iMyanmarHouse.com - Best Property Website for Myanmar
×

ကေလးတစ္ေယာက္ ေမြးရတာ စိတ္ပင္ပန္း လူႏြမ္းရေပမယ့္ ေနာက္ဆံုးမွာ မိမိနဲ႔ မိသားစုအတြက္ အနာဂတ္မ်ိဳးဆက္သစ္ေလး ဖန္တီးႏိုင္ခဲ့ၿပီဆိုတဲ့ အေတြးက မိခင္ေတြကို တကယ္ေပ်ာ္ရႊင္ေစပါတယ္။ တစ္ဖက္ကလည္း  ကေလးပ်က္က်သြားတဲ့ မိခင္ေတြက်ေတာ့ ရင္တြင္းခံစားခ်က္မႈေတြဟာ  လူေတြသိထားတဲ့ အတိုင္းအတာထက္ ပိုမိုျပင္းထန္ ခက္ခဲေနတတ္ပါတယ္။

1.       သက္ဆိုတဲ့ အမ်ိဳးသမီးေလးဟာ  သားဥေႂကြဖို႔ ခက္ခဲတတ္တဲ့ အေနအထားတစ္မ်ိဳး ခံစားေနရပါတယ္၊ သားဥေႂကြဖို႔ ခဲယဥ္းေတာ့ ကေလးရဖို႔ ဆိုတာလည္း ခက္ပီေပါ့။ ကံအားေလ်ာ္စြာ ကိုယ္ဝန္ ရွိလာျပန္ေတာ့လည္း သေႏၶသားေလးဟာ ဖြံၿဖိဳးဆဲလေတြမွာတင္ ႏွလံုးခုန္ႏႈန္း ေပ်ာက္ကြယ္ခဲ့ပါတယ္။ သေႏၶသားေလးကို ဆံုး႐ႈံးၿပီးေနာက္ သားအိမ္ျခစ္ ကုသမႈယူၿပီးတဲ့အထိ က်န္းက်န္းမာမာပါပဲ။ ဘဝဟာ ေနာက္တစ္ရက္ကစလို႔ ေမွာင္မိုက္ကမၻာထဲ ေရာက္သြားသလိုပါပဲ။ ပိုဆိုးတာက သူ႔အမ်ိဳးသားက ကေလးပ်က္တာကို သိပ္ေၾကကြဲပံုမရဖူးလို႔ ထင္မိၿပီး အေတြးနဲ႔တင္ ထပ္ခါထပ္ခါ စိတ္ဆင္းရဲရပါတယ္။ မိသားစု သူငယ္ခ်င္းေတြက အားေပးေပမယ့္ ဘယ္ဟာမွ မလံုေလာက္သလိုပါပဲ။ မီးဖိုထဲက ပစၥည္းေတြကို ဟိုဒီေရႊ႕ပစ္တယ္။ အႀကိဳက္ဆံုးဓာတ္ပံုေတြကို လႊင့္ပစ္တယ္။ စားေနက် အစားအေသာက္ေတြကို အရသာ မေတြ႕ေတာ့ဘူး။ ညတိုင္း ထငိုေနမိတယ္။ ဘာကို လြမ္းလို႔လြမ္းမွန္း မသိဘူး။ ခက္ခက္ခဲခဲ ရခဲ့တဲ့ ရင္ေသြးတစ္ေယာက္တည္းကိုေတာင္ ဆံုး႐ႈံးခဲ့ရၿပီေလ။ သူမ ဘာမ်ားလုပ္မိလို႔လဲ။ ကိုယ့္ကိုယ္ကို အခါခါ အျပစ္တင္ရင္း ဘဝဟာ ကာလရွည္ၾကာ မႈန္မႈိင္း ၾကမ္းတမ္းေနခဲ့ပါတယ္။ ခင္ပြန္းသည္ခမ်ာ  မ်က္တြင္းေတြေဟာက္ၿပီး စိတ္မခ်မ္းသာတဲ့ ဇနီးသည္ကို အပန္းေျဖခရီးေလး စီစဥ္ေပးၿပီး ခရီးရက္ရွည္ ထြက္ခဲ့ရပါတယ္။

2.       မာမာကေတာ့ ကေလးႏွစ္ႀကိမ္ ပ်က္က်သြားခဲ့သူျဖစ္ၿပီး  တစ္ႀကိမ္နဲ႔တစ္ႀကိမ္ တစ္ႏွစ္ခန္႔သာ ျခားခဲ့ပါတယ္။ သူမကလည္း ကာလရွည္ၾကာ ကေလးမရႏိုင္လို႔ အခက္ေတြ႕ခဲ့ရသူပါ။ ကိုယ္ဝန္ရွိၿပီဆိုတဲ့ သတင္းေလးလာၿပီး  သိပ္မၾကာခင္ ပထမဆံုးကေလး ပ်က္က်ခဲ့ ရွာပါတယ္။ သူမဟာ အလဲလဲ အၿပိဳၿပိဳပါပဲ၊  ရင္ထဲမွာ ဟာေနသလို တစ္ခ်ိန္လံုး ခံစားခဲ့ရပါတယ္။ ထမင္းစားတိုင္း ဘာဝါးလို႔ ဝါးေနမိမွန္းလည္း မသိေတာ့ဘူး။ ညဆို ေဖ့ဘုတ္ပြတ္ အင္တာနက္သံုးရင္း ညတစ္ဝက္ခန္႔ကို ကုန္ဆံုးေစပါတယ္။ သူမဟာ စိတ္ကူးေပၚရာ ၾကည့္ေနခဲ့ၿပီး ကြန္ပ်ဴတာနဲ႔ မ်က္ႏွာခြာလိုက္တာနဲ႔ အထီးက်န္ျခင္းကို စတင္ခံစားရပါေတာ့တယ္။ အိပ္ရာထဲမွာ တ႐ႈံ႐ႈံ ငိုေနရတဲ့ရက္လည္း မနည္းေတာ့ဘူး။ ေခါင္းအံုးေလးေတြေတာင္ သူမမ်က္ရည္ေတြ ရႊဲေနၿပီ။ ဘာလို႔ ငိုေနမိတာလဲ။ ဒီလိုအျဖစ္မ်ိဴး ထပ္မၾကံဳခ်င္ေတာ့ဘူး။ ႏွလံုးသားထံမွာ အရာအားလံုး ကုန္သြားတဲ့ ဗလာခံစားခ်က္ကို မုန္းတယ္။ ငါ ဒီတစ္သက္ ကေလးမရႏိုင္ေတာ့ဘူး။ ယူလည္း မယူေတာ့ဘူး။ သူမ အခါခါ ေတြးတယ္။ ဒုတိယကိုယ္ဝန္ ပ်က္က်သြားခ်ိန္မွာေတာ့ သူမဟာ အေတာ္အသင့္ ခံႏိုင္ရည္ ရွိခဲ့ပါၿပီ။ ေယာဂသင္တန္း သြားတက္ၿပီး တရားထိုင္၊ ေန႔စဥ္စာဖတ္ရင္း အေတြးဆိုးေတြကို ေက်ာ္လႊားခဲ့ပါတယ္။ မာမာ့အတြက္ေတာ့ ဘဝမွာ အဆိုးဝါးဆံုး ကံတရားလို႔ပဲ နာမည္တပ္ရလိမ့္မယ္ ထင္ပါရဲ႕။

3.       ခင္ေလးကေတာ့ သူနာျပဳပီပီ ကေလးပ်က္က်တဲ့ ေလာကဓံကို ခံႏိုင္ရည္ရွိမယ္လို႔ေတာ့ မထင္လိုက္ပါနဲ႔။ သူမ်ားကို ေႏြးေထြးၾကင္နာစြာ ျပဳစုေပးတတ္သေလာက္ သူမအလွည့္မွာေတာ့ စိတ္ေရာကိုယ္ပါ ပင္ပန္းဆင္းရဲခဲ့ပါတယ္။ သားအိမ္ ႏွစ္ခါျခစ္ခဲ့ရၿပီး လူလည္း ယဲ့ယဲ့ေလးသာ က်န္ပါတယ္။ အစကတည္းက အစား ေခ်းမ်ားသူမို႔ ဘာမွမစားႏိုင္ဘဲ သိသိသာသာ ပိန္က်သြားပါတယ္။ ျဖစ္ခဲ့သမွ်ကေတာ့ အိမ္မက္ဆိုးပါပဲ။ သူမကိုယ္သူမ ကမၻာေပၚကေန ေပ်ာက္သြားခ်င္မိတယ္။ မိဘေတြကို မ်က္ႏွာမဆိုင္ခ်င္ဘူး။ ေခ်ာေခ်ာေမာေမာ ေမြးသြားတဲ့မိခင္ေတြ အမ်ားႀကီးၾကားမွာ သူမက်မွ ဘာလို႔ ေရြးျဖစ္ရတာလဲ။ ကိုယ္ေတြ၊ လက္ေတြ မသယ္ခ်င္ဘူး။ အိပ္ရာထဲပဲ ေခြေနခ်င္တယ္။ အသားအေရေတြ ျဖဴေဖ်ာ့ေဖ်ာ့ အေရာင္ေျပာင္းလာတယ္။ ခဏခဏ မ်က္ရည္က်တယ္။ ေနာက္ဆံုး ဆရာဝန္နဲ႔ ျပန္လည္ျပသၿပီး ေဆးေတြေသာက္၊ ႏွစ္သိမ့္ေဆြးေႏြး ကုသမႈေတြ ထပ္ခါထပ္ခါ ခံယူခဲ့ရပါတယ္။

မိမိပတ္ဝန္းက်င္မွာ ကေလးပ်က္က်ထားတဲ့ အမ်ိဳးသမီးေတြကို လ်စ္လ်ဴမ႐ႈမိပါေစနဲ႔ေနာ္။

သူတို႔ဟာ ကူညီေဖးမတာ၊ စကားေျပာေပးတာ၊ ၾကင္နာယုယမႈေတြကို သူမ်ားထက္ ပိုလိုအပ္ေနပါတယ္။ ဖြင့္ဟမေျပာေပမယ့္ သူတို႔ေလးေတြရဲ႕ စိတ္ထဲမွာ ငိုပြဲဆင္ရင္း ကိုယ္ပါႏြမ္းလ်  သြားရတဲ့ အေျခအေနေတြ အမ်ားႀကီးေနာ္။ သေႏၶသားဆံုး႐ႈံးရသူ မိခင္တိုင္းကို  ကိုယ္ခ်င္းစာနာစိတ္၊ သနားနားလည္စိတ္ အျပည့္အဝနဲ႔ ႀကိဳးစားအားေပး အခ်ိန္ေပးၾကပါစို႔လား။

Credit: ဂ်ီပီငွက္ (ေဆး/မန္း) (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ကလေးတစ်ယောက် မွေးရတာ စိတ်ပင်ပန်း လူနွမ်းရပေမယ့် နောက်ဆုံးမှာ မိမိနဲ့ မိသားစုအတွက် အနာဂတ်မျိုးဆက်သစ်လေး ဖန်တီးနိုင်ခဲ့ပြီဆိုတဲ့ အတွေးက မိခင်တွေကို တကယ်ပျော်ရွှင်စေပါတယ်။ တစ်ဖက်ကလည်း  ကလေးပျက်ကျသွားတဲ့ မိခင်တွေကျတော့ ရင်တွင်းခံစားချက်မှုတွေဟာ  လူတွေသိထားတဲ့ အတိုင်းအတာထက် ပိုမိုပြင်းထန် ခက်ခဲနေတတ်ပါတယ်။

1.       သက်ဆိုတဲ့ အမျိုးသမီးလေးဟာ  သားဥကြွေဖို့ ခက်ခဲတတ်တဲ့ အနေအထားတစ်မျိုး ခံစားနေရပါတယ်၊ သားဥကြွေဖို့ ခဲယဉ်းတော့ ကလေးရဖို့ ဆိုတာလည်း ခက်ပီပေါ့။ ကံအားလျော်စွာ ကိုယ်ဝန် ရှိလာပြန်တော့လည်း သန္ဓေသားလေးဟာ ဖွံဖြိုးဆဲလတွေမှာတင် နှလုံးခုန်နှုန်း ပျောက်ကွယ်ခဲ့ပါတယ်။ သန္ဓေသားလေးကို ဆုံးရှုံးပြီးနောက် သားအိမ်ခြစ် ကုသမှုယူပြီးတဲ့အထိ ကျန်းကျန်းမာမာပါပဲ။ ဘဝဟာ နောက်တစ်ရက်ကစလို့ မှောင်မိုက်ကမ္ဘာထဲ ရောက်သွားသလိုပါပဲ။ ပိုဆိုးတာက သူ့အမျိုးသားက ကလေးပျက်တာကို သိပ်ကြေကွဲပုံမရဖူးလို့ ထင်မိပြီး အတွေးနဲ့တင် ထပ်ခါထပ်ခါ စိတ်ဆင်းရဲရပါတယ်။ မိသားစု သူငယ်ချင်းတွေက အားပေးပေမယ့် ဘယ်ဟာမှ မလုံလောက်သလိုပါပဲ။ မီးဖိုထဲက ပစ္စည်းတွေကို ဟိုဒီရွှေ့ပစ်တယ်။ အကြိုက်ဆုံးဓာတ်ပုံတွေကို လွှင့်ပစ်တယ်။ စားနေကျ အစားအသောက်တွေကို အရသာ မတွေ့တော့ဘူး။ ညတိုင်း ထငိုနေမိတယ်။ ဘာကို လွမ်းလို့လွမ်းမှန်း မသိဘူး။ ခက်ခက်ခဲခဲ ရခဲ့တဲ့ ရင်သွေးတစ်ယောက်တည်းကိုတောင် ဆုံးရှုံးခဲ့ရပြီလေ။ သူမ ဘာများလုပ်မိလို့လဲ။ ကိုယ့်ကိုယ်ကို အခါခါ အပြစ်တင်ရင်း ဘဝဟာ ကာလရှည်ကြာ မှုန်မှိုင်း ကြမ်းတမ်းနေခဲ့ပါတယ်။ ခင်ပွန်းသည်ခမျာ  မျက်တွင်းတွေဟောက်ပြီး စိတ်မချမ်းသာတဲ့ ဇနီးသည်ကို အပန်းဖြေခရီးလေး စီစဉ်ပေးပြီး ခရီးရက်ရှည် ထွက်ခဲ့ရပါတယ်။

2.       မာမာကတော့ ကလေးနှစ်ကြိမ် ပျက်ကျသွားခဲ့သူဖြစ်ပြီး  တစ်ကြိမ်နဲ့တစ်ကြိမ် တစ်နှစ်ခန့်သာ ခြားခဲ့ပါတယ်။ သူမကလည်း ကာလရှည်ကြာ ကလေးမရနိုင်လို့ အခက်တွေ့ခဲ့ရသူပါ။ ကိုယ်ဝန်ရှိပြီဆိုတဲ့ သတင်းလေးလာပြီး  သိပ်မကြာခင် ပထမဆုံးကလေး ပျက်ကျခဲ့ ရှာပါတယ်။ သူမဟာ အလဲလဲ အပြိုပြိုပါပဲ၊  ရင်ထဲမှာ ဟာနေသလို တစ်ချိန်လုံး ခံစားခဲ့ရပါတယ်။ ထမင်းစားတိုင်း ဘာဝါးလို့ ဝါးနေမိမှန်းလည်း မသိတော့ဘူး။ ညဆို ဖေ့ဘုတ်ပွတ် အင်တာနက်သုံးရင်း ညတစ်ဝက်ခန့်ကို ကုန်ဆုံးစေပါတယ်။ သူမဟာ စိတ်ကူးပေါ်ရာ ကြည့်နေခဲ့ပြီး ကွန်ပျူတာနဲ့ မျက်နှာခွာလိုက်တာနဲ့ အထီးကျန်ခြင်းကို စတင်ခံစားရပါတော့တယ်။ အိပ်ရာထဲမှာ တရှုံရှုံ ငိုနေရတဲ့ရက်လည်း မနည်းတော့ဘူး။ ခေါင်းအုံးလေးတွေတောင် သူမမျက်ရည်တွေ ရွှဲနေပြီ။ ဘာလို့ ငိုနေမိတာလဲ။ ဒီလိုအဖြစ်မျိူး ထပ်မကြုံချင်တော့ဘူး။ နှလုံးသားထံမှာ အရာအားလုံး ကုန်သွားတဲ့ ဗလာခံစားချက်ကို မုန်းတယ်။ ငါ ဒီတစ်သက် ကလေးမရနိုင်တော့ဘူး။ ယူလည်း မယူတော့ဘူး။ သူမ အခါခါ တွေးတယ်။ ဒုတိယကိုယ်ဝန် ပျက်ကျသွားချိန်မှာတော့ သူမဟာ အတော်အသင့် ခံနိုင်ရည် ရှိခဲ့ပါပြီ။ ယောဂသင်တန်း သွားတက်ပြီး တရားထိုင်၊ နေ့စဉ်စာဖတ်ရင်း အတွေးဆိုးတွေကို ကျော်လွှားခဲ့ပါတယ်။ မာမာ့အတွက်တော့ ဘဝမှာ အဆိုးဝါးဆုံး ကံတရားလို့ပဲ နာမည်တပ်ရလိမ့်မယ် ထင်ပါရဲ့။

3.       ခင်လေးကတော့ သူနာပြုပီပီ ကလေးပျက်ကျတဲ့ လောကဓံကို ခံနိုင်ရည်ရှိမယ်လို့တော့ မထင်လိုက်ပါနဲ့။ သူများကို နွေးထွေးကြင်နာစွာ ပြုစုပေးတတ်သလောက် သူမအလှည့်မှာတော့ စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲခဲ့ပါတယ်။ သားအိမ် နှစ်ခါခြစ်ခဲ့ရပြီး လူလည်း ယဲ့ယဲ့လေးသာ ကျန်ပါတယ်။ အစကတည်းက အစား ချေးများသူမို့ ဘာမှမစားနိုင်ဘဲ သိသိသာသာ ပိန်ကျသွားပါတယ်။ ဖြစ်ခဲ့သမျှကတော့ အိမ်မက်ဆိုးပါပဲ။ သူမကိုယ်သူမ ကမ္ဘာပေါ်ကနေ ပျောက်သွားချင်မိတယ်။ မိဘတွေကို မျက်နှာမဆိုင်ချင်ဘူး။ ချောချောမောမော မွေးသွားတဲ့မိခင်တွေ အများကြီးကြားမှာ သူမကျမှ ဘာလို့ ရွေးဖြစ်ရတာလဲ။ ကိုယ်တွေ၊ လက်တွေ မသယ်ချင်ဘူး။ အိပ်ရာထဲပဲ ခွေနေချင်တယ်။ အသားအရေတွေ ဖြူဖျော့ဖျော့ အရောင်ပြောင်းလာတယ်။ ခဏခဏ မျက်ရည်ကျတယ်။ နောက်ဆုံး ဆရာဝန်နဲ့ ပြန်လည်ပြသပြီး ဆေးတွေသောက်၊ နှစ်သိမ့်ဆွေးနွေး ကုသမှုတွေ ထပ်ခါထပ်ခါ ခံယူခဲ့ရပါတယ်။

မိမိပတ်ဝန်းကျင်မှာ ကလေးပျက်ကျထားတဲ့ အမျိုးသမီးတွေကို လျစ်လျူမရှုမိပါစေနဲ့နော်။

သူတို့ဟာ ကူညီဖေးမတာ၊ စကားပြောပေးတာ၊ ကြင်နာယုယမှုတွေကို သူများထက် ပိုလိုအပ်နေပါတယ်။ ဖွင့်ဟမပြောပေမယ့် သူတို့လေးတွေရဲ့ စိတ်ထဲမှာ ငိုပွဲဆင်ရင်း ကိုယ်ပါနွမ်းလျ  သွားရတဲ့ အခြေအနေတွေ အများကြီးနော်။ သန္ဓေသားဆုံးရှုံးရသူ မိခင်တိုင်းကို  ကိုယ်ချင်းစာနာစိတ်၊ သနားနားလည်စိတ် အပြည့်အဝနဲ့ ကြိုးစားအားပေး အချိန်ပေးကြပါစို့လား။

Credit: ဂျီပီငှက် (ဆေး/မန်း) (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top