iMyanmarHouse.com - Best Property Website for Myanmar
×

ေဂၚဖီ ေခၚ မုန္လာထုပ္၊ ဘ႐ိုကိုလီ ေခၚ ပန္းမုံလာစိမ္း အပါအဝင္ ဟင္းသီးဟင္း႐ြက္တခ်ိဳ႕ဟာ အူကင္ဆာ ျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ သိပၸံပညာရွင္ေတြက စမ္းသပ္ေတြ႕ရွိအတည္ျပဳလိုက္ၾကပါၿပီ။

ေဂၚဖီႏြယ္ဝင္ ဟင္းသီးဟင္း႐ြက္ေတြဟာ အူလမ္းေၾကာင္းအတြက္ ေကာင္းက်ိဳးျပဳတဲ့အစာေတြ ဆိုတာကေတာ့ သံသယျဖစ္စရာမရွိပါဘူး။ ဒါကို အားလုံးက အျငင္းပြားသူမရွိ သေဘာတူညီထားခဲ့ၾကတာ ၾကာလွပါၿပီ။ ဒါေပမယ့္ အူကင္ဆာ၊ အူမႀကီးကင္ဆာေတြကို ကာကြယ္ႏိုင္တယ္ဆိုတဲ့ အဆင့္အထိ သက္ေသျပဖို႔ကိုေတာ့ အရင္က နည္းနည္းအခက္ေတြ႕ခဲ့ၾကပါတယ္။ သတင္းေကာင္းကို ေျပာရရင္ အခုေတာ့ အတည္ျပဳလိုက္ႏိုင္ပါၿပီ။ ဘာ့ေၾကာင့္ ဘယ္လို ကာကြယ္ႏိုင္တယ္ဆိုတာကိုလည္း အခုေတာ့ ခ်က္နဲ႔လက္နဲ႔ က်က်နနရွင္းျပႏိုင္ခဲ့ၾကပါၿပီ။

ဟင္းသီးဟင္း႐ြက္ေတြ အစာေျခေၾကညက္သြားခ်ိန္မွာ ကင္ဆာဆန္႔က်င္ ဓာတုပစၥည္းေတြကို ထုတ္လုပ္ေပးေၾကာင္း Francis Crick Institute သုေတသန အဖြဲ႕က သက္ေသျပလိုက္ႏိုင္တာပါ။

ဟင္းသီးဟင္း႐ြက္ကို ဘာ့ေၾကာင့္ ပိုစားသင့္သလဲလို႔ ေမးလာရင္ အေၾကာင္းျပစရာ အခ်က္ေတြ တပုံတပင္ပဲလို႔ Cancer Research UK ကလည္း ေျပာပါတယ္။

ဟင္းသီးဟင္း႐ြက္ေတြဟာ အူနံရံကို ဘယ္လိုေျပာင္းလဲေပးႏိုင္ေၾကာင္းကို အဓိကထားၿပီး Francis Crick Institute ကသုေတသနလုပ္ခဲ့ပါတယ္။ အဲဒီသုေတသနကို ႂကြက္ေတြနဲ႔ စမ္းသပ္ခဲ့သလို ဓာတ္ခြဲခန္းမွာ လုပ္ထားတဲ့ အူမႀကီးပုံစံတူေတြနဲ႔လည္း စမ္းသပ္ခဲ့ပါတယ္။

အူမႀကီးနံရံရဲ႕ လုပ္ငန္းေဆာင္႐ြက္ပုံေတြ အမ်ားအျပားရွိတဲ့အနက္ တခ်က္က လူ႔အေရျပားအလုပ္လုပ္ပုံနဲ႔ ဆင္တူေနပါတယ္။ အဲဒါက ဘာလဲဆိုေတာ့ အ ေရခြံလဲတတ္တဲ့ အခ်က္ပါ။ လူဟာ ေႁမြေတြလို အေရခြံလဲတတ္တယ္ဆိုရင္ တခ်ိဳ႕က အံ့ၾသေကာင္း အံ့ၾသၾကပါလိမ့္မယ္။ လူေတြရဲ႕ လက္ေတြ ေျခေတြမွာ အေရခြံကြာတာဟာ ေႁမြေတြ အေရခြံလဲတာနဲ႔ သေဘာသဘာဝခ်င္း အတူတူပါပဲ။ အူမႀကီးရဲ႕ နံရံမွာလည္း အဲသလိုပဲ အေဟာင္းၿပိဳပ်က္ၿပီး အသစ္အစားထိုးတဲ့ ျဖစ္စဥ္ဟာ စဥ္ဆက္မျပတ္ျဖစ္ေပၚေနပါတယ္။ အူနံရံ အသစ္လဲတယ္၊ အူနံရံ အေပြးတက္တယ္၊ အူနံရံ အသားႏုတက္တယ္ စသျဖင့္ ေခၚေဝၚရင္ မမွားဘူးထင္ပါတယ္။ အဲသလို အူနံရံအေရပါး အသစ္လဲတဲ့ ျဖစ္စဥ္ဟာ ၄ ရက္ ၅ ရက္ေလာက္အခ်ိန္ၾကာပါတယ္။ ဒီအူနံရံ အေရပါး ေတာက္ေလွ်ာက္ အသစ္လဲ အစားထိုးတဲ့ျဖစ္စဥ္ဟာ မွန္ကန္တဲ့ လုပ္ငန္းစဥ္ျဖစ္ေအာင္ ထိန္းသိမ္းဖို႔ လိုပါတယ္။ အလုပ္လုပ္ပုံမမွန္ရင္ ကင္ဆာျဖစ္ႏိုင္ပါတယ္။ အူေရာင္ႏိုင္ပါတယ္။

အဲသလို ပုံမွန္အလုပ္လုပ္ေရးမွာ မုန္လာႏြယ္ဝင္ ဟင္းသီးဟင္း႐ြက္ေတြက ထြက္တဲ့ ဓာတ္ပစၥည္းဟာ မပါမျဖစ္ေလာက္ေအာင္ကို အေရးပါေနတယ္လို႔ Immunity ေဆးပညာ ဂ်ာနယ္က ထုတ္ေဖာ္ေရးသားလိုက္ပါတယ္။
ေဒါက္တာဘ႐ိုကိုလီလို႔ နာမည္ႀကီးတဲ့ ဘ႐ိုကိုလီ ေခၚ ပန္းမုန္လာစိမ္းဟာ ကင္ဆာကို ကာကြယ္ေၾကာင္း အတည္ျပဳႏိုင္ၿပီ
မီးဖိုေခ်ာင္မွသည္ ကင္ဆာကာကြယ္ေရးသို႔

ေဂၚဖီႏြယ္ဝင္ ဟင္းသီးဟင္း႐ြက္ေတြကို အစာေျခလိုက္တဲ့အခါမွာ အင္ဒိုးသရီးကာဘင္ေနာ ဆိုတဲ့ ဓာတ္ပစၥည္းထြက္ပါတယ္။ ဟင္းခ်က္တဲ့ အခါ အဲဒီ အင္ဒိုးသရီးကာဘင္ေနာ ဓာတ္ကို မပ်က္မစီးေအာင္ထိန္းသိမ္းဖို႔လိုပါတယ္။ ဘယ္လို ထိန္းသိမ္းရမလဲဆိုေတာ့ “အက်က္လြန္ေအာင္ မခ်က္၊ မေၾကာ္ပါနဲ႔။ ဘ႐ိုကိုလီလို႔ေခၚတဲ့ ပန္းမုံလာစိမ္းေတြကို ခ်က္ရင္ ေပ်ာ့ဖတ္ႏြမ္းအိသြားေအာင္ မခ်က္ၾကပါနဲ႔။” လို႔ သုေတသီ ေဒါက္တာ ဂီတစေတာ့ကင္ဂါက အႀကံေပးပါတယ္။

ေဂၚဖီတို႔ ဘ႐ိုကိုလီတို႔ကို စားလိုက္တဲ့အခါ အဲဒီမွာပါတဲ့ အင္ဒိုးသရီးကာဘင္ေနာဓာတ္ကို အစာအိမ္ထဲက အက္ဆစ္ကမြမ္းမံျပဳျပင္လိုက္ပါတယ္။ အဲသလို မြမ္းမံျပဳျပင္ၿပီးေနာက္မွာေတာ့ သူဟာ အစာေျခစနစ္အတိုင္း ဆက္လက္ခရီးႏွင္ပါတယ္။

ကင္ဆာ အဖုအက်ိတ္ထြက္စျပဳတဲ့ ႂကြက္ေတြကိုေတာင္ ဟင္းသီးဟင္း႐ြက္ထည့္ေကြၽးၿပီး အင္ဒိုးသရီးကာဘင္ေနာ ဓာတ္ရေအာင္ လုပ္ေပးလိုက္တဲ့အခါ အဖုအက်ိတ္ဟာ ဆက္ႀကီးမလာေတာ့ဘဲ ရပ္သြားတာေတြ႕ရပါတယ္
ေဒါက္တာဂီတစေတာ့ကင္ဂါ

အူမႀကီးေအာက္ပိုင္းကိုေရာက္သြားတဲ့အခါ အဲဒီအာဟာရဟာ ပင္မကလာပ္စည္း stem cell ရဲ႕ လုပ္ငန္းေဆာင္႐ြက္ပုံ ဟန္ပန္ကို ျပဳျပင္ေျပာင္းလဲေပးပါတယ္။

ပင္မကလာပ္စည္းဆိုတာ လူ႔ခႏၶာကိုယ္ရဲ႕ သေႏၶသားပထမအဆင့္မွာေတြ႕ရတတ္တဲ့ ကလာပ္စည္းမ်ိဳးပါ။ အဲဒီပင္မကလာပ္စည္းကေန လူ႔ခႏၶာကိုယ္ရဲ႕ တျခား အဂၤါ အသီးသီးက ကလာပ္စည္းေတြကို ဆင့္ပြားထုတ္လုပ္ႏိုင္လို႔ သူ႔ကို ပင္မကလာပ္စည္းလို႔ ေခၚပါတယ္။

ပင္မကလာပ္စည္းေတြဟာ အူနံရံအသစ္လဲတာကိုလုပ္သလို ေရာင္ရမ္းျခင္းကို ထိန္းတဲ့ ခုခံအားကလာပ္စည္းေတြ အသစ္လဲတာကိုလည္း လုပ္ပါတယ္။
ေကးလ္ အ႐ြက္ဟာလည္း ေဂၚဖီႏြယ္ဝင္ ဟင္းသီးဟင္း႐ြက္ျဖစ္ၿပီး အင္ဒိုးသရီးကာဘင္ေနာဓာတ္ထုတ္လုပ္ေပးႏိုင္
သုေတသနျပဳေလ့လာခ်က္ေတြအရ အင္ဒိုးသရီးကာဘင္ေနာ ဓာတ္ႂကြယ္ဝတဲ့ အစာေတြဟာ ႂကြက္ေတြကို ကင္ဆာမျဖစ္ေအာင္ အကာအကြယ္ေပးတာေတြ႕ရပါတယ္။ မ်ိဳးဗီဇအရ ကင္ဆာျဖစ္ႏိုင္ေျခမ်ားတဲ့ ႂကြက္ေတြနဲ႔ စမ္းသပ္ရာမွာ အဲသလိုႂကြက္ေတြကိုေတာင္မွ အင္ဒိုးသရီးကာဘင္ေနာက အကာအကြယ္ေပးသြားတာကို ေတြ႕ရပါတယ္။

အင္ဒိုးသရီးကာဘင္ေနာဓာတ္နဲ႔ အကာအကြယ္ေပးမထားတဲ့အခါမွာေတာ့ အူအတြင္းက ကလာပ္စည္းေတြဟာ ထိန္းမရဘဲ ၿပိဳကြဲကုန္တာကို ေတြ႕ရပါတယ္။

“ကင္ဆာ အဖုအက်ိတ္ထြက္စျပဳတဲ့ ႂကြက္ေတြကိုေတာင္ ဟင္းသီးဟင္း႐ြက္ထည့္ေကြၽးၿပီး အင္ဒိုးသရီးကာဘင္ေနာ ဓာတ္ရေအာင္ လုပ္ေပးလိုက္တဲ့အခါ အဖုအက်ိတ္ဟာ ဆက္ႀကီးမလာေတာ့ဘဲ ရပ္သြားတာေတြ႕ရပါတယ္” လို႔ ေဒါက္တာ စေတာ့ကင္ဂါက ေျပာပါတယ္။

အူကင္ဆာျဖစ္ခဲ့ရင္

မစင္ထဲမွာေသြးပါတာကို ရပ္ေအာင္လုပ္ဖို႔ခက္ခဲတာ
အူလမ္းေၾကာင္းရဲ႕ အလုပ္လုပ္ပုံမူမမွန္တာ၊ အိမ္သာ ခဏခဏတက္ရတာမ်ိဳး
ဗိုက္နာတာ၊ ဗိုက္တင္းျပည့္အင့္ၿပီး မအီမသာျဖစ္တာမ်ိဳး

စတဲ့လကၡဏာေတြ ေတြ႕ရတတ္ပါတယ္။

ေဒါက္တာ ဂီတ စေတာ့ကင္ဂါ ကေတာ့ အခုထြက္လာတဲ့ ရလဒ္ကို ေက်နပ္အားရေနပါေလရဲ႕။ သူဟာ အခုဆိုရင္ အစာကိုေလွ်ာ့စားၿပီး ဟင္းသီးဟင္း႐ြက္မ်ားမ်ားစားေနတယ္လို႔ ေျပာပါတယ္။

“ပန္းမုံလာစိမ္းနဲ႔ ေဂၚဖီထုပ္လို ဟင္းသီးဟင္း႐ြက္ေတြမွာ ဖိုင္ဘာပါတယ္ဆိုတာကို ကြၽန္ေတာ္တို႔ ေစာေစာကတည္းကသိခဲ့ၾကၿပီးသားပါ။ အခုေတာ့ သူတို႔ဟာ အူကင္ဆာအႏၲရာယ္ကိုပါေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း အခုႂကြက္ေတြနဲ႔ စမ္းသပ္ခ်က္အရ သိလိုက္ရပါၿပီ။ အဲဒီဓာတ္ပစၥည္းဟာ လူေတြမွာလည္း ႂကြက္နဲ႔ တန္းတူ အက်ိဳးသက္ေရာက္မႈရွိမရွိဆိုတာကို ေနာက္ထပ္စမ္းသပ္ခ်က္ေတြ လုပ္ၿပီးရင္ တိတိက်က်သိရပါမယ္။ ေလာေလာဆယ္သိရသေလာက္ကို ေျပာရမယ္ဆိုရင္လည္း ဟင္းသီးဟင္း႐ြက္ကို မ်ားမ်ားစားသင့္ေၾကာင္းကိုေတာ့ က်ိဳးေၾကာင္းခ်က္လက္နဲ႔တကြ သိလိုက္ရပါၿပီ” လို႔ Cancer Research UK အဖြဲ႕က ပါေမာကၡ တင္မ္ကီးကေျပာပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔မွ်ေဝေပးပါေနာ္...

Credict:www.work-ready.net
ဂေါ်ဖီ ခေါ် မုန်လာထုပ်၊ ဘရိုကိုလီ ခေါ် ပန်းမုံလာစိမ်း အပါအဝင် ဟင်းသီးဟင်းရွက်တချို့ဟာ အူကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက စမ်းသပ်တွေ့ရှိအတည်ပြုလိုက်ကြပါပြီ။

ဂေါ်ဖီနွယ်ဝင် ဟင်းသီးဟင်းရွက်တွေဟာ အူလမ်းကြောင်းအတွက် ကောင်းကျိုးပြုတဲ့အစာတွေ ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး။ ဒါကို အားလုံးက အငြင်းပွားသူမရှိ သဘောတူညီထားခဲ့ကြတာ ကြာလှပါပြီ။ ဒါပေမယ့် အူကင်ဆာ၊ အူမကြီးကင်ဆာတွေကို ကာကွယ်နိုင်တယ်ဆိုတဲ့ အဆင့်အထိ သက်သေပြဖို့ကိုတော့ အရင်က နည်းနည်းအခက်တွေ့ခဲ့ကြပါတယ်။ သတင်းကောင်းကို ပြောရရင် အခုတော့ အတည်ပြုလိုက်နိုင်ပါပြီ။ ဘာ့ကြောင့် ဘယ်လို ကာကွယ်နိုင်တယ်ဆိုတာကိုလည်း အခုတော့ ချက်နဲ့လက်နဲ့ ကျကျနနရှင်းပြနိုင်ခဲ့ကြပါပြီ။

ဟင်းသီးဟင်းရွက်တွေ အစာခြေကြေညက်သွားချိန်မှာ ကင်ဆာဆန့်ကျင် ဓာတုပစ္စည်းတွေကို ထုတ်လုပ်ပေးကြောင်း Francis Crick Institute သုတေသန အဖွဲ့က သက်သေပြလိုက်နိုင်တာပါ။

ဟင်းသီးဟင်းရွက်ကို ဘာ့ကြောင့် ပိုစားသင့်သလဲလို့ မေးလာရင် အကြောင်းပြစရာ အချက်တွေ တပုံတပင်ပဲလို့ Cancer Research UK ကလည်း ပြောပါတယ်။

ဟင်းသီးဟင်းရွက်တွေဟာ အူနံရံကို ဘယ်လိုပြောင်းလဲပေးနိုင်ကြောင်းကို အဓိကထားပြီး Francis Crick Institute ကသုတေသနလုပ်ခဲ့ပါတယ်။ အဲဒီသုတေသနကို ကြွက်တွေနဲ့ စမ်းသပ်ခဲ့သလို ဓာတ်ခွဲခန်းမှာ လုပ်ထားတဲ့ အူမကြီးပုံစံတူတွေနဲ့လည်း စမ်းသပ်ခဲ့ပါတယ်။

အူမကြီးနံရံရဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေ အများအပြားရှိတဲ့အနက် တချက်က လူ့အရေပြားအလုပ်လုပ်ပုံနဲ့ ဆင်တူနေပါတယ်။ အဲဒါက ဘာလဲဆိုတော့ အ ရေခွံလဲတတ်တဲ့ အချက်ပါ။ လူဟာ မြွေတွေလို အရေခွံလဲတတ်တယ်ဆိုရင် တချို့က အံ့သြကောင်း အံ့သြကြပါလိမ့်မယ်။ လူတွေရဲ့ လက်တွေ ခြေတွေမှာ အရေခွံကွာတာဟာ မြွေတွေ အရေခွံလဲတာနဲ့ သဘောသဘာဝချင်း အတူတူပါပဲ။ အူမကြီးရဲ့ နံရံမှာလည်း အဲသလိုပဲ အဟောင်းပြိုပျက်ပြီး အသစ်အစားထိုးတဲ့ ဖြစ်စဉ်ဟာ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။ အူနံရံ အသစ်လဲတယ်၊ အူနံရံ အပွေးတက်တယ်၊ အူနံရံ အသားနုတက်တယ် စသဖြင့် ခေါ်ဝေါ်ရင် မမှားဘူးထင်ပါတယ်။ အဲသလို အူနံရံအရေပါး အသစ်လဲတဲ့ ဖြစ်စဉ်ဟာ ၄ ရက် ၅ ရက်လောက်အချိန်ကြာပါတယ်။ ဒီအူနံရံ အရေပါး တောက်လျှောက် အသစ်လဲ အစားထိုးတဲ့ဖြစ်စဉ်ဟာ မှန်ကန်တဲ့ လုပ်ငန်းစဉ်ဖြစ်အောင် ထိန်းသိမ်းဖို့ လိုပါတယ်။ အလုပ်လုပ်ပုံမမှန်ရင် ကင်ဆာဖြစ်နိုင်ပါတယ်။ အူရောင်နိုင်ပါတယ်။

အဲသလို ပုံမှန်အလုပ်လုပ်ရေးမှာ မုန်လာနွယ်ဝင် ဟင်းသီးဟင်းရွက်တွေက ထွက်တဲ့ ဓာတ်ပစ္စည်းဟာ မပါမဖြစ်လောက်အောင်ကို အရေးပါနေတယ်လို့ Immunity ဆေးပညာ ဂျာနယ်က ထုတ်ဖော်ရေးသားလိုက်ပါတယ်။
ဒေါက်တာဘရိုကိုလီလို့ နာမည်ကြီးတဲ့ ဘရိုကိုလီ ခေါ် ပန်းမုန်လာစိမ်းဟာ ကင်ဆာကို ကာကွယ်ကြောင်း အတည်ပြုနိုင်ပြီ
မီးဖိုချောင်မှသည် ကင်ဆာကာကွယ်ရေးသို့

ဂေါ်ဖီနွယ်ဝင် ဟင်းသီးဟင်းရွက်တွေကို အစာခြေလိုက်တဲ့အခါမှာ အင်ဒိုးသရီးကာဘင်နော ဆိုတဲ့ ဓာတ်ပစ္စည်းထွက်ပါတယ်။ ဟင်းချက်တဲ့ အခါ အဲဒီ အင်ဒိုးသရီးကာဘင်နော ဓာတ်ကို မပျက်မစီးအောင်ထိန်းသိမ်းဖို့လိုပါတယ်။ ဘယ်လို ထိန်းသိမ်းရမလဲဆိုတော့ “အကျက်လွန်အောင် မချက်၊ မကြော်ပါနဲ့။ ဘရိုကိုလီလို့ခေါ်တဲ့ ပန်းမုံလာစိမ်းတွေကို ချက်ရင် ပျော့ဖတ်နွမ်းအိသွားအောင် မချက်ကြပါနဲ့။” လို့ သုတေသီ ဒေါက်တာ ဂီတစတော့ကင်ဂါက အကြံပေးပါတယ်။

ဂေါ်ဖီတို့ ဘရိုကိုလီတို့ကို စားလိုက်တဲ့အခါ အဲဒီမှာပါတဲ့ အင်ဒိုးသရီးကာဘင်နောဓာတ်ကို အစာအိမ်ထဲက အက်ဆစ်ကမွမ်းမံပြုပြင်လိုက်ပါတယ်။ အဲသလို မွမ်းမံပြုပြင်ပြီးနောက်မှာတော့ သူဟာ အစာခြေစနစ်အတိုင်း ဆက်လက်ခရီးနှင်ပါတယ်။

ကင်ဆာ အဖုအကျိတ်ထွက်စပြုတဲ့ ကြွက်တွေကိုတောင် ဟင်းသီးဟင်းရွက်ထည့်ကျွေးပြီး အင်ဒိုးသရီးကာဘင်နော ဓာတ်ရအောင် လုပ်ပေးလိုက်တဲ့အခါ အဖုအကျိတ်ဟာ ဆက်ကြီးမလာတော့ဘဲ ရပ်သွားတာတွေ့ရပါတယ်
ဒေါက်တာဂီတစတော့ကင်ဂါ

အူမကြီးအောက်ပိုင်းကိုရောက်သွားတဲ့အခါ အဲဒီအာဟာရဟာ ပင်မကလာပ်စည်း stem cell ရဲ့ လုပ်ငန်းဆောင်ရွက်ပုံ ဟန်ပန်ကို ပြုပြင်ပြောင်းလဲပေးပါတယ်။

ပင်မကလာပ်စည်းဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ သန္ဓေသားပထမအဆင့်မှာတွေ့ရတတ်တဲ့ ကလာပ်စည်းမျိုးပါ။ အဲဒီပင်မကလာပ်စည်းကနေ လူ့ခန္ဓာကိုယ်ရဲ့ တခြား အင်္ဂါ အသီးသီးက ကလာပ်စည်းတွေကို ဆင့်ပွားထုတ်လုပ်နိုင်လို့ သူ့ကို ပင်မကလာပ်စည်းလို့ ခေါ်ပါတယ်။

ပင်မကလာပ်စည်းတွေဟာ အူနံရံအသစ်လဲတာကိုလုပ်သလို ရောင်ရမ်းခြင်းကို ထိန်းတဲ့ ခုခံအားကလာပ်စည်းတွေ အသစ်လဲတာကိုလည်း လုပ်ပါတယ်။
ကေးလ် အရွက်ဟာလည်း ဂေါ်ဖီနွယ်ဝင် ဟင်းသီးဟင်းရွက်ဖြစ်ပြီး အင်ဒိုးသရီးကာဘင်နောဓာတ်ထုတ်လုပ်ပေးနိုင်
သုတေသနပြုလေ့လာချက်တွေအရ အင်ဒိုးသရီးကာဘင်နော ဓာတ်ကြွယ်ဝတဲ့ အစာတွေဟာ ကြွက်တွေကို ကင်ဆာမဖြစ်အောင် အကာအကွယ်ပေးတာတွေ့ရပါတယ်။ မျိုးဗီဇအရ ကင်ဆာဖြစ်နိုင်ခြေများတဲ့ ကြွက်တွေနဲ့ စမ်းသပ်ရာမှာ အဲသလိုကြွက်တွေကိုတောင်မှ အင်ဒိုးသရီးကာဘင်နောက အကာအကွယ်ပေးသွားတာကို တွေ့ရပါတယ်။

အင်ဒိုးသရီးကာဘင်နောဓာတ်နဲ့ အကာအကွယ်ပေးမထားတဲ့အခါမှာတော့ အူအတွင်းက ကလာပ်စည်းတွေဟာ ထိန်းမရဘဲ ပြိုကွဲကုန်တာကို တွေ့ရပါတယ်။

“ကင်ဆာ အဖုအကျိတ်ထွက်စပြုတဲ့ ကြွက်တွေကိုတောင် ဟင်းသီးဟင်းရွက်ထည့်ကျွေးပြီး အင်ဒိုးသရီးကာဘင်နော ဓာတ်ရအောင် လုပ်ပေးလိုက်တဲ့အခါ အဖုအကျိတ်ဟာ ဆက်ကြီးမလာတော့ဘဲ ရပ်သွားတာတွေ့ရပါတယ်” လို့ ဒေါက်တာ စတော့ကင်ဂါက ပြောပါတယ်။

အူကင်ဆာဖြစ်ခဲ့ရင်

မစင်ထဲမှာသွေးပါတာကို ရပ်အောင်လုပ်ဖို့ခက်ခဲတာ
အူလမ်းကြောင်းရဲ့ အလုပ်လုပ်ပုံမူမမှန်တာ၊ အိမ်သာ ခဏခဏတက်ရတာမျိုး
ဗိုက်နာတာ၊ ဗိုက်တင်းပြည့်အင့်ပြီး မအီမသာဖြစ်တာမျိုး

စတဲ့လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

ဒေါက်တာ ဂီတ စတော့ကင်ဂါ ကတော့ အခုထွက်လာတဲ့ ရလဒ်ကို ကျေနပ်အားရနေပါလေရဲ့။ သူဟာ အခုဆိုရင် အစာကိုလျှော့စားပြီး ဟင်းသီးဟင်းရွက်များများစားနေတယ်လို့ ပြောပါတယ်။

“ပန်းမုံလာစိမ်းနဲ့ ဂေါ်ဖီထုပ်လို ဟင်းသီးဟင်းရွက်တွေမှာ ဖိုင်ဘာပါတယ်ဆိုတာကို ကျွန်တော်တို့ စောစောကတည်းကသိခဲ့ကြပြီးသားပါ။ အခုတော့ သူတို့ဟာ အူကင်ဆာအန္တရာယ်ကိုပါလျှော့ချပေးနိုင်ကြောင်း အခုကြွက်တွေနဲ့ စမ်းသပ်ချက်အရ သိလိုက်ရပါပြီ။ အဲဒီဓာတ်ပစ္စည်းဟာ လူတွေမှာလည်း ကြွက်နဲ့ တန်းတူ အကျိုးသက်ရောက်မှုရှိမရှိဆိုတာကို နောက်ထပ်စမ်းသပ်ချက်တွေ လုပ်ပြီးရင် တိတိကျကျသိရပါမယ်။ လောလောဆယ်သိရသလောက်ကို ပြောရမယ်ဆိုရင်လည်း ဟင်းသီးဟင်းရွက်ကို များများစားသင့်ကြောင်းကိုတော့ ကျိုးကြောင်းချက်လက်နဲ့တကွ သိလိုက်ရပါပြီ” လို့ Cancer Research UK အဖွဲ့က ပါမောက္ခ တင်မ်ကီးကပြောပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
Credict:www.work-ready.net

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top