iMyanmarHouse.com - Best Property Website for Myanmar
×

“မိုးပန္းပြင့္ရဲ႕ သေကၤတ” ႐ုပ္ရွင္ ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ သ႐ုပ္ေဆာင္ ဟန္လင္းသန႔္က ဇာတ္ကား မိတ္ဆက္ပြဲကို မလာေရာက္ခဲ့ဘဲ ေပ်ာက္ေနေၾကာင္း အဆိုပါ ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ Facebook Page ကေန ေၾကညာထားပါတယ္။

“ပရိတ္သတ္ေတြေမးေနတဲ့ ေမးခြန္းေတြက ေထာင္ေသာင္းမက ျဖစ္ေနၿပီ။ Red Carpet – Press Show ပြဲတက္တာလည္း မေတြ႕ဘူး။ အႏုပညာလႈပ္ရွားမႈေတြလည္း ဘာမွလုပ္တာ မေတြ႕ရဘူး။ အႏုပညာသည္ ဘဝကို တသက္လုံး စြန႔္လႊတ္လိုက္ၿပီလား။ ခ်စ္တဲ့ ပရိတ္သတ္ႀကီးကလည္း အားေပးေနမွာ မလို႔ ယခု Post ကို ေတြ႕မိတဲ့ အခါ ဟန္လင္းသန႔္ကို အျမန္ဆုံး ဆက္သြယ္ ေပးေစခ်င္ပါတယ္” လို႔ ေၾကညာခ်က္မွာ ေရးသားထားပါတယ္။

“We love Han Lin Thant Group အေနနဲ႔လည္း တတ္ႏိုင္သမွ် ဟန္လင္းသန႔္ရဲ႕ သတင္းမွန္သမွ်ကို အသိေပးသြားဖို႔ တိုက္တြန္း လိုက္ပါတယ္။ ဟန္လင္းသန႔္ ခ်စ္ပရိတ္သတ္ႀကီးကိုလည္း အကူအညီ ေတာင္းခ်င္ပါတယ္။ ေတြ႕ေအာင္ရွာေပးႏိုင္တဲ့ သူအတြက္ ေမွ်ာ္လင့္မထားေလာက္တဲ့ ေမတၱာ ဆုေၾကးေပးအပ္သြားမွာပါ’’လို႔ ေရးသားထားပါတယ္။

သ႐ုပ္ေဆာင္ ဟန္လင္းသန႔္ကလည္း We love Han Lin Thant Group ကေနတဆင့္ live လႊင့္ၿပီး သူ႔အေနနဲ႔ အႏုပညာ အလုပ္ေတြ မလုပ္ေတာ့တဲ့အေၾကာင္း လက္ရွိမွာလည္း သူဟာ လက္ရွိမွာ ေနေကာင္း က်န္းမာစြာရွိတဲ့အတြက္ ပရိသတ္ေတြ စိတ္မပူဖို႔ ေျပာထားပါတယ္။

“က်ေနာ္ အႏုပညာအလုပ္ကို ဆက္လုပ္ဖို႔ အစီအစဥ္ မရွိေတာ့တဲ့ အတြက္ က်ေနာ္ လက္မွတ္ ထိုးပြဲကိုလည္း လာျဖစ္မွာ မဟုတ္ပါဘူး။ က်ေနာ့္ကို ေစာင့္ေနၾကမွာစိုးလို႔ အသိေပးတာပါ ခင္ဗ်ာ။ က်န္းက်န္းမာမာလည္း ရွိပါတယ္။ အားလုံးလည္း အဆင္ေျပပါတယ္”လို႔ ဟန္လင္းသန႔္က သူရဲ႕ live မွာ ျပန္လည္ ေျပာထားပါတယ္။

သ႐ုပ္ေဆာင္ ဟန္လင္းသန႔္ဟာ MRTV-4 မွ ထုတ္လႊင့္ခဲ့တဲ့ “ထာဝရ မႏၲေလး” ဇာတ္လမ္းတြဲမွ စတင္ကာ ပရိသတ္မ်ား အားေပးမႈကို ရရွိခဲ့တာျဖစ္ၿပီး ႐ုပ္ရွင္ကားမ်ားအေနနဲ႔ “ဘယ္ရည္းစားကို အခ်စ္ဆုံးလဲ” နဲ႔ “ခ်ိဳၿမိန္ေသာ လက္စားေခ်ျခင္း” ႐ုပ္ရွင္တို႔မွာ ပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။

Credit: ဧရာဝတီသတင္းစာမ်က္ႏွာ
# Unicode Version ျဖင့္ ဖတ္ပါ #
“မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ဟန်လင်းသန့်က ဇာတ်ကား မိတ်ဆက်ပွဲကို မလာရောက်ခဲ့ဘဲ ပျောက်နေကြောင်း အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Facebook Page ကနေ ကြေညာထားပါတယ်။

“ပရိတ်သတ်တွေမေးနေတဲ့ မေးခွန်းတွေက ထောင်သောင်းမက ဖြစ်နေပြီ။ Red Carpet – Press Show ပွဲတက်တာလည်း မတွေ့ဘူး။ အနုပညာလှုပ်ရှားမှုတွေလည်း ဘာမှလုပ်တာ မတွေ့ရဘူး။ အနုပညာသည် ဘဝကို တသက်လုံး စွန့်လွှတ်လိုက်ပြီလား။ ချစ်တဲ့ ပရိတ်သတ်ကြီးကလည်း အားပေးနေမှာ မလို့ ယခု Post ကို တွေ့မိတဲ့ အခါ ဟန်လင်းသန့်ကို အမြန်ဆုံး ဆက်သွယ် ပေးစေချင်ပါတယ်” လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

“We love Han Lin Thant Group အနေနဲ့လည်း တတ်နိုင်သမျှ ဟန်လင်းသန့်ရဲ့ သတင်းမှန်သမျှကို အသိပေးသွားဖို့ တိုက်တွန်း လိုက်ပါတယ်။ ဟန်လင်းသန့် ချစ်ပရိတ်သတ်ကြီးကိုလည်း အကူအညီ တောင်းချင်ပါတယ်။ တွေ့အောင်ရှာပေးနိုင်တဲ့ သူအတွက် မျှော်လင့်မထားလောက်တဲ့ မေတ္တာ ဆုကြေးပေးအပ်သွားမှာပါ’’လို့ ရေးသားထားပါတယ်။

သရုပ်ဆောင် ဟန်လင်းသန့်ကလည်း We love Han Lin Thant Group ကနေတဆင့် live လွှင့်ပြီး သူ့အနေနဲ့ အနုပညာ အလုပ်တွေ မလုပ်တော့တဲ့အကြောင်း လက်ရှိမှာလည်း သူဟာ လက်ရှိမှာ နေကောင်း ကျန်းမာစွာရှိတဲ့အတွက် ပရိသတ်တွေ စိတ်မပူဖို့ ပြောထားပါတယ်။

“ကျနော် အနုပညာအလုပ်ကို ဆက်လုပ်ဖို့ အစီအစဉ် မရှိတော့တဲ့ အတွက် ကျနော် လက်မှတ် ထိုးပွဲကိုလည်း လာဖြစ်မှာ မဟုတ်ပါဘူး။ ကျနော့်ကို စောင့်နေကြမှာစိုးလို့ အသိပေးတာပါ ခင်ဗျာ။ ကျန်းကျန်းမာမာလည်း ရှိပါတယ်။ အားလုံးလည်း အဆင်ပြေပါတယ်”လို့ ဟန်လင်းသန့်က သူရဲ့ live မှာ ပြန်လည် ပြောထားပါတယ်။

သရုပ်ဆောင် ဟန်လင်းသန့်ဟာ MRTV-4 မှ ထုတ်လွှင့်ခဲ့တဲ့ “ထာဝရ မန္တလေး” ဇာတ်လမ်းတွဲမှ စတင်ကာ ပရိသတ်များ အားပေးမှုကို ရရှိခဲ့တာဖြစ်ပြီး ရုပ်ရှင်ကားများအနေနဲ့ “ဘယ်ရည်းစားကို အချစ်ဆုံးလဲ” နဲ့ “ချိုမြိန်သော လက်စားချေခြင်း” ရုပ်ရှင်တို့မှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။

Credit: ဧရာဝတီသတင်းစာမျက်နှာ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top