iMyanmarHouse.com - Best Property Website for Myanmar
×

တ႐ုတ္ႏိုင္ငံေတာင္ပိုင္းကလူတစ္ဦးဟာ ခႏၶာကိုယ္အတြင္း ဝါးအခၽြန္ေပါင္း ၁၀ ခုစိုက္ဝင္ခဲ့ေပမဲ့ အသက္ေသဆုံးမႈမရွိခဲ့ဘဲ ကံေကာင္းစြာနဲ႔ အသက္ရွင္ခဲ့တယ္လို႔ တ႐ုတ္သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
ဒီတ႐ုတ္ႏိုင္ငံသားဟာ ဆိုင္ကယ္စီးလာခ်ိန္မွာ
ေရွ႕မွာရပ္ထားတဲ့ ဝါးလုံးေတြတင္လာတဲ့ကားကို အရွိန္နဲ႔ဝင္တိုက္မိခဲ့ၿပီး ကားမွာတင္လာတဲ့ ဝါးလုံးေတြက သူ႕ခႏၶာကိုယ္အတြင္း စိုက္ဝင္ခဲ့တာျဖစ္ပါတယ္။
ကယ္ဆယ္ေရးသမားေတြဟာ ေသြးထြက္လြန္မွာစိုးရိမ္ကာ သူ႕ခႏၶာကိုယ္မွာစိုက္ဝင္ေနတဲ့ ဝါးလုံးေတြကို ျဖတ္ေတာက္ခဲ့ၿပီး ေဆး႐ုံကို တင္ပို႔ခဲ့ပါတယ္။ ေဆး႐ုံေရာက္ရွိခ်ိန္မွာေတာ့ ခႏၶာကိုယ္အႏွံ႔မွာ စိုက္ဝင္ေနတဲ့ဝါးလုံးေတြကို ဆရာဝန္ေတြက ခြဲစိတ္ဖယ္ရွားေပးခဲ့ၿပီး လက္ရွိအခ်ိန္မွာ အေျခအေနေကာင္းမြန္ေနၿပီလို႔ သိရပါတယ္။
မ်က္ျမင္သက္ေသေတြက ဝါးအခၽြန္ေတြ ခႏၶာကိုယ္အတြင္းကို စိုက္ဝင္ခဲ့ေပမယ့္ အသက္မေသခဲ့တာဟာ အလြန္ကံေကာင္းလို႔သာ ျဖစ္တယ္လို႔ ေျပာေနၾကပါတယ္။

Credit:.yoyarlay
# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နိုင်ငံတောင်ပိုင်းကလူတစ်ဦးဟာ ခန္ဓာကိုယ်အတွင်း ဝါးအချွန်ပေါင်း ၁၀ ခုစိုက်ဝင်ခဲ့ပေမဲ့ အသက်သေဆုံးမှုမရှိခဲ့ဘဲ ကံကောင်းစွာနဲ့ အသက်ရှင်ခဲ့တယ်လို့ တရုတ်သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒီတရုတ်နိုင်ငံသားဟာ ဆိုင်ကယ်စီးလာချိန်မှာ

ရှေ့မှာရပ်ထားတဲ့ ဝါးလုံးတွေတင်လာတဲ့ကားကို အရှိန်နဲ့ဝင်တိုက်မိခဲ့ပြီး ကားမှာတင်လာတဲ့ ဝါးလုံးတွေက သူ့ခန္ဓာကိုယ်အတွင်း စိုက်ဝင်ခဲ့တာဖြစ်ပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ သွေးထွက်လွန်မှာစိုးရိမ်ကာ သူ့ခန္ဓာကိုယ်မှာစိုက်ဝင်နေတဲ့ ဝါးလုံးတွေကို ဖြတ်တောက်ခဲ့ပြီး ဆေးရုံကို တင်ပို့ခဲ့ပါတယ်။ ဆေးရုံရောက်ရှိချိန်မှာတော့ ခန္ဓာကိုယ်အနှံ့မှာ စိုက်ဝင်နေတဲ့ဝါးလုံးတွေကို ဆရာဝန်တွေက ခွဲစိတ်ဖယ်ရှားပေးခဲ့ပြီး လက်ရှိအချိန်မှာ အခြေအနေကောင်းမွန်နေပြီလို့ သိရပါတယ်။

မျက်မြင်သက်သေတွေက ဝါးအချွန်တွေ ခန္ဓာကိုယ်အတွင်းကို စိုက်ဝင်ခဲ့ပေမယ့် အသက်မသေခဲ့တာဟာ အလွန်ကံကောင်းလို့သာ ဖြစ်တယ်လို့ ပြောနေကြပါတယ်။

Credit:.yoyarlay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top