘာ္ဒီ တပ္သားေတြ ထုတ္လႊတ္ေပးႏိုင္တဲ့ အံ့ၾသစရာ ခုခံအားစနစ္ကို တည္ေဆာက္ေပးထားတာပါ။

          ကေလးေလး ေမြးခါစ ၁ ႏွစ္ေလာက္မွာေတာ့ အာသီးက ေသးေသးေလးပဲ။ တျဖည္းျဖည္းနဲ႔ ကေလး ႀကီးလာတာနဲ႔အမွ် သူပါ လိုက္ႀကီးလာတယ္။ အာသီးအႀကီးဆံုးအရြယ္ကေတာ့ အသက္ ၄ ႏွစ္ကေန ၇ ႏွစ္အတြင္းမွာပါ။

          ဘက္တီးရီးယားျဖစ္ျဖစ္၊ ဗိုင္းရပ္စ္ပိုးျဖစ္ျဖစ္ ဝင္လာတာနဲ႔ အာသီးေရာင္လာပါေလေရာ။ ဘယ္အသက္အရြယ္မဆို ေရာင္ႏိုင္တယ္။ ဒါေပမဲ့ လူႀကီးေတြက ကေလးေတြထက္စာရင္ ပိုၿပီးေရာဂါေတြ ဝင္ဖူးတဲ့အတြက္ ကေလးေတြေလာက္ အဖ်ားအနာ မရွိေတာ့ဘူး။

          ဒီေလာက္ဆို အာသီးေလးရဲ႕အေၾကာင္း သိသြားၿပီေပါ့။



>>    ဒါဆိုရင္ အခု အာသီးေရာင္တဲ့ လကၡဏာေတြအေၾကာင္း ေျပာျပမယ္ေနာ္။

●        အာသီးေပၚမွာ အျဖဴေရာင္ ဒါမွမဟုတ္ အဝါေရာင္ ျပည္ဖတ္ေလးေတြ ျဖစ္လာတာ

●        အာသီးနာတာ

●        ေမး႐ိုးေအာက္မွာ လင့္ျပန္ေၾကာဂလင္း ႀကီးႀကီးလာတာ

●        အစားအစာ မ်ိဳတိုင္း နာတာ

●        ဖ်ားတာ

●        ခံတြင္းအနံ႔ ဆိုးတာ

          ဒီလိုလကၡဏာေတြ ျဖစ္တတ္ၾကတယ္။



>>    အာသီး ဘာေတြေၾကာင့္ ေရာင္ႏိုင္သလဲေရာ သိသလား?

          မ်ားေသာအားျဖင့္ ဘက္တီးရီးယားေတြ၊ ဗိုင္းရပ္စ္ပိုးေတြေၾကာင့္ နာတတ္၊ ေရာင္တတ္တယ္။

          အာသီးေရာင္တာရဲ႕ ၁၅% က ဘက္တီးရီးယားေၾကာင့္ျဖစ္ၿပီး streptococcus ဆိုတဲ့ အေကာင္ေၾကာင့္ ျဖစ္တာ မ်ားတယ္။ ဗိုင္းရပ္ေတြ အမ်ားႀကီးေၾကာင့္လည္း ျဖစ္တတ္တယ္ဆိုေတာ့ ဘက္တီးရီးယားေၾကာင့္လား၊ ဗိုင္းရပ္စ္ေၾကာင့္လား ေသခ်ာသိဖို႔အတြက္ လည္ေခ်ာင္းခြၽဲ စစ္ေဆးၾကည့္သင့္တယ္။ ဗိုင္းရပ္စ္ေၾကာင့္ဆုိရင္ ပိုးသတ္ေဆး ေပးေနလို႔ အပိုပဲေလ။



>>    အာသီးေရာင္တာရဲ႕ ေနာက္ဆက္တြဲဆိုးက်ဳိးေတြကို ထပ္ၾကည့္ၾကရေအာင္။

          အာသီးပိုးကို ေသေသခ်ာခ်ာ မကုရင္ နာတာရွည္ အာသီးေရာင္ေနၿပီး ေနမေကာင္း ထိုင္မသာ ႏြမ္းနယ္ႏံုးခ်ိေနတတ္တယ္။

          အာသီးကေန ႏွာေခါင္း၊ ဦးေခါင္းခြံတြင္း ဂလိုင္ေပါက္နဲ႔ နားေတြဆီကို ေရာဂါပိုး ေရာက္သြားတတ္တယ္။

          ဒါတင္မကေသးဘူးေနာ္။ အလယ္နားလည္း ေရာင္လာႏိုင္ေသးတယ္။ အာသီးလိုပဲ adenoid လို႔ေခၚတဲ့ လင့္ျပန္ေၾကာဂလင္းပါ လိုက္ေရာင္လာရင္ အာေခါင္နဲ႔ အလယ္နားကို ဆက္ထားတဲ့ႁပြန္ေခ်ာင္း ပိတ္သြားႏိုင္တယ္။ ဒီလိုပိတ္သြားရင္ အလယ္နားမွာ အရည္ပ်စ္ခြၽဲခြၽဲေတြ စုလာၿပီးေတာ့ နား ေသခ်ာမၾကားရေတာ့တာမ်ိဳး ျဖစ္တတ္တယ္။

          ေနာက္ဆံုး အာသီးျပည္တည္တဲ့အထိ ျဖစ္လာရင္ အရမ္းကိုနာၿပီး အသက္႐ွဴရ ခက္ေလာက္ေအာင္ ခံစားရတတ္တယ္။ ပိုးသတ္ေဆး ေသာက္လို႔ရတယ္ဆိုေပမယ့္ တစ္ခါတေလ ခြဲၿပီးေတာ့ ျပည္ကို ေဖာက္ထုတ္ရႏိုင္တယ္။

          ဒီလိုသတင္းေတြၾကားၿပီး အရမ္းႀကီး မေၾကာက္သြားၾကပါနဲ႔ဦးလို႔။ အာသီးေရာင္တာကို ေသေသခ်ာခ်ာ ဂ႐ုတစိုက္ ကုသရင္ ဒီလိုဆိုးက်ိဳးေတြ မျဖစ္လာေအာင္ ကာကြယ္ေပးႏိုင္ပါတယ္ေနာ္။

          အမ်ားဆံုး ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တာမို႔ အဖ်ားအနာ သက္သာေအာင္ ပါရာစီတေမာေလး ေသာက္ၿပီး နားေပးလိုက္႐ံုပါပဲ။ ကေလးေတြ အမ်ားစုမွာ ေနလု႔ိမေကာင္း၊ အစာ မ်ိဳလို႔မေကာင္းေတာ့ ဂ်ီက်တာကိုေတာ့ နည္းနည္း သည္းခံေပးရမွာေပါ့။ ေရေအးေအးေလးေတြ၊ ေရခဲတံုးေလးေတြ၊ ေရခဲမုန္႔ေတြ တိုက္ပါ၊ ေကြၽးပါ။ တစ္ရက္၊ ႏွစ္ရက္ေလာက္ အစာ မစားခ်င္တာေလာက္ေတာ့ စိတ္ပူစရာ မလိုဘူးေနာ္။ ပိုးေပ်ာက္သြားတာနဲ႔ ျပန္ၿပီး နာလန္ထူ စားလာမွာေပါ့။

          ဘက္တီးရီးယားေၾကာင့္ ျဖစ္တာဆိုရင္ေတာ့ ပိုးသတ္ေဆး ေသာက္ရပါမယ္။

          အာသီး ျဖတ္ရတယ္ဆိုတာကိုေရာ ရပ္ထဲရြာထဲ ၾကားဖူးေနမွာေပါ့။

          အာသီး ခဏခဏေရာင္ေနရင္၊ ဒါမွမဟုတ္ အာသီးေရာင္တာ အရမ္းဆိုးရင္ ဒါမွမဟုတ္ရင္ေတာ့ ေနာက္ဆက္တြဲဆိုးက်ဳိးေတြပါ ျဖစ္လာရင္ ဆရာဝန္က အာသီး ျဖတ္ခိုင္းတတ္တယ္။



>>    အာသီးျဖတ္ရတဲ့ အေၾကာင္းရင္းေတြကို သိထားရေအာင္ ေျပာျပေပးမယ္ေနာ္။

●        ခဏခဏ အာသီးေရာင္တဲ့အျပင္ ေရာင္တိုင္းလည္း နာတာ၊ က်င္တာ၊ အပူႀကီးတာ

●        ပိုးသတ္ေဆးနဲ႔ မေပ်ာက္တဲ့ နာတာရွည္ အာသီးေရာင္တာ

●        အာသီးေရာင္ၿပီး ခဏခဏ နားပိုးဝင္တာ

●        အာသီး ႀကီးႀကီးလာၿပီး အသက္႐ွဴရ ခက္လာတာ

●        အာသီးမွာ ျပည္တည္လာတာ

●        ခဏခဏ ပိုးေတြဝင္ အာသီးေရာင္တာေၾကာင့္ ကေလးမႀကီး လာႏိုင္တာ

          ဒီအခ်က္ေတြရွိတဲ့ ကေလးေတြမွာ အာသီး ျဖတ္ရလိမ့္မယ္။



          ကဲ ... ဒါဆိုရင္ အာသီးနဲ႔ ပတ္သက္ၿပီး ေမေမ၊ ေဖေဖတို႔ မေမ့ဖို႔ အခ်က္ကေလးေတြကို အက်ဥ္းခ်ံဳးေလး တစ္ခ်က္ ျပန္ေျပာေပးမယ္ေနာ္။

●        အာသီးဆိုတာ အာေခါင္ အစြန္ဆံုးမွာရွိၿပီး ခုခံအားစနစ္ရဲ႕အေရးပါတဲ့ တစ္စိတ္တစ္ေဒသ ျဖစ္တယ္။

●        အာသီး ေရာင္ရတာဟာ ဗိုင္းရပ္စ္ပိုးေၾကာင့္ ပိုၿပီးအျဖစ္မ်ားတယ္။

●        အာသီး ခဏခဏေရာင္ရင္ အာသီးျဖတ္ရတတ္ေပမယ့္ အာသီး ျဖတ္တဲ့အခါမွာလည္း ေနာက္ဆက္တြဲေတြ ျဖစ္ႏိုင္ေသးတယ္။

●        အာသီးျဖတ္ၿပီး ၂ ပတ္၊ ၃ ပတ္ေလာက္အထိ နာေနတတ္ေသးေပမယ့္ ပံုမွန္အစာကို အျမန္ဆံုး ျပန္စားေပးရမယ္။ ဂ်ယ္လီေတြ၊ ေရခဲမုန္႔ေတြခ်ည္း ေကြၽးေနရတာေတာ့ သိပ္မဟုတ္ေသးဘူးေပါ့။

Credit: Dr. Mya Phoo Ngon (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
အာသီးဆိုတာ ဘာလဲ? သေချာသိကြလား? မသိသေးရင်လည်း စိတ်မပူပါနဲ့။ အခုပဲ အာသီးအကြောင်း ပြောပြမယ်နော်။

          အာသီးဆိုတာ လည်ချောင်းရဲ့ အနောက်အစွန်ဆုံးမှာရှိတဲ့ ဂလင်းအသားစ ၂ ခုပါပဲ။ သေးသေးလေး ဆိုပြီးတော့ အထင်တော့ မသေးလိုက်နဲ့နော်။ ဒီဂလင်းအသားစလေး ၂ ခုဟာ အစားအသောက်နဲ့ လေထုထဲကနေ ပါလာတဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့ သွေးဖြူဥတွေနဲ့ အင်တီဘော်ဒီ တပ်သားတွေ ထုတ်လွှတ်ပေးနိုင်တဲ့ အံ့သြစရာ ခုခံအားစနစ်ကို တည်ဆောက်ပေးထားတာပါ။

          ကလေးလေး မွေးခါစ ၁ နှစ်လောက်မှာတော့ အာသီးက သေးသေးလေးပဲ။ တဖြည်းဖြည်းနဲ့ ကလေး ကြီးလာတာနဲ့အမျှ သူပါ လိုက်ကြီးလာတယ်။ အာသီးအကြီးဆုံးအရွယ်ကတော့ အသက် ၄ နှစ်ကနေ ၇ နှစ်အတွင်းမှာပါ။

          ဘက်တီးရီးယားဖြစ်ဖြစ်၊ ဗိုင်းရပ်စ်ပိုးဖြစ်ဖြစ် ဝင်လာတာနဲ့ အာသီးရောင်လာပါလေရော။ ဘယ်အသက်အရွယ်မဆို ရောင်နိုင်တယ်။ ဒါပေမဲ့ လူကြီးတွေက ကလေးတွေထက်စာရင် ပိုပြီးရောဂါတွေ ဝင်ဖူးတဲ့အတွက် ကလေးတွေလောက် အဖျားအနာ မရှိတော့ဘူး။

          ဒီလောက်ဆို အာသီးလေးရဲ့အကြောင်း သိသွားပြီပေါ့။



>>    ဒါဆိုရင် အခု အာသီးရောင်တဲ့ လက္ခဏာတွေအကြောင်း ပြောပြမယ်နော်။

●        အာသီးပေါ်မှာ အဖြူရောင် ဒါမှမဟုတ် အဝါရောင် ပြည်ဖတ်လေးတွေ ဖြစ်လာတာ

●        အာသီးနာတာ

●        မေးရိုးအောက်မှာ လင့်ပြန်ကြောဂလင်း ကြီးကြီးလာတာ

●        အစားအစာ မျိုတိုင်း နာတာ

●        ဖျားတာ

●        ခံတွင်းအနံ့ ဆိုးတာ

          ဒီလိုလက္ခဏာတွေ ဖြစ်တတ်ကြတယ်။



>>    အာသီး ဘာတွေကြောင့် ရောင်နိုင်သလဲရော သိသလား?

          များသောအားဖြင့် ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေကြောင့် နာတတ်၊ ရောင်တတ်တယ်။

          အာသီးရောင်တာရဲ့ ၁၅% က ဘက်တီးရီးယားကြောင့်ဖြစ်ပြီး streptococcus ဆိုတဲ့ အကောင်ကြောင့် ဖြစ်တာ များတယ်။ ဗိုင်းရပ်တွေ အများကြီးကြောင့်လည်း ဖြစ်တတ်တယ်ဆိုတော့ ဘက်တီးရီးယားကြောင့်လား၊ ဗိုင်းရပ်စ်ကြောင့်လား သေချာသိဖို့အတွက် လည်ချောင်းချွဲ စစ်ဆေးကြည့်သင့်တယ်။ ဗိုင်းရပ်စ်ကြောင့်ဆိုရင် ပိုးသတ်ဆေး ပေးနေလို့ အပိုပဲလေ။



>>    အာသီးရောင်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ထပ်ကြည့်ကြရအောင်။

          အာသီးပိုးကို သေသေချာချာ မကုရင် နာတာရှည် အာသီးရောင်နေပြီး နေမကောင်း ထိုင်မသာ နွမ်းနယ်နုံးချိနေတတ်တယ်။

          အာသီးကနေ နှာခေါင်း၊ ဦးခေါင်းခွံတွင်း ဂလိုင်ပေါက်နဲ့ နားတွေဆီကို ရောဂါပိုး ရောက်သွားတတ်တယ်။

          ဒါတင်မကသေးဘူးနော်။ အလယ်နားလည်း ရောင်လာနိုင်သေးတယ်။ အာသီးလိုပဲ adenoid လို့ခေါ်တဲ့ လင့်ပြန်ကြောဂလင်းပါ လိုက်ရောင်လာရင် အာခေါင်နဲ့ အလယ်နားကို ဆက်ထားတဲ့ပြွန်ချောင်း ပိတ်သွားနိုင်တယ်။ ဒီလိုပိတ်သွားရင် အလယ်နားမှာ အရည်ပျစ်ချွဲချွဲတွေ စုလာပြီးတော့ နား သေချာမကြားရတော့တာမျိုး ဖြစ်တတ်တယ်။

          နောက်ဆုံး အာသီးပြည်တည်တဲ့အထိ ဖြစ်လာရင် အရမ်းကိုနာပြီး အသက်ရှူရ ခက်လောက်အောင် ခံစားရတတ်တယ်။ ပိုးသတ်ဆေး သောက်လို့ရတယ်ဆိုပေမယ့် တစ်ခါတလေ ခွဲပြီးတော့ ပြည်ကို ဖောက်ထုတ်ရနိုင်တယ်။

          ဒီလိုသတင်းတွေကြားပြီး အရမ်းကြီး မကြောက်သွားကြပါနဲ့ဦးလို့။ အာသီးရောင်တာကို သေသေချာချာ ဂရုတစိုက် ကုသရင် ဒီလိုဆိုးကျိုးတွေ မဖြစ်လာအောင် ကာကွယ်ပေးနိုင်ပါတယ်နော်။

          အများဆုံး ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာမို့ အဖျားအနာ သက်သာအောင် ပါရာစီတမောလေး သောက်ပြီး နားပေးလိုက်ရုံပါပဲ။ ကလေးတွေ အများစုမှာ နေလု့ိမကောင်း၊ အစာ မျိုလို့မကောင်းတော့ ဂျီကျတာကိုတော့ နည်းနည်း သည်းခံပေးရမှာပေါ့။ ရေအေးအေးလေးတွေ၊ ရေခဲတုံးလေးတွေ၊ ရေခဲမုန့်တွေ တိုက်ပါ၊ ကျွေးပါ။ တစ်ရက်၊ နှစ်ရက်လောက် အစာ မစားချင်တာလောက်တော့ စိတ်ပူစရာ မလိုဘူးနော်။ ပိုးပျောက်သွားတာနဲ့ ပြန်ပြီး နာလန်ထူ စားလာမှာပေါ့။

          ဘက်တီးရီးယားကြောင့် ဖြစ်တာဆိုရင်တော့ ပိုးသတ်ဆေး သောက်ရပါမယ်။

          အာသီး ဖြတ်ရတယ်ဆိုတာကိုရော ရပ်ထဲရွာထဲ ကြားဖူးနေမှာပေါ့။

          အာသီး ခဏခဏရောင်နေရင်၊ ဒါမှမဟုတ် အာသီးရောင်တာ အရမ်းဆိုးရင် ဒါမှမဟုတ်ရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေပါ ဖြစ်လာရင် ဆရာဝန်က အာသီး ဖြတ်ခိုင်းတတ်တယ်။



>>    အာသီးဖြတ်ရတဲ့ အကြောင်းရင်းတွေကို သိထားရအောင် ပြောပြပေးမယ်နော်။

●        ခဏခဏ အာသီးရောင်တဲ့အပြင် ရောင်တိုင်းလည်း နာတာ၊ ကျင်တာ၊ အပူကြီးတာ

●        ပိုးသတ်ဆေးနဲ့ မပျောက်တဲ့ နာတာရှည် အာသီးရောင်တာ

●        အာသီးရောင်ပြီး ခဏခဏ နားပိုးဝင်တာ

●        အာသီး ကြီးကြီးလာပြီး အသက်ရှူရ ခက်လာတာ

●        အာသီးမှာ ပြည်တည်လာတာ

●        ခဏခဏ ပိုးတွေဝင် အာသီးရောင်တာကြောင့် ကလေးမကြီး လာနိုင်တာ

          ဒီအချက်တွေရှိတဲ့ ကလေးတွေမှာ အာသီး ဖြတ်ရလိမ့်မယ်။



          ကဲ ... ဒါဆိုရင် အာသီးနဲ့ ပတ်သက်ပြီး မေမေ၊ ဖေဖေတို့ မမေ့ဖို့ အချက်ကလေးတွေကို အကျဉ်းချုံးလေး တစ်ချက် ပြန်ပြောပေးမယ်နော်။

●        အာသီးဆိုတာ အာခေါင် အစွန်ဆုံးမှာရှိပြီး ခုခံအားစနစ်ရဲ့အရေးပါတဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တယ်။

●        အာသီး ရောင်ရတာဟာ ဗိုင်းရပ်စ်ပိုးကြောင့် ပိုပြီးအဖြစ်များတယ်။

●        အာသီး ခဏခဏရောင်ရင် အာသီးဖြတ်ရတတ်ပေမယ့် အာသီး ဖြတ်တဲ့အခါမှာလည်း နောက်ဆက်တွဲတွေ ဖြစ်နိုင်သေးတယ်။

●        အာသီးဖြတ်ပြီး ၂ ပတ်၊ ၃ ပတ်လောက်အထိ နာနေတတ်သေးပေမယ့် ပုံမှန်အစာကို အမြန်ဆုံး ပြန်စားပေးရမယ်။ ဂျယ်လီတွေ၊ ရေခဲမုန့်တွေချည်း ကျွေးနေရတာတော့ သိပ်မဟုတ်သေးဘူးပေါ့။

Credit: Dr. Mya Phoo Ngon (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top