iMyanmarHouse.com - Best Property Website for Myanmar
×








#Unicode Version#
 နိုင်ငံကျော်ဇာတ်ပို့သရုပ်ဆောင် ကျော်ဇင်ထွဏ်ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ကျော်ဇင်ထွဏ်ဟာဆိုရင် သူ့ရဲ့မိသားစုနဲ့ မပြေလည်တဲ့ အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ သူ့ရဲ့ခံစားချက်တွေကိုဖော်ပြလေ့ရှိသူပါ ။

မိသားစုအပေါ် အရမ်းချစ်တဲ့ ကျော်ဇင်ထွဏ်ကသူရဲ့ ဇနီးနဲ့ စကားအနည်းငယ်များခဲ့ကြရာမှ ဇနီးဖြစ်သူနဲ့ သမီးလေးတွေက စိတ်ဆိုးပြီး အိမ်ကထွက်သွားခဲ့ကြတယ်လို့သိရပါတယ်။

ဇနီးနဲ့ သမီးလေးတွေ အိမ်ပြန်အလာကိုမျှော်နေတဲ့ ကျော်ဇင်ထွဏ်က ၁၀ လပိုင်း၃ရက်နေ့ သူတရားဝင်ကွာရှင်းရတော့မယ်လို့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ကျော်ဇင်ထွဏ်ပြောထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကျော်ဇင်ထွဏ်ရဲ့ ဇနီးနဲ့ သမီးလေးတွေက စိတ်ဆိုးပြီး အိမ်ကထွက်သွားခဲ့ကြတာဖြစ်ပြီး ကျော်ဇင်ထွဏ်က သူ့ရဲ့ ချစ်တဲ့ မိသားစုလေးပြန်အလာကို စောင့်နေတာပဲ ဖြစ်ပါတယ်။ ကျော်ဇင်ထွဏ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ လွန်ခဲ့တဲ့ စက်တင်ဘာ ၁၉ရက်နေ့က သူတို့မိသားစုဟာ တစ်သက်လုံးလမ်းခွဲခွာသွားနိုင်တယ်ဆိုပြီး ဇနီးဖြစ်သူနဲ့ တရားရုံးပထမရုံးချိန်းကို သွားရောက်ခဲ့တယ်လို့ရေးထားပါသေးတယ်။

ဒီတစ်ခာမှာတော့ ကျော်ဇင်ထွဏ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ” ဒီအပါတ် သောကြာနေ့တရားဝင် ကွာရှင်းတော့မယ်လို့ သတင်း ရပြီးသကာလ .. ” ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ်။

သူတို့မိသားစုလေးကို ချစ်တဲ့ ပရိသတ်တွေကလည်း ဒီသတင်းကိုကြားရချိန်မှာ အရမ်းကို စိတ်မကောင်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။

Credit: kyaw zin htut’s facebook

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top