iMyanmarHouse.com - Best Property Website for Myanmar
×
















# Unicode Version ဖြင့် ဖတ်ပါ #
ဝင်းနားဆုရတာ တရားတယ်လို့ထင်လား ဆိုတဲ့ မေးခွန်းကို မေးခဲ့သော မီဒီယာမှာ Crown TV မှမဟုတ်ကြောင်း ဖြေရှင်း

မြန်မာအိုင်ဒေါဖိုင်နယ်ပွဲညက ဝင်းနားဆုရှင်ဖြစ်တဲ့ ဖြိုးမြတ်အောင်အပေါ် မီဒီယာများမှ ဝိုင်းဝန်းမေးမြန်းကြချိန်

မီဒီယာတစ်ဦးရဲ့ မေးခွန်းကြောင့် ဖြိုးမြတ်အောင်နှင့်သူရဲ့ ပရိသတ်တွေအားလုံးက မခံမရပ်နိုင်ဖြစ်နေကြတာလည်းဖြစ်ပါတယ်

ဖြိုးမြတ်အောင်ကို မေးခဲ့သော မီဒီယာတွေအားလုံးမှ ပရိသတ်တွေက Crown TV Media ဟုထင်မှတ်ပြီး

Crown Media Page အားဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပါတယ်။

သို့သော်လည်း ဖြိုးမြတ်အောင်ကို မေးခဲ့သော မီဒီယာမှာ Crown မှမဟုတ်ကြောင်း

ယနေ့မှာတော့ Crown TV မှအောက်ပါအတိုင်း ပြန်လည်ဖြေရှင်းချက်ထုတ်ပြန်လာပါတယ်။

Crown TV မှဖြေရှင်းချက်…..

Myanmar Idol Season 3 ပွဲအပြီးတွင် Winner ဆုရှင်ဖြိုးမြတ်အောင်အားမီဒီယာများမှဝိုင်းဝန်းမေးမြန်းကြရာတွင် Crown TV မှလည်းပါဝင်မေးမြန်းခဲ့ပါသည်။

ယင်းသို့မေးမြန်းရာတွင်..’ချမ်းမြေ့မောင်ချိုမှဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ Winner ရခဲ့တဲ့အပေါ်မှာတရားတယ်လို့ထင်ပါသလား’ ဆိုသည့်မေးခွန်းမှာ

Crown TV မှမေးမြန်းထားခြင်းမဟုတ်သည့်အတွက် Crown TV -Crown Magazine Page တွင်တင်ထားသောဗီဒီယိုဖိုင်တွင်လည်းထည့်သွင်းဖော်ပြထားခြင်းမရှိခဲ့ပါ။

သို့ပါ၍ဖော်ပြထားသော Video Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အထက်ပါမေးခွန်းအားမေးမြန်းထားသူမှာလည်းအခြားမီဒီယာမှအမျိုးသားအသံသာဖြစ်ပါသည်။

ယခုတင်ပြထားသောဗီဒီယိုမှာလည်း Crown TV မှ interviewer အမျိုးသမီးနှင့်ဖြိုးမြတ်အောင်ဖြေဆိုထားသောအမေးအဖြေအချို့ကိုကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

ယင်းဗီဒီယိုအားကြည့်ရှုနားဆင်ရင်းအမှားအမှန်ကိုခွဲခြားနိုင်မည်ဟုယုံကြည်မိပါသည်။အားလုံးကိုကျေးဇူးတင်ရှိပါသည်။

Credit: Crown TV & We Love Cele
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top