iMyanmarHouse.com - Best Property Website for Myanmar
×




Source: Kyaw Phyo Tun;

Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #

ပရိသတ်ကြီးရေ အဆိုတော် အာဘွိုင်းကတော့တေးရေး\တေးဆိုတစ်ဦးဖြစ်ပြီး လူငယ်တွေကြား လူကြိုက်များ အောင်မြင်နေသူ ဖြစ်ပါတယ်။ သူ့အနေနဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့ လက်ထပ်ခဲ့ကာ အခုဆိုရင်တော့ ရတနာလေးက ကိုယ်ဝန်အရင့်အမာ ရရှိနေပြီ ဖြစ်ပါတယ်။ နတ်ဖတ်တဲ့စုံတွဲလေးလို လိုက်ဖက်ညီတဲ့ သူတို့နှစ်ဦးဟာ မကြာခင်မှာ ရင်သွေးငယ်လေးကို မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ထဲက အလှမပျက်ဘဲ ပိုတိုးလှလာတဲ့ ရတနာလေးကို အာဘွိုင်းက တစ်နေ့တစ်ခြား ချစ်မဝဖြစ်နေတာ တွေ့ရပါတယ်။ အခုဆိုရင် သူမရဲ့ကိုယ်ဝန်က ၉လရှိတာကြောင့် နှစ်ဦးစလုံးက နောက်ထပ်မိသားစုဝင်လေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ အခုလည်း အာဘွိုင်းက ပရိသတ်တွေရင်ထဲ ကြည်နူးပီတိစိတ်လေးတွေ ကူးစက်သွားစေမယ့် ပုံရိပ်လေးတွေကို အသစ်ဝေမျှထားတာ တွေ့ရပါတယ်။

အာဘွိုင်းက ”9 months preparing to fall in love for a lifetime”ဆိုတဲ့စာသားလေးနဲ့အတူ ကိုယ်ဝန်ဆောင်ဇနီးသည်ကို ဂရုစိုက်မှုတွေပိုနေတဲ့ အမှတ်တရပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ မိတ်ကပ်မေဦးမောင်ရဲ့ ပြင်ဆင်ခြယ်သမှုနဲ့အတူ သူတို့စုံတွဲလေးက ပရိသတ်တွေအားကျလိုက်အောင် ပြုံးပန်းတွေ ဝေဆာနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့ အမှတ်တရပုံလေးတွေကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Kyaw Phyo Tun;

Credit: MMFeed
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top