iMyanmarHouse.com - Best Property Website for Myanmar
×


 ေသြးတိုးေရာဂါ (Hypertension)

အေပၚေသြး (SBP) ပမာဏပံုမွန္ျဖစ္ေနရင္ေတာင္မွ ေအာက္ေသြး (DBP) ျမင့္ေနတယ္ဆုိရင္ ေသြးတိုးေရာဂါရွိေနၿပီလို႔ဆိုႏုိင္ပါတယ္။ ေသြးတိုးေရာဂါကို မကုသဘဲထားပါက ေလျဖတ္ေရာဂါ၊ ႏွလံုးေသြးေၾကာက်ဥ္းျခင္းႏွင့္ ေက်ာက္ကပ္ပ်က္ဆီးျခင္း တို႔ကို ေနာက္ဆက္တြဲဆိုးက်ိဳးအေနျဖင့္ ခံစားရႏိုင္ပါတယ္။

ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါမ်ား (Cardiavascular Risks)


ေအာက္ေသြး (DBP) ျမင့္မားေနျခင္းဟာ ႏွလံုးေရာဂါ (ႏွလံုးေသြးေၾကာက်ဥ္းျခင္း၊ ေသြးေၾကာပိတ္ျခင္း၊ ႏွလံုးႀကီးျခင္း) တို႔၏ အဓိကအေၾကာင္းရင္းျဖစ္ပါတယ္။ ေအာက္ေသြးျမင့္မားလာျခင္းေၾကာင့္ ႏွလံုးေသြးေၾကာမ်ား ထူထဲမာေက်ာလာျခင္း၊ ႏွလံုးႂကြက္သားမ်ားထူထဲလာျခင္းႏွင့္ ႏွလံုးညႇစ္အားေလ်ာ့နည္းလာျခင္း (Heart Failure) တုိ႔ျဖစ္ေပၚလာတတ္ပါတယ္။ 2004 ခုႏွစ္ ထုတ္ေ၀တဲ့ New England journal of Medicine မွာလည္း ေအာက္ေသြးျမင့္တက္လာျခင္းႏွင့္ ႏွလံုးညႇစ္အားေလ်ာ့နည္းလာျခင္း ဆက္စပ္မႈရွိတယ္လို႔ေဖာ္ျပထားပါတယ္။

ေလျဖတ္ေရာဂါ (Stroke)


2010 ခုႏွစ္တြင္ ထုတ္ေ၀ခဲ့တဲ့ Journal of Epidemialogy and Community Heart အရ ေအာက္ေသြးပမာဏ 90 ေက်ာ္ျခင္းဟာ ေလျဖတ္ေရာဂါျဖစ္ပြားႏႈန္းနဲ႔ ေသဆံုးႏႈန္းကိုျမင့္တက္ေစတယ္လို႔ ေလ့လာသိရွိရပါတယ္။ ေသြးဖိအားျမင့္တက္လာျခင္းေၾကာင့္ ဦးေႏွာက္ေသြးေၾကာေပါက္ျခင္းျဖစ္ေပၚေစၿပီး ေလျဖတ္ျခင္း (Stroke) ကို ျဖစ္ေစပါတယ္။


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔မွ်ေဝေပးပါေနာ္...

Credit:Dr. Htet Htet Aun
# Unicode Version ျဖင့္ ဖတ္ပါ #
 သွေးတိုးရောဂါ (Hypertension)

အပေါ်သွေး (SBP) ပမာဏပုံမှန်ဖြစ်နေရင်တောင်မှ အောက်သွေး (DBP) မြင့်နေတယ်ဆိုရင် သွေးတိုးရောဂါရှိနေပြီလို့ဆိုနိုင်ပါတယ်။ သွေးတိုးရောဂါကို မကုသဘဲထားပါက လေဖြတ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းခြင်းနှင့် ကျောက်ကပ်ပျက်ဆီးခြင်း တို့ကို နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ခံစားရနိုင်ပါတယ်။

နှလုံးသွေးကြောဆိုင်ရာရောဂါများ (Cardiavascular Risks)

အောက်သွေး (DBP) မြင့်မားနေခြင်းဟာ နှလုံးရောဂါ (နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ နှလုံးကြီးခြင်း) တို့၏ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ အောက်သွေးမြင့်မားလာခြင်းကြောင့် နှလုံးသွေးကြောများ ထူထဲမာကျောလာခြင်း၊ နှလုံးကြွက်သားများထူထဲလာခြင်းနှင့် နှလုံးညှစ်အားလျော့နည်းလာခြင်း (Heart Failure) တို့ဖြစ်ပေါ်လာတတ်ပါတယ်။ 2004 ခုနှစ် ထုတ်ဝေတဲ့ New England journal of Medicine မှာလည်း အောက်သွေးမြင့်တက်လာခြင်းနှင့် နှလုံးညှစ်အားလျော့နည်းလာခြင်း ဆက်စပ်မှုရှိတယ်လို့ဖော်ပြထားပါတယ်။

လေဖြတ်ရောဂါ (Stroke)

2010 ခုနှစ်တွင် ထုတ်ဝေခဲ့တဲ့ Journal of Epidemialogy and Community Heart အရ အောက်သွေးပမာဏ 90 ကျော်ခြင်းဟာ လေဖြတ်ရောဂါဖြစ်ပွားနှုန်းနဲ့ သေဆုံးနှုန်းကိုမြင့်တက်စေတယ်လို့ လေ့လာသိရှိရပါတယ်။ သွေးဖိအားမြင့်တက်လာခြင်းကြောင့် ဦးနှောက်သွေးကြောပေါက်ခြင်းဖြစ်ပေါ်စေပြီး လေဖြတ်ခြင်း (Stroke) ကို ဖြစ်စေပါတယ်။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔မွ်ေဝေပးပါေနာ္...

Credit:Dr. Htet Htet Aun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top