iMyanmarHouse.com - Best Property Website for Myanmar
×

Vaseline လို႔ဆိုလိုက္တာနဲ႔ အဖံုးအျပာေလးနဲ႔ ဗူးေလးကို မ်က္စိထဲ ျမင္ေယာင္မိၾကမွာပါ။ Vasline မွာ အလွအပအတြက္ ေကာင္းက်ိဳးေတြ အမ်ားႀကီး ရွိေနတဲ့အျပင္ ေတာ္ေတာ္ေလးလည္း အသံုးဝင္ပါတယ္။ ပ်ိဳပ်ိဳေမေလးတို႔ Skin care ေတြ အမ်ားႀကီး ေဆာင္စရာမလုိဘဲ Vaseline ေလး ရွိေနရင္ကို အဆင္ေျပေနၿပီေနာ္။ ဘယ္ေနရာမွာ ဘာေတြအသံုးဝင္သလဲဆိုတာ ေျပာျပမယ္ေနာ္။

Vaseline ဟာ mineral အဆီနဲ႔ ဖေယာင္းေတြ ပါဝင္တဲ့ တစ္ရာ ရာခိုင္ႏႈန္းေသာ petroleum jelly နဲ႔ ထုတ္လုပ္ထားတာျဖစ္ၿပီး အသားအေရအတြက္ ေကာင္းဖို႔အတြက္ အဓိက ပစၥည္းတစ္မ်ိဳးပါ။
ဝက္ျခံ

ဝက္ျခံအတြက္လည္း Vaseline ကို အသံုးျပဳႏိုင္ပါတယ္။ ဒါေပမယ့္ ဝက္ျခံေပၚ တုိက္ရိုက္ေတာ့ မလိမ္းပါနဲ႔။ တစ္ရွဴးစေလး ခံၿပီးလမ္းတာမ်ိဳးေတာ့ လုပ္ႏိုင္ပါတယ္။ Vaseline ဟာ ဝက္ျခံမထြက္ဖို႔ ကူညီေပးႏိုင္ပါတယ္။ ဝက္ျခံျဖစ္ေစတဲ့ ဘက္တီးရီးယားေတြ မဝင္ေရာက္ႏုိင္ေအာင္ ကာကြယ္တားဆီးေပးပါတယ္။
မိတ္ကပ္ဖ်က္ျခင္း

မ်က္လံုးဆိုးတဲ့ liner ေတြ၊ ႏႈတ္ခမ္းနီေတြနဲ႔ မိတ္ကပ္ေတြ မ်က္ႏွာေပၚမွာ က်န္ရွိေနတာကို ဖ်က္ခ်င္ရင္လည္း Vaseline ကို သံုးလို႔ ရတယ္ေနာ္။ တစ္ခါတစ္ေလမွာ အသံုးျပဳတဲ့ အဆီေတြ၊ Cleanseing ပစၥည္းေတြက ကိုယ့္အသားအေရနဲ႔ မတည့္ဘဲ အေရျပား ေရာင္ရမ္းတာေတြ၊ အလာ့ဂ်စ္ ျဖစ္တာေတြရွိတယ္ဆိုရင္ Vaseline ေလးနဲ႔ ဖ်က္ႏိုင္ပါတယ္ေနာ္။ ႏႈတ္ခမ္းနီ ဖ်က္မယ္ဆိုရင္ လက္ေလးနဲ႔ ယူၿပီး ႏႈတ္ခမ္းေပၚမွာ သာသာေလး ပြတ္လိုက္ရံုပါပဲ။ မိနစ္နည္းနည္းေလာက္ ထားၿပီးရင္ေတာ့ တစ္ရွွဴးစေလးနဲ႔ ဖယ္ရွားလိုက္လို႔ ရပါၿပီ။ မ်က္လံုးက အေရာင္ေတြ ဖယ္ရွားဖို႔လည္း ဒီလုိနည္းနဲ႔ လုပ္ႏုိင္ပါတယ္။
Night Cream

Night cream ေတြ ဘာသံုးရမွန္းမသိ ျဖစ္ေနရင္ေတာ့ Vaseline ေလးသာ လိမ္းလို္က္ပါ။ အသားအေရကို ၾကည္လင္ေတာက္ပေစၿပီး ႏူးညံ့ေစကာ ေခၽြးေပါက္ျဖစ္တာေတြ မရွိေအာင္ ကူညီေပးပါတယ္။ အစိုဓါတ္ကို ထိန္းထားေပးတဲ့အျပင္ အသားအေရ ေျခာက္ေသြ႔တာေတြ မျဖစ္ႏိုင္ေတာ့ပါဘူး။ အသားအေရကိုလည္း ျပန္လည္ၿပီးေတာ့ အေရာင္ညွိေပးတဲ့အတြက္ ေန႔ခင္း ေနပူထဲ ထြက္ရလို႔ ျဖစ္တဲ့ ေနေလာင္ကြက္ေတြ ေလ်ာ့ေစပါတယ္ေနာ္။
ဆံပင္

ေဗာက္ေတြထၿပီး ဦးေရျပားေတြ ေျခာက္ေသြ႔ေနတယ္ဆိုရင္ ေခါင္းမေလွ်ာ္ခင္မွာ Vaseline ေလး လိမ္းလိုက္ပါ။ ၿပီးရင္ ညင္သာစြာ ႏွိပ္နယ္ေပးပါ။ ေနာက္မွ ေခါင္းေလွ်ာ္ပါ။ ဆံပင္ေတြ ကၽြတ္တာ၊ က်ိဳးေၾကပ်က္စီးတာနဲ႔ ဆံသားမေကာင္းတာေတြကိုပါ သက္သာေစႏိုင္ပါတယ္။
တံေတာင္ဆစ္နဲ႔ ဒူး

တံေတာင္ဆစ္နဲ႔ ဒူးမွာ အမည္းေတြ ရွိေနလို႔ စိတ္ညစ္ေနရတယ္ဆိုရင္ေတာ့ Vaseline ေလး လိမ္းေပးပါေနာ္။ အမည္းေတြ ျမန္ျမန္ေပ်ာက္ေစၿပီး ေခ်ာေမြ႔ေစပါတယ္။
မ်က္ေတာင္

မ်က္ေတာင္ေကာ့ေဆးေတြ သံုးမိၿပီး ဖ်က္ရခက္ေနတယ္ဆိုရင္ေတာ့ Vaseline ေလးကို မ်က္ေတာင္မွာ လိမ္းၿပီး ခဏေနမွ တစ္ရွဴးေလးနဲ႔ ဖ်က္လိုက္ပါ။ မ်က္ေတာင္ေလးေတြ ပိုရွည္ဖို႔ အေထာက္အကူျပဳၿပီး ထူထူေလးလည္း ျဖစ္လာမွာ အေသအခ်ာပါပဲေနာ္။

Credit: Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#

Vaseline လို့ဆိုလိုက်တာနဲ့ အဖုံးအပြာလေးနဲ့ ဗူးလေးကို မျက်စိထဲ မြင်ယောင်မိကြမှာပါ။ Vasline မှာ အလှအပအတွက် ကောင်းကျိုးတွေ အများကြီး ရှိနေတဲ့အပြင် တော်တော်လေးလည်း အသုံးဝင်ပါတယ်။ ပျိုပျိုမေလေးတို့ Skin care တွေ အများကြီး ဆောင်စရာမလိုဘဲ Vaseline လေး ရှိနေရင်ကို အဆင်ပြေနေပြီနော်။ ဘယ်နေရာမှာ ဘာတွေအသုံးဝင်သလဲဆိုတာ ပြောပြမယ်နော်။

Vaseline ဟာ mineral အဆီနဲ့ ဖယောင်းတွေ ပါဝင်တဲ့ တစ်ရာ ရာခိုင်နှုန်းသော petroleum jelly နဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး အသားအရေအတွက် ကောင်းဖို့အတွက် အဓိက ပစ္စည်းတစ်မျိုးပါ။
ဝက်ခြံ

ဝက်ခြံအတွက်လည်း Vaseline ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဝက်ခြံပေါ် တိုက်ရိုက်တော့ မလိမ်းပါနဲ့။ တစ်ရှူးစလေး ခံပြီးလမ်းတာမျိုးတော့ လုပ်နိုင်ပါတယ်။ Vaseline ဟာ ဝက်ခြံမထွက်ဖို့ ကူညီပေးနိုင်ပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေ မဝင်ရောက်နိုင်အောင် ကာကွယ်တားဆီးပေးပါတယ်။
မိတ်ကပ်ဖျက်ခြင်း

မျက်လုံးဆိုးတဲ့ liner တွေ၊ နှုတ်ခမ်းနီတွေနဲ့ မိတ်ကပ်တွေ မျက်နှာပေါ်မှာ ကျန်ရှိနေတာကို ဖျက်ချင်ရင်လည်း Vaseline ကို သုံးလို့ ရတယ်နော်။ တစ်ခါတစ်လေမှာ အသုံးပြုတဲ့ အဆီတွေ၊ Cleanseing ပစ္စည်းတွေက ကိုယ့်အသားအရေနဲ့ မတည့်ဘဲ အရေပြား ရောင်ရမ်းတာတွေ၊ အလာ့ဂျစ် ဖြစ်တာတွေရှိတယ်ဆိုရင် Vaseline လေးနဲ့ ဖျက်နိုင်ပါတယ်နော်။ နှုတ်ခမ်းနီ ဖျက်မယ်ဆိုရင် လက်လေးနဲ့ ယူပြီး နှုတ်ခမ်းပေါ်မှာ သာသာလေး ပွတ်လိုက်ရုံပါပဲ။ မိနစ်နည်းနည်းလောက် ထားပြီးရင်တော့ တစ်ရှူးစလေးနဲ့ ဖယ်ရှားလိုက်လို့ ရပါပြီ။ မျက်လုံးက အရောင်တွေ ဖယ်ရှားဖို့လည်း ဒီလိုနည်းနဲ့ လုပ်နိုင်ပါတယ်။
Night Cream

Night cream တွေ ဘာသုံးရမှန်းမသိ ဖြစ်နေရင်တော့ Vaseline လေးသာ လိမ်းလိုက်ပါ။ အသားအရေကို ကြည်လင်တောက်ပစေပြီး နူးညံ့စေကာ ချွေးပေါက်ဖြစ်တာတွေ မရှိအောင် ကူညီပေးပါတယ်။ အစိုဓါတ်ကို ထိန်းထားပေးတဲ့အပြင် အသားအရေ ခြောက်သွေ့တာတွေ မဖြစ်နိုင်တော့ပါဘူး။ အသားအရေကိုလည်း ပြန်လည်ပြီးတော့ အရောင်ညှိပေးတဲ့အတွက် နေ့ခင်း နေပူထဲ ထွက်ရလို့ ဖြစ်တဲ့ နေလောင်ကွက်တွေ လျော့စေပါတယ်နော်။
ဆံပင်

ဗောက်တွေထပြီး ဦးရေပြားတွေ ခြောက်သွေ့နေတယ်ဆိုရင် ခေါင်းမလျှော်ခင်မှာ Vaseline လေး လိမ်းလိုက်ပါ။ ပြီးရင် ညင်သာစွာ နှိပ်နယ်ပေးပါ။ နောက်မှ ခေါင်းလျှော်ပါ။ ဆံပင်တွေ ကျွတ်တာ၊ ကျိုးကြေပျက်စီးတာနဲ့ ဆံသားမကောင်းတာတွေကိုပါ သက်သာစေနိုင်ပါတယ်။
တံတောင်ဆစ်နဲ့ ဒူး

တံတောင်ဆစ်နဲ့ ဒူးမှာ အမည်းတွေ ရှိနေလို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ Vaseline လေး လိမ်းပေးပါနော်။ အမည်းတွေ မြန်မြန်ပျောက်စေပြီး ချောမွေ့စေပါတယ်။
မျက်တောင်

မျက်တောင်ကော့ဆေးတွေ သုံးမိပြီး ဖျက်ရခက်နေတယ်ဆိုရင်တော့ Vaseline လေးကို မျက်တောင်မှာ လိမ်းပြီး ခဏနေမှ တစ်ရှူးလေးနဲ့ ဖျက်လိုက်ပါ။ မျက်တောင်လေးတွေ ပိုရှည်ဖို့ အထောက်အကူပြုပြီး ထူထူလေးလည်း ဖြစ်လာမှာ အသေအချာပါပဲနော်။

Credit: Hellosayarwon
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top