iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္ႀကီးေရ ေျပတီဦးနဲ႔ ခင္လႈိင္တို႔ကေတာ့ ျပည္သူခ်စ္တဲ့အႏုပညာေလာကရဲ႕ ထိပ္တန္းသ႐ုပ္ေဆာင္ေတြပဲ ျဖစ္ၾကပါတယ္။ က်ရာဇာတ္႐ုပ္မေ႐ြး ပီျပင္ေျပာင္ေျမာက္စြာ သ႐ုပ္ေဆာင္ႏိုင္တဲ့ သူတို႔ႏွစ္ဦးက ဇာတ္ကားေတြမ်ားစြာ ႐ိုက္ကူးခဲ့ရတဲ့ နာမည္ရဝါရင့္သ႐ုပ္ေဆာင္ေတြပဲ ျဖစ္ၾကပါတယ္။ သူတို႔ႏွစ္ေယာက္က အခင္ဆုံးမိတ္ေဆြေတြျဖစ္ၾကၿပီး ႐ုပ္ရွင္ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ အတူတူ ပါဝင္သ႐ုပ္ေဆာင္ခဲ့ရပါတယ္။

လတ္တေလာမွာလည္း သူတို႔သူငယ္ခ်င္းႏွစ္ေယာက္က ႐ုပ္ရွင္ဇာတ္ကားတစ္ကားမွာ အတူပါဝင္႐ိုက္ကူးေနရပါတယ္။ “Lady boy ” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ဒါ႐ိုက္တာကိုေပါက္႐ိုက္ကူးၿပီး ေျပတီဦး၊ခင္လႈိင္၊ ေက်ာ္ေက်ာ္ဗိုနဲ႔ အိေခ်ာပို အပါအဝင္ အႏုပညာရွင္မ်ားစြာနဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းကမွ စတင္႐ိုက္ကူးေနတာ ျဖစ္ပါတယ္။ အခုလက္ရွိမွာလည္း ေျပတီဦးနဲ႔ ခင္လႈိင္တို႔ႏွစ္ေယာက္က ကိုေပါက္တို႔အဖြဲ႕နဲ႔အတူ ဘန္ေကာက္ၿမိဳ႕မွာ ႐ုပ္ရွင္႐ိုက္ကူးေနၾကပါတယ္။

ေျပတီဦးက ဘန္ေကာက္ၿမိဳ႕မွာ ႐ိုက္ကူးေနတဲ့ သူတို႔ႏွစ္ဦးရဲ႕႐ိုက္ကြင္းပုံေလးေတြကို “ပြဲၾကမ္းေနၿပီ ခ်စ္ေသာအမ်ိဳးတို႔” ဆိုၿပီး တင္ထားတာ ေတြ႕ရပါတယ္။ သူတို႔ႏွစ္ေယာက္ေပါင္းၿပီး အလန္းစားစတိုင္ေတြနဲ႔ ဘန္ေကာက္က ပ်ိဳပ်ိဳေမေတြၾကား အထာက်က် အျပတ္ကဲခဲ့တဲ့ ရႈတင္ပုံေလးေတြကို တင္ထားတာပဲ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ေျပတီဦးနဲ႔ ခင္လႈိင္တို႔ရဲ႕ ႐ိုက္ကြင္းအမွတ္တရပုံေလးေတြကို ၾကည့္ရႈဖို႔ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Credit: MMCele
# Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်ကြီးရေ ပြေတီဦးနဲ့ ခင်လှိုင်တို့ကတော့ ပြည်သူချစ်တဲ့အနုပညာလောကရဲ့ ထိပ်တန်းသရုပ်ဆောင်တွေပဲ ဖြစ်ကြပါတယ်။ ကျရာဇာတ်ရုပ်မရွေး ပီပြင်ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်တဲ့ သူတို့နှစ်ဦးက ဇာတ်ကားတွေများစွာ ရိုက်ကူးခဲ့ရတဲ့ နာမည်ရဝါရင့်သရုပ်ဆောင်တွေပဲ ဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်က အခင်ဆုံးမိတ်ဆွေတွေဖြစ်ကြပြီး ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ အတူတူ ပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။

လတ်တလောမှာလည်း သူတို့သူငယ်ချင်းနှစ်ယောက်က ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ အတူပါဝင်ရိုက်ကူးနေရပါတယ်။ “Lady boy ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာကိုပေါက်ရိုက်ကူးပြီး ပြေတီဦး၊ခင်လှိုင်၊ ကျော်ကျော်ဗိုနဲ့ အိချောပို အပါအဝင် အနုပညာရှင်များစွာနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ စတင်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ပြေတီဦးနဲ့ ခင်လှိုင်တို့နှစ်ယောက်က ကိုပေါက်တို့အဖွဲ့နဲ့အတူ ဘန်ကောက်မြို့မှာ ရုပ်ရှင်ရိုက်ကူးနေကြပါတယ်။

ပြေတီဦးက ဘန်ကောက်မြို့မှာ ရိုက်ကူးနေတဲ့ သူတို့နှစ်ဦးရဲ့ရိုက်ကွင်းပုံလေးတွေကို “ပွဲကြမ်းနေပြီ ချစ်သောအမျိုးတို့” ဆိုပြီး တင်ထားတာ တွေ့ရပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး အလန်းစားစတိုင်တွေနဲ့ ဘန်ကောက်က ပျိုပျိုမေတွေကြား အထာကျကျ အပြတ်ကဲခဲ့တဲ့ ရှုတင်ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပြေတီဦးနဲ့ ခင်လှိုင်တို့ရဲ့ ရိုက်ကွင်းအမှတ်တရပုံလေးတွေကို ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit: MMCele
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top