iMyanmarHouse.com - Best Property Website for Myanmar
×

ယခု ရက္ပုိင္းအတြင္း မထင္မွတ္ဘဲ ဘာသာေရး၊ ပညာေရး၊ အခြင့္အလမ္းေကာင္းေတြ ေပၚထြက္လာတတ္ပါတယ္။ ဒါေပမယ့္ ဆုံးျဖတ္ရ ခက္တဲ့ ကိစၥေတြ ဟုိလုိုလို ဒီလုိုလိုနဲ႔ အခိိ်န္ေတြ ပုပ္ကုန္တာေတြ ျဖစ္တတ္ပါတယ္။ရပ္ေ၀းက မိတ္ေကာင္း ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ား ရတတ္ပါတယ္။ ယခု ရက္ပုိင္းအတြင္း စေန သားသမီးေတြနဲ႔ တုိင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး ပညာေရး ကိစၥေတြမွာ ေအာင္ျမင္ႏုိင္ပါတယ္။ေနရာသစ္ လုပ္ငန္းသစ္ အိမ္ရာသစ္ ကိစၥေတြ ေကာင္းပါတယ္။ စပ္တူလုပ္ရတဲ့ အလုပ္ေတြ သတိထားပါ။မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္း သာယာေန ပါလိမ့္မယ္။ ကုန္ေျခာက္လုပ္ငန္းေတြ အက်ဳိးေပးပါလိမ့္မယ္။

ေငြကံကေတာ့ သိပ္ မေကာင္းပါဘူး။ ပညာေရးကံ ေကာင္းေနတတ္ပါတယ္။ ျမင့္မားတဲ့ ပညာသင္ခြင့္ အခြင့္အေရး အရမ္းေကာင္းေနပါတယ္။အိမ္ေထာင္ရွင္မ်ား သမီးရည္းစားမ်ား အဆင္မေျပတာေတြ ရွိေပမယ့္ ျပန္ေျပလည္ သြားပါလိမ့္မယ္။ က်န္းမာေရးမွာ အအိပ္အစားပ်က္တာေတြေၾကာင့္ သင္ေနထုိင္မေကာင္း ခဏခဏျဖစ္တတ္ပါတယ္။ေငြေၾကး အက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားရွင္အား ယခုတစ္ပတ္လုံး ႏွင္းဆီပန္း ၉ ပြင့္ ကပ္လွဴကာ နံနက္ေနမထြက္မီ ရွင္သီ၀လိဂါထာ ၉ ေခါက္ ရြတ္ဆုိေပးပါ။ျပည္ပထြက္ခြာ လုိသူမ်ား ။ ။ လမ္းထဲ တန္းဆြမ္းၾကြသည့္ သံဃာေတာ္ကုိ ထီး/ဖိနပ္ ကပ္လွဴေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားေစတီ၏ စေနနံေထာင့္တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကုိ ေမတၱာသုတ္ ရြတ္ဖတ္ပူေဇာ္ေပးပါ။အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ေထာင္ဘက္ႏွစ္ဦး၏ ေန႔သင့္နံသင့္ပန္းကုိ ပန္းအုိးတစ္အုိးျဖင့္ သပ္သပ္ထုိးကာ ဘုရားပူေဇာ္ပါ။လူမႈေရး အတုိက္အခံ မ်ားသူမ်ား ။ ။ နံနက္တုိင္း ေမတၱာသုတ္ကုိ ရြတ္ဖတ္ပူေဇာ္၍ အိမ္ေရွ႕လမ္းမအား လွည္းက်င္းေပးပါ။က်န္းမာေရး မေကာင္းသူမ်ား ။ ။ ေစတီမ်ားႏွင့္ ဘုန္ႀကီးေက်ာင္းမ်ားရွိ ေဗာဓိေညာင္ပင္မ်ားတြင္ ေညာင္ေထာက္ေပးပါ။ ေရသက္ေစ့ေလာင္းပါ။ထီ ကံေကာင္းလုိသူမ်ား ။ ။ စေနေန႔တြင္ ထီဆုိင္တစ္ခုသုိ႔သြားကာ ၁/ ၈ / ၉ ဂဏန္း မ်ားမ်ားပါေသာ ထီကုိ ထုိးေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMCele
# Unicode Version ျဖင့္ ဖတ္ပါ #
ယခု ရက်ပိုင်းအတွင်း မထင်မှတ်ဘဲ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာတတ်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ရ ခက်တဲ့ ကိစ္စတွေ ဟိုလိုလို ဒီလိုလိုနဲ့ အချိန်တွေ ပုပ်ကုန်တာတွေ ဖြစ်တတ်ပါတယ်။ရပ်ဝေးက မိတ်ကောင်း ဆွေကောင်းများရဲ့ အကူအညီများ ရတတ်ပါတယ်။ ယခု ရက်ပိုင်းအတွင်း စနေ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။နေရာသစ် လုပ်ငန်းသစ် အိမ်ရာသစ် ကိစ္စတွေ ကောင်းပါတယ်။ စပ်တူလုပ်ရတဲ့ အလုပ်တွေ သတိထားပါ။မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း သာယာနေ ပါလိမ့်မယ်။ ကုန်ခြောက်လုပ်ငန်းတွေ အကျိုးပေးပါလိမ့်မယ်။

ငွေကံကတော့ သိပ် မကောင်းပါဘူး။ ပညာရေးကံ ကောင်းနေတတ်ပါတယ်။ မြင့်မားတဲ့ ပညာသင်ခွင့် အခွင့်အရေး အရမ်းကောင်းနေပါတယ်။အိမ်ထောင်ရှင်များ သမီးရည်းစားများ အဆင်မပြေတာတွေ ရှိပေမယ့် ပြန်ပြေလည် သွားပါလိမ့်မယ်။ ကျန်းမာရေးမှာ အအိပ်အစားပျက်တာတွေကြောင့် သင်နေထိုင်မကောင်း ခဏခဏဖြစ်တတ်ပါတယ်။ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အား ယခုတစ်ပတ်လုံး နှင်းဆီပန်း ၉ ပွင့် ကပ်လှူကာ နံနက်နေမထွက်မီ ရှင်သီဝလိဂါထာ ၉ ခေါက် ရွတ်ဆိုပေးပါ။ပြည်ပထွက်ခွာ လိုသူများ ။ ။ လမ်းထဲ တန်းဆွမ်းကြွသည့် သံဃာတော်ကို ထီး/ဖိနပ် ကပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားစေတီ၏ စနေနံထောင့်တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပေးပါ။အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထောင်ဘက်နှစ်ဦး၏ နေ့သင့်နံသင့်ပန်းကို ပန်းအိုးတစ်အိုးဖြင့် သပ်သပ်ထိုးကာ ဘုရားပူဇော်ပါ။လူမှုရေး အတိုက်အခံ များသူများ ။ ။ နံနက်တိုင်း မေတ္တာသုတ်ကို ရွတ်ဖတ်ပူဇော်၍ အိမ်ရှေ့လမ်းမအား လှည်းကျင်းပေးပါ။ကျန်းမာရေး မကောင်းသူများ ။ ။ စေတီများနှင့် ဘုန်ကြီးကျောင်းများရှိ ဗောဓိညောင်ပင်များတွင် ညောင်ထောက်ပေးပါ။ ရေသက်စေ့လောင်းပါ။ထီ ကံကောင်းလိုသူများ ။ ။ စနေနေ့တွင် ထီဆိုင်တစ်ခုသို့သွားကာ ၁/ ၈ / ၉ ဂဏန်း များများပါသော ထီကို ထိုးပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: MMCele
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top