iMyanmarHouse.com - Best Property Website for Myanmar
×

လတ္တေလာ လူမႈကြန္ယက္စာမ်က္ႏွာမွာ ၿဖိဳးျမတ္ေအာင္နာမည္အသုံးျပဳၿပီး ဖြင့္ထားတဲ့ အေကာင့္အတုေတြနဲ႔ လိမ္လည္မႈေတြ ျဖစ္ေပၚေနတာ ေတြ႕ရပါတယ္..။အဲ့ဒီအေကာင့္အတုကေန ခိုလႈံရာဘိုးဘြားရိပ္သာကို ပရိသတ္ေတြနဲ႔အတူ အလႉေလးျပဳလုပ္မွာျဖစ္ၿပီး အလႉေငြေတြကိုေတာ့ Wave Money နဲ႔လႊဲၿပီး လႉဒါန္းႏိုင္ေၾကာင္း ဖုန္းနံပါတ္ေတြကိုလည္း ေျပာထားၾကတာ ေတြ႕ရပါတယ္..။

သူ႔ရဲ႕ နာမည္သုံးၿပီး အေကာင့္အတုနဲ႔ လိမ္လည္အလႉခံေနတဲ့ ကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့ ၿဖိဳးျမတ္ေအာင္ကလည္း သူ႔ရဲ႕ခ်စ္ရတဲ့ပရိသတ္ေတြကို Live လႊင့္ၿပီး ေျပာျပလာပါတယ္..။ၿဖိဳးျမတ္ေအာင္ကေတာ့ သူဟာအေကာင့္တစ္ခုတည္းကိုသာ အသုံးျပဳေနတာျဖစ္ၿပီး အခုလိုအလႉခံေနတဲ့ အေကာင့္ေတြက သူမဟုတ္ေၾကာင္း၊ ပရိသတ္ေတြထင္မွားၿပီး လႉေနၾကမွာစိုးလ့ို Live လႊင့္ၿပီး ေျပာတာပါတဲ့..။

ပရိသတ္အခ်ိဳ႕ကလည္း အဆိုပါအေကာင့္အတုေတြကို ေငြေၾကးလႉဒါန္းမႈမ်ား ျပဳလုပ္ေနၾကၿပီး အခုလို လိမ္လည္ၿပီးအလႉခံေနတဲ့အေကာင့္အတုကိုေတာ့ စုံစမ္းေနတယ္လို႔ ၿဖိဳးျမတ္ေအာင္က ေျပာသြားခဲ့ပါတယ္..။ၿဖိဳးျမတ္ေအာင္ကေတာ့ လတ္တေလာမွာ သူ႔ရဲ႕ဇာတိၿမိဳ႕ျဖစ္တဲ့ ဟသၤာတကို ေခတၱျပန္လည္ေရာက္ရွိေနၿပီး ပရိသတ္ေတြနဲ႔လည္း မၾကာခဏ အခုလို Live လႊင့္ၿပီး စကားေျပာေလ့ရွိသူလည္း ျဖစ္ပါတယ္..။

Photo – ၿဖိဳးျမတ္ေအာင္၊ we love Phyo Myat Aung

Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
လတ်တလော လူမှုကွန်ယက်စာမျက်နှာမှာ ဖြိုးမြတ်အောင်နာမည်အသုံးပြုပြီး ဖွင့်ထားတဲ့ အကောင့်အတုတွေနဲ့ လိမ်လည်မှုတွေ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်..။အဲ့ဒီအကောင့်အတုကနေ ခိုလှုံရာဘိုးဘွားရိပ်သာကို ပရိသတ်တွေနဲ့အတူ အလှူလေးပြုလုပ်မှာဖြစ်ပြီး အလှူငွေတွေကိုတော့ Wave Money နဲ့လွှဲပြီး လှူဒါန်းနိုင်ကြောင်း ဖုန်းနံပါတ်တွေကိုလည်း ပြောထားကြတာ တွေ့ရပါတယ်..။

သူ့ရဲ့ နာမည်သုံးပြီး အကောင့်အတုနဲ့ လိမ်လည်အလှူခံနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဖြိုးမြတ်အောင်ကလည်း သူ့ရဲ့ချစ်ရတဲ့ပရိသတ်တွေကို Live လွှင့်ပြီး ပြောပြလာပါတယ်..။ဖြိုးမြတ်အောင်ကတော့ သူဟာအကောင့်တစ်ခုတည်းကိုသာ အသုံးပြုနေတာဖြစ်ပြီး အခုလိုအလှူခံနေတဲ့ အကောင့်တွေက သူမဟုတ်ကြောင်း၊ ပရိသတ်တွေထင်မှားပြီး လှူနေကြမှာစိုးလ့ို Live လွှင့်ပြီး ပြောတာပါတဲ့..။

ပရိသတ်အချို့ကလည်း အဆိုပါအကောင့်အတုတွေကို ငွေကြေးလှူဒါန်းမှုများ ပြုလုပ်နေကြပြီး အခုလို လိမ်လည်ပြီးအလှူခံနေတဲ့အကောင့်အတုကိုတော့ စုံစမ်းနေတယ်လို့ ဖြိုးမြတ်အောင်က ပြောသွားခဲ့ပါတယ်..။ဖြိုးမြတ်အောင်ကတော့ လတ်တလောမှာ သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဟင်္သာတကို ခေတ္တပြန်လည်ရောက်ရှိနေပြီး ပရိသတ်တွေနဲ့လည်း မကြာခဏ အခုလို Live လွှင့်ပြီး စကားပြောလေ့ရှိသူလည်း ဖြစ်ပါတယ်..။

Photo – ဖြိုးမြတ်အောင်၊ we love Phyo Myat Aung

Credit: MMFeed
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top