iMyanmarHouse.com - Best Property Website for Myanmar
×

မသိေသးေတာ့ ေပါ့ေပါ့ေလး ေနမိတာရယ္… တကယ္ေတာ့ ေၾကာက္စရာႀကီးေနာ္…

ေယာင္းတို႔ေရ Heart Attack ဘယ္သူျဖစ္သြားလို႔ ေဆးရံုတင္ထားရတယ္။ ႏွလံုး ေသြးလႊတ္ေၾကာပိတ္သြားလို႔တဲ့ေလ အေရးႀကီးတယ္ေျပာတယ္ စသည္ျဖင့္ “Heart Attack” နဲ႔ ပတ္သက္လို႔ သိုးသိုးသန္႔သန္႔ ၾကားဖူးၾကပါလိမ့္မယ္။ Heart Attack ဆိုတာ ဘာႀကီးမ်ားတုန္း?

Heart Attack ဆိုတာ

ႏွလံုးေသြးေၾကာပိတ္တာ အဲဒီအက်ိဳးဆက္ေၾကာင့္ ႏွလံုးႂကြက္သားပုပ္ၿပီး အလုပ္မလုပ္ေတာ့တာကို ေခၚပါတယ္။ ဒီေလာက္ ခႏၶာကိုယ္မွာ အေရးႀကီးတဲ့ ႏွလံုးႂကြက္သား အလုပ္မလုပ္ဘူးဆိုမွေတာ့ ေသခ်ာတာက အသက္အႏၱရာယ္ရွိတယ္။ အေရးႀကီးပါတယ္ ။

ဘာလို႔ Heart Attack က ေၾကာက္ဖို႔ေကာင္းတာလဲ?

ဘာလကၡဏာေတြျပတတ္လဲ?

_ ရင္ဘတ္ထဲ မအီမသာျဖစ္တာ

တခ်ိဳ႕က ႏွလံုးနဲ႔ ပတ္သက္ရင္ ႏွလံုးရွိတဲ့ ဘယ္ဘက္ေနရာ တည့္တည့္က ေအာင့္မွ နာမွလို႔ထင္ၾကပါတယ္။ တကယ္တမ္း Heart Attack က ရင္ဘက္အလယ္တည့္တည့္ေနရာကို တစ္ခုခုနဲ႔ ” ဖိထားသလို၊ ဆုပ္ဆြဲထားသလို” နာတတ္တာမ်ိဳးပါ။

_ လက္ေမာင္းေအာင့္တာ၊ ေမးရိုးေအာက္ကေအာင့္တာ

တခ်ိဳ႕က်ေတာ့လည္း ရင္ဘတ္ေနရာက လံုးဝမေအာင့္ဘဲ ႏွလံုးရဲ႕ေသြးေၾကာေတြရွိတဲ့ ဘယ္ဘက္လက္ေမာင္း (သို႔) လက္ေမာင္းႏွစ္ဘက္လံုး က်ဥ္တာ၊ ေအာင့္တာ၊ ေနာက္ေက်ာ အလယ္တည့္တည့္က ေအာင့္တာ၊ ရင္ညြန္႔က ေအာင့္တာ ေမးရိုးေအာက္က ထိုးေအာင့္တာေတြ ျဖစ္တတ္ပါတယ္။ ဒီလို ျဖစ္တတ္တဲ့ လကၡဏာမ်ိဳးကို တစ္ခ်ိဳ႕ကလည္း ႏွလံုးေအာင့္တယ္မထင္လို႔ ေပါ့ေပါ့ေလး သေဘာထားတဲ့လူေတြလည္း ရွိတာမို႔ ဒီလိုလကၡဏာေတြကိုလည္း မေပါ့သင့္ဘူးဆိုတာသိေစခ်င္ပါတယ္။

_ အသက္႐ွဴက်ပ္တာ

ရုတ္တရက္ တခုခုက ပိတ္ဆို႔ထားသလို ၊ ေလ႐ွဴလုိ႔ မဝသလို ခံစားရတာကလည္း Heart Attack ရဲ႕ လကၡဏာတစ္ခုပါပဲေနာ္။ ကိုယ္ဟာ ရင္က်ပ္ေလ့က်ပ္ထမရွိဘဲ အသက္ရွဴက်ပ္သလိုခံစားရၿပီဆိုရင္ ေပါ့ဆမေနဘဲ ေဆးရံုေဆးခန္းကို အျမန္ဆံုးသြားပါေနာ္။

_ ေဇာေခၽြးျပန္တာ၊ ပ်ိဳ႕အန္တာ၊ ေခါင္းမူးတာ

ဒါေတြကေတာ့ လူတိုင္းမဟုတ္ဘဲ တခ်ိဳ႕မွာ ႏွလံုးက ေသြးမရလို႔ ခံစားရေလ့ရွိတာမ်ိဳးပါ။

Heart Attack ျဖစ္မွန္း ေသခ်ာခ်င္ရင္..

အေသခ်ာဆံုးကေတာ့ လိုအပ္တဲ့စစ္ေဆးမႈေတြ အခ်ိန္မဆိုင္းဘဲ လုပ္တာပါပဲ။ အေပၚက ေျပာျပထားတဲ့ လကၡဏာေတြ ခံစားေနရၿပီဆိုရင္ အရင္ဆံုး နီးစပ္ရာ ေဆးရံုေဆးခန္းကို အျမန္သြားပါေယာင္းတို႔ေရ။ ေဆးခန္းက ႏွလံုး ECG ဆြဲေပးႏိုင္ပါတယ္။ တခ်ိဳ႕ Heart Attack ေတြက ECG နဲ႔ တင္ အေျဖထြက္ၿပီး လိုအပ္ရင္ ႏွလံုးၾကပ္မတ္ေဆာင္ရွိတဲ့ ေဆးရံုကို သြားဖို႔ ညႊန္းပါလိမ့္မယ္။ တခ်ိဳ႕ကလည္း ECG မွာ မေပၚတဲ့ ႏွလံုးေသြးေၾကာပိတ္ အမ်ိဳးအစားလို႔ ယူဆရင္ Troponin T လို႔ေခၚတဲ့ Enzyme အမ်ိဳးအစားေဖာက္ၿပီး ေစာင့္ၾကည့္တာမ်ိဳးေတြရွိႏိုင္ပါတယ္။

တကယ္လို႔ Heart Attack ျဖစ္လာခဲ့ၿပီဆိုရင္

_ အခ်ိန္မီ ေရာက္မယ္ ေစာေစာသိမယ္ဆိုရင္ ေခတ္မီနည္းပညာေတြအမ်ားႀကီးရွိပါတယ္ ေယာင္းတို႔ေရ…

_ ပိတ္ေနတဲ့ေသြးခဲေဖ်ာ္နည္း ( Thrombolysis) ေသြးေၾကာအသစ္ဖန္တီးေပးတာ( Coronary Artery Bypass Graft) လုပ္ေပးတာေတြနဲ႔ အေရးေပၚ ကုသႏိုင္ပါတယ္။

“အနာသိ ေဆးရွိ” ပဲမို႔ Heart Attack နဲ႔ ပတ္သက္လို႔ သိထားသင့္တာေလးေတြ မွတ္သားထားၿပီး ေယာင္းတို႔ရဲ႕ နီးစပ္ရာ မိတ္ေဆြေတြကို မၽွေဝေပးလိုက္ပါဦးေနာ္။

Credit: မယ္တင္( ေဆး ၁)
# Unicode Version ျဖင့္ ဖတ္ပါ #
 မသိသေးတော့ ပေါ့ပေါ့လေး နေမိတာရယ်… တကယ်တော့ ကြောက်စရာကြီးနော်…

ယောင်းတို့ရေ Heart Attack ဘယ်သူဖြစ်သွားလို့ ဆေးရုံတင်ထားရတယ်။ နှလုံး သွေးလွှတ်ကြောပိတ်သွားလို့တဲ့လေ အရေးကြီးတယ်ပြောတယ် စသည်ဖြင့် “Heart Attack” နဲ့ ပတ်သက်လို့ သိုးသိုးသန့်သန့် ကြားဖူးကြပါလိမ့်မယ်။ Heart Attack ဆိုတာ ဘာကြီးများတုန်း?

Heart Attack ဆိုတာ

နှလုံးသွေးကြောပိတ်တာ အဲဒီအကျိုးဆက်ကြောင့် နှလုံးကြွက်သားပုပ်ပြီး အလုပ်မလုပ်တော့တာကို ခေါ်ပါတယ်။ ဒီလောက် ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ နှလုံးကြွက်သား အလုပ်မလုပ်ဘူးဆိုမှတော့ သေချာတာက အသက်အန္တရာယ်ရှိတယ်။ အရေးကြီးပါတယ် ။

ဘာလို့ Heart Attack က ကြောက်ဖို့ကောင်းတာလဲ?

ဘာလက္ခဏာတွေပြတတ်လဲ?

_ ရင်ဘတ်ထဲ မအီမသာဖြစ်တာ

တချို့က နှလုံးနဲ့ ပတ်သက်ရင် နှလုံးရှိတဲ့ ဘယ်ဘက်နေရာ တည့်တည့်က အောင့်မှ နာမှလို့ထင်ကြပါတယ်။ တကယ်တမ်း Heart Attack က ရင်ဘက်အလယ်တည့်တည့်နေရာကို တစ်ခုခုနဲ့ ” ဖိထားသလို၊ ဆုပ်ဆွဲထားသလို” နာတတ်တာမျိုးပါ။

_ လက်မောင်းအောင့်တာ၊ မေးရိုးအောက်ကအောင့်တာ

တချို့ကျတော့လည်း ရင်ဘတ်နေရာက လုံးဝမအောင့်ဘဲ နှလုံးရဲ့သွေးကြောတွေရှိတဲ့ ဘယ်ဘက်လက်မောင်း (သို့) လက်မောင်းနှစ်ဘက်လုံး ကျဉ်တာ၊ အောင့်တာ၊ နောက်ကျော အလယ်တည့်တည့်က အောင့်တာ၊ ရင်ညွန့်က အောင့်တာ မေးရိုးအောက်က ထိုးအောင့်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလို ဖြစ်တတ်တဲ့ လက္ခဏာမျိုးကို တစ်ချို့ကလည်း နှလုံးအောင့်တယ်မထင်လို့ ပေါ့ပေါ့လေး သဘောထားတဲ့လူတွေလည်း ရှိတာမို့ ဒီလိုလက္ခဏာတွေကိုလည်း မပေါ့သင့်ဘူးဆိုတာသိစေချင်ပါတယ်။

_ အသက်ရှူကျပ်တာ

ရုတ်တရက် တခုခုက ပိတ်ဆို့ထားသလို ၊ လေရှူလို့ မဝသလို ခံစားရတာကလည်း Heart Attack ရဲ့ လက္ခဏာတစ်ခုပါပဲနော်။ ကိုယ်ဟာ ရင်ကျပ်လေ့ကျပ်ထမရှိဘဲ အသက်ရှူကျပ်သလိုခံစားရပြီဆိုရင် ပေါ့ဆမနေဘဲ ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားပါနော်။

_ ဇောချွေးပြန်တာ၊ ပျို့အန်တာ၊ ခေါင်းမူးတာ

ဒါတွေကတော့ လူတိုင်းမဟုတ်ဘဲ တချို့မှာ နှလုံးက သွေးမရလို့ ခံစားရလေ့ရှိတာမျိုးပါ။

Heart Attack ဖြစ်မှန်း သေချာချင်ရင်..

အသေချာဆုံးကတော့ လိုအပ်တဲ့စစ်ဆေးမှုတွေ အချိန်မဆိုင်းဘဲ လုပ်တာပါပဲ။ အပေါ်က ပြောပြထားတဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင် အရင်ဆုံး နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်သွားပါယောင်းတို့ရေ။ ဆေးခန်းက နှလုံး ECG ဆွဲပေးနိုင်ပါတယ်။ တချို့ Heart Attack တွေက ECG နဲ့ တင် အဖြေထွက်ပြီး လိုအပ်ရင် နှလုံးကြပ်မတ်ဆောင်ရှိတဲ့ ဆေးရုံကို သွားဖို့ ညွှန်းပါလိမ့်မယ်။ တချို့ကလည်း ECG မှာ မပေါ်တဲ့ နှလုံးသွေးကြောပိတ် အမျိုးအစားလို့ ယူဆရင် Troponin T လို့ခေါ်တဲ့ Enzyme အမျိုးအစားဖောက်ပြီး စောင့်ကြည့်တာမျိုးတွေရှိနိုင်ပါတယ်။

တကယ်လို့ Heart Attack ဖြစ်လာခဲ့ပြီဆိုရင်

_ အချိန်မီ ရောက်မယ် စောစောသိမယ်ဆိုရင် ခေတ်မီနည်းပညာတွေအများကြီးရှိပါတယ် ယောင်းတို့ရေ…

_ ပိတ်နေတဲ့သွေးခဲဖျော်နည်း ( Thrombolysis) သွေးကြောအသစ်ဖန်တီးပေးတာ( Coronary Artery Bypass Graft) လုပ်ပေးတာတွေနဲ့ အရေးပေါ် ကုသနိုင်ပါတယ်။

“အနာသိ ဆေးရှိ” ပဲမို့ Heart Attack နဲ့ ပတ်သက်လို့ သိထားသင့်တာလေးတွေ မှတ်သားထားပြီး ယောင်းတို့ရဲ့ နီးစပ်ရာ မိတ်ဆွေတွေကို မျှဝေပေးလိုက်ပါဦးနော်။

Credit: မယ်တင်( ဆေး ၁)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top