iMyanmarHouse.com - Best Property Website for Myanmar
×






ကမ္ဘာကြီးကလေ
ပေးထားတတ်ပါတယ်

# Unicode Version ဖြင့် ဖတ်ပါ #
လက်လွှတ်ရမယ့် လူတချို့ရှိတယ်
လက်မလွှတ်နိုင်ရင် စိတ်ထဲကနေ တဖြည်းဖြည်း ထုတ်ပစ်ရတယ်

တစ်စုံတယောက်ရဲ့ ပေးဆပ်မှုကို တန်ဖိုးမထားတတ်သူ
အသိအမှတ်ပြုရကောင်းမှန်း မသိတတ်သူ
အယူချည်းပဲရှိပြီး ပြန်ပေးရမှန်း မသိတဲ့သူ
ကိုယ်နဲ့ပတ်သက်ရင် ခံစားချက် ဘာမှမရှိတဲ့သူ
ကိုယ့်ဆီက ထွက်ခွာချင်နေသူ
ကိုယ့်ကို အမြဲစိတ်ဆင်းရဲဖို့ သေချာနေစေသူ

ကိုယ့်ဖြစ်တည်မှုကို တန်ဖိုးမထားသူ
ကိုယ့်ပေးဆပ်မှုတွေ တန်ဖိုးမထားသူ
ကိုယ့်အပေါ် ခံစားချက် မရှိသူတွေကို
စိတ်ထဲကနေ ထုတ်ပစ်နိုင်လေ စိတ်ချမ်းသာရလေပဲ

ကိုယ့်ကို လိုအပ်တဲ့နေရာမှာ ရှင်သန်ပါ
ကိုယ့်တန်ဖိုးကို သိတဲ့သူအတွက် ပေးဆပ်ပါ
ဒါ ကိုယ့်ကိုကိုယ် တန်ဖိုးရှိကြောင်း
ကိုယ်ဆိုတာ အရေးပါကြောင်း
အမြဲ အမှတ်ရနေစေတဲ့ အချက်ပဲ

ဒါမှ ဘဝဆိုတာ ပျော်စရာကောင်းတာ
ကိုယ့်ကို မလိုအပ်တဲ့သူဆီမှာ ရောက်ရှိနေတာ
တန်ဖိုးမထားသူကို ပေးဆပ်နေတာ
ကိုယ့်ကိုကိုယ် အကြိမ်ကြိမ် သေဆုံးအောင် ပြန်သတ်နေသလိုပဲ

ကမ္ဘာကြီးကလေ
သင့်ကို ပျော်ရွှင်စရာ နေရာတစ်နေရာလောက်တော့
ပေးထားတတ်ပါတယ်
သင်က မရှာဖွေတာ ဒါမှမဟုတ်လည်း
သင် တုံးအလွန်းလို့ မပျော်ရွှင်ရတဲ့နေရာမှာ မိုက်မဲနေတာပါ။

Credit:နည်းစနစ်ကျကျအသိပညာ
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top