iMyanmarHouse.com - Best Property Website for Myanmar
×

သူမ်ားေတြက ရုပ္ေခ်ာတာကို ကုသိုလ္ကံေကာင္းတယ္လို႔ ေျပာၾကေပမဲ့ ကိုယ့္အတြက္ကေတာ့ က်ိန္စာႀကီးတစ္ခုပါပဲ :3

မိန္းကေလးေတြဆိုတာ သိပ္လွၿပီး ဆူးေတြနဲ႔ဝန္းရံထားတဲ့ ပန္းေလးေတြပါပဲ။ ဒါေပမဲ့ ရဲရင့္တဲ့ဆူးေတြ ဘယ္ေလာက္ပဲဝန္းရံထားပါေစ အဲဒီလွပတဲ့ ပြင့္ခ်ပ္ေလးေတြကို အနည္းနဲ႔အမ်ားဆိုသလို ခ်ဴခ်င္ၾကတဲ့ ပုရိသေတြကလည္း ရွိေသးတာကိုး။  ရုပ္ေခ်ာမွ လူႀကိဳက္ပိုမ်ားတာ မဟုတ္ေပမဲ့ ေယဘုယ်အားျဖင့္ေတာ့ ပိုလွေလ အနားမွာပိုဝိုင္းေနၾကေလဆိုေတာ့ စိတ္ညစ္ရၿပီေလ။ ဒီအတိုင္း ဝိုင္းရံုပဲဝိုင္းရင္ေတာ့ ေတာ္ေသးတယ္။ အနားမွာရစ္သီရစ္သီနဲ႔ အၿမဲသူ႔မ်က္ႏွာႀကီးျမင္ျမင္ေနရရင္ေတာ့ တအားစိတ္ကုန္ၿပီေလ။ အမ်ားအျမင္မွာသာ ဒီေကာင္မေလးက လွလိုက္တာ၊ စြံလိုက္တာလို႔ ျမင္ၾကေပမဲ့ တကယ္တမ္း သူတို႔ရင္ထဲမွာေတာ့ ဒီလိုေလးေတြ ခံစားေနရတတ္ပါတယ္။

၁။ ရည္းစားမ်ားတယ္လို႔ အထင္ခံရတယ္။

ေန႔တိုင္းေနာ္ သြားေနက်လမ္းအတိုင္း သြားလာေနတယ္ေနာ္။ ဒါေပမဲ့ တစ္ေန႔နဲ႔တစ္ေန႔ ေနာက္ကလိုက္တဲ့ ဘဲေလးေတြက မတူေတာ့ ဘယ္သူက ကိုယ့္ရည္းစားျဖစ္လို႔ ျဖစ္ေနမွန္းမသိ။ သူမ်ားေတြကလည္း ကိုယ္သေဘာတူတဲ့လူ ကိုယ္စိတ္မွာထင္ေၾကးေပးတဲ့လူေတြနဲ႔ ေပးစားလာလိုက္တာ ကိုယ့္မွာ ကိုယ္ေတာင္မသိလိုက္ဘဲ အိမ္ေထာင္ ၇ ဆက္ေလာက္ က်မွန္းမသိက်ေနေရာေလ။ တကယ္တမ္းေတာ့ သူတို႔ပါးစပ္နဲ႔ေပးစားလြန္းလို႔ ကိုယ့္မွာက်ိန္းေက်ၿပီး ဘာဆိုဘာမွကို ဆက္မျဖစ္လာေတာ့တာ ကိုယ္ပဲသိတယ္ -_-

၂။ ေခ်ာေနတာက အျပစ္ႀကီးတစ္ခုလိုျဖစ္ေနတယ္။

ဒါတကယ္ပါေနာ္ ေယာင္းမ်က္စိမမွားပါဘူး။ အရင္ဘဝတုန္းက ကုသိုလ္ေတြအမ်ားႀကီးလုပ္ၿပီး ဆုေတာင္းေကာင္းခဲ့လုိ႔ ကိုယ့္မ်က္ႏွာ္ေလးက ခ်စ္စရာေကာင္းၿပီး လွလွေလးျဖစ္ေနေပမဲ့ လူေတြက ကိုယ့္အေနာက္ကို တေကာက္ေကာက္လိုက္တဲ့အခါ စိတ္အေႏွာင့္အယွက္ျဖစ္ၿပီး ညည္းညဴတတ္ၾကပါတယ္။ အဲဒီလိုညည္းညဴေတာ့လည္း သူမ်ားေတြက ဝိုင္းႏွစ္သိမ့္တာ မခံရတဲ့အျပင္ နင္ကေခ်ာတာကိုး ဆိုတဲ့စကားတစ္ခြန္းတည္းနဲ႔တင္ ထိရွၿပီးေသဆံုးၾကရတာပါ။ ငါသာေယာက်ာ္းေလးဆိုရင္ နင့္လိုမိန္းမမ်ိဳးမႀကိဳက္ပါဘူး။ ဘယ္ေလာက္ေခ်ာေခ်ာဆိုတဲ့ သူငယ္ခ်င္းေကာင္စားေတြကလည္း ရွိေသးတယ္။ :’)

၃။ ေတြ႕ကရာလူနဲ႔ ခဏခဏ အစခံရတယ္။

မိန္းကေလးေတြဆိုသည္မွာလည္း ရတာမလို လိုတာမရနဲ႔ ကိုယ္ႀကိဳက္တဲ့လူဆိုရင္လည္း သြားၿပီး ေျပာင္ေျပာင္တင္းတင္း ဖြင့္မေျပာရဲ မႀကိဳက္တဲ့လူ အနားလာသီေနေတာ့လည္း ေအာ္မထုတ္ရဲနဲ႔ဆိုေတာ့ ကိုယ္မႀကိဳက္တဲ့လူနဲ႔လည္း ခဏခဏေပးစားခံရေရာ။ ပိတ္ျငင္းထည့္လိုက္ရင္လည္း တစ္ဖက္သားခမ်ာ ရွက္သြားမွာစိုးလို႔ ရွက္သလို ရြံ႕သလို ေခါင္းေလးငံု႔ၿပီး မပြင့္တပြင့္ရယ္ေနရတာလည္း တစ္ဒုကၡ၊ (အမွန္ေတာ့ ပိတ္ပိတ္ၿပီး ေျပာဆိုပစ္ရမွာ။) ကိုယ္က အဲဒီလိုေတြ မပြင့္တပြင့္ေနေတာ့ တျခားလူေတြကလည္း ‘သူေတာ့ ဒီလူကို သေဘာက်ေနတယ္’ ထင္ၿပီးထပ္စ၊ ဒီလိုနဲ႔ပဲ မုန္႔လံုးစကၠဴကပ္ရင္း ကိုယ္မႀကိဳက္တဲ့လူနဲ႔လည္း မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းေနရတယ္ေပါ့။

၄။ အသည္းခြဲဘုရင္မလို႔လည္း ဆိုင္းဘုတ္တပ္ခံရတယ္။

ကိုယ္မႀကိဳက္လို႔ ျငင္းတာေလ၊ ဘာလို႔ သူမ်ားကို အသည္းခြဲတယ္လို႔ လိုက္ေျပာေနရတာလဲေျပာ။ ယူတို႕ေတာင္ ကိုယ္မႀကိဳက္တဲ့လူႀကီးကို သူက ကိုယ့္ကိုသိပ္ႀကိဳက္ရွာတာ၊ ကိုယ္ျငင္းလိုက္ရင္ သူ႔ခမ်ာ အသည္းကြဲသြားမယ္လို႔ ေတြးေတာပူပန္ေပးၿပီး ေကာက္တြဲလို႔လား။ အာ့ သူမ်ားလည္း မႀကိဳက္လို႔မတြဲတာကို ‘သူေပါ့ ရုပ္ေလးလွလွေလးနဲ႔ သူမ်ားအသည္းေတြကို လိုက္ေလွ်ာက္ခြဲေနတယ္’ လို႔မေျပာသင့္ပါ။ ျမန္မာမွန္ရင္ေပါ့ :’

၅။ ကိုယ္ႀကိဳက္တဲ့လူက ကိုယ့္ကိုမလိုက္ေတာ့ဘူး။

အားလံုးထဲမွာ အဆိုးဆံုးဒုကၡပဲ။ ကိုယ့္အနားမွာ အသိုင္းအဝို္င္းေပါင္းစံုက လူေတြအမ်ားႀကီး ဝိုင္းဝုိင္းလည္ေနေတာ့ ကိုယ္တကယ္ သေဘာက်ေနတဲ့ ဘဲဘဲေလးက အနားမကပ္ရဲေတာ့ဘူး။ ဒီလိုနဲ႔ပဲ ဇာတ္လမ္းေလးက စမွမစခင္ တစ္ခန္းရပ္ေလသတည္းေပါ့ေလ…

လူႀကိဳက္မ်ားတယ္ဆိုတာ ရုပ္ေခ်ာမွ၊ ခ်မ္းသာေနမွ နာမည္ႀကီးေနမွ မဟုတ္ပါဘူးေနာ္။ ကိုယ့္မွာ စန္းရွိေနရင္လည္း ဘာလို႔မွန္းမသိ လူႀကိဳက္မ်ားေနတတ္ပါတယ္။ ဘယ္အေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ ကိုယ့္ကိုလာႀကိဳက္ၾကၿပီဆိုရင္ ကိုယ္ျပန္မႀကိဳက္ႏိုင္တဲ့အခါ ျငင္းဖို႔ကို မတြန္႔ပါနဲ႔၊ မရွက္ပါနဲ႔ေနာ္ ျပတ္ျပတ္သားသား ဆက္ဆံပါ။ ေတာ္ၾကာ ကိုယ္ကအလိုက္အထိုက္ဆက္ဆံေပးၿပီးမွ ေရလာေျမာင္းေပးလုပ္ၿပီး ျပန္မႀကိဳက္ပါဘူးလို႔ သတင္းအလႊင့္ခံေနရမယ္။ ေနာက္မ်ားက်မွ ကိုယ့္ကိုလူေတြ သိပ္သေဘာမက်ေအာင္ ဘယ္သို႔ဘယ္ပံု ေနရမယ္ဆိုတာကို တစ္ပုဒ္သက္သက္ေရးေပးဦးမယ္ ေယာင္းတို႔ေရ…

Credit: Hnin Ei Oo (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
သူများတွေက ရုပ်ချောတာကို ကုသိုလ်ကံကောင်းတယ်လို့ ပြောကြပေမဲ့ ကိုယ့်အတွက်ကတော့ ကျိန်စာကြီးတစ်ခုပါပဲ :3

မိန်းကလေးတွေဆိုတာ သိပ်လှပြီး ဆူးတွေနဲ့ဝန်းရံထားတဲ့ ပန်းလေးတွေပါပဲ။ ဒါပေမဲ့ ရဲရင့်တဲ့ဆူးတွေ ဘယ်လောက်ပဲဝန်းရံထားပါစေ အဲဒီလှပတဲ့ ပွင့်ချပ်လေးတွေကို အနည်းနဲ့အများဆိုသလို ချူချင်ကြတဲ့ ပုရိသတွေကလည်း ရှိသေးတာကိုး။  ရုပ်ချောမှ လူကြိုက်ပိုများတာ မဟုတ်ပေမဲ့ ယေဘုယျအားဖြင့်တော့ ပိုလှလေ အနားမှာပိုဝိုင်းနေကြလေဆိုတော့ စိတ်ညစ်ရပြီလေ။ ဒီအတိုင်း ဝိုင်းရုံပဲဝိုင်းရင်တော့ တော်သေးတယ်။ အနားမှာရစ်သီရစ်သီနဲ့ အမြဲသူ့မျက်နှာကြီးမြင်မြင်နေရရင်တော့ တအားစိတ်ကုန်ပြီလေ။ အများအမြင်မှာသာ ဒီကောင်မလေးက လှလိုက်တာ၊ စွံလိုက်တာလို့ မြင်ကြပေမဲ့ တကယ်တမ်း သူတို့ရင်ထဲမှာတော့ ဒီလိုလေးတွေ ခံစားနေရတတ်ပါတယ်။

၁။ ရည်းစားများတယ်လို့ အထင်ခံရတယ်။

နေ့တိုင်းနော် သွားနေကျလမ်းအတိုင်း သွားလာနေတယ်နော်။ ဒါပေမဲ့ တစ်နေ့နဲ့တစ်နေ့ နောက်ကလိုက်တဲ့ ဘဲလေးတွေက မတူတော့ ဘယ်သူက ကိုယ့်ရည်းစားဖြစ်လို့ ဖြစ်နေမှန်းမသိ။ သူများတွေကလည်း ကိုယ်သဘောတူတဲ့လူ ကိုယ်စိတ်မှာထင်ကြေးပေးတဲ့လူတွေနဲ့ ပေးစားလာလိုက်တာ ကိုယ့်မှာ ကိုယ်တောင်မသိလိုက်ဘဲ အိမ်ထောင် ၇ ဆက်လောက် ကျမှန်းမသိကျနေရောလေ။ တကယ်တမ်းတော့ သူတို့ပါးစပ်နဲ့ပေးစားလွန်းလို့ ကိုယ့်မှာကျိန်းကျေပြီး ဘာဆိုဘာမှကို ဆက်မဖြစ်လာတော့တာ ကိုယ်ပဲသိတယ် -_-

၂။ ချောနေတာက အပြစ်ကြီးတစ်ခုလိုဖြစ်နေတယ်။

ဒါတကယ်ပါနော် ယောင်းမျက်စိမမှားပါဘူး။ အရင်ဘဝတုန်းက ကုသိုလ်တွေအများကြီးလုပ်ပြီး ဆုတောင်းကောင်းခဲ့လို့ ကိုယ့်မျက်နှာ်လေးက ချစ်စရာကောင်းပြီး လှလှလေးဖြစ်နေပေမဲ့ လူတွေက ကိုယ့်အနောက်ကို တကောက်ကောက်လိုက်တဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်ပြီး ညည်းညူတတ်ကြပါတယ်။ အဲဒီလိုညည်းညူတော့လည်း သူများတွေက ဝိုင်းနှစ်သိမ့်တာ မခံရတဲ့အပြင် နင်ကချောတာကိုး ဆိုတဲ့စကားတစ်ခွန်းတည်းနဲ့တင် ထိရှပြီးသေဆုံးကြရတာပါ။ ငါသာယောကျာ်းလေးဆိုရင် နင့်လိုမိန်းမမျိုးမကြိုက်ပါဘူး။ ဘယ်လောက်ချောချောဆိုတဲ့ သူငယ်ချင်းကောင်စားတွေကလည်း ရှိသေးတယ်။ :’)

၃။ တွေ့ကရာလူနဲ့ ခဏခဏ အစခံရတယ်။

မိန်းကလေးတွေဆိုသည်မှာလည်း ရတာမလို လိုတာမရနဲ့ ကိုယ်ကြိုက်တဲ့လူဆိုရင်လည်း သွားပြီး ပြောင်ပြောင်တင်းတင်း ဖွင့်မပြောရဲ မကြိုက်တဲ့လူ အနားလာသီနေတော့လည်း အော်မထုတ်ရဲနဲ့ဆိုတော့ ကိုယ်မကြိုက်တဲ့လူနဲ့လည်း ခဏခဏပေးစားခံရရော။ ပိတ်ငြင်းထည့်လိုက်ရင်လည်း တစ်ဖက်သားခမျာ ရှက်သွားမှာစိုးလို့ ရှက်သလို ရွံ့သလို ခေါင်းလေးငုံ့ပြီး မပွင့်တပွင့်ရယ်နေရတာလည်း တစ်ဒုက္ခ၊ (အမှန်တော့ ပိတ်ပိတ်ပြီး ပြောဆိုပစ်ရမှာ။) ကိုယ်က အဲဒီလိုတွေ မပွင့်တပွင့်နေတော့ တခြားလူတွေကလည်း ‘သူတော့ ဒီလူကို သဘောကျနေတယ်’ ထင်ပြီးထပ်စ၊ ဒီလိုနဲ့ပဲ မုန့်လုံးစက္ကူကပ်ရင်း ကိုယ်မကြိုက်တဲ့လူနဲ့လည်း မချစ်သော်လည်း အောင့်ကာနမ်းနေရတယ်ပေါ့။

၄။ အသည်းခွဲဘုရင်မလို့လည်း ဆိုင်းဘုတ်တပ်ခံရတယ်။

ကိုယ်မကြိုက်လို့ ငြင်းတာလေ၊ ဘာလို့ သူများကို အသည်းခွဲတယ်လို့ လိုက်ပြောနေရတာလဲပြော။ ယူတို့တောင် ကိုယ်မကြိုက်တဲ့လူကြီးကို သူက ကိုယ့်ကိုသိပ်ကြိုက်ရှာတာ၊ ကိုယ်ငြင်းလိုက်ရင် သူ့ခမျာ အသည်းကွဲသွားမယ်လို့ တွေးတောပူပန်ပေးပြီး ကောက်တွဲလို့လား။ အာ့ သူများလည်း မကြိုက်လို့မတွဲတာကို ‘သူပေါ့ ရုပ်လေးလှလှလေးနဲ့ သူများအသည်းတွေကို လိုက်လျှောက်ခွဲနေတယ်’ လို့မပြောသင့်ပါ။ မြန်မာမှန်ရင်ပေါ့ :’

၅။ ကိုယ်ကြိုက်တဲ့လူက ကိုယ့်ကိုမလိုက်တော့ဘူး။

အားလုံးထဲမှာ အဆိုးဆုံးဒုက္ခပဲ။ ကိုယ့်အနားမှာ အသိုင်းအဝိုင်းပေါင်းစုံက လူတွေအများကြီး ဝိုင်းဝိုင်းလည်နေတော့ ကိုယ်တကယ် သဘောကျနေတဲ့ ဘဲဘဲလေးက အနားမကပ်ရဲတော့ဘူး။ ဒီလိုနဲ့ပဲ ဇာတ်လမ်းလေးက စမှမစခင် တစ်ခန်းရပ်လေသတည်းပေါ့လေ…

လူကြိုက်များတယ်ဆိုတာ ရုပ်ချောမှ၊ ချမ်းသာနေမှ နာမည်ကြီးနေမှ မဟုတ်ပါဘူးနော်။ ကိုယ့်မှာ စန်းရှိနေရင်လည်း ဘာလို့မှန်းမသိ လူကြိုက်များနေတတ်ပါတယ်။ ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကိုလာကြိုက်ကြပြီဆိုရင် ကိုယ်ပြန်မကြိုက်နိုင်တဲ့အခါ ငြင်းဖို့ကို မတွန့်ပါနဲ့၊ မရှက်ပါနဲ့နော် ပြတ်ပြတ်သားသား ဆက်ဆံပါ။ တော်ကြာ ကိုယ်ကအလိုက်အထိုက်ဆက်ဆံပေးပြီးမှ ရေလာမြောင်းပေးလုပ်ပြီး ပြန်မကြိုက်ပါဘူးလို့ သတင်းအလွှင့်ခံနေရမယ်။ နောက်များကျမှ ကိုယ့်ကိုလူတွေ သိပ်သဘောမကျအောင် ဘယ်သို့ဘယ်ပုံ နေရမယ်ဆိုတာကို တစ်ပုဒ်သက်သက်ရေးပေးဦးမယ် ယောင်းတို့ရေ…

Credit: Hnin Ei Oo (For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top