iMyanmarHouse.com - Best Property Website for Myanmar
×

လက္ထပ္ထိမ္းျမားျခင္းေရာ၊ ကြာရွင္းျပတ္စဲျခင္းေရာဟာ ကိုကိုမမ ဦးဦးေဒၚေဒၚတို႕ကို ၀ိတ္အတက္အက် ျဖစ္ေစႏိုင္တဲ့အေၾကာင္ရင္းေတြထဲက တစ္ခုအပါအ၀င္ျဖစ္ပါတယ္။ စစ္တမ္းေတြအရေတာ့ လက္ထပ္ထိမ္းျမား ျပီးရင္ ၀ိတ္တက္လာေလ့ရွိတာက မိန္းကေလးေတြျဖစ္ျပီး ေယာက်ာ္းေလးေတြကေတာ့ ကြာရွင္းျပတ္စဲျပီးေနာက္မွာ ၀ိတ္တက္တာေတြ ပိုျဖစ္ေလ့ရွိတယ္လို႕ဆိုပါတယ္။

အသက္အရြယ္ငယ္တဲ့သူေတြမွာ ဒီအျဖစ္အပ်က္မ်ိဳး သိသိသာသာျဖစ္ေလ့ျဖစ္ထမရွိေပမယ့္ အသက္ ၃၀ နဲ႕ ၅၀ ၾကား အမ်ိဳးသားအမ်ိဳးသမီးေတြမွာေတာ့ ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမ်ား ျဖစ္ေလ့ရွိတယ္လို႕လည္းဆိုပါတယ္။

Ohio State University က သုေတသနျပဳလုပ္သူေက်ာင္းသား Dmitry Tumin ကေနျပီး အသက္အရြယ္ၾကီးလာတာနဲ႕အမွ် လက္ထပ္တာပဲျဖစ္ျဖစ္၊ ကြာရွင္းျပတ္စဲတာပဲျဖစ္ျဖစ္ ဒီအျဖစ္အပ်က္ႏွစ္ခုလံုးဟာ ၀ိတ္အတက္အက်ျဖစ္ေစႏိုင္တဲ့ အဓိကအေၾကာင္းအရင္းေတြထဲက တစ္ခ်က္ျဖစ္တယ္လို႕ အဆိုတင္သြင္းျပသခဲ့တာျဖစ္ျပီး အဲဒီအဆိုနဲ႕ပတ္သက္တဲ့ သုေတသနစစ္တမ္းေတြလည္း ျပဳလုပ္ခဲ့ပါေသးတယ္။

သုေတသနနဲ႕စစ္တမ္းေတြျပီးသြားခ်ိန္မွာေတာ့ လက္ထပ္ျခင္းနဲ႕ကြာရွင္းျပတ္စဲျခင္းဟာ ၀ိတ္ ေပါင္ခ်ိန္ ၂၀နီးပါးေလာက္ အတက္အက်အေျပာင္းအလဲျဖစ္ေစႏုိင္တာကို ေတြ႕ရွိခဲ့ရျပီး အဲ့လို၀ိတ္အတက္အက်ျဖစ္ျခင္းကလည္း ႏွလံုးေရာဂါ ျဖစ္ေစႏိုင္တဲ့အထိ သက္ေရာက္မႈရွိႏုိင္တယ္ဆိုတာ ေတြ႕ရွိခဲ့ပါတယ္။

အမ်ိဳးသမီးေတြအတြက္ေတာ့ လက္ထပ္ျပီး ၂ႏွစ္တာကာလအတြင္းမွာ ၀ိတ္တက္တာအမ်ားဆံုးျဖစ္ျပီး အမ်ိဳးသားေတြအတြက္ကေတာ့ ကြာရွင္းျပတ္စဲျပီး သိပ္မၾကာတဲ့အခ်ိန္ကာလတစ္ခုအတြင္းမွာပဲ သိသိသာသာ ၀ိတ္တက္လာတာမ်ိဳးျဖစ္လာႏုိင္ပါတယ္။ ဒါေၾကာင့္ လက္ထပ္ထိမ္းျမားျပီးေနာက္ပိုင္းမွာပဲျဖစ္ေစ၊ ကြာရွင္းျပတ္စဲျပီးေနာက္ပိုင္းမွာပဲျဖစ္ေစ ပံုမွန္ကိုယ္အေလးခ်ိန္ကိုထိန္းညွိရင္း ေလ့က်င့္ခန္းျပဳလုပ္တာနဲ႕ အစားအေသာက္ပံုစံကိုခ်ိန္ညွိတာက အမ်ိဳးသားအမ်ိဳးသမီးတိုင္းကို က်န္းမာေရးနဲ႕ညီညြတ္တဲ့ဘ၀ကို ပိုင္ဆုိင္ႏုိင္ဖို႕ ကူညီေပးႏုိင္ပါလိမ့္မယ္။

Credit: Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#

လက်ထပ်ထိမ်းမြားခြင်းရော၊ ကွာရှင်းပြတ်စဲခြင်းရောဟာ ကိုကိုမမ ဦးဦးဒေါ်ဒေါ်တို့ကို ဝိတ်အတက်အကျ ဖြစ်စေနိုင်တဲ့အကြောင်ရင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စစ်တမ်းတွေအရတော့ လက်ထပ်ထိမ်းမြား ပြီးရင် ဝိတ်တက်လာလေ့ရှိတာက မိန်းကလေးတွေဖြစ်ပြီး ယောကျာ်းလေးတွေကတော့ ကွာရှင်းပြတ်စဲပြီးနောက်မှာ ဝိတ်တက်တာတွေ ပိုဖြစ်လေ့ရှိတယ်လို့ဆိုပါတယ်။

အသက်အရွယ်ငယ်တဲ့သူတွေမှာ ဒီအဖြစ်အပျက်မျိုး သိသိသာသာဖြစ်လေ့ဖြစ်ထမရှိပေမယ့် အသက် ၃၀ နဲ့ ၅၀ ကြား အမျိုးသားအမျိုးသမီးတွေမှာတော့ ရာခိုင်နှုန်းတော်တော်များများ ဖြစ်လေ့ရှိတယ်လို့လည်းဆိုပါတယ်။

Ohio State University က သုတေသနပြုလုပ်သူကျောင်းသား Dmitry Tumin ကနေပြီး အသက်အရွယ်ကြီးလာတာနဲ့အမျှ လက်ထပ်တာပဲဖြစ်ဖြစ်၊ ကွာရှင်းပြတ်စဲတာပဲဖြစ်ဖြစ် ဒီအဖြစ်အပျက်နှစ်ခုလုံးဟာ ဝိတ်အတက်အကျဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ချက်ဖြစ်တယ်လို့ အဆိုတင်သွင်းပြသခဲ့တာဖြစ်ပြီး အဲဒီအဆိုနဲ့ပတ်သက်တဲ့ သုတေသနစစ်တမ်းတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

သုတေသနနဲ့စစ်တမ်းတွေပြီးသွားချိန်မှာတော့ လက်ထပ်ခြင်းနဲ့ကွာရှင်းပြတ်စဲခြင်းဟာ ဝိတ် ပေါင်ချိန် ၂၀နီးပါးလောက် အတက်အကျအပြောင်းအလဲဖြစ်စေနိုင်တာကို တွေ့ရှိခဲ့ရပြီး အဲ့လိုဝိတ်အတက်အကျဖြစ်ခြင်းကလည်း နှလုံးရောဂါ ဖြစ်စေနိုင်တဲ့အထိ သက်ရောက်မှုရှိနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

အမျိုးသမီးတွေအတွက်တော့ လက်ထပ်ပြီး ၂နှစ်တာကာလအတွင်းမှာ ဝိတ်တက်တာအများဆုံးဖြစ်ပြီး အမျိုးသားတွေအတွက်ကတော့ ကွာရှင်းပြတ်စဲပြီး သိပ်မကြာတဲ့အချိန်ကာလတစ်ခုအတွင်းမှာပဲ သိသိသာသာ ဝိတ်တက်လာတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လက်ထပ်ထိမ်းမြားပြီးနောက်ပိုင်းမှာပဲဖြစ်စေ၊ ကွာရှင်းပြတ်စဲပြီးနောက်ပိုင်းမှာပဲဖြစ်စေ ပုံမှန်ကိုယ်အလေးချိန်ကိုထိန်းညှိရင်း လေ့ကျင့်ခန်းပြုလုပ်တာနဲ့ အစားအသောက်ပုံစံကိုချိန်ညှိတာက အမျိုးသားအမျိုးသမီးတိုင်းကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

Credit: Hellosayarwon
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top