iMyanmarHouse.com - Best Property Website for Myanmar
×





Credit – WeLoveCele

# Unicode Version ဖြင့် ဖတ်ပါ #
မြန်မာအိုင်ဒေါပြိုင်ပွဲကြီးဟာ မကြာသေးခင်ကမှပြီးဆုံးခဲ့တာဖြစ်ပြီး ဝင်းနားဆုရှင်အဖြစ် ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲကာလအတွင်းမှာလည်း ပရိသတ်တွေအချင်းချင်း အပြိုင်အဆိုင်တိုက်ခိုက်နေကြပေမယ့် ပြိုင်ပွဲဝင်တွေအားလုံးကတော့ စည်းလုံးညီညွှတ်စွာ ချစ်ချစ်ခင်ခင် နေကြတာကိုလည်း တွေ့ရပါတယ်။

ဖြိုးမြတ်အောင်ဟာ ဗိုလ်ချုပ်သီချင်းနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို စောစီးစွာ သိမ်းပိုက်နိုင်ခဲ့သူဖြစ်တဲ့အလျှောက် သူ့ရဲ့သီချင်းအချို့ဟာလည်း ပြိုင်ပွဲမတိုင်ခင်တည်းက ပရိသတ်တွေကြား ပျံ့နှံ့လျက်ရှိနေခဲ့ပါတယ်။ ဒိုင်တစ်ဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့အလျှောက် ဝင်းနားဆုရအောင်လည်း အစွမ်းကုန်ကြိုးစားခဲ့ပါသေးတယ်။

ပြိုင်ပွဲကြီးပြီးဆုံးသွားပေမယ့်လည်း သူတို့ပြိုင်ပွဲဝင်မောင်နှမတွေရဲ့ ချစ်ခင်စည်းလုံးမှုကို ပြိုင်ပွဲကာလတလျှောက်တွေ့မြင်ရမှာဖြစ်တဲ့အပြင် ဖြိုးမြတ်အောင်၊ နေခန့်နဲ့ ဇော်ကြီးတို့ကို သတိတရရှိနေတဲ့ ပရိသတ်ကြီးအတွက် သူတို့ ပြိုင်ပွဲကာလတစ်လျှောက်မှာတုန်းက ဖန်တီးခဲ့တဲ့ ဗိုလ်အောင်ဒင်သီချင်းလေးကို အမှတ်တရအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်နော်။

Credit – WeLoveCele
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top