iMyanmarHouse.com - Best Property Website for Myanmar
×

ႏိုင္ငံျခားအာမခံကုမ္ၸဏီ မ်ားကို အသက္အာမခံလုပ္ငန္းတြင္ အက်ိဳးတူပူးေပါင္းသည့္ စနစ္ျဖင့္ လည္းေကာင္း၊ ရာႏႈန္းျပည့္စနစ္ျဖင့္ လည္းေကာင္း လုပ္ကိုင္ခြင့္ျပဳသြား မည္ျဖစ္ေၾကာင္း သိရသည္။
အလုပ္႐ုံေဆြးေႏြး
အဆိုပါကိစ္ၥႏွင့္ပတ္သက္ ၍ ရန္ကုန္ၿမိဳ႕ရွိ Pan Pacific Yangon Hotel တြင္စက္တင္ဘာလ ၆ ရက္က ျပဳလုပ္သည့္ လူ႔ေဘာင္ အဖဲြ႕အစည္းအတြက္ ျပည့္စုံမွန္ ကန္ သည့္ အကာအကြယ္မ်ား ကူညီပ့ံပိုး ေပးျခင္း အလုပ္႐ံုေဆြးေႏြးပဲြမွ သိရ ျခင္းျဖစ္သည္။
ရာခိုင္ႏႈန္းျပည့္ခြင့္ျပဳ
““အစိုးရက ဆုံးျဖတ္ထား တာက အေထြေထြအာမခံဆိုရင္ ျပည္ တြင္း ပုဂ္ၢလိကအာမခံေတြနဲ႔ ေပါင္း ၿပီးေတာ့ ခြင့္ျပဳထားတယ္။ ဒါေပမ့ဲ အသက္အာမခံကေတာ့ ၁၀၀ ရာခိုင္ ႏႈန္းပဲလုပ္ခ်င္ခ်င္၊ အက်ဳိးတူပဲ လုပ္ ခ်င္ခ်င္ ေပးမယ္လို႔ေတာ့ ဆုံးျဖတ္ ထားပါတယ္။ အဲဒါကေတာ့ ကုမ္ၸဏီ မ်ားအက္ဥပေဒအတိုင္း ႏိုင္ငံျခားသား ၃၅ ရာခိုင္ႏႈန္းကေန ၁ ရာခိုင္ႏႈန္း ေက်ာ္တာနဲ႔ ႏိုင္ငံျခားအာမခံကုမ္ၸဏီ ျဖစ္သြားၿပီ””ဟု ျမန္မာ့အာမခံလုပ္ ငန္း ဦးေဆာင္ညႊန္ၾကားေရးမွဴး ေဒါက္တာစႏ္ၵာဦးက ေျပာသည္။
ဆက္လက္၍ ျပည္တြင္း အာမခံလုပ္ငန္းက႑တြင္ ႏိုင္ငံျခား အာမခံကုမ္ၸဏီမ်ား လုပ္ကိုင္ခြင့္ျပဳရန္ အေထြေထြအာမခံလုပ္ငန္း၌ ျပည္ တြင္း အာမခံကုမ္ၸဏီႏွင့္ အက်ဳိးတူ ေဆာင္ရြက္ခြင့္ ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။
ႏႈန္းထားအတိုင္းသာ
ယင္း ႏိုင္ငံျခားအာမခံကုမ္ၸ ဏီမ်ားကို လက္ရွိျပည္တြင္းအာမခံ ကုမ္ၸဏီမ်ားအား လုပ္ကိုင္ခြင့္ျပဳထား သည့္ အာမခံလုပ္ငန္း အမ်ဳိးအစား အတိုင္း လုပ္ကိုင္ခြင့္ျပဳသြားမည္ျဖစ္ ၿပီး ထိုအာမခံ အမ်ဳိးအစားမ်ားအတြက္ အာမခံလုပ္ငန္း ႀကီးၾကပ္ေရးအဖြဲ႕မွ သတ္မွတ္ထားသည့္ အာမခံပရီမီယံ ႏႈန္းထားအတိုင္း ေကာက္ခံရမည္ျဖစ္ ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံ၏ အာမခံက႑ဖြံ႔ၿဖိဳးတိုးတက္ေရး လမ္း ျပေျမပံုကို ျပည္ေထာင္စုအစိုးရအဖြဲ႕ က အတည္ျပဳလိုက္ၿပီျဖစ္ၿပီး ယင္း ကဲ့သို႔ခြင့္ျပဳထားသည့္ ပံုစံအတိုင္း အသက္အာမခံႏွင့္ အေထြေထြအာမခံ တို႔ကို ၂၀၁၈-၂၀၁၉ ဘ႑ာနွစ္ အတြင္း ႏိုင္ငံျခားအာမခံကုမ္ၸဏီမ်ား ၀င္ေရာက္လာေစရန္အတြက္ လမ္း ဖြင့္ေပးသြားမည္ျဖစ္ၿပီး အာမခံလုပ္ ငန္းအမ်ဳိးအစားႏွစ္ခုတြင္ ၀င္ေရာက္ လုပ္ကိုင္ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိ ရသည္။
အကာအကြယ္ပိုရႏိုင္
““ႏိုင္ငံျခားအာမခံ လုပ္ ကိုင္ခြင့္ကိုလည္း အားလံုးခြင့္ျပဳထား ၿပီးသားျဖစ္ပါတယ္။ အာမခံလုပ္ငန္း ကိုလမ္းဖြင့္ေပးမယ္ဆိုတာက အသက္ အာမခံကို ပိုၿပီးေတာ့ တိုးတက္ေစခ်င္ တာရယ္၊ ႏိုင္ငံတကာအေလ့အက်င့္ ပိုၿပီးရေစခ်င္တာေၾကာင့္ ႏိုင္ငံေတာ္ အႀကီးကဲေတြက လမ္းဖြင့္ေပးတာပါ။ျမန္မာ့အာမခံက႑ ဖြံ႕ၿဖိဳးတိုးတက္လို႔ ႏိုင္ငံတကာ အာမခံကုမ္ၸဏီေတြ၀င္ ေရာက္လာၿပီဆိုရင္ ျမန္မာႏိုင္ငံရဲ႕ အာမခံလုပ္ငန္းက ေခတ္တစ္ခုေလာက္ ျပန္ေရာက္ရွိလာၿပီးေတာ့ လူတိုင္းအ တြက္ အာမခံအကာအကြယ္က ပိုၿပီး ေတာ့ ရႏိုင္လိမ့္မယ္လို႔ျမင္ပါတယ္”” ဟု အာမခံလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕ မွ အတြင္းေရးမွဴး ဦးေဇာ္ႏိုင္ကေျပာ သည္။
၀န္ေဆာင္မႈေပးေန
လက္ရွိတြင္ ျမန္မာႏိုင္ငံ၏ အာမခံေစ်းကြက္အတြင္း အသက္ အာမခံထားျခင္းထက္ အေထြေထြ အာမခံက ပိုအားေကာင္းလ်က္ရွိၿပီး မီးအာမခံႏွင့္ ေမာ္ေတာ္ယာဥ္အလံုးစံု အာမခံတို႔မွာ ထားရွိမႈ အမ်ားဆံုးျဖစ္ သည္ဟုဆိုသည္။ ျမန္မာႏိုင္ငံတြင္ ျမန္မာ့အာမခံလုပ္ငန္း အပါအ၀င္ ျပည္တြင္းပုဂ္ၢလိက အာမခံကုမ္ၸဏီ စုစုေပါင္း ၁၂ ခုမွ အာမခံလုပ္ငန္း အမ်ိဳးအစားေပါင္း ၁၃ မ်ိဳးကို ၀န္ ေဆာင္မႈေပးလ်က္ရွိသည္။

Credit:weeklyheadline
# Unicode Version ျဖင့္ ဖတ္ပါ #
နိုင်ငံခြားအာမခံကုမ်္ပဏီ များကို အသက်အာမခံလုပ်ငန်းတွင် အကျိုးတူပူးပေါင်းသည့် စနစ်ဖြင့် လည်းကောင်း၊ ရာနှုန်းပြည့်စနစ်ဖြင့် လည်းကောင်း လုပ်ကိုင်ခွင့်ပြုသွား မည်ဖြစ်ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေး
အဆိုပါကိစ်္စနှင့်ပတ်သက် ၍ ရန်ကုန်မြို့ရှိ Pan Pacific Yangon Hotel တွင်စက်တင်ဘာလ ၆ ရက်က ပြုလုပ်သည့် လူ့ဘောင် အဖွဲ့အစည်းအတွက် ပြည့်စုံမှန် ကန် သည့် အကာအကွယ်များ ကူညီပံ့ပိုး ပေးခြင်း အလုပ်ရုံဆွေးနွေးပွဲမှ သိရ ခြင်းဖြစ်သည်။
ရာခိုင်နှုန်းပြည့်ခွင့်ပြု
““အစိုးရက ဆုံးဖြတ်ထား တာက အထွေထွေအာမခံဆိုရင် ပြည် တွင်း ပုဂ်္ဂလိကအာမခံတွေနဲ့ ပေါင်း ပြီးတော့ ခွင့်ပြုထားတယ်။ ဒါပေမဲ့ အသက်အာမခံကတော့ ၁၀၀ ရာခိုင် နှုန်းပဲလုပ်ချင်ချင်၊ အကျိုးတူပဲ လုပ် ချင်ချင် ပေးမယ်လို့တော့ ဆုံးဖြတ် ထားပါတယ်။ အဲဒါကတော့ ကုမ်္ပဏီ များအက်ဥပဒေအတိုင်း နိုင်ငံခြားသား ၃၅ ရာခိုင်နှုန်းကနေ ၁ ရာခိုင်နှုန်း ကျော်တာနဲ့ နိုင်ငံခြားအာမခံကုမ်္ပဏီ ဖြစ်သွားပြီ””ဟု မြန်မာ့အာမခံလုပ် ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန်္ဒာဦးက ပြောသည်။
ဆက်လက်၍ ပြည်တွင်း အာမခံလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြား အာမခံကုမ်္ပဏီများ လုပ်ကိုင်ခွင့်ပြုရန် အထွေထွေအာမခံလုပ်ငန်း၌ ပြည် တွင်း အာမခံကုမ်္ပဏီနှင့် အကျိုးတူ ဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
နှုန်းထားအတိုင်းသာ
ယင်း နိုင်ငံခြားအာမခံကုမ်္ပ ဏီများကို လက်ရှိပြည်တွင်းအာမခံ ကုမ်္ပဏီများအား လုပ်ကိုင်ခွင့်ပြုထား သည့် အာမခံလုပ်ငန်း အမျိုးအစား အတိုင်း လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ် ပြီး ထိုအာမခံ အမျိုးအစားများအတွက် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ သတ်မှတ်ထားသည့် အာမခံပရီမီယံ နှုန်းထားအတိုင်း ကောက်ခံရမည်ဖြစ် ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အာမခံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လမ်း ပြမြေပုံကို ပြည်ထောင်စုအစိုးရအဖွဲ့ က အတည်ပြုလိုက်ပြီဖြစ်ပြီး ယင်း ကဲ့သို့ခွင့်ပြုထားသည့် ပုံစံအတိုင်း အသက်အာမခံနှင့် အထွေထွေအာမခံ တို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်း နိုင်ငံခြားအာမခံကုမ်္ပဏီများ ဝင်ရောက်လာစေရန်အတွက် လမ်း ဖွင့်ပေးသွားမည်ဖြစ်ပြီး အာမခံလုပ် ငန်းအမျိုးအစားနှစ်ခုတွင် ဝင်ရောက် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိ ရသည်။
အကာအကွယ်ပိုရနိုင်
““နိုင်ငံခြားအာမခံ လုပ် ကိုင်ခွင့်ကိုလည်း အားလုံးခွင့်ပြုထား ပြီးသားဖြစ်ပါတယ်။ အာမခံလုပ်ငန်း ကိုလမ်းဖွင့်ပေးမယ်ဆိုတာက အသက် အာမခံကို ပိုပြီးတော့ တိုးတက်စေချင် တာရယ်၊ နိုင်ငံတကာအလေ့အကျင့် ပိုပြီးရစေချင်တာကြောင့် နိုင်ငံတော် အကြီးကဲတွေက လမ်းဖွင့်ပေးတာပါ။မြန်မာ့အာမခံကဏ္ဍ ဖွံ့ဖြိုးတိုးတက်လို့ နိုင်ငံတကာ အာမခံကုမ်္ပဏီတွေဝင် ရောက်လာပြီဆိုရင် မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းက ခေတ်တစ်ခုလောက် ပြန်ရောက်ရှိလာပြီးတော့ လူတိုင်းအ တွက် အာမခံအကာအကွယ်က ပိုပြီး တော့ ရနိုင်လိမ့်မယ်လို့မြင်ပါတယ်”” ဟု အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ မှ အတွင်းရေးမှူး ဦးဇော်နိုင်ကပြော သည်။
ဝန်ဆောင်မှုပေးနေ
လက်ရှိတွင် မြန်မာနိုင်ငံ၏ အာမခံဈေးကွက်အတွင်း အသက် အာမခံထားခြင်းထက် အထွေထွေ အာမခံက ပိုအားကောင်းလျက်ရှိပြီး မီးအာမခံနှင့် မော်တော်ယာဉ်အလုံးစုံ အာမခံတို့မှာ ထားရှိမှု အများဆုံးဖြစ် သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် မြန်မာ့အာမခံလုပ်ငန်း အပါအဝင် ပြည်တွင်းပုဂ်္ဂလိက အာမခံကုမ်္ပဏီ စုစုပေါင်း ၁၂ ခုမှ အာမခံလုပ်ငန်း အမျိုးအစားပေါင်း ၁၃ မျိုးကို ဝန် ဆောင်မှုပေးလျက်ရှိသည်။

Credit:weeklyheadline
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top