iMyanmarHouse.com - Best Property Website for Myanmar
×


# Unicode Version ဖြင့် ဖတ်ပါ #

ဆေးရုံတာဝန်ကျ ဆရာဝန် တွေအဖို့နေ့စဉ်လုပ်ငန်းခွင်မှာ ပုံမှန် မဟုတ်တဲ့ ထူးထူးဆန်းဆန်းအဖြစ် တွေကြုံရတာ ဘာမှလျှို့ဝှက်စရာမရှိ ပါဘူး။ လိင်အင်္ဂါထဲ ပေါက်ကရတွေ ထည့်ပြီး ဆေးရုံရောက်လာတဲ့အမျိုး သမီးတွေ၊ ကိုယ့်ခြေမကိုယ်ပြန်ဖြတ် ပစ်တဲ့ အမျိုးသားတွေ အားလုံးကို မြင်ခဲ့ကြပြီးပါပြီ။
ဒါပေမဲ့ အီတလီနိုင်ငံ၊ နစ် ဂါဒါမြို့၊ ASST ဆေးရုံက ဆရာဝန်တစ်စုအဖို့တော့ သူတို့တစ် ခါမှ မမြင်တွေ့ခဲ့ဖူးတဲ့ ထူးထူးဆန်း ဆန်းကိစ်္စတစ်ခု ကြုံတွေ့ခဲ့ကြရပါ တယ်တဲ့။ အဲဒါကတော့ (၃၁)နှစ် အရွယ်အမျိုးသားတစ်ဦးရဲ့ ကိုယ် အတွင်း (၂၁)လက်မအရှည်ရှိ Sex Toy တစ်ခုဝင်ရောက်နေခြင်းပါပဲ။ အမည်မဖော်လိုသူအမျိုးသားဟာ သူ့ဘာသာသူပြန်ထုတ်ဖို့ (၂၄)နာရီ လောက် ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်တာကြောင့် ဆေးရုံကို လာရောက်ခဲ့ရတာပါ။
ဒါပေမယ့် ဆေးရုံကို ရောက်လာတဲ့အခါ သူကဗိုက်နည်းနည်း နာနေတယ်လို့ လိမ်ညာပြောဆိုခဲ့ပြီး X-Ray ရိုက်ကြည့်ခဲ့တဲ့အခါ သူ့ အူမကြီးထဲမှာ ကြီးမားရှည်လျားတဲ့ အရာတစ်ခုရှိနေမှန်း သိလိုက်ကြရပါ တယ်။ စိတ်ရှုပ်ထွေးသွားခဲ့တဲ့ ဆရာ ဝန်တွေဟာအဲဒီပစ်္စည်းကြီးကို အပြင် ထုတ်ဖို့အတွက် ဆီးပိုက်တစ်ခုအ သုံးပြုပြီး ကြိုးကွင်းပုံစံထိပ်ပိုင်းနဲ့ ခန်္ဓာကိုယ်ထဲက အရာဝတ်္ထုကို ရစ် ပတ်ကာ အပြင်ကိုပြန်ထုတ်ပေးနိုင် ခဲ့ပါတယ်။
လူနာအမျိုးသားဟာ အဲဒီ နေ့မှာတင်ပဲ သက်သာပျောက်ကင်း သွားပြီးတော့ဆေးရုံက ပြန်ဆင်းသွား ခဲ့တယ်လို့သိရပါတယ်။

Credit:weeklyheadline
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top