iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီဥတု ဘယ္လိုပဲေနေန ညဘက္မွာ ေခြၽးေစးေတြ ျပန္ၿပီးနိုးလာတတ္တယ္ဆိုရင္ ေရာဂါတစ္ခုခု ရွိေနႏိုင္ပါၿပီ။

အခန္းထဲ ေအးေနလ်က္နဲ႔ေတာင္ ေခြၽးေတြ ႐ႊဲနစ္ၿပီး နိုးလာတတ္တယ္ဆိုရင္ ညဘက္ ေခြၽးေစးျပန္တတ္တယ္လို႔ ဆိုရမွာပါ။

 ညအိပ္ဝတ္ အဝတ္အစားေတြ အရမ္းထူေနလို႔ ျဖစ္ႏိုင္သလို အျခားပိုဆိုးတဲ့ အေျခအေနတစ္ခုခုေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

ေယဘုယ်အားျဖင့္ ကိုယ္ခႏၶာအပူခ်ိန္ 37°F မွာ ထိန္းထားနိုင္ဖို႔ တစ္ေန႔ကို ေရ ၁ လီတာေလာက္ ေခြၽးေစးအျဖစ္ ဆံုး႐ႈံးပါတယ္။ ညဘက္မွာ ေစာင္နဲ႔ ေကြးေနခ်ိန္ေသာ္လည္းေကာင္း၊ အရမ္းအုိက္ေနရင္ေသာ္လည္းေကာင္း ပိုမ်ားတတ္ပါတယ္။

ကိုယ္ခႏၶာအပူခ်ိန္ ထိန္းသိမ္းမႈစနစ္ဟာ အလြန္စနစ္က်ပါတယ္။ အပူခ်ိန္ကို အၿမဲထိန္းထားႏိုင္ဖို႔ ပူအိုက္ေနတဲ့အခါ အပူေတြကို ဆံုး႐ႈံးေပးရသလို ေအးေနတဲ့အခါမွာလည္း အပူကို ထိန္းသိမ္းထားရပါတယ္။

ကိုယ္ခႏၶာမွာ ေသြးေၾကာေတြ က်ယ္လာၿပီး ေသြးအစီးမ်ားလာတာဟာ ကိုယ္ခႏၶာက အပူဆံုး႐ႈံးဖို႔ လိုအပ္ေနၿပီဆိုတာကို ျပတာပါ။

ဒီလိုအရမ္းပူလာၿပီး ေခြၽးေစးေတြ ထြက္လာတဲ့အခါ အေနရခက္ၿပီး အိပ္ေပ်ာ္ေနရာကေန ႏိုးလာတတ္ပါတယ္။ အိပ္ေရးမဝေတာ့ဘဲ ေနာက္ရက္ေတြမွာ မလန္းမဆန္း ျဖစ္ေနတတ္ပါတယ္။

ဒီလို အၿမဲရက္ဆက္တိုက္ျဖစ္လာတဲ့အခါ ကိုယ္ခႏၶာ ႏြမ္းနယ္လာၿပီး အလုပ္လုပ္ရတာ အခက္ေတြ႕လာတတ္ပါတယ္။

 ကိုယ္ကိုယ္တိုင္တင္မကဘဲ ကိုယ္နဲ႔အတူ အိပ္တဲ့လူေတြကိုပါ အေႏွာင့္အယွက္ ျဖစ္လာႏိုင္ပါတယ္။

 ဒီလို ညဘက္ေခြၽးေစးေတြ ဘာေၾကာင့္ျပန္တတ္သလဲ?

၁။     ကင္ဆာ

 Lymphoma လို႔ေခၚတဲ့ လင္ျပန္ေၾကာဂလင္းေတြ ေရာင္ရမ္းႀကီးထြားလာတဲ့ ကင္ဆာတစ္မ်ိဳးဟာ ညဘက္ ေခြၽးေစးေတြျပန္ၿပီး လာတတ္ပါတယ္။ ဒါကို မေမ့သင့္ပါဘူး။

၂။     ေသြးဆံုးျခင္း

လင့္ျပန္ေၾကာဂလင္းေတြ ေရာင္ရမ္းမေနဘဲ ေသြးဆံုးအရြယ္ အမ်ိဳးသမီးတစ္ေယာက္ ဆိုရင္ေတာ့ ေသြးဆံုးကိုင္ျခင္းရဲ႕ အေစာပိုင္းလကၡဏာေတြ ျဖစ္ႏိုင္ပါတယ္။

၃။     ပိုးဝင္ျခင္း

 အပူခ်ိန္ေတြ တက္လာၿပီး ေခြၽးေတြ တအားျပန္လာရင္ ပိုးဝင္ျခင္းလကၡဏာ ျဖစ္နိုင္ပါတယ္။ အမ်ားဆံုး ျဖစ္တတ္တာကေတာ့ တီဘီေရာဂါပါ။ အျခား ႏွလံုးအတြင္းလႊာေရာင္ျခင္း၊ အ႐ိုးပိုးဝင္ျခင္း၊ ျပည္တည္နာနဲ႔ HIV/AIDS ေၾကာင့္ ျဖစ္ႏုိင္ပါတယ္။

၄။     အရက္

အရက္က ေသြးေၾကာေတြကို က်ယ္ေစတာေၾကာင့္ အရက္ အမ်ားႀကီးေသာက္တဲ့အခါ ကိုယ္ကိုယ္တိုင္ သတိမထားမိေပမယ့္ ပူၿပီး ေခြၽးေစးေတြ ထြက္လာတတ္ပါတယ္။

၅။     ရာသီအကူးအေျပာင္း

 ေႏြရာသီ ေျပာင္းလာတဲ့အခါ ေအးေနရာကေန ႐ုတ္တရက္ ပူသြားတဲ့အတြက္ ေခြၽးေတြ အမ်ားႀကီး ထြက္တတ္ပါတယ္။

၆။     ေဆး

စိတ္က်ေရာဂါေပ်ာက္ေဆးလိုမ်ိဳး တခ်ိဳ႕ေဆးေတြဟာ ညဘက္ ေခြၽးေစးျပန္ေစတတ္ပါတယ္။

ဒါေၾကာင့္ ပူၿပီး ေခြၽးေစးေတြ ထြက္လာခဲ့ရင္ ျပတင္းေပါက္ေတြ ဖြင့္လိုက္ပါ။ ပန္ကာ ဖြင့္ပါ။

စိတ္ပူပန္ရင္ေတာ့ ဆရာဝန္နဲ႔ ျပသတာ အေကာင္းဆံုး ျဖစ္ပါတယ္။ လိုအပ္တဲ့ေသြးေတြ စစ္ၾကည့္ၿပီး ဘာေၾကာင့္ျဖစ္တာလဲ ရွာေဖြၾကည့္ႏိုင္ပါတယ္။

Credit : Dr. Mya Phoo Ngon (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ရာသီဥတု ဘယ်လိုပဲနေနေ ညဘက်မှာ ချွေးစေးတွေ ပြန်ပြီးနိုးလာတတ်တယ်ဆိုရင် ရောဂါတစ်ခုခု ရှိနေနိုင်ပါပြီ။

အခန်းထဲ အေးနေလျက်နဲ့တောင် ချွေးတွေ ရွှဲနစ်ပြီး နိုးလာတတ်တယ်ဆိုရင် ညဘက် ချွေးစေးပြန်တတ်တယ်လို့ ဆိုရမှာပါ။

 ညအိပ်ဝတ် အဝတ်အစားတွေ အရမ်းထူနေလို့ ဖြစ်နိုင်သလို အခြားပိုဆိုးတဲ့ အခြေအနေတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။

ယေဘုယျအားဖြင့် ကိုယ်ခန္ဓာအပူချိန် 37°F မှာ ထိန်းထားနိုင်ဖို့ တစ်နေ့ကို ရေ ၁ လီတာလောက် ချွေးစေးအဖြစ် ဆုံးရှုံးပါတယ်။ ညဘက်မှာ စောင်နဲ့ ကွေးနေချိန်သော်လည်းကောင်း၊ အရမ်းအိုက်နေရင်သော်လည်းကောင်း ပိုများတတ်ပါတယ်။

ကိုယ်ခန္ဓာအပူချိန် ထိန်းသိမ်းမှုစနစ်ဟာ အလွန်စနစ်ကျပါတယ်။ အပူချိန်ကို အမြဲထိန်းထားနိုင်ဖို့ ပူအိုက်နေတဲ့အခါ အပူတွေကို ဆုံးရှုံးပေးရသလို အေးနေတဲ့အခါမှာလည်း အပူကို ထိန်းသိမ်းထားရပါတယ်။

ကိုယ်ခန္ဓာမှာ သွေးကြောတွေ ကျယ်လာပြီး သွေးအစီးများလာတာဟာ ကိုယ်ခန္ဓာက အပူဆုံးရှုံးဖို့ လိုအပ်နေပြီဆိုတာကို ပြတာပါ။

ဒီလိုအရမ်းပူလာပြီး ချွေးစေးတွေ ထွက်လာတဲ့အခါ အနေရခက်ပြီး အိပ်ပျော်နေရာကနေ နိုးလာတတ်ပါတယ်။ အိပ်ရေးမဝတော့ဘဲ နောက်ရက်တွေမှာ မလန်းမဆန်း ဖြစ်နေတတ်ပါတယ်။

ဒီလို အမြဲရက်ဆက်တိုက်ဖြစ်လာတဲ့အခါ ကိုယ်ခန္ဓာ နွမ်းနယ်လာပြီး အလုပ်လုပ်ရတာ အခက်တွေ့လာတတ်ပါတယ်။

 ကိုယ်ကိုယ်တိုင်တင်မကဘဲ ကိုယ်နဲ့အတူ အိပ်တဲ့လူတွေကိုပါ အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။

 ဒီလို ညဘက်ချွေးစေးတွေ ဘာကြောင့်ပြန်တတ်သလဲ?

၁။     ကင်ဆာ

 Lymphoma လို့ခေါ်တဲ့ လင်ပြန်ကြောဂလင်းတွေ ရောင်ရမ်းကြီးထွားလာတဲ့ ကင်ဆာတစ်မျိုးဟာ ညဘက် ချွေးစေးတွေပြန်ပြီး လာတတ်ပါတယ်။ ဒါကို မမေ့သင့်ပါဘူး။

၂။     သွေးဆုံးခြင်း

လင့်ပြန်ကြောဂလင်းတွေ ရောင်ရမ်းမနေဘဲ သွေးဆုံးအရွယ် အမျိုးသမီးတစ်ယောက် ဆိုရင်တော့ သွေးဆုံးကိုင်ခြင်းရဲ့ အစောပိုင်းလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

၃။     ပိုးဝင်ခြင်း

 အပူချိန်တွေ တက်လာပြီး ချွေးတွေ တအားပြန်လာရင် ပိုးဝင်ခြင်းလက္ခဏာ ဖြစ်နိုင်ပါတယ်။ အများဆုံး ဖြစ်တတ်တာကတော့ တီဘီရောဂါပါ။ အခြား နှလုံးအတွင်းလွှာရောင်ခြင်း၊ အရိုးပိုးဝင်ခြင်း၊ ပြည်တည်နာနဲ့ HIV/AIDS ကြောင့် ဖြစ်နိုင်ပါတယ်။

၄။     အရက်

အရက်က သွေးကြောတွေကို ကျယ်စေတာကြောင့် အရက် အများကြီးသောက်တဲ့အခါ ကိုယ်ကိုယ်တိုင် သတိမထားမိပေမယ့် ပူပြီး ချွေးစေးတွေ ထွက်လာတတ်ပါတယ်။

၅။     ရာသီအကူးအပြောင်း

 နွေရာသီ ပြောင်းလာတဲ့အခါ အေးနေရာကနေ ရုတ်တရက် ပူသွားတဲ့အတွက် ချွေးတွေ အများကြီး ထွက်တတ်ပါတယ်။

၆။     ဆေး

စိတ်ကျရောဂါပျောက်ဆေးလိုမျိုး တချို့ဆေးတွေဟာ ညဘက် ချွေးစေးပြန်စေတတ်ပါတယ်။

ဒါကြောင့် ပူပြီး ချွေးစေးတွေ ထွက်လာခဲ့ရင် ပြတင်းပေါက်တွေ ဖွင့်လိုက်ပါ။ ပန်ကာ ဖွင့်ပါ။

စိတ်ပူပန်ရင်တော့ ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံး ဖြစ်ပါတယ်။ လိုအပ်တဲ့သွေးတွေ စစ်ကြည့်ပြီး ဘာကြောင့်ဖြစ်တာလဲ ရှာဖွေကြည့်နိုင်ပါတယ်။

Credit : Dr. Mya Phoo Ngon (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top