iMyanmarHouse.com - Best Property Website for Myanmar
×

သတို႔သမီးေလးေတြအတြက္ ေယာက္်ားတစ္ေယာက္နဲ႔ ကိုယ္လက္နွီးေနွာရေတာ့မယ့္ မဂၤလာဦးညအတြက္ ၾကိဳတင္ရင္ခုန္ ေၾကာက္စိတ္၊ ရွက္စိတ္ေတြ ရွိေနမွာ အေသအခ်ာပါပဲ။ အထူးသျဖင့္ အတူေန အေတြ႕အၾကံဳ မရွိေသးတဲ့ သတို႔သမီးေလးေတြဆို ပိုဆိုးတာေပါ့။

ဒါေပမယ့္ ကိုယ့္ရဲ႕ ပထမဦးဆံုး မဂၤလာဦးညကို အခက္အခဲ၊ အေနွာင့္အယွက္ မျဖစ္ေစဘဲ ေပ်ာ္ရႊင္ရင္ခုန္လိႈက္ေမာစြာ ျဖတ္သန္းနိုင္ဖို႔ကလည္း အေရးၾကီးပါတယ္ေနာ္။ ဒါေၾကာင့္ အပ်ိဳစင္ သတို႔သမီးေလးေတြ ၾကိဳတင္သိထား၊ ျပင္ဆင္ထားမယ့္ အရာေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

၁။ မဂၤလာဦးညတိုင္း အတူေနၾကတာ မဟုတ္ပါဘူး

ေတာ္ေတာ္မ်ားမ်ားက မဂၤလာဦးညကို ၾကိဳတင္ရင္ဖို စိတ္လႈပ္ရွားၾကေပမယ့္ အမွန္တကယ္ အဲ့ဒိညမွာေတာ့ မဂၤလာပြဲကိစၥနဲ႔ပတ္သတ္ျပီး ျပန္လွန္ေျပာတာ၊ အလုပ္ရႈပ္ရင္း မေနျဖစ္ၾကတာလည္း ရွိပါတယ္။ ဒါ့ေၾကာင့္ အရမ္းၾကီး ၾကိဳတင္စိတ္ဖိစီးမေနပါနဲ႔။

၂။ စိတ္ကိုသက္သက္သာသာေလွ်ာ့ခ်ထားပါ

စိတ္ကို တအားၾကီးထိန္းခ်ဳပ္ဖိနွိပ္ျခင္းက သင္တို႔နွစ္ဦးအတူေနတဲ့အခါ အခက္အခဲေတြ ျဖစ္လာေစနိုင္ပါတယ္။ တတ္နိုင္သေလာက္ စိတ္ကို ေျဖေလွ်ာ့ထားပါ။ ဒါမွသာ လက္ထပ္ျခင္းရဲ႕ ပထမဆံုး အေရးၾကီးညေလးက သက္ဝင္လွပနိုင္မွာပါ။ (စိတ္ကိုေျဖလို႔မရရင္ ဝိုင္၊ အရက္ ေသာက္ျပီး ေျဖေလွ်ာ့ေပါ့ :P)

၃။ အဆင္မေျပျဖစ္လည္း အိုေကပါတယ္

ဟုတ္ပါတယ္။ ပထမဦးဆံုး လိင္ဆက္ဆံတယ္ဆိုတာ စာထဲမွာဖတ္သေလာက္၊ ဇာတ္လမ္းေတြထဲမွာျမင္သေလာက္ အဆင္ေျပ ေခ်ာေမြ႕နိုင္မွာမဟုတ္ပါဘူး။ နည္းနည္းေတာ့ ခြတီးခြက် နိုင္ပါလိမ့္မယ္။ အဓိကက စိတ္ကို ေလွ်ာ့ခ်ထားပါ။ ပြင့္ပြင့္လင္းလင္း ရွိပါ။ အဆင္မေျပဘူးဆိုျပီး စိတ္မပ်က္လိုက္ပါနဲ႔။ ပထမဆံုးမို႔ပါ။ ေနာက္ဆိုရင္ေတာ့ အဆင္ေျပသြားပါလိ့မ္မယ္။

၄။ အပ်ိဳဆိုေပမယ့္ ေသြးမထြက္တာလည္း ျဖစ္နိုင္ပါတယ္

သင္ဟာ အပ်ိဳစင္တစ္ဦးဆိုေပမယ့္ ပထမဦးဆံုးအၾကိမ္ လိင္ဆက္ဆံတဲ့အခါ ေသြးမထြက္တာလည္း ျဖစ္နိုင္ပါတယ္။ အမ်ိဳးသမီး တစ္ဦးနဲ႔ တစ္ဦးကေတာ့ မတူနိုင္ပါဘူး။ စက္ဘီးစီးျခင္း၊ ျမင္းစီးျခင္းေတြ ျပဳလုပ္တတ္တဲ့ အမ်ိဳးသမီးေတြက ေသြးမထြက္တတ္ပါဘူး။ မဂၤလာဦးညမွာ ေသြးမထြက္လို႔ ျပႆနာရွာတတ္တဲ့ ဗဟုသုတမရွိ ခပ္တံုးတံုး ေယာက်္ားေတြက သိပ္မရွိေတာ့ပါဘူး။ ( ပ်ိဳလား၊ မပ်ိဳလား သူတို႔ေတြက ပိုသိပါတယ္)

၅။ နည္းနည္းေတာ့နာပါမယ္

ဒါကေတာ့ ေသခ်ာပါတယ္။ ပထမဆံုး တစ္ၾကိမ္၊ နွစ္ၾကိမ္မွာ နာၾကင္မႈ ရွိနိုင္ပါတယ္။ ဒါကို အရမ္းမလန္႔သြားပါနဲ႔။ ေသြးမထြက္ရင္ေတာင္ နာၾကင္မႈရွိမွာပါ။

၆။ ေခ်ာဆီအနည္းငယ္ေဆာင္ထားပါ

နည္းနည္းေတာ့ နားရွက္စရာေကာင္းေပမယ့္ တစ္ခါတေလ အမ်ိဳးသားအဂၤါက မိန္းမကိုယ္ကို ထိုးသြင္းဖို႔ မလြယ္ကူတဲ့အခါ ေခ်ာဆီအနည္းငယ္သံုးတာက နွစ္ေယာက္စလံုးကို သက္သာမႈ ရွိေစပါလိ့မ္မယ္။

၇။ Orgasm ရခ်င္မွရပါလိမ့္မယ္

ပထမဆံုးျဖစ္တဲ့အတြက္ လိင္ဆက္ဆံရာမွာ စိတ္ခံစားမႈ အထြဋ္အထိပ္ေရာက္ျခင္းဆိုတဲ့ orgasm ကေတာ့ ရခ်င္မွ ရပါလိိမ့္မယ္။ ခံစားမိခ်င္မွ ခံစားမိနိုင္ပါလိမ့္မယ္။ ဒါက ပထမဆံုးအၾကိမ္မို႔ အေရးေတာ့ သိပ္မၾကီးပါဘူး။ နာၾကင္မႈကိုသာ စိတ္ထဲအရမ္းမထားဖို႔ လိုပါတယ္။

၈။ ကိုယ္ဝန္ရနိုင္လို႔ အကာအကြယ္သံုးပါ

ပထဆုံးအေတြ႕အၾကံဳနဲ႔တင္ ကိုယ္ဝန္ရနိုင္ေျခ အရမ္းမ်ားပါတယ္။ အကယ္၍ ကေလးယူဖုိ႔ အစီအစဥ္ မရွိေသးဘူးဆိုလွ်င္ေတာ့ အကာအကြယ္သံုးပါ။ (သို႔) တားေဆးေသာက္ပါ။

ဒီေလာက္ဆိုရင္ေတာ့ အပ်ိဳစင္သတို႔သမီးေတြ သိထားသင့္သေလာက္ သိရပါျပီ။ အျခားၾကိဳတင္ ျပင္ဆင္သင့္တာကေတာ့ တစ္ကိုယ္ရည္သန္႔ရွင္းမႈပါ။ အထူးသျဖင့္ မိန္းမကိုယ္တဝိုက္ အေမႊးအမွ်င္ နွင္ ့အညစ္အေၾကးမ်ားမရွိေအာင္ သန္႔ရွင္းျခင္းမ်ား ျပဳလုပ္ထားလွ်င္ အေကာင္းဆံုးပါပဲ။

ကဲ…ေပ်ာ္ရႊင္စရာေကာင္းတဲ့ မဂၤလာဦးညေလးကို ပိုင္ဆိုင္နိုင္ၾကပါေစ..

Credit: CHAN (ေရႊအင္းေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
သတို့သမီးလေးတွေအတွက် ယောက်ျားတစ်ယောက်နဲ့ ကိုယ်လက်နှီးနှောရတော့မယ့် မင်္ဂလာဦးညအတွက် ကြိုတင်ရင်ခုန် ကြောက်စိတ်၊ ရှက်စိတ်တွေ ရှိနေမှာ အသေအချာပါပဲ။ အထူးသဖြင့် အတူနေ အတွေ့အကြုံ မရှိသေးတဲ့ သတို့သမီးလေးတွေဆို ပိုဆိုးတာပေါ့။

ဒါပေမယ့် ကိုယ့်ရဲ့ ပထမဦးဆုံး မင်္ဂလာဦးညကို အခက်အခဲ၊ အနှောင့်အယှက် မဖြစ်စေဘဲ ပျော်ရွှင်ရင်ခုန်လှိုက်မောစွာ ဖြတ်သန်းနိုင်ဖို့ကလည်း အရေးကြီးပါတယ်နော်။ ဒါကြောင့် အပျိုစင် သတို့သမီးလေးတွေ ကြိုတင်သိထား၊ ပြင်ဆင်ထားမယ့် အရာလေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ မင်္ဂလာဦးညတိုင်း အတူနေကြတာ မဟုတ်ပါဘူး

တော်တော်များများက မင်္ဂလာဦးညကို ကြိုတင်ရင်ဖို စိတ်လှုပ်ရှားကြပေမယ့် အမှန်တကယ် အဲ့ဒိညမှာတော့ မင်္ဂလာပွဲကိစ္စနဲ့ပတ်သတ်ပြီး ပြန်လှန်ပြောတာ၊ အလုပ်ရှုပ်ရင်း မနေဖြစ်ကြတာလည်း ရှိပါတယ်။ ဒါ့ကြောင့် အရမ်းကြီး ကြိုတင်စိတ်ဖိစီးမနေပါနဲ့။

၂။ စိတ်ကိုသက်သက်သာသာလျှော့ချထားပါ

စိတ်ကို တအားကြီးထိန်းချုပ်ဖိနှိပ်ခြင်းက သင်တို့နှစ်ဦးအတူနေတဲ့အခါ အခက်အခဲတွေ ဖြစ်လာစေနိုင်ပါတယ်။ တတ်နိုင်သလောက် စိတ်ကို ဖြေလျှော့ထားပါ။ ဒါမှသာ လက်ထပ်ခြင်းရဲ့ ပထမဆုံး အရေးကြီးညလေးက သက်ဝင်လှပနိုင်မှာပါ။ (စိတ်ကိုဖြေလို့မရရင် ဝိုင်၊ အရက် သောက်ပြီး ဖြေလျှော့ပေါ့ :P)

၃။ အဆင်မပြေဖြစ်လည်း အိုကေပါတယ်

ဟုတ်ပါတယ်။ ပထမဦးဆုံး လိင်ဆက်ဆံတယ်ဆိုတာ စာထဲမှာဖတ်သလောက်၊ ဇာတ်လမ်းတွေထဲမှာမြင်သလောက် အဆင်ပြေ ချောမွေ့နိုင်မှာမဟုတ်ပါဘူး။ နည်းနည်းတော့ ခွတီးခွကျ နိုင်ပါလိမ့်မယ်။ အဓိကက စိတ်ကို လျှော့ချထားပါ။ ပွင့်ပွင့်လင်းလင်း ရှိပါ။ အဆင်မပြေဘူးဆိုပြီး စိတ်မပျက်လိုက်ပါနဲ့။ ပထမဆုံးမို့ပါ။ နောက်ဆိုရင်တော့ အဆင်ပြေသွားပါလိ့မ်မယ်။

၄။ အပျိုဆိုပေမယ့် သွေးမထွက်တာလည်း ဖြစ်နိုင်ပါတယ်

သင်ဟာ အပျိုစင်တစ်ဦးဆိုပေမယ့် ပထမဦးဆုံးအကြိမ် လိင်ဆက်ဆံတဲ့အခါ သွေးမထွက်တာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီး တစ်ဦးနဲ့ တစ်ဦးကတော့ မတူနိုင်ပါဘူး။ စက်ဘီးစီးခြင်း၊ မြင်းစီးခြင်းတွေ ပြုလုပ်တတ်တဲ့ အမျိုးသမီးတွေက သွေးမထွက်တတ်ပါဘူး။ မင်္ဂလာဦးညမှာ သွေးမထွက်လို့ ပြဿနာရှာတတ်တဲ့ ဗဟုသုတမရှိ ခပ်တုံးတုံး ယောကျ်ားတွေက သိပ်မရှိတော့ပါဘူး။ ( ပျိုလား၊ မပျိုလား သူတို့တွေက ပိုသိပါတယ်)

၅။ နည်းနည်းတော့နာပါမယ်

ဒါကတော့ သေချာပါတယ်။ ပထမဆုံး တစ်ကြိမ်၊ နှစ်ကြိမ်မှာ နာကြင်မှု ရှိနိုင်ပါတယ်။ ဒါကို အရမ်းမလန့်သွားပါနဲ့။ သွေးမထွက်ရင်တောင် နာကြင်မှုရှိမှာပါ။

၆။ ချောဆီအနည်းငယ်ဆောင်ထားပါ

နည်းနည်းတော့ နားရှက်စရာကောင်းပေမယ့် တစ်ခါတလေ အမျိုးသားအင်္ဂါက မိန်းမကိုယ်ကို ထိုးသွင်းဖို့ မလွယ်ကူတဲ့အခါ ချောဆီအနည်းငယ်သုံးတာက နှစ်ယောက်စလုံးကို သက်သာမှု ရှိစေပါလိ့မ်မယ်။

၇။ Orgasm ရချင်မှရပါလိမ့်မယ်

ပထမဆုံးဖြစ်တဲ့အတွက် လိင်ဆက်ဆံရာမှာ စိတ်ခံစားမှု အထွဋ်အထိပ်ရောက်ခြင်းဆိုတဲ့ orgasm ကတော့ ရချင်မှ ရပါလိမ့်မယ်။ ခံစားမိချင်မှ ခံစားမိနိုင်ပါလိမ့်မယ်။ ဒါက ပထမဆုံးအကြိမ်မို့ အရေးတော့ သိပ်မကြီးပါဘူး။ နာကြင်မှုကိုသာ စိတ်ထဲအရမ်းမထားဖို့ လိုပါတယ်။

၈။ ကိုယ်ဝန်ရနိုင်လို့ အကာအကွယ်သုံးပါ

ပထဆုံးအတွေ့အကြုံနဲ့တင် ကိုယ်ဝန်ရနိုင်ခြေ အရမ်းများပါတယ်။ အကယ်၍ ကလေးယူဖို့ အစီအစဉ် မရှိသေးဘူးဆိုလျှင်တော့ အကာအကွယ်သုံးပါ။ (သို့) တားဆေးသောက်ပါ။

ဒီလောက်ဆိုရင်တော့ အပျိုစင်သတို့သမီးတွေ သိထားသင့်သလောက် သိရပါပြီ။ အခြားကြိုတင် ပြင်ဆင်သင့်တာကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုပါ။ အထူးသဖြင့် မိန်းမကိုယ်တဝိုက် အမွှေးအမျှင် နှင့်အညစ်အကြေးများမရှိအောင် သန့်ရှင်းခြင်းများ ပြုလုပ်ထားလျှင် အကောင်းဆုံးပါပဲ။

ကဲ…ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာဦးညလေးကို ပိုင်ဆိုင်နိုင်ကြပါစေ..

Credit: CHAN (ရွှေအင်းလေး)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top