iMyanmarHouse.com - Best Property Website for Myanmar
×
Credit: တောသူ
# Unicode Version ဖြင့် ဖတ်ပါ #
စနှိုက်ကျော်ခံရလို့ အိမ်ထောင်ရေးပြိုကွဲခဲ့တဲ့ အဆိုတော်ချမ်းချမ်းက စနှိုက်ကျော်တွေ ဘယ်လိုပြုမူနေထိုင်သလဲဆိုတာကို ပရိသတ်တွေသိအောင် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
“အခုခေတ်မှာ စနှိုက်ကျော်အများစုက ရင်ဖုံးလေးတွေဝတ်၊ ဘုရားတက်၊ ဘုရားပန်းလေးတွေလှူ၊ ဓါတ်ပုံလေးတွေရိုက်ပြီး တင်တဲ့ခေတ်လေ။ စနှိုက်ကျော်လို့ လုံးဝမထင်ရတဲ့ ခေတ်ပေါ့နော်။ ပြီးမှသာ လုပ်ချင်တာတွေ လုပ်မယ် အဲ့လိုမျိုး။ ဝဋ်မလည်တော့တဲ့ ပုံမျိူးတွေ နေနေကြတာလေ။ လူကောင်းတွေအတွက် ခေတ်မဟုတ်ဘူး” ဆိုပြီး ချမ်းချမ်းက အကုန်သိသတင်းဌာနကို ပြောပါတယ်။
အဆိုတော် ချမ်းချမ်းဟာ အိမ်ထောင်ရေးပြိုကွဲခဲ့တာကြောင့် အစပိုင်းမှာ ထိခိုက်စွာ ခံစားခဲ့ရပေမယ့် ယခုနောက်ပိုင်းမှာတော့ သူမဟာ “စနှိုက်ကျော်တွေ များတဲ့ခေတ်မှာ အိမ်ထောင်ပြုမိလို့ ဖြစ်ရတယ်” ဆိုတဲ့အတွေးနဲ့ပဲကို စိတ်ကို ဖြေဖျောက်နိုင်ကြောင်းလည်း အခုလို ပြောပါတယ်။
“ပြဿနာဖြစ်နေချိန်တုန်းကတော့ ကိုယ်နဲ့အတူ နှစ်ရှည်လက်တွဲလာတဲ့သူက ‘ကိုယ့်ကိုလုပ်ရက်လေခြင်း’ဆိုတဲ့ စိတ်ကြောင့်  အရမ်းခံစားခဲ့ရတယ်။ အခုလက်ရှိမှာတော့ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ဝေဖန်မှုတွေကတော့ ခံနိုင်ရည်ရှိနေပါပြီ။ ကိုယ်တွေက စနှိုက်ကျော် တွေများတဲ့ ခေတ်မှာမွေးမိ၊ အိမ်ထောင်ပြုမိလို့ဖြစ်သွားတယ်“
“ကျန်တာတွေအတွက် ဘာမှမဖြစ်ပေမယ့် သမီးလေး အတွက်တော့ စိတ်မကောင်းတာပဲ ရှိပါတယ်။ ဝေဖန်တိုက်ခိုက်တဲ့ထဲမှာလည်း အဒေါ်ကြီးတွေ၊ မိန်းကလေးတွေနဲ့  ယောကျာ်းကြီးတွေလည်း ပါတယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး လူဆိုတာ ကိုယ်မဖြစ်ဖူးရင် နားမလည်ဘူး။ အမ ကတော့ သိပ်စိတ်မဝင်စားတော့ဘူး။ အကောင်းဆုံးလုပ်ခဲ့ပြီးပြီ။ နှစ်ယာက်လုံးမှာ အားနည်းချက် အားသာချက် တစ်ယောက်တည်းရှိလို့ ခုလိုဖြစ်ခဲ့ကြတာပါ” လို့ ပြောပါတယ်။
ယခုလက်ရှိမှာတော့ သမီးလေးအတွက် အကောင်းဆုံးအဖေနဲ့ အမေဖြစ်အောင် ကြိုးစားနေတဲ့ ချမ်းချမ်းဟာ အိမ်ထောင်ပြုခဲ့တဲ့အတွက် နောက်တမရသလို အိမ်ထောင်ကွဲသွားတဲ့အတွက်လည်း နောင်တလုံးဝမရဘူးလို့ ပြောပါတယ်။ ဆက်လက်ပြီး ချမ်းချမ်းက သူ့ကို တစ်ကယ်ချစ်လို့ အလိုလိုက်ပြီး သည်းခံ၊ သစ္စာ ရှိတဲ့ ယောကျာ်းတစ်ယောက် ထပ်တွေ့ရင် ထပ်တွဲချင်တွဲအုံးမယ်လို့ ပြောလိုက်ပြီး နောက်အိမ်ထောင်ပြုဖို့ကတော့ သမီးလေးမျက်နှာကြည့်ပြီး စဉ်းစားမှာလို့လည်း ပြောလိုက်ပါတယ်။
– အိဖြူသိမ့် (အကုန်သိသတင်းဌာန)
Credit: တောသူ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top