iMyanmarHouse.com - Best Property Website for Myanmar
×

 ေၾသာ္… ဒီလိုေတြကိုး…

အေရးအေၾကာင္းေတြဆိုတာ အိုမင္းျခင္းရဲ႕ လကၡဏာတစ္ရပ္ေပမို႔ မဆန္းသလို တားဆီးလို႔လည္း မရပါဘူး။ အမ်ိဳးသမီးေတြ အိုမင္းလာတဲ့အခါ တင္းရင္းႏုပ်ိဳမႈကို ေပးစြမ္းတဲ့ ေကာ္လာဂ်င္ေတြဟာ အရင္ကေလာက္ မထုတ္ႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ အေရးေၾကာင္းေတြ ေပၚေပါက္လာရပါတယ္။

ဒါေပမဲ့ အသက္ငယ္ငယ္ေလးနဲ႔ မ်က္လံုးေအာက္မွာ လိုင္းေတြ ၊ အေရးအေၾကာင္းေတြ ေပၚေနၿပီဆိုရင္ေတာ့ ကိုယ့္ရဲ႕ ဘဝေနထိုင္မႈမွာ တစ္ခုခုမွားယြင္းေနလို႔ပါပဲ။ ဒါေၾကာင့္ ဒီတစ္ေခါက္မွာေတာ့ ေစာေစာစီးစီးထြက္လာတဲ့ မ်က္လံုးနားက အေရးေၾကာင္းေလးေတြကို တားဆီးဖို႔ နည္းနာေလးေတြ မၽွေဝေပးမယ္ေနာ္…

(၁) မ်က္လံုးနားတစ္ဝိုက္ကို ခပ္ၾကမ္းၾကမ္း ပြတ္သပ္တာမ်ိဳး၊ မ်က္ႏွာျပင္ကို မၾကာခဏ လႈပ္ရွားတာမ်ိဳးကို ေရွာင္ၾကဥ္ရပါမယ္။

ဒါကို အက္ဒ္မင္တို႔ မၾကာခဏလုပ္မိတတ္ေလ့ရွိပါတယ္။ အထူးသျဖင့္ အက္ဒ္မင္တို႔ မ်က္လံုးေတြေညာင္းလာတဲ့အခါ၊ ပင္ပန္းလာတဲ့အခါ ၊ အာသန္းရင္းနဲ႔ မ်က္ရည္က်လာတဲ့အခါ လက္ႏွစ္ဖက္နဲ႔ မ်က္လံုးနားကို ဖိေခ် ပြတ္တာမ်ိဳး လုပ္လိုက္မိတတ္ပါတယ္။

တကယ္ေတာ့ ဒါဟာ ဂရုစိုက္ ေရွာင္ၾကဥ္ရမယ့္ အရာပါ။ ဘာလို႔လဲဆို အက္ဒ္မင္တို႔ရဲ႕ မ်က္လံုးဟာ တျခားအစိတ္အပိုင္းနဲ႔ မတူဘဲ သူ႔ဟာသူ ေရဓာတ္ျဖည့္တင္းႏိုင္ျခင္းမရွိပါဘူး။ ဒီလို ဖိေခ်ပြတ္သပ္တာဟာ မ်က္လံုးနားက ရွိရင္းစြဲ အစိုဓာတ္ေတြကို ခန္းေျခာက္ေစတာမို႔ ၾကာလာတဲ့အခါ လိုင္းနဲ႔ အေရးေၾကာင္းေတြကို ခပ္ေစာေစာ ေပၚလာေစပါတယ္။

ေနာက္ၿပီး မ်က္လံုးကို ႀကံဳ႕တာ၊ ျပဴးတာ၊ တမင္ ေမွးၿပီး ၾကည့္တာစတဲ့ မ်က္ႏွာအမူအရာေတြဟာလည္း မ်က္လံုးေအာက္က လိုင္းေတြကို ျဖစ္ေပၚေစတာမို႔ မၾကာခဏ မ်က္ႏွာ လႈပ္ရွားတာမ်ိဳးကို ေလၽွာ့ခ်သင့္ပါတယ္။

(၂) ေဆးလိပ္ေသာက္တာဟာလည္း အေရးအေၾကာင္းေတြ၊ လိုင္းေတြျဖစ္ေစတဲ့ တရားခံပါပဲတဲ့။

ဒါကေတာ့ စီးကရက္ခဲရတာႀကိဳက္တဲ့ ေယာင္းေတြအတြက္ေပါ့ေနာ္။ ေဆးလိပ္ေသာက္တာဟာ အဆုတ္နဲ႔ ခံတြင္းက်န္းမာေရးကို ထိခိုက္ေစရံုတင္မကပါဘူး ။ မ်က္ႏွာကိုပါ အႀကီးအက်ယ္ထိခိုက္ေစပါတယ္။ ေဆးလိပ္ေသာက္တဲ့အခါ မ်က္ႏွာျပင္က ေသြးေၾကာေလးေတြက က်ဥ္းေျမာင္းသြားတာမို႔ ေသြးစီးဆင္းမႈ ေလ်ာ့နည္းသြားပါတယ္။

အဲဒီအခါမွာ ေသြးထဲက အာဟာရဓာတ္ေတြဟာ မ်က္ႏွာျပင္တစ္ဝိုက္က တစ္ရႈးနဲ႔ ဆဲလ္ေတြဆီ မေရာက္ေတာ့ပါဘူး။ ဒီလိုနဲ႔ မ်က္ႏွာျပင္က ဆဲလ္နဲ႔ တစ္ရႉးေတြဟာ လိုအပ္တဲ့ဓာတ္ေတြကို မရတာမို႔ ျပန္လည္ျပဳျပင္ႏိုင္ျခင္းမရွိေတာ့ဘဲ အေရးေၾကာင္းေတြ ေပၚထြက္လာၿပီး ေစာေစာစီးစီး အိုမင္းရင့္ေရာ္ သြားပါေတာ့တယ္။ ဒါေၾကာင့္ စီးကရက္ ႀကိဳက္တဲ့ ေယာင္းေတြ ခုတည္းက ေလၽွာ့ၾကေနာ္။

(၃)အႏၱရာယ္ရွိတဲ့ ေနေရာင္နဲ႔ ထိေတြ႕တာဟာလည္း အေရးအေၾကာင္းေတြ ျဖစ္ေစပါတယ္။

မနက္အေစာႀကီးထြက္တဲ့ ေနေရာင္မွာ Vitamin Dပါလို႔ လူကို အက်ိဳးျပဳေပမဲ့ ကိုးနာရီေလာက္ကစၿပီး ထြက္တဲ့ ေနေရာင္ျခည္မွာေတာ့ အႏၱရာယ္ျဖစ္ေစတဲ့ ခရမ္းလြန္ေရာင္ျခည္ေတြ ပါဝင္ေနပါၿပီ။

အႏၱရာယ္ရွိတဲ့ ခရမ္းလြန္ေရာင္ျခည္ထဲမွာ အကာအကြယ္မပါဘဲ သြားလာျခင္းေၾကာင့္ မ်က္လံုးေအာက္က အေရျပားဟာ ေရဓာတ္ခမ္းေျခာက္ၿပီး ပ်က္စီးယိုယြင္းလာတဲ့အျပင္ ရွိရင္းစြဲ မ်က္ကြင္းညိဳတာကိုပါ ပိုဆိုးလာေစပါတယ္။

အဲဒီအခါမွာ အေရးအေၾကာင္းေတြ ေပၚေပါက္လာၿပီး ခပ္ေစာေစာ အိုမင္းလာရပါတယ္။ ဒါေၾကာင့္ အျပင္ထြက္တဲ့အခါ မ်က္လံုးနားတစ္ဝိုက္ကို SPF 30 ေလာက္ပါတဲ့ sunscreen မ်ိဳး လိမ္းၿပီး ထီးေဆာင္းၿပီးမွ ထြက္သင့္ပါတယ္။

ထီးဖြင့္ေဆာင္းလို႔ အဆင္မေျပဘဲ ေနေရာင္ထဲမွာ ခပ္ၾကာၾကာ ကဲရမယ္ဆိုရင္ေတာ့ မ်က္ႏွာေရွ႕ပိုင္းကို ကာတဲ့ အမ်ိဳးသမီးေဆာင္း ဦးထုပ္ခပ္ႀကီးႀကီးေတြ ေဆာင္းတာ (ဒါမွမဟုတ္) ေနကာမ်က္မွန္တပ္တာဟာ မ်က္ႏွာနဲ႔ မ်က္လံုးနားတစ္ဝိုက္ကို အေတာ္အတန္ ကာကြယ္ရာ ေရာက္ပါတယ္ေနာ္။

(၄) ပံုမွန္အသားအေရ ထိန္းသိမ္းမႈ မရွိျခင္းကလည္း အေရးေၾကာင္းေတြေပၚလာၿပီး ေစာစီးစြာ ရင့္ေရာ္ေစပါတယ္။

လိုင္းေတြ၊အေရးေၾကာင္းေတြ ေလ်ာ့ပါးသက္သာဖို႔ဆို မ်က္လံုးနားတစ္ဝိုက္ကို ေသခ်ာ အစိုဓာတ္ ျဖည့္ေပးဖို႔ လိုပါတယ္။ အက္ဒ္မင္တို႔ေတြဟာ moisturizerသံုးၿပီး မ်က္ႏွာကိုအစိုဓာတ္ျဖည့္ၾကေပမဲ့ မ်က္လံုးကေတာ့ ဒါနဲ႔ မေလာက္ပါဘူး။

မ်က္လံုးေအာက္က အေရျပားဟာ အင္မတန္ ႏူးညံ့ ပါးလႊာတာမို႔ သာမန္ moisturizerမဟုတ္ဘဲ သီးသန္႔ Eye creamမ်ိဳးကိုသာ လိမ္းသင့္ပါတယ္။ အဓိကကေတာ့ Vitamin E အျပင္ Hyaluronic acidပါတဲ့ အစိုဓာတ္မ်ိဳးကို သံုးေပးသင့္တယ္လို႔ ပညာရွင္ေတြက အႀကံဳျပဳထားၾကပါတယ္။ eye creamအျပင္ eye maskေလးေတြလည္း ပံုမွန္ အသံုးျပဳႏိုင္ပါတယ္။ eye creamအသံုးျပဳတဲ့အခါမွာေတာ့ ကိုယ္နဲ႔ ဓာတ္မတည့္တဲ့ ပါဝင္ပစၥည္းမ်ိဳးမပါေအာင္ ေသခ်ာဂရုစိုက္ စစ္ေဆးသင့္ပါတယ္ေနာ္။

(၅) မွန္ကန္တဲ့ အစားအေသာက္မ်ိဳးကို ေရြးခ်ယ္စားေသာက္တတ္ရပါမယ္။

အစားအစာဟာ ခႏၶာကိုယ္ က်န္းမာဖြံၿဖိဳးဖို႔အတြက္ အေရးႀကီးေပမဲ့ စားတတ္ဖို႔က ပိုအေရးႀကီးပါတယ္။ သၾကားပါဝင္မႈျမင့္တဲ့ အစားအေသာက္ေတြ စားတာဟာ မ်က္ႏွာအေရျပားက တစ္ရႉးေတြကို ထိခိုက္ေစတာမို႔ လိုင္းေတြ၊ အေရးေၾကာင္းေတြ ျဖစ္လာေစပါတယ္။

Vitamin B, C, Eနဲ႔ antioxidants ပါတဲ့ အသီးအရြက္ အစားအစာမ်ိဳးေတြကို ေရြးခ်ယ္စားေပးတာဟာ မ်က္ႏွာကို တင္းရင္းႏုပ်ိဳေစတဲ့ collagenေတြကို ထုတ္လုပ္ေပးတာမို႔ အေရးအေၾကာင္းေတြ၊ လိုင္းေတြကို တားဆီးဖို႔ဆို မွန္ကန္တဲ့ အစားအစာမ်ိဳးကိုသာ စားေပးဖို႔လိုတယ္ေနာ္။ ဥပမာ ဘရိုကိုလီ၊ ဆန္းကစ္၊ ဂရိတ္ဖရု၊ မုန္လာဥနီ၊ ကီဝီသီး၊ ေထာပတ္သီး စတာေတြေပါ့၊

ေနာက္ၿပီး ေရဆာတဲ့အခါမွာလည္း သၾကားပါတဲ့ အခ်ိဳရည္ေတြကို ဝယ္ေသာက္တာမ်ိဳးကို ေရွာင္ၾကဥ္သင့္ပါတယ္။ သၾကားဟာ လူကိုအိုမင္းေစလို႔ပါပဲ။ အဲဒီအစား ေရသန္႔ကိုသာ ေဆာင္ထားၿပီး မၾကာခဏေသာက္ေပးပါမွ ခႏၶာကိုုယ္က လံုလံုေလာက္ေလာက္ ေရဓာတ္ျပည့္ေနမွာပါ။

(၆) မ်က္ႏွာကို ႏွိပ္ႏွယ္ေပးျခင္းကလည္း အေရးေၾကာင္းေတြကို ကာကြယ္ေပးပါတယ္။

မ်က္လံုးနားတစ္ဝိုက္ကို ႏွိပ္နယ္ေပးတာဟာ ေသြးလည္ပတ္မႈကို အားေကာင္းေစတာမို႔ လိုအပ္တဲ့ ေအာက္စီဂ်င္နဲ႔ အာဟာရဓာတ္ေတြဟာ မ်က္လံုးနားတစ္ဝိုက္ကို ေရာက္လာပါတယ္။ ဒါေၾကာင့္ အေရးေၾကာင္းေတြ၊ လိုင္းေတြ ျဖစ္ႏိုင္ေခ်ဟာ ေလ်ာ့နည္းသက္သာသြားပါတယ္။

ဒါေၾကာင့္ သံလြင္ဆီ ဒါမွမဟုတ္ eye creamအသံုးျပဳၿပီး မ်က္လံုးနားတစ္ဝိုက္ကို အသာအယာႏွိပ္နယ္ေပးပါ။ လက္ခလယ္ကို အသံုးျပဳၿပီး အားမထည့္ဘဲ မ်က္လံုးအတြင္းေထာင့္နားကေန မ်က္ခံုးေမြးအေပၚထိ စက္ဝိုင္းပံုစံ ႏွိပ္နယ္ေပးရပါမယ္။ ဒီေနရာမွာ အင္မတန္ ညင္ညင္သာသာ ႏိွပ္နယ္ေပးဖို႔ အေရးႀကီးတယ္ေနာ္။

ငယ္ငယ္ေလးနဲ႔ မ်က္လံုးေအာက္မွွာ လိုင္းေတြ အေရးအေၾကာင္းေတြ ေပၚေနတာဟာ ရွိရင္းစြဲအသက္ထက္ ပိုရင့္ေနရတယ္ေလ။

ဒါေပမဲ့ ခုခ်ိန္မွာ ေသခ်ာဂရုစိုက္မယ္ဆိုရင္ေတာ့ လိုင္းေတြ၊ အေရးေၾကာင္းေတြဟာ ျပန္လည္ေလ်ာ့ပါး ေပ်ာက္ကင္းႏိုင္ပါေသးတယ္။ ဂရုမစိုက္ဘဲ ပစ္ထားမယ္ဆိုရင္ေတာ့ ယာယီလိုင္းနဲ႔ အေရးအေၾကာင္းေတြကေန အၿမဲတမ္း လိုင္းနဲ႔ အေရးေၾကာင္းေတြ ဆိုးဆိုးရြားရြား ျဖစ္သြားႏိုင္ပါတယ္ေနာ္။

ဒါေၾကာင့္ ငယ္တုန္းရြယ္တုန္းမွာ တစ္ႀကိမ္ပဲရတဲ့ လွပႏုပ်ိဳမႈကို ေသခ်ာ ထိန္းသိမ္းၾကပါလို႔ ေယာင္းတို႔ကို မွာၾကားရင္း….

Credit: Mia (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #


    သြော်… ဒီလိုတွေကိုး…

အရေးအကြောင်းတွေဆိုတာ အိုမင်းခြင်းရဲ့ လက္ခဏာတစ်ရပ်ပေမို့ မဆန်းသလို တားဆီးလို့လည်း မရပါဘူး။ အမျိုးသမီးတွေ အိုမင်းလာတဲ့အခါ တင်းရင်းနုပျိုမှုကို ပေးစွမ်းတဲ့ ကော်လာဂျင်တွေဟာ အရင်ကလောက် မထုတ်နိုင်တော့ပါဘူး။ ဒါကြောင့် အရေးကြောင်းတွေ ပေါ်ပေါက်လာရပါတယ်။

ဒါပေမဲ့ အသက်ငယ်ငယ်လေးနဲ့ မျက်လုံးအောက်မှာ လိုင်းတွေ ၊ အရေးအကြောင်းတွေ ပေါ်နေပြီဆိုရင်တော့ ကိုယ့်ရဲ့ ဘဝနေထိုင်မှုမှာ တစ်ခုခုမှားယွင်းနေလို့ပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ စောစောစီးစီးထွက်လာတဲ့ မျက်လုံးနားက အရေးကြောင်းလေးတွေကို တားဆီးဖို့ နည်းနာလေးတွေ မျှဝေပေးမယ်နော်…

(၁) မျက်လုံးနားတစ်ဝိုက်ကို ခပ်ကြမ်းကြမ်း ပွတ်သပ်တာမျိုး၊ မျက်နှာပြင်ကို မကြာခဏ လှုပ်ရှားတာမျိုးကို ရှောင်ကြဉ်ရပါမယ်။

ဒါကို အက်ဒ်မင်တို့ မကြာခဏလုပ်မိတတ်လေ့ရှိပါတယ်။ အထူးသဖြင့် အက်ဒ်မင်တို့ မျက်လုံးတွေညောင်းလာတဲ့အခါ၊ ပင်ပန်းလာတဲ့အခါ ၊ အာသန်းရင်းနဲ့ မျက်ရည်ကျလာတဲ့အခါ လက်နှစ်ဖက်နဲ့ မျက်လုံးနားကို ဖိချေ ပွတ်တာမျိုး လုပ်လိုက်မိတတ်ပါတယ်။

တကယ်တော့ ဒါဟာ ဂရုစိုက် ရှောင်ကြဉ်ရမယ့် အရာပါ။ ဘာလို့လဲဆို အက်ဒ်မင်တို့ရဲ့ မျက်လုံးဟာ တခြားအစိတ်အပိုင်းနဲ့ မတူဘဲ သူ့ဟာသူ ရေဓာတ်ဖြည့်တင်းနိုင်ခြင်းမရှိပါဘူး။ ဒီလို ဖိချေပွတ်သပ်တာဟာ မျက်လုံးနားက ရှိရင်းစွဲ အစိုဓာတ်တွေကို ခန်းခြောက်စေတာမို့ ကြာလာတဲ့အခါ လိုင်းနဲ့ အရေးကြောင်းတွေကို ခပ်စောစော ပေါ်လာစေပါတယ်။

နောက်ပြီး မျက်လုံးကို ကြုံ့တာ၊ ပြူးတာ၊ တမင် မှေးပြီး ကြည့်တာစတဲ့ မျက်နှာအမူအရာတွေဟာလည်း မျက်လုံးအောက်က လိုင်းတွေကို ဖြစ်ပေါ်စေတာမို့ မကြာခဏ မျက်နှာ လှုပ်ရှားတာမျိုးကို လျှော့ချသင့်ပါတယ်။

(၂) ဆေးလိပ်သောက်တာဟာလည်း အရေးအကြောင်းတွေ၊ လိုင်းတွေဖြစ်စေတဲ့ တရားခံပါပဲတဲ့။

ဒါကတော့ စီးကရက်ခဲရတာကြိုက်တဲ့ ယောင်းတွေအတွက်ပေါ့နော်။ ဆေးလိပ်သောက်တာဟာ အဆုတ်နဲ့ ခံတွင်းကျန်းမာရေးကို ထိခိုက်စေရုံတင်မကပါဘူး ။ မျက်နှာကိုပါ အကြီးအကျယ်ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်တဲ့အခါ မျက်နှာပြင်က သွေးကြောလေးတွေက ကျဉ်းမြောင်းသွားတာမို့ သွေးစီးဆင်းမှု လျော့နည်းသွားပါတယ်။

အဲဒီအခါမှာ သွေးထဲက အာဟာရဓာတ်တွေဟာ မျက်နှာပြင်တစ်ဝိုက်က တစ်ရှုးနဲ့ ဆဲလ်တွေဆီ မရောက်တော့ပါဘူး။ ဒီလိုနဲ့ မျက်နှာပြင်က ဆဲလ်နဲ့ တစ်ရှူးတွေဟာ လိုအပ်တဲ့ဓာတ်တွေကို မရတာမို့ ပြန်လည်ပြုပြင်နိုင်ခြင်းမရှိတော့ဘဲ အရေးကြောင်းတွေ ပေါ်ထွက်လာပြီး စောစောစီးစီး အိုမင်းရင့်ရော် သွားပါတော့တယ်။ ဒါကြောင့် စီးကရက် ကြိုက်တဲ့ ယောင်းတွေ ခုတည်းက လျှော့ကြနော်။

(၃)အန္တရာယ်ရှိတဲ့ နေရောင်နဲ့ ထိတွေ့တာဟာလည်း အရေးအကြောင်းတွေ ဖြစ်စေပါတယ်။

မနက်အစောကြီးထွက်တဲ့ နေရောင်မှာ Vitamin Dပါလို့ လူကို အကျိုးပြုပေမဲ့ ကိုးနာရီလောက်ကစပြီး ထွက်တဲ့ နေရောင်ခြည်မှာတော့ အန္တရာယ်ဖြစ်စေတဲ့ ခရမ်းလွန်ရောင်ခြည်တွေ ပါဝင်နေပါပြီ။

အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ထဲမှာ အကာအကွယ်မပါဘဲ သွားလာခြင်းကြောင့် မျက်လုံးအောက်က အရေပြားဟာ ရေဓာတ်ခမ်းခြောက်ပြီး ပျက်စီးယိုယွင်းလာတဲ့အပြင် ရှိရင်းစွဲ မျက်ကွင်းညိုတာကိုပါ ပိုဆိုးလာစေပါတယ်။

အဲဒီအခါမှာ အရေးအကြောင်းတွေ ပေါ်ပေါက်လာပြီး ခပ်စောစော အိုမင်းလာရပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့အခါ မျက်လုံးနားတစ်ဝိုက်ကို SPF 30 လောက်ပါတဲ့ sunscreen မျိုး လိမ်းပြီး ထီးဆောင်းပြီးမှ ထွက်သင့်ပါတယ်။

ထီးဖွင့်ဆောင်းလို့ အဆင်မပြေဘဲ နေရောင်ထဲမှာ ခပ်ကြာကြာ ကဲရမယ်ဆိုရင်တော့ မျက်နှာရှေ့ပိုင်းကို ကာတဲ့ အမျိုးသမီးဆောင်း ဦးထုပ်ခပ်ကြီးကြီးတွေ ဆောင်းတာ (ဒါမှမဟုတ်) နေကာမျက်မှန်တပ်တာဟာ မျက်နှာနဲ့ မျက်လုံးနားတစ်ဝိုက်ကို အတော်အတန် ကာကွယ်ရာ ရောက်ပါတယ်နော်။

(၄) ပုံမှန်အသားအရေ ထိန်းသိမ်းမှု မရှိခြင်းကလည်း အရေးကြောင်းတွေပေါ်လာပြီး စောစီးစွာ ရင့်ရော်စေပါတယ်။

လိုင်းတွေ၊အရေးကြောင်းတွေ လျော့ပါးသက်သာဖို့ဆို မျက်လုံးနားတစ်ဝိုက်ကို သေချာ အစိုဓာတ် ဖြည့်ပေးဖို့ လိုပါတယ်။ အက်ဒ်မင်တို့တွေဟာ moisturizerသုံးပြီး မျက်နှာကိုအစိုဓာတ်ဖြည့်ကြပေမဲ့ မျက်လုံးကတော့ ဒါနဲ့ မလောက်ပါဘူး။

မျက်လုံးအောက်က အရေပြားဟာ အင်မတန် နူးညံ့ ပါးလွှာတာမို့ သာမန် moisturizerမဟုတ်ဘဲ သီးသန့် Eye creamမျိုးကိုသာ လိမ်းသင့်ပါတယ်။ အဓိကကတော့ Vitamin E အပြင် Hyaluronic acidပါတဲ့ အစိုဓာတ်မျိုးကို သုံးပေးသင့်တယ်လို့ ပညာရှင်တွေက အကြုံပြုထားကြပါတယ်။ eye creamအပြင် eye maskလေးတွေလည်း ပုံမှန် အသုံးပြုနိုင်ပါတယ်။ eye creamအသုံးပြုတဲ့အခါမှာတော့ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ ပါဝင်ပစ္စည်းမျိုးမပါအောင် သေချာဂရုစိုက် စစ်ဆေးသင့်ပါတယ်နော်။

(၅) မှန်ကန်တဲ့ အစားအသောက်မျိုးကို ရွေးချယ်စားသောက်တတ်ရပါမယ်။

အစားအစာဟာ ခန္ဓာကိုယ် ကျန်းမာဖွံဖြိုးဖို့အတွက် အရေးကြီးပေမဲ့ စားတတ်ဖို့က ပိုအရေးကြီးပါတယ်။ သကြားပါဝင်မှုမြင့်တဲ့ အစားအသောက်တွေ စားတာဟာ မျက်နှာအရေပြားက တစ်ရှူးတွေကို ထိခိုက်စေတာမို့ လိုင်းတွေ၊ အရေးကြောင်းတွေ ဖြစ်လာစေပါတယ်။

Vitamin B, C, Eနဲ့ antioxidants ပါတဲ့ အသီးအရွက် အစားအစာမျိုးတွေကို ရွေးချယ်စားပေးတာဟာ မျက်နှာကို တင်းရင်းနုပျိုစေတဲ့ collagenတွေကို ထုတ်လုပ်ပေးတာမို့ အရေးအကြောင်းတွေ၊ လိုင်းတွေကို တားဆီးဖို့ဆို မှန်ကန်တဲ့ အစားအစာမျိုးကိုသာ စားပေးဖို့လိုတယ်နော်။ ဥပမာ ဘရိုကိုလီ၊ ဆန်းကစ်၊ ဂရိတ်ဖရု၊ မုန်လာဥနီ၊ ကီဝီသီး၊ ထောပတ်သီး စတာတွေပေါ့၊

နောက်ပြီး ရေဆာတဲ့အခါမှာလည်း သကြားပါတဲ့ အချိုရည်တွေကို ဝယ်သောက်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ သကြားဟာ လူကိုအိုမင်းစေလို့ပါပဲ။ အဲဒီအစား ရေသန့်ကိုသာ ဆောင်ထားပြီး မကြာခဏသောက်ပေးပါမှ ခန္ဓာကိုယ်က လုံလုံလောက်လောက် ရေဓာတ်ပြည့်နေမှာပါ။

(၆) မျက်နှာကို နှိပ်နှယ်ပေးခြင်းကလည်း အရေးကြောင်းတွေကို ကာကွယ်ပေးပါတယ်။

မျက်လုံးနားတစ်ဝိုက်ကို နှိပ်နယ်ပေးတာဟာ သွေးလည်ပတ်မှုကို အားကောင်းစေတာမို့ လိုအပ်တဲ့ အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေဟာ မျက်လုံးနားတစ်ဝိုက်ကို ရောက်လာပါတယ်။ ဒါကြောင့် အရေးကြောင်းတွေ၊ လိုင်းတွေ ဖြစ်နိုင်ချေဟာ လျော့နည်းသက်သာသွားပါတယ်။

ဒါကြောင့် သံလွင်ဆီ ဒါမှမဟုတ် eye creamအသုံးပြုပြီး မျက်လုံးနားတစ်ဝိုက်ကို အသာအယာနှိပ်နယ်ပေးပါ။ လက်ခလယ်ကို အသုံးပြုပြီး အားမထည့်ဘဲ မျက်လုံးအတွင်းထောင့်နားကနေ မျက်ခုံးမွေးအပေါ်ထိ စက်ဝိုင်းပုံစံ နှိပ်နယ်ပေးရပါမယ်။ ဒီနေရာမှာ အင်မတန် ညင်ညင်သာသာ နှိပ်နယ်ပေးဖို့ အရေးကြီးတယ်နော်။

ငယ်ငယ်လေးနဲ့ မျက်လုံးအောက်မှာ လိုင်းတွေ အရေးအကြောင်းတွေ ပေါ်နေတာဟာ ရှိရင်းစွဲအသက်ထက် ပိုရင့်နေရတယ်လေ။

ဒါပေမဲ့ ခုချိန်မှာ သေချာဂရုစိုက်မယ်ဆိုရင်တော့ လိုင်းတွေ၊ အရေးကြောင်းတွေဟာ ပြန်လည်လျော့ပါး ပျောက်ကင်းနိုင်ပါသေးတယ်။ ဂရုမစိုက်ဘဲ ပစ်ထားမယ်ဆိုရင်တော့ ယာယီလိုင်းနဲ့ အရေးအကြောင်းတွေကနေ အမြဲတမ်း လိုင်းနဲ့ အရေးကြောင်းတွေ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်ပါတယ်နော်။

ဒါကြောင့် ငယ်တုန်းရွယ်တုန်းမှာ တစ်ကြိမ်ပဲရတဲ့ လှပနုပျိုမှုကို သေချာ ထိန်းသိမ်းကြပါလို့ ယောင်းတို့ကို မှာကြားရင်း….

Credit: Mia (For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top