iMyanmarHouse.com - Best Property Website for Myanmar
×

  အမ်ိဳးသမီးေတြ ျဖဴျဖဴမည္းမည္း၊ ပိန္ပိန္ဝဝ၊ ေခြၽးသိပ္ထြက္တဲ့အခါ အက်ႌမွာစြန္း၊ ခ်ိဳင္းမွာ အကြက္ထ၊ လူၾကားထဲလည္း အနံ႔ထြက္ စသည္ျဖင့္ စိတ္အေႏွာင့္အယွက္ ျဖစ္ၾကရပါတယ္။ ဒီလို ေခြၽး သိပ္ထြက္လြန္းတာ ဘာေတြေၾကာင့္မ်ား ျဖစ္မလဲ?

●        လည္ပင္းႀကီးေရာဂါ သိုင္းရြိဳက္ကို အရင္ဆံုး စဥ္းထားသင့္ပါတယ္။ ေဟာ္မုန္းလြန္ကဲတဲ့အခါ တျဖည္းျဖည္း ကိုယ္တြင္းဇီဝ႐ုပ္ ျဖစ္ပ်က္မႈေတြ ျမန္လာၿပီး ေခြၽး သိပ္ထြက္တတ္ပါတယ္။ လည္ပင္းေလးကို စမ္းၾကည့္ပါ။ ဆရာဝန္ျပသ စစ္ေဆးပါ။

●        ဆီးခ်ိဳေရာဂါ ျဖစ္လာရင္ ေခြၽးသိပ္ထြက္လာပါတယ္။ ဆီးခ်ိဳက်တဲ့အခါ ေခြၽးျပန္လာသလို ဆီးခ်ိဳျဖစ္တာၾကာၿပီး အာ႐ံုေၾကာ ထိခိုက္ရင္လည္း ေခြၽးထြက္ မ်ားလာပါတယ္။ ဆီးခ်ိဳ ေဖာက္စစ္ၾကည့္ေနာ္။

●        သိပ္ဝလြန္းရင္ ေခြၽးထြက္ မ်ားသတဲ့။ ဝိတ္ခ်ၿပီး အဆီက် အသားက်စ္သြားတဲ့အခါ သက္သာလာတတ္ပါတယ္။

●        တီဘီေရာဂါ ခံစားရတဲ့အခါ ညေခြၽးျပန္တတ္ပါတယ္။ ညေနနဲ႔ ညပိုင္းမွာ ေခြၽးေတြ သိပ္ထြက္လာပါတယ္။ ေခ်ာင္းဆိုးရင္ ရက္ရွည္ဖ်ားရင္ ည ေခြၽးထြက္ရင္ တီဘီ စစ္ၾကပါ။ သလိပ္ စစ္ၾကပါ။

●        စိတ္ဖိစီးတာေတြ၊ စိတ္က်ေရာဂါေတြ၊ အစိုးရိမ္လြန္တာေတြလည္း ေခြၽးျပန္တတ္ပါတယ္။ ရင္တုန္မယ္၊ ေဇာေခြၽးျပန္မယ္၊ ညအိပ္မေပ်ာ္ဘူး၊ အားျပတ္ေနမယ္၊ စကားမေျပာခ်င္ဘူး ဒါေတြပါ ရွိရင္ စိတ္က်ေရာဂါကို စဥ္းစားၾကဖို႔ ျဖစ္ပါတယ္။ ေလ့က်င္ခန္း၊ ေယာဂ တရားထိုင္တာေတြနဲ႔ စိတ္တည္ၿငိမ္ေအာင္ ကုသလို႔ ရပါတယ္။

●        ေသြးဆံုးခါနီး အမ်ိဳးသမီးေတြဟာ ေခြၽးသိပ္ထြက္တတ္ပါတယ္။ ဘာရယ္မဟုတ္ ေခြၽးေတြ စို႔ေနတတ္တာမ်ိဳး။ အသက္ ၅၀ နီး၊ ၄၅ အထက္ဆိုရင္ ေသြးဆံုးလကၡဏာေတြေၾကာင့္ ေခြၽးထြက္လြန္တတ္ပါတယ္။

●        ကင္ဆာေရာဂါေၾကာင့္လည္း ေခြၽးထြက္လြန္တတ္ပါတယ္။ ပိန္မယ္၊ အစားအေသာက္ ပ်က္မယ္၊ အလံုးအက်ိတ္ ရွိမယ္၊ ေမာမယ္၊ အားယုတ္ေလ်ာ့လာမယ္ဆိုရင္ ကင္ဆာေရာဂါ ရွိ၊ မရွိ ေဆးစစ္သင့္ပါတယ္

Credit: ဂ်ီပီငွက္ (ေဆး/မန္း) (drmyanmar)

# Unicode Version ျဖင့္ ဖတ္ပါ#
  အမျိုးသမီးတွေ ဖြူဖြူမည်းမည်း၊ ပိန်ပိန်ဝဝ၊ ချွေးသိပ်ထွက်တဲ့အခါ အင်္ကျီမှာစွန်း၊ ချိုင်းမှာ အကွက်ထ၊ လူကြားထဲလည်း အနံ့ထွက် စသည်ဖြင့် စိတ်အနှောင့်အယှက် ဖြစ်ကြရပါတယ်။ ဒီလို ချွေး သိပ်ထွက်လွန်းတာ ဘာတွေကြောင့်များ ဖြစ်မလဲ?

●        လည်ပင်းကြီးရောဂါ သိုင်းရွိုက်ကို အရင်ဆုံး စဉ်းထားသင့်ပါတယ်။ ဟော်မုန်းလွန်ကဲတဲ့အခါ တဖြည်းဖြည်း ကိုယ်တွင်းဇီဝရုပ် ဖြစ်ပျက်မှုတွေ မြန်လာပြီး ချွေး သိပ်ထွက်တတ်ပါတယ်။ လည်ပင်းလေးကို စမ်းကြည့်ပါ။ ဆရာဝန်ပြသ စစ်ဆေးပါ။

●        ဆီးချိုရောဂါ ဖြစ်လာရင် ချွေးသိပ်ထွက်လာပါတယ်။ ဆီးချိုကျတဲ့အခါ ချွေးပြန်လာသလို ဆီးချိုဖြစ်တာကြာပြီး အာရုံကြော ထိခိုက်ရင်လည်း ချွေးထွက် များလာပါတယ်။ ဆီးချို ဖောက်စစ်ကြည့်နော်။

●        သိပ်ဝလွန်းရင် ချွေးထွက် များသတဲ့။ ဝိတ်ချပြီး အဆီကျ အသားကျစ်သွားတဲ့အခါ သက်သာလာတတ်ပါတယ်။

●        တီဘီရောဂါ ခံစားရတဲ့အခါ ညချွေးပြန်တတ်ပါတယ်။ ညနေနဲ့ ညပိုင်းမှာ ချွေးတွေ သိပ်ထွက်လာပါတယ်။ ချောင်းဆိုးရင် ရက်ရှည်ဖျားရင် ည ချွေးထွက်ရင် တီဘီ စစ်ကြပါ။ သလိပ် စစ်ကြပါ။

●        စိတ်ဖိစီးတာတွေ၊ စိတ်ကျရောဂါတွေ၊ အစိုးရိမ်လွန်တာတွေလည်း ချွေးပြန်တတ်ပါတယ်။ ရင်တုန်မယ်၊ ဇောချွေးပြန်မယ်၊ ညအိပ်မပျော်ဘူး၊ အားပြတ်နေမယ်၊ စကားမပြောချင်ဘူး ဒါတွေပါ ရှိရင် စိတ်ကျရောဂါကို စဉ်းစားကြဖို့ ဖြစ်ပါတယ်။ လေ့ကျင်ခန်း၊ ယောဂ တရားထိုင်တာတွေနဲ့ စိတ်တည်ငြိမ်အောင် ကုသလို့ ရပါတယ်။

●        သွေးဆုံးခါနီး အမျိုးသမီးတွေဟာ ချွေးသိပ်ထွက်တတ်ပါတယ်။ ဘာရယ်မဟုတ် ချွေးတွေ စို့နေတတ်တာမျိုး။ အသက် ၅၀ နီး၊ ၄၅ အထက်ဆိုရင် သွေးဆုံးလက္ခဏာတွေကြောင့် ချွေးထွက်လွန်တတ်ပါတယ်။

●        ကင်ဆာရောဂါကြောင့်လည်း ချွေးထွက်လွန်တတ်ပါတယ်။ ပိန်မယ်၊ အစားအသောက် ပျက်မယ်၊ အလုံးအကျိတ် ရှိမယ်၊ မောမယ်၊ အားယုတ်လျော့လာမယ်ဆိုရင် ကင်ဆာရောဂါ ရှိ၊ မရှိ ဆေးစစ်သင့်ပါတယ်

Credit: ဂျီပီငှက် (ဆေး/မန်း) (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top