iMyanmarHouse.com - Best Property Website for Myanmar
×

ေအာင္လအန္ဆန္ႏွင့္ မိသားစု၀င္မ်ားလက္ခံေပးရန္ စည္း႐ုံးမည္ဟုဆုိ

ေအာင္လအန္ဆန္္ ၂၀၁၈ မတ္လအတြင္းက ကခ်င္ေဒသခံမ်ားႏွင့္ သြားေရာက္ေတြ႔ဆုံခဲ့စဥ္

 ေ၀ဖန္မႈမ်ားရွိေနေသာ္ လည္း ေအာင္လအန္ဆန္၏ပုံတူ ေၾကး႐ုပ္တုကုိ သုံးလအတြင္းအ ၿပီးေဆာက္လုပ္ရန္ ေဆြးေႏြးဆုံး ျဖတ္ခဲ့ေၾကာင္း ႐ုပ္တုျဖစ္ေျမာက္ ေရးေကာ္မတီဥကၠ႒ဦးဇလြမ္းက ေျပာသည္။

ေအာင္လအန္ဆန္ေၾကး႐ုပ္ တုျဖစ္ေျမာက္ေရးေကာ္မတီအ စည္းအေ၀းကုိ စက္တင္ဘာ ၅ ရက္က စီတာပူမေနာကြင္းတြင္ျပဳ လုပ္ခဲ့ၿပီး အားလုံး၏သေဘာတူညီ မႈျဖင့္ ဆုံးျဖတ္ျခင္းျဖစ္ေၾကာင္း ဦးဇလြမ္းက ဆုိသည္။

‘‘ဒီေန႔ပြဲမွာ ကခ်င္႐ုိးရာယဥ္ ေက်းမႈဗဟိုေကာ္မတီအဖြဲ႕ရယ္၊ ေဒသခံၿမိဳ႕မိၿမိဳ႕ဖေတြနဲ႔ လူငယ္ အဖဲြ႕ေတြရယ္ အားလုံးေဆြးေႏြး ၿပီး ေအာင္လ႐ုပ္တုကုိဆက္လက္ ျပဳလုပ္ဖုိ႔ ဆုံးျဖတ္ခဲ့တာပါ။ ဒီမုိ ကေရစီႏုိင္ငံျဖစ္လုိ႔ သေဘာမတူ တာအနည္းငယ္ရွိတယ္။ အမ်ား စုက သေဘာတူတဲ့အတြက္ လုပ္ ဖုိ႔ဆုံးျဖတ္ျဖစ္တာပါ။ သေဘာ မတူတဲ့သူေတြကိုလည္း နားလည္ ေအာင္ရွင္းျပမယ္။ ေအာင္လက မသင့္ေတာ္ဘူးဆုိေပမယ့္လည္း ဒါကအမ်ားက သူ႔ကုိဂုဏ္ျပဳတာ မ်ိဳးပါ။ လက္ခံလာေအာင္လုိ႔ လည္း ကြၽန္ေတာ္တို႔ညိႇႏႈိင္းမယ္။ လက္ခံေစခ်င္တယ္။ အနာဂတ္ လူငယ္ေတြ မူးယစ္ေဆး၀ါးကုိ ဆန႔္က်င္ၿပီး သူ႔ကုိၾကည့္ၿပီးထူး ခြၽန္ေအာင္ႀကိဳးစားေစဖုိ႔ရည္ရြယ္ တာပါ။ ေအာင္လလုိမ်ိဳးေနာက္ ထပ္ကမၻာ့အသိအမွတ္ျပဳကြၽန္ ေတာ္တို႔ႏုိင္ငံသားထူးခြၽန္တဲ့သူ ေတြေပၚလာခဲ့ရင္ လုပ္ေဆာင္ ေပးသြားဖုိ႔ရွိပါတယ္’’ ဟု ၎က ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕ မေနာကြင္းရွိ မဂြၽယ္ခန္းမေဆာင္အနီးထားရွိ ရန္ စီစဥ္ေသာေအာင္လအန္ဆန္ ေၾကး႐ုပ္တုကုိ ဦးေဇာ္ေပါ့(မုိက္ ကယ္ေဇာ္ေပါ့)ႏွင့္မေနာအလွမွ အင္ဂ်င္နီယာတို႔ပူးေပါင္း၍ စက္ တင္ဘာကစတင္ကာ သုံးလအ တြင္းအၿပီးထုလုပ္ရန္ ရည္ရြယ္ ထားၿပီး ႐ုပ္တုႏွင့္ေအာက္ခံခုံ အပါအ၀င္ ကုန္က်စရိတ္က်ပ္ သိန္း ၃၀၀ ေက်ာ္ရွိမည္ဟုခန္႔မွန္း ထားသည္။ အဆုိပါ႐ုပ္တုကုိ ေအာင္လအန္ဆန္၏ ခ်န္ပီယံခါး ပတ္ကိုင္ေဆာင္ထားသည့္ပုံစံ ျဖင့္ အျမင့္ ၆ ေပႏွင့္ ၉ ေပ ၾကား ထုလုပ္ၿပီး ဒီဇင္ဘာအတြင္း ဖြင့္ပြဲျပဳလုပ္ရန္ လ်ာထားသည္။

ေအာင္လအန္ဆန္၏ပုံတူ ေၾကး႐ုပ္တုစုိက္ထူမည့္အစီအ စဥ္ႏွင့္ပတ္သက္၍ ေထာက္ခံသူ မ်ားရွိသလုိ ေ၀ဖန္မႈအခ်ိဳ႕လည္း ရွိေနၿပီး ဩဂုတ္ ၂၄ ရက္၌ ေအာင္လအန္ဆန္က ၎၏ပုံတူ ႐ုပ္တုျပဳလုပ္ရန္ မသင့္ေတာ္ ေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာ တြင္ ေရးသားခဲ့သည္။

သုိ႔ေသာ္ ေအာင္လအန္ဆန္ ႏွင့္ ၎၏မိသားစု၀င္မ်ား ႐ုပ္တု စုိက္ထူမႈကုိလက္ခံလာေစရန္ ေဆြးေႏြးစည္း႐ုံးမည္ျဖစ္ေၾကာင္း ဦးဇလြမ္းကေျပာသည္။

‘‘ေအာင္လနဲ႔ သူ႔မိသားစု (သူ႔အေဖ၊ အစ္ကုိေတြ)ကုိ ႐ုပ္တု စုိက္ထူတာ လက္ခံဖုိ႔ဒီရက္ပိုင္း သြားေရာက္ေျပာဆုိပါမယ္။ကက္ သလစ္က ဆရာေတာ္ေတြ၊ကခ်င္ ႐ုိးရာႏွစ္ျခင္းအဖြဲ႕ခ်ဳပ္ဥကၠ႒က လည္းဒါကုိလုပ္သင့္ေၾကာင္း သူ တို႔ကုိလက္ခံလာေအာင္အားေပး ေျပာဆုိသြားပါမယ္။ သူယွဥ္ၿပိဳင္ ေနတဲ့ကာလကုိ မထိခုိက္ေစဖုိ႔ ၿပိဳင္ပြဲၿပီးမွ ႐ုပ္တုဖြင့္ပြဲကုိလုပ္ ေဆာင္သြားပါမယ္’’ ဟု ၎က ဆုိသည္။

ေအာင္လအန္ဆန္သည္ လက္ရွိတြင္ MMA (One Championship)မစ္ဒယ္၀ိတ္တန္းႏွင့္ လုိက္ဟဲဗီး၀ိတ္တန္းကမၻာ့ခ်န္ပီယံ ခါးပတ္ႏွစ္ခုပိုင္ရွင္ျဖစ္ၿပီး ေအာက္တိုဘာလ ၂၆ရက္တြင္ ရန္ကုန္ၿမိဳ႕၌ ခ်န္ပီယံကာကြယ္ပြဲ ထုိးသတ္မည္ျဖစ္သည္။

(၃၃)ႏွစ္အရြယ္ေအာင္လ အန္ဆန္သည္ MMA ၿပိဳင္ပြဲတစ္ ေလွ်ာက္ ၃၃ ပြဲယွဥ္ၿပိဳင္ၿပီး ၂၃ ပြဲ ႏုိင္၊ ၁၀ ပြဲ႐ႈံးနိမ့္ထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
 Credit:7daydaily
 # Unicode Version ျဖင့္ ဖတ္ပါ #
အောင်လအန်ဆန်နှင့် မိသားစုဝင်များလက်ခံပေးရန် စည်းရုံးမည်ဟုဆို

အောင်လအန်ဆန် ၂၀၁၈ မတ်လအတွင်းက ကချင်ဒေသခံများနှင့် သွားရောက်တွေ့ဆုံခဲ့စဉ်

 ဝေဖန်မှုများရှိနေသော် လည်း အောင်လအန်ဆန်၏ပုံတူ ကြေးရုပ်တုကို သုံးလအတွင်းအ ပြီးဆောက်လုပ်ရန် ဆွေးနွေးဆုံး ဖြတ်ခဲ့ကြောင်း ရုပ်တုဖြစ်မြောက် ရေးကော်မတီဥက္ကဋ္ဌဦးဇလွမ်းက ပြောသည်။

အောင်လအန်ဆန်ကြေးရုပ် တုဖြစ်မြောက်ရေးကော်မတီအ စည်းအဝေးကို စက်တင်ဘာ ၅ ရက်က စီတာပူမနောကွင်းတွင်ပြု လုပ်ခဲ့ပြီး အားလုံး၏သဘောတူညီ မှုဖြင့် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဦးဇလွမ်းက ဆိုသည်။

‘‘ဒီနေ့ပွဲမှာ ကချင်ရိုးရာယဉ် ကျေးမှုဗဟိုကော်မတီအဖွဲ့ရယ်၊ ဒေသခံမြို့မိမြို့ဖတွေနဲ့ လူငယ် အဖွဲ့တွေရယ် အားလုံးဆွေးနွေး ပြီး အောင်လရုပ်တုကိုဆက်လက် ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီမို ကရေစီနိုင်ငံဖြစ်လို့ သဘောမတူ တာအနည်းငယ်ရှိတယ်။ အများ စုက သဘောတူတဲ့အတွက် လုပ် ဖို့ဆုံးဖြတ်ဖြစ်တာပါ။ သဘော မတူတဲ့သူတွေကိုလည်း နားလည် အောင်ရှင်းပြမယ်။ အောင်လက မသင့်တော်ဘူးဆိုပေမယ့်လည်း ဒါကအများက သူ့ကိုဂုဏ်ပြုတာ မျိုးပါ။ လက်ခံလာအောင်လို့ လည်း ကျွန်တော်တို့ညှိနှိုင်းမယ်။ လက်ခံစေချင်တယ်။ အနာဂတ် လူငယ်တွေ မူးယစ်ဆေးဝါးကို ဆန့်ကျင်ပြီး သူ့ကိုကြည့်ပြီးထူး ချွန်အောင်ကြိုးစားစေဖို့ရည်ရွယ် တာပါ။ အောင်လလိုမျိုးနောက် ထပ်ကမ္ဘာ့အသိအမှတ်ပြုကျွန် တော်တို့နိုင်ငံသားထူးချွန်တဲ့သူ တွေပေါ်လာခဲ့ရင် လုပ်ဆောင် ပေးသွားဖို့ရှိပါတယ်’’ ဟု ၎င်းက ပြောသည်။

မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမဆောင်အနီးထားရှိ ရန် စီစဉ်သောအောင်လအန်ဆန် ကြေးရုပ်တုကို ဦးဇော်ပေါ့(မိုက် ကယ်ဇော်ပေါ့)နှင့်မနောအလှမှ အင်ဂျင်နီယာတို့ပူးပေါင်း၍ စက် တင်ဘာကစတင်ကာ သုံးလအ တွင်းအပြီးထုလုပ်ရန် ရည်ရွယ် ထားပြီး ရုပ်တုနှင့်အောက်ခံခုံ အပါအဝင် ကုန်ကျစရိတ်ကျပ် သိန်း ၃၀၀ ကျော်ရှိမည်ဟုခန့်မှန်း ထားသည်။ အဆိုပါရုပ်တုကို အောင်လအန်ဆန်၏ ချန်ပီယံခါး ပတ်ကိုင်ဆောင်ထားသည့်ပုံစံ ဖြင့် အမြင့် ၆ ပေနှင့် ၉ ပေ ကြား ထုလုပ်ပြီး ဒီဇင်ဘာအတွင်း ဖွင့်ပွဲပြုလုပ်ရန် လျာထားသည်။

အောင်လအန်ဆန်၏ပုံတူ ကြေးရုပ်တုစိုက်ထူမည့်အစီအ စဉ်နှင့်ပတ်သက်၍ ထောက်ခံသူ များရှိသလို ဝေဖန်မှုအချို့လည်း ရှိနေပြီး ဩဂုတ် ၂၄ ရက်၌ အောင်လအန်ဆန်က ၎င်း၏ပုံတူ ရုပ်တုပြုလုပ်ရန် မသင့်တော် ကြောင်း လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားခဲ့သည်။

သို့သော် အောင်လအန်ဆန် နှင့် ၎င်း၏မိသားစုဝင်များ ရုပ်တု စိုက်ထူမှုကိုလက်ခံလာစေရန် ဆွေးနွေးစည်းရုံးမည်ဖြစ်ကြောင်း ဦးဇလွမ်းကပြောသည်။

‘‘အောင်လနဲ့ သူ့မိသားစု (သူ့အဖေ၊ အစ်ကိုတွေ)ကို ရုပ်တု စိုက်ထူတာ လက်ခံဖို့ဒီရက်ပိုင်း သွားရောက်ပြောဆိုပါမယ်။ကက် သလစ်က ဆရာတော်တွေ၊ကချင် ရိုးရာနှစ်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌက လည်းဒါကိုလုပ်သင့်ကြောင်း သူ တို့ကိုလက်ခံလာအောင်အားပေး ပြောဆိုသွားပါမယ်။ သူယှဉ်ပြိုင် နေတဲ့ကာလကို မထိခိုက်စေဖို့ ပြိုင်ပွဲပြီးမှ ရုပ်တုဖွင့်ပွဲကိုလုပ် ဆောင်သွားပါမယ်’’ ဟု ၎င်းက ဆိုသည်။

အောင်လအန်ဆန်သည် လက်ရှိတွင် MMA (One Championship)မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင်ဖြစ်ပြီး အောက်တိုဘာလ ၂၆ရက်တွင် ရန်ကုန်မြို့၌ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည်ဖြစ်သည်။

(၃၃)နှစ်အရွယ်အောင်လ အန်ဆန်သည် MMA ပြိုင်ပွဲတစ် လျှောက် ၃၃ ပွဲယှဉ်ပြိုင်ပြီး ၂၃ ပွဲ နိုင်၊ ၁၀ ပွဲရှုံးနိမ့်ထားသည်။
ဖိုးသူတော် (www.phothutaw.com)
 Credit:7daydaily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top