iMyanmarHouse.com - Best Property Website for Myanmar
×

 ေဂါက္ေရာဂါ ဆိုတာဟာ အဆစ္အျမစ္ ေရာင္ရမ္းနာက်င္ေစတတ္တဲ့ ေရာဂါတစ္မ်ိဳးျဖစ္ၿပီး အထူးသျဖင့္ ေျခေခ်ာင္း၊ ဒူး၊ တံေတာင္ဆစ္၊ လက္ေကာက္ဝတ္နဲ႔ လက္ေခ်ာင္းေတြမွာ ျဖစ္တတ္ပါတယ္။ မကုသဘဲထားလိုက္ရင္ အဆစ္အျမစ္ေတြနဲ႔ ေက်ာက္ကပ္ကို ထိခိုက္နိုင္ၿပီး ဘဝေနထိုင္မႈကို အခက္အခဲ ျဖစ္ေစနိုင္ပါတယ္။


>> အဓိကအခ်က္မ်ား

1. ေဂါက္ေရာဂါဟာ Uric Acid ဓာတ္ေတြ ခႏၶာကိုယ္ထဲ စုပံုလာၿပီး အဆစ္ေတြမွာ လာစုပံု အနည္ထိုင္တာေၾကာင့္ ျဖစ္တာပါ။

2. အမ်ားစုကေတာ့ မ်ိဳး႐ိုးလိုက္တာေၾကာင့္ ျဖစ္တတ္ပါတယ္။

3. တစ္ႏွစ္အတြင္းမွာ ႏွစ္ႀကိမ္ထက္ပိုၿပီး ေဂါက္ေရာဂါ ထခဲ့ရင္ ဆရာဝန္က Uric Acid ဓာတ္ကို ခ်ဖု႔ိအတြက္ ေဆးေပးပါလိမ့္မယ္။ ေဂါက္ေရာဂါ မထရေအာင္ Uric Acid ကို 0.36mmol/l ေအာက္မွာ ထားရပါမယ္။

4. မကုသဘဲေနခဲ့ရင္ အဆစ္အျမစ္ေတြနဲ႔ ေက်ာက္ကပ္ကို ထိခိုက္လာႏိုင္ပါတယ္။

5. ေဂါက္ေရာဂါ ထတဲ့အခါ ထိေရာက္တဲ့ကုသမႈ ခံယူခဲ့ရင္ 12 နာရီမွ 24 နာရီအတြင္း သက္သာနိုင္ပါတယ္။ ေနာက္ထပ္မျဖစ္ေအာင္ ေဆးမွန္မွန္ေသာက္ၿပီး လူေနမႈဘဝပံုစံကို ေျပာင္းလဲရပါမယ္။

>> ဘယ္သူေတြမွာ ျဖစ္နိုင္သလဲ?

Uric Acid ဓာတ္ မ်ားတတ္တဲ့ ေအာက္ပါအေျခအေနေတြမွာ ရတတ္ပါတယ္။

● မ်ိဳး႐ိုးလိုက္ျခင္း

ပစိဖိတ္ကြၽနး္တစ္ဝိုက္နဲ႔ နယူးဇီလန္နိုင္ငံတစ္ဝိုက္က လူေတြမွာ Uric Acid ကို ကိုယ္ခႏၶာကေန စြန္႔ပစ္ဖို႔ ခဲယဥ္းတတ္ပါတယ္။

● အဝလြန္ျခင္း

အဝလြန္သူေတြမွာ ေက်ာက္ကပ္ကေန Uric Acid စြန္႔ပစ္ဖု႔ိ အခ်ိန္ပိုယူရတတ္ပါတယ္။

● အသက္ႀကီးျခင္း

90% ေသာ ေဂါက္ေရာဂါသမားေတြဟာ အသက္ 40 ေက်ာ္ အမ်ိဳးသားေတြနဲ႔ ေသြးဆံုးၿပီး အမ်ိဳးသမီးေတြပဲ ျဖစ္ပါတယ္။

● အစားအေသာက္

အခ်ိဳရည္ေတြ၊ အရက္ေတြနဲ႔ Purine ဓာတ္မ်ားတဲ့ အသည္း၊ အသားနဲ႔ ပင္လယ္စာေတြ အစားမ်ားျခင္းက ေဂါက္ေရာဂါကို ပိုျဖစ္ေစနိုင္ပါတယ္။

● ေသြးတိုးေရာဂါ

ေသြးတိုးေရာဂါနဲ႔ ႏွလံုးေရာဂါေတြအတြက္ ဆီးေဆးလိုမ်ိဳး ေဆးေတြ ေသာက္ရျခင္း။

● ေက်ာက္ကပ္ေရာဂါ

ဒါေၾကာင့္ ေဂါက္ေရာဂါရွိသူေတြမွာ ေဂါက္ေရာဂါျဖစ္ေစနိုင္တဲ့ အေၾကာင္းရင္းေတြကို ေလွ်ာ့ခ်ျခင္းျဖင့္ ကာကြယ္နိုင္ပါတယ္။

မွတ္ခ်က္ : အျခားေရာဂါေတြအတြက္ ေသာက္ေနတဲ့ေဆးေတြကို ဆက္ေသာက္သင့္၊ မေသာက္သင့္ ဆရာဝန္နဲ႔ တုိင္ပင္ရပါမယ္။

>> ေရာဂါလကၡဏာမ်ား

အဓိကလကၡဏာကေတာ့ အဆစ္ေတြမွာ ဆိုးဆိုးရြားရြား နာက်င္ၿပီး ေရာင္ရမ္းလာတတ္တာပါ။ အမ်ားစုမွာေတ့ာ တစ္ႀကိမ္မွာ အဆစ္တစ္ဆစ္ကိုသာ ထိခိုက္တတ္ၿပီး ေျခမကို ထိတာကို အမ်ားဆံုး ေတြ႕ရတတ္ပါတယ္။ အျခား ျဖစ္တတ္တဲ့အဆစ္ေတြကေတာ့ ေျခထိပ္၊ ေျခေထာက္အတြင္းပိုင္း၊ ေျခဖေနာင့္၊ ေျခခ်င္းဝတ္နဲ႔ ဒူးတို႔ပဲ ျဖစ္ပါတယ္။ လက္ေခ်ာင္းေတြ၊ လက္ေကာက္ဝတ္နဲ႔ တံေတာင္ဆစ္တို႔ကိုလည္း ထိခိုက္နိုင္ေပမယ့္ ရွားပါတယ္။

ေဂါက္ေရာဂါဟာ ညဘက္ေတြမွာ ႐ုတ္တရက္ ထတတ္ၿပီး ေသလုေအာင္ နာက်င္တတ္ပါတယ္။ နာရီပိုင္းအတြင္းမွာပဲ အဆစ္တစ္ခုလံုး နီရဲေရာင္ကိုင္းလာတတ္ပါတယ္။ ဒီလို နာက်င္ေရာင္ရမ္း လာေစတာဟာ အဆစ္အတြင္း Uric Acid ေတြ စုပံုလာတာေၾကာင့္ပဲ ျဖစ္ပါတယ္။

အိပ္ရာနဲ႔ အသာေလး ထိမိတာေတာင္ မခံနိုင္ေလာက္ေအာင္ နာက်င္တတ္ပါတယ္။ အဆစ္ေလး တစ္ဆစ္ေလာက္သာ ထိတတ္ေပမယ့္ ေရာင္ရမ္းမႈအ ရမ္းဆိုးတဲ့အတြက္ ဖ်ားနာျခင္း၊ ႂကြက္သား နာက်င္ျခင္းနဲ႔ တုပ္ေကြးလကၡဏာေတြပါ ခံစားရနိုင္ပါတယ္။

ေဂါက္ေရာဂါ တစ္ခါထရင္ 5 ရက္ကေန 10 ရက္ေလာက္ထိ ၾကာတတ္ေပမယ့္ တစ္ခါတေလ သီတင္းပတ္ မ်ားစြာေတာင္ ၾကာနိုင္ပါတယ္။

>> ေဂါက္ေရာဂါကို ဘယ္လိုသိနိုင္မလဲ?

ေရာဂါလကၡဏာေတြ၊ ေသြးထဲ Uric Acid မ်ားေနျခင္းနဲ႔ အဆစ္ထဲက အရည္ထဲမွာ urate ပံုေဆာင္ခဲေတြ ေတြ႕ရျခင္းျဖင့္ ေျပာနိုင္ပါတယ္။

ေဂါက္ေရာဂါ အစပိုင္းမွာ ဓာတ္မွန္႐ိုက္ျခင္းျဖင့္ ဘာမွမသိနိုင္ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အ႐ိုးေတြ၊ အ႐ိုးႏုေတြကို ထိခိုက္မႈ ရွိ၊ မရွိ သိနိုင္ပါတယ္။

>> ေဂါက္ေရာဂါကို ဘယ္လိုကုသနိုင္သလဲ?

ေဂါက္ေရာဂါ ထတာနဲ႔ ဆရာဝန္နဲ႔ ျပသၿပီး ေသခ်ာကုသျခင္းျဖင့္ 12 နာရီမွ 24 နာရီအတြင္း နာက်င္ေရာင္ရမ္းမႈေတြကို သက္သာေစနိုင္ပါတယ္။ နာက်င္ျခင္းကို သက္သာေစဖို႔အတြက္ -

● နားနားေနေန ေနပါ။

● ေရာင္ရမ္းေနတဲ့အဆစ္ကို ေျမႇာက္ထားၿပီး ေရခဲကပ္ပါ။

● ေလ့က်င့္ခန္း မလုပ္ပါနဲ႔။

● Naproxen (Naprosyn)၊ Diclofenac (Voltaren) စတဲ့ အကိုက္အခဲေပ်ာက္ေဆးေတြ ေသာက္ျခင္းကလည္း နာက်င္ေရာင္ရမ္းမႈကို သက္သာေစႏိုင္ပါတယ္။ အကိုက္အခဲေပ်ာက္ေဆး ေသာက္လို႔မရတဲ့လူေတြမွာ Colchicine, Prednisolone စတဲ့ ေဆးေတြ ေသာက္နိုင္ပါတယ္။ အေကာင္းဆံုးကေတာ့ ေရာဂါလကၡဏာ စျပတာနဲ႔ အကိုက္အခဲေပ်ာက္ေဆး စေသာက္ၿပီး နာက်င္ေရာင္ရမ္းမႈေတြ သက္သာတဲ့အထိ ေသာက္ေပးရပါမယ္။

>> ေဂါက္ေရာဂါကို မကုသဘဲထားရင္ ဘာျဖစ္နိုင္သလဲ?

ေဂါက္ေရာဂါကို မကုသပါက အဆစ္အျမစ္ေတြကို ဖ်က္ဆီးပစ္ၿပီး ေက်ာက္ကပ္ေရာဂါ ျဖစ္ေစနိုင္ပါတယ္။ ေနာက္တစ္ႀကိမ္ ျပန္ထတတ္ၿပီး အဆစ္အျမစ္ေတြ ပိုထိနိုင္ပါတယ္။ တံေတာင္၊ လက္နဲ႔ ေျခေထာက္ေတြမွာ Tophi လို႔ေခၚတဲ့ အလံုးေတြ ေပၚလာတတ္ပါတယ္။ ၾကာလာတဲ့အခါ ဒီအလံုးေတြဟာ နာက်င္ေရာင္ရမ္းလာၿပီး အနာျဖစ္လာတတ္ပါတယ္။ အ႐ိုးတစ္ခုနဲ႔တစ္ခုၾကားက သဘာဝကူရွင္ဟာ တျဖည္းျဖည္း ပါးလာၿပီး အဆစ္ေတြ နာက်င္ေတာင့္တင္းလာနိုင္ပါတယ္။ ဆီးေက်ာက္ေတြ ျဖစ္လာနိုင္ၿပီး ေက်ာက္ကပ္ပါ ပ်က္စီးနိုင္ပါတယ္။

>> ေဂါက္ေရာဂါမျဖစ္ေအာင္ ဘယ္လိုကာကြယ္မလဲ?

ေနာက္ပိုင္းမွာ ေဂါက္ေရာဂါ ျပန္မထေအာင္၊ အဆစ္ေတြ မပ်က္စီးေအာင္ Uric Acid ေလွ်ာ့ခ်တဲ့ေဆးေတြကို ဆရာဝန္က ၫႊန္ၾကားပါလိမ့္မယ္။ ဒါေပမဲ့ ေအာက္ပါအခ်က္ေတြနဲ႔ ကိုက္ညီမွသာ ေသာက္သံုးရမွာ ျဖစ္ပါတယ္။

● တစ္ႏွစ္အတြင္း ႏွစ္ႀကိမ္နဲ႔အထက္ ေဂါက္ထျခင္း

● အ႐ိုးဓာတ္မွန္မွာ အဆစ္အျမစ္ေတြ ပ်က္စီးေနျခင္း

● Tophi အလံုးေတြ၊ ေက်ာက္ကပ္ေရာဂါနဲ႔ ဆီးေက်ာက္ေတြ ရွိေနျခင္း။

>> Uric Acid ေလ်ာ့နည္းေစတဲ့ေဆးမ်ား

Allopurinol, Probenecid, Benzbromarone, Febuxostat စတဲ့ ေဆးေတြဟာ ကိုယ္ခႏၶာအတြင္းက Uric Acid ဓာတ္ကို ေလွ်ာ့ခ်ေပးပါတယ္။ အဓိကကေတာ့ Uric Acid ကို 0.36mmol/l ေအာက္ ေလွ်ာ့ခ်ဖို႔ပဲ ျဖစ္ပါတယ္။ ဒီေဆးေတြဟာ ေဂါက္ေရာဂါ မထေအာင္၊ အဆစ္အျမစ္ေတြ မပ်က္စီးေအာင္၊ ဆီးေက်ာက္ေတြ မျဖစ္ေအာင္နဲ႔ ေဂါက္အက်ိတ္ေတြ ေသးသြားေအာင္ လုပ္ေပးပါတယ္။

ဒီေဆးေတြကို ေန႔တိုင္း မပ်က္မကြက္ ေသာက္ေပးသင့္ၿပီး ေဂါက္ေရာဂါ ထေနခ်ိန္မွာေတာင္ ေသာက္ေပးရပါမယ္။ ဒီေဆးေတြ စေသာက္ခ်ိန္မွာ ကိုယ္ခႏၶာမွာ ပိုလွ်ံေနတဲ့ Uric Acid ေတြကို ဖယ္ရွားေနတာေၾကာင့္ ေဂါက္ေရာဂါ ျဖစ္တတ္ပါတယ္။ ဒါကို ကာကြယ္ဖို႔ အကိုက္အခဲေပ်ာက္ေဆးေတြ၊ Colchicine ေတြနဲ႔ တြဲေသာက္ရပါတယ္။

>> လူေနမႈပံုစံ ေျပာင္းလဲျခင္း

အဝလြန္ျခင္းေၾကာင့္ ေက်ာက္ကပ္က Uric Acid စြန္႔ပစ္မႈကို ေလ်ာ့နည္းေစၿပီး ေဂါက္ေရာဂါ ျဖစ္ေစနိုင္တာေၾကာင့္ ျဖည္းျဖည္းခ်င္း ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ရပါမယ္။

အခ်ိဳရည္ေတြနဲ႔ Purine ဓာတ္မ်ားတဲ့ အစားအေသာက္ (ကလီစာမ်ား၊ ခရမ္းခ်ဥ္သီး၊ ဘီယာ စသည္) ေတြကိုလညး္ ေရွာင္ၾကဥ္သင့္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔မွ်ေဝေပးပါေနာ္...
Credit: Dr. Mya Phoo Ngon
# Unicode Version ျဖင့္ ဖတ္ပါ #
 ဂေါက်ရောဂါ ဆိုတာဟာ အဆစ်အမြစ် ရောင်ရမ်းနာကျင်စေတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အထူးသဖြင့် ခြေချောင်း၊ ဒူး၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေမှာ ဖြစ်တတ်ပါတယ်။ မကုသဘဲထားလိုက်ရင် အဆစ်အမြစ်တွေနဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်ပြီး ဘဝနေထိုင်မှုကို အခက်အခဲ ဖြစ်စေနိုင်ပါတယ်။


>> အဓိကအချက်များ

1. ဂေါက်ရောဂါဟာ Uric Acid ဓာတ်တွေ ခန္ဓာကိုယ်ထဲ စုပုံလာပြီး အဆစ်တွေမှာ လာစုပုံ အနည်ထိုင်တာကြောင့် ဖြစ်တာပါ။

2. အများစုကတော့ မျိုးရိုးလိုက်တာကြောင့် ဖြစ်တတ်ပါတယ်။

3. တစ်နှစ်အတွင်းမှာ နှစ်ကြိမ်ထက်ပိုပြီး ဂေါက်ရောဂါ ထခဲ့ရင် ဆရာဝန်က Uric Acid ဓာတ်ကို ချဖု့ိအတွက် ဆေးပေးပါလိမ့်မယ်။ ဂေါက်ရောဂါ မထရအောင် Uric Acid ကို 0.36mmol/l အောက်မှာ ထားရပါမယ်။

4. မကုသဘဲနေခဲ့ရင် အဆစ်အမြစ်တွေနဲ့ ကျောက်ကပ်ကို ထိခိုက်လာနိုင်ပါတယ်။

5. ဂေါက်ရောဂါ ထတဲ့အခါ ထိရောက်တဲ့ကုသမှု ခံယူခဲ့ရင် 12 နာရီမှ 24 နာရီအတွင်း သက်သာနိုင်ပါတယ်။ နောက်ထပ်မဖြစ်အောင် ဆေးမှန်မှန်သောက်ပြီး လူနေမှုဘဝပုံစံကို ပြောင်းလဲရပါမယ်။

>> ဘယ်သူတွေမှာ ဖြစ်နိုင်သလဲ?

Uric Acid ဓာတ် များတတ်တဲ့ အောက်ပါအခြေအနေတွေမှာ ရတတ်ပါတယ်။

● မျိုးရိုးလိုက်ခြင်း

ပစိဖိတ်ကျွန်းတစ်ဝိုက်နဲ့ နယူးဇီလန်နိုင်ငံတစ်ဝိုက်က လူတွေမှာ Uric Acid ကို ကိုယ်ခန္ဓာကနေ စွန့်ပစ်ဖို့ ခဲယဉ်းတတ်ပါတယ်။

● အဝလွန်ခြင်း

အဝလွန်သူတွေမှာ ကျောက်ကပ်ကနေ Uric Acid စွန့်ပစ်ဖု့ိ အချိန်ပိုယူရတတ်ပါတယ်။

● အသက်ကြီးခြင်း

90% သော ဂေါက်ရောဂါသမားတွေဟာ အသက် 40 ကျော် အမျိုးသားတွေနဲ့ သွေးဆုံးပြီး အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။

● အစားအသောက်

အချိုရည်တွေ၊ အရက်တွေနဲ့ Purine ဓာတ်များတဲ့ အသည်း၊ အသားနဲ့ ပင်လယ်စာတွေ အစားများခြင်းက ဂေါက်ရောဂါကို ပိုဖြစ်စေနိုင်ပါတယ်။

● သွေးတိုးရောဂါ

သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေအတွက် ဆီးဆေးလိုမျိုး ဆေးတွေ သောက်ရခြင်း။

● ကျောက်ကပ်ရောဂါ

ဒါကြောင့် ဂေါက်ရောဂါရှိသူတွေမှာ ဂေါက်ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို လျှော့ချခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

မှတ်ချက် : အခြားရောဂါတွေအတွက် သောက်နေတဲ့ဆေးတွေကို ဆက်သောက်သင့်၊ မသောက်သင့် ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။

>> ရောဂါလက္ခဏာများ

အဓိကလက္ခဏာကတော့ အဆစ်တွေမှာ ဆိုးဆိုးရွားရွား နာကျင်ပြီး ရောင်ရမ်းလာတတ်တာပါ။ အများစုမှာတေ့ာ တစ်ကြိမ်မှာ အဆစ်တစ်ဆစ်ကိုသာ ထိခိုက်တတ်ပြီး ခြေမကို ထိတာကို အများဆုံး တွေ့ရတတ်ပါတယ်။ အခြား ဖြစ်တတ်တဲ့အဆစ်တွေကတော့ ခြေထိပ်၊ ခြေထောက်အတွင်းပိုင်း၊ ခြေဖနောင့်၊ ခြေချင်းဝတ်နဲ့ ဒူးတို့ပဲ ဖြစ်ပါတယ်။ လက်ချောင်းတွေ၊ လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်တို့ကိုလည်း ထိခိုက်နိုင်ပေမယ့် ရှားပါတယ်။

ဂေါက်ရောဂါဟာ ညဘက်တွေမှာ ရုတ်တရက် ထတတ်ပြီး သေလုအောင် နာကျင်တတ်ပါတယ်။ နာရီပိုင်းအတွင်းမှာပဲ အဆစ်တစ်ခုလုံး နီရဲရောင်ကိုင်းလာတတ်ပါတယ်။ ဒီလို နာကျင်ရောင်ရမ်း လာစေတာဟာ အဆစ်အတွင်း Uric Acid တွေ စုပုံလာတာကြောင့်ပဲ ဖြစ်ပါတယ်။

အိပ်ရာနဲ့ အသာလေး ထိမိတာတောင် မခံနိုင်လောက်အောင် နာကျင်တတ်ပါတယ်။ အဆစ်လေး တစ်ဆစ်လောက်သာ ထိတတ်ပေမယ့် ရောင်ရမ်းမှုအ ရမ်းဆိုးတဲ့အတွက် ဖျားနာခြင်း၊ ကြွက်သား နာကျင်ခြင်းနဲ့ တုပ်ကွေးလက္ခဏာတွေပါ ခံစားရနိုင်ပါတယ်။

ဂေါက်ရောဂါ တစ်ခါထရင် 5 ရက်ကနေ 10 ရက်လောက်ထိ ကြာတတ်ပေမယ့် တစ်ခါတလေ သီတင်းပတ် များစွာတောင် ကြာနိုင်ပါတယ်။

>> ဂေါက်ရောဂါကို ဘယ်လိုသိနိုင်မလဲ?

ရောဂါလက္ခဏာတွေ၊ သွေးထဲ Uric Acid များနေခြင်းနဲ့ အဆစ်ထဲက အရည်ထဲမှာ urate ပုံဆောင်ခဲတွေ တွေ့ရခြင်းဖြင့် ပြောနိုင်ပါတယ်။

ဂေါက်ရောဂါ အစပိုင်းမှာ ဓာတ်မှန်ရိုက်ခြင်းဖြင့် ဘာမှမသိနိုင်ပေမယ့် နောက်ပိုင်းမှာတော့ အရိုးတွေ၊ အရိုးနုတွေကို ထိခိုက်မှု ရှိ၊ မရှိ သိနိုင်ပါတယ်။

>> ဂေါက်ရောဂါကို ဘယ်လိုကုသနိုင်သလဲ?

ဂေါက်ရောဂါ ထတာနဲ့ ဆရာဝန်နဲ့ ပြသပြီး သေချာကုသခြင်းဖြင့် 12 နာရီမှ 24 နာရီအတွင်း နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ နာကျင်ခြင်းကို သက်သာစေဖို့အတွက် -

● နားနားနေနေ နေပါ။

● ရောင်ရမ်းနေတဲ့အဆစ်ကို မြှောက်ထားပြီး ရေခဲကပ်ပါ။

● လေ့ကျင့်ခန်း မလုပ်ပါနဲ့။

● Naproxen (Naprosyn)၊ Diclofenac (Voltaren) စတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်ခြင်းကလည်း နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေး သောက်လို့မရတဲ့လူတွေမှာ Colchicine, Prednisolone စတဲ့ ဆေးတွေ သောက်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ရောဂါလက္ခဏာ စပြတာနဲ့ အကိုက်အခဲပျောက်ဆေး စသောက်ပြီး နာကျင်ရောင်ရမ်းမှုတွေ သက်သာတဲ့အထိ သောက်ပေးရပါမယ်။

>> ဂေါက်ရောဂါကို မကုသဘဲထားရင် ဘာဖြစ်နိုင်သလဲ?

ဂေါက်ရောဂါကို မကုသပါက အဆစ်အမြစ်တွေကို ဖျက်ဆီးပစ်ပြီး ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ကြိမ် ပြန်ထတတ်ပြီး အဆစ်အမြစ်တွေ ပိုထိနိုင်ပါတယ်။ တံတောင်၊ လက်နဲ့ ခြေထောက်တွေမှာ Tophi လို့ခေါ်တဲ့ အလုံးတွေ ပေါ်လာတတ်ပါတယ်။ ကြာလာတဲ့အခါ ဒီအလုံးတွေဟာ နာကျင်ရောင်ရမ်းလာပြီး အနာဖြစ်လာတတ်ပါတယ်။ အရိုးတစ်ခုနဲ့တစ်ခုကြားက သဘာဝကူရှင်ဟာ တဖြည်းဖြည်း ပါးလာပြီး အဆစ်တွေ နာကျင်တောင့်တင်းလာနိုင်ပါတယ်။ ဆီးကျောက်တွေ ဖြစ်လာနိုင်ပြီး ကျောက်ကပ်ပါ ပျက်စီးနိုင်ပါတယ်။

>> ဂေါက်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

နောက်ပိုင်းမှာ ဂေါက်ရောဂါ ပြန်မထအောင်၊ အဆစ်တွေ မပျက်စီးအောင် Uric Acid လျှော့ချတဲ့ဆေးတွေကို ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ ဒါပေမဲ့ အောက်ပါအချက်တွေနဲ့ ကိုက်ညီမှသာ သောက်သုံးရမှာ ဖြစ်ပါတယ်။

● တစ်နှစ်အတွင်း နှစ်ကြိမ်နဲ့အထက် ဂေါက်ထခြင်း

● အရိုးဓာတ်မှန်မှာ အဆစ်အမြစ်တွေ ပျက်စီးနေခြင်း

● Tophi အလုံးတွေ၊ ကျောက်ကပ်ရောဂါနဲ့ ဆီးကျောက်တွေ ရှိနေခြင်း။

>> Uric Acid လျော့နည်းစေတဲ့ဆေးများ

Allopurinol, Probenecid, Benzbromarone, Febuxostat စတဲ့ ဆေးတွေဟာ ကိုယ်ခန္ဓာအတွင်းက Uric Acid ဓာတ်ကို လျှော့ချပေးပါတယ်။ အဓိကကတော့ Uric Acid ကို 0.36mmol/l အောက် လျှော့ချဖို့ပဲ ဖြစ်ပါတယ်။ ဒီဆေးတွေဟာ ဂေါက်ရောဂါ မထအောင်၊ အဆစ်အမြစ်တွေ မပျက်စီးအောင်၊ ဆီးကျောက်တွေ မဖြစ်အောင်နဲ့ ဂေါက်အကျိတ်တွေ သေးသွားအောင် လုပ်ပေးပါတယ်။

ဒီဆေးတွေကို နေ့တိုင်း မပျက်မကွက် သောက်ပေးသင့်ပြီး ဂေါက်ရောဂါ ထနေချိန်မှာတောင် သောက်ပေးရပါမယ်။ ဒီဆေးတွေ စသောက်ချိန်မှာ ကိုယ်ခန္ဓာမှာ ပိုလျှံနေတဲ့ Uric Acid တွေကို ဖယ်ရှားနေတာကြောင့် ဂေါက်ရောဂါ ဖြစ်တတ်ပါတယ်။ ဒါကို ကာကွယ်ဖို့ အကိုက်အခဲပျောက်ဆေးတွေ၊ Colchicine တွေနဲ့ တွဲသောက်ရပါတယ်။

>> လူနေမှုပုံစံ ပြောင်းလဲခြင်း

အဝလွန်ခြင်းကြောင့် ကျောက်ကပ်က Uric Acid စွန့်ပစ်မှုကို လျော့နည်းစေပြီး ဂေါက်ရောဂါ ဖြစ်စေနိုင်တာကြောင့် ဖြည်းဖြည်းချင်း ကိုယ်အလေးချိန်ကို လျှော့ချရပါမယ်။

အချိုရည်တွေနဲ့ Purine ဓာတ်များတဲ့ အစားအသောက် (ကလီစာများ၊ ခရမ်းချဉ်သီး၊ ဘီယာ စသည်) တွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔မွ်ေဝေပးပါေနာ္...

Credit: Dr. Mya Phoo Ngon
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top