iMyanmarHouse.com - Best Property Website for Myanmar
×









Credit: မိုမိုလေး
# Unicode Version ဖြင့် ဖတ်ပါ #
Online ပေါ်ကနေ မြူးမြူးကြွကြွ သီချင်းလေးတွေနဲ့ cosmetic ပစ္စည်းလေးတွေကို ရောင်းပြီး ကိုယ့်ကိုယ်ကို အနော်လို့ပြောတဲ့ ချိုမာဆိုတဲ့ ချစ်စရာကောင်မလေးဆိုရင် အားလုံးကသိကြမှာပါနော်။ ရုပ်ရည်လေး ချောမောလှပ ချစ်စရာကောင်းတဲ့ သူမကတော့ တီတီတာတာလေးတွေပြောပြီး ဈေးရောင်းခဲ့တဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက သူမကို ချစ်ခင်ခဲ့ကြရတာပဲဖြစ်ပါတယ်။ အရမ်းကို ချစ်စရာကောင်းတဲ့ သူမကို ဘန်ကောက်ကို အပျော်ခရီးရောက်ရှိနေကြတဲ့ သက်မွန်မြင့်၊ ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင် တို့က သွားရောက်တွေ့ဆုံခဲ့ကြတာပဲဖြစ်ပါတယ်။

အနော်နဲ့ မိုးပြည့်တို့ရဲ့ ချစ်စရာ Selfie အလှပုံရိပ်

“မမခင်လေးနွယ်လဲပါတယ် သူနဲ့က မဆုံဖြစ်ဘူးး အကြောင့်” ဆိုတဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ မင်းသမီးလေးတွေနဲ့ တွေ့ရလို့ အပျော်ကြီး ပျော်နေပြီး ” ဆုံတုန်းလေး Selfie ” ဆိုတဲ့ စာသားလေးနဲ့ မင်းသမီးလေးတွေနဲ့ Selfie ဆွဲခဲ့ကြောင်း သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ချစ်စရာပုံလေးတွေနဲ့တကွ ရေးသားဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။

နှစ်ယောက်သား အရမ်းကို ချစ်စရာကောင်းနေကြတဲ့ အနော်နဲ့ မေကဗျာတို့ရဲ့ပုံရိပ်

မမဖူးစုံလေးနဲ့ Selfie ဆွဲပြီး ပျော်နေတဲ့ အနော်လေး

ချစ်သက်လေးနဲ့ အိုက်တင်လေးလုပ်ပြီး ပဲပေးလိုက်တဲ့ အနော်… အနော်လေးကတော့ မမသက်မွန်နား ရပ်သောအခါ ကိုယ်က ရှည်သွားတယ်ဆိုပဲကွယ်

အနော်လေးက ချစ်စရာလေးနော်

ဝnline ပေါ်ကနေ အမြဲလိုလိုဈေးရောင်းပြီး အရမ်းကိုချစ်စရာကောင်းတဲ့ အနော်ကို ပရိသတ်ကြီးက ဆက်လက်ပြီး ချစ်ပေးအားပေးလိုက်ကြပါဦးနော်။ ခင်လေးနွယ် ပါလာပေမယ့် မဆုံဖြစ်လို့ ဓာတ်ပုံမရိုက်လိုက်ရတဲ့ အနော်လေးကတော့ တခြားမင်းသမီးလေးတွေနဲ့ တွေ့ခွင့်ရပြီး Selfie ဆွဲခဲ့ရလို့် အပျော်ကြီးပျော်နေတဲ့ အနော်ရဲ့ချစ်စရာအလှပုံရိပ်လေးတွေကို သဘောကျနှစ်သက်တယ်ဆိုရင် ပရိသတ်ကြီးများက မျှဝေပြီးအားပေးလိုက်ကြပါဦးနော်။ ဖတ်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit: မိုမိုလေး
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top