iMyanmarHouse.com - Best Property Website for Myanmar
×

 က်န္းမားေရးေကာင္းဖို႔အတြက္ က်န္းမာေရးနဲ႔ညီညြတ္တဲ့အစားအစာေတြ စားေန႐ုံနဲ႔မလံုေလာက္ပါဘူး။ နည္းစနစ္မွန္မွန္စားတတ္ဖို႔လည္း လိုပါတယ္။ သင္လိုခ်င္တဲ့ ခႏၶာကိုယ္ပံုစံရရွိဖို႔အတြက္ စားေသာက္တဲ့ အစားအစာတိုင္းကို သတိျပဳဆင္ျခင္သင့္ပါတယ္။ သင္စားေသာက္တဲ့ပံုစံဟာ အာဟာရလည္းျပည့္၊ ေရာဂါအမ်ိဳးမ်ိဳးကိုလည္း ကာကြယ္ႏိုင္ၿပီး ၾကြက္သားေတြကိုပါ ဖြံ႕ၿဖိဳးလာေစႏိုင္တဲ့ စားေသာက္မႈမ်ိဳးျဖစ္ဖို႔ လိုပါတယ္။ ဒီလိုစားေသာက္မႈပံုစံမွန္ကန္ဖို႔ ဘယ္ေတြကို ဘယ္လိုစားရမလဲ မသိလို႔ စိတ္ညစ္မသြားပါနဲ႔။ အမ်ိဳးသားေတြက်န္းမာၾကံ႕ခိုင္ဖို႔အတြက္ စားသံုးရမယ့္ စားေသာက္ဖြယ္ရာေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

။ ၾကက္ဆင္ရင္ပံုသား

အသား (၃)ေအာင္စလွ်င္ (၇၂)ကယ္လိုရီရွိသည္။

တပတ္လွ်င္ (၃)ႀကိမ္ စားေပးပါ။

ၾကက္္ဆင္သားဟာ ဗီတာမင္ ဘီ၊ ဇင့္နဲ႔ ကင္ဆာဆန္႔က်င္တဲ့ စီလီနီယမ္ဓာတ္ေတြ ျမင့္မားစြာပါ၀င္ပါတယ္။ ဒါ့အျပင္ အမိုင္ႏိုအက္ဆစ္ဓာတ္ၾကြယ္၀ၿပီး မေကာင္းတဲ့အဆီဓာတ္ အနည္းငယ္သာပါတဲ့အတြက္ ၾကက္ဆင္သား တစ္ေအာင္စ စားတိုင္းမွာ ၾကြက္သား(၇)ဂရမ္တိုးလာေစႏိုင္ပါတယ္။

။ သံလြင္ဆီ

စားပြဲတင္ဇြန္းတစ္စြန္းလွ်င္ (၁၁၉)ကယ္လိုရီရွိသည္။ တစ္ရက္ကို စားပြဲတင္ဇြန္း(၂)ဇြန္းစားပါ။

သံလြင္ဆီဟာ ႏွလံုးက်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစတဲ့အတြက္ ႏွလံုးေရာဂါျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါ့အျပင္ နာက်ဥ္မႈနဲ႔ ေရာင္ရမ္းမႈေတြကို ေလ်ာ့ပါးသက္သာတဲ့အက်ိဳးေက်းဇူးလည္း ရွိပါတယ္။ သံလြင္ဆီကို ဟင္းထဲထည့္ခ်က္တာ၊ အသုပ္သုပ္ရာမွာ သံုးတာအျပင္ စားပြဲတင္ဇြန္းႏွစ္ဇြန္းေလာက္ စားေပးရင္ အေကာင္းဆံုးျဖစ္ပါတယ္။

။ Quinoa

ခြက္တစ္၀က္လွ်င္ (၃၁၈)ကယ္လိုရီ၊ တစ္ပတ္ကို (၂/၃)ႀကိမ္သံုးေဆာင္ပါ။

အန္းဒီးစ္ေတာင္တန္းေတြမွာ ေပါက္ေရာက္တဲ့ ႏွံစားသီးႏွံတစ္မ်ိဳးတဲ့ Quinoa ေစ့ေတြကို သင္အလြယ္တကူ ေတာ့ရႏိုင္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ ရႏိုင္မယ္ဆိုရင္ေတာ့ အျခားႏွံစားသီးႏွံေတြထက္ စားသင့္တဲ့ စားစရာတစ္မ်ိဳးျဖစ္ပါတယ္။

။ ပဲေနာက္

တစ္ခြက္လွ်င္ (၂၂၇)ကယ္လိုရီ၊ တစ္ပတ္လွ်င္(၂)ႀကိမ္သံုးေဆာင္ပါ။

ပဲေနာက္ေလးေတြက အရြယ္အစားေသးေပမယ့္ သင့္ကို အင္အားျဖစ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ အမွ်င္ဓာတ္ၾကြယ္၀တာေၾကာင့္ နည္းနည္းစား႐ုံနဲ႔ တင္းတိမ္ေစႏိုင္မွာျဖစ္ပါတယ္။ ခႏၶာကိုယ္က စြမ္းအင္အျဖစ္ေျပာင္းလဲအသံုးခ်တဲ့ ကာဗိုဟိုက္ဒရိတ္ဓာတ္နဲ႔ ပ႐ုိတင္းအသားဓာတ္ေတြလည္း ပါ၀င္တာေၾကာင့္ စားသံုးသင့္တဲ့ စားစရာတစ္မ်ိဳးျဖစ္ပါတယ္။

။ လက္ဖက္ရည္ၾကမ္း(ေရေႏြးၾကမ္း)

တစ္ခြက္လွ်င္ (၂)ကယ္လိုရီ၊ တစ္ရက္ကို (၁)ခြက္မွ (၃)ခြက္အထိ သံုးေဆာင္ပါ။

လက္ဖက္စိမ္းရဲ႕အက်ိဳးေက်းဇူးေတြကေတာ့ ကင္ဆာေရာဂါကာကြယ္ရာကေန ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေပးႏိုင္တာအထိ ရွိပါတယ္။ အယ္ဇိုင္းမား (Alzheimer) ေရာဂါျဖစ္ပြားႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးၿပီး အျခားနာမက်န္းမႈေတြကိုလည္း ကာကြယ္ႏိုင္ပါတယ္။ ဒါေၾကာင့္ အပူပဲျဖစ္ျဖစ္၊ အေအးပဲျဖစ္ျဖစ္ လက္ဖက္စိမ္းအဆီအႏွစ္ကို ေဖ်ာ္ထားတဲ့ လက္ဖက္ရည္ၾကမ္းကို ေသာက္သံုးပါ။

။ ဥအမ်ိဳးမ်ိဳး

ၾကက္ဥတစ္လံုးလွ်င္ (၇၄)ကယ္လိုရီ၊ တစ္ပတ္ကို (၃)လံုးမွ(၇)လံုးအထိ သံုးေဆာင္ပါ။

ၾကက္ဥအလံုးတိုင္းမွာ ၾကြက္သားတည္ေဆာက္ရာမွာ အေထာက္အကူျဖစ္တဲ့ အမိုင္ႏိုအက္ဆစ္ဓာတ္ (၄)ဂရမ္ ပါ၀င္ပါတယ္။ ဒါ့အျပင္ မွတ္ဉာဏ္ကို တိုးတက္ေကာင္းမြန္ေစတဲ့ ဗီတာမင္ဓာတ္တစ္မ်ိဳးလည္း ပါရွိတဲ့အတြက္ တစ္ေန႔တစ္လံုးမွန္မွန္စားသံုးသင့္ပါတယ္။

။ ႏို႔

တစ္ခြက္လွ်င္ (၁၁၈)ကယ္လိုရီ၊ တစ္ရက္ကို (၃)ခြက္ေသာက္သံုးပါ။

ႏြားႏို႔ဟာ ခႏၶာကိုယ္အတြက္ အားျဖစ္ေစတယ္ဆိုတာ လူတိုင္းသိပါတယ္။ ႏို႔ထြက္ကုန္ပစၥည္းေတြမွာ ခႏၶာကိုယ္ရဲ႕ အဆီေလာင္ကၽြမ္းမႈျဖစ္စဥ္ကို လႈံ႕ေဆာ္ေပးၿပီး အဆီသိုေလွာင္မႈကို ေႏွးေကြးသြားေစတဲ့ ဓာတ္ပစၥညး္ေတြလည္း ပါ၀င္ပါတယ္။

။ ေရ

(၀)ကယ္လိုရီ၊ တစ္ရက္ကို ေရ(၈)ေအာင္စ ေသာက္သံုးပါ။

ေရဟာ ခႏၶာကိုယ္အတြင္းမွ အဆိပ္အေတာက္ေတြကို သန္႔စင္ေပးၿပီး ခႏၶာကိုယ္အပူခ်ိန္ကို ပံုမွန္ျဖစ္ေစပါတယ္။ ေက်ာက္ကပ္အတြင္း ေက်ာက္တည္ျခင္းကို ကာကြယ္ေပးၿပီး ခႏၶာကိုယ္အတြင္း အာဟာရဓာတ္ေတြကို ပ်ံ႕ႏွံေစပါတယ္။ တစ္ေန႔လံုးေရခ်ည္းပဲ မေသာက္ခ်င္ရင္ သၾကားမပါတဲ့ သံပုရာရည္ေသာက္လို႔ ရပါတယ္။

။ ကန္စြန္းဥ

တစ္လံုးလွ်င္ (၁၀၀)ကယ္လိုရီ၊ တစ္ပတ္လွ်င္ (၁)လံုးသံုးေဆာင္ပါ။

ကန္စြန္းဥမွာ ဘီတာက႐ုိတင္း၊ သံဓာတ္နဲ႔ ဗီတာမင္ စီ၊ အီး စတာေတြ အမ်ားအျပားပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ ခႏၶာကိုယ္ဒဏ္ျဖစ္တာေတြကို ကာကြယ္ေပးႏိုင္တဲ့အတြက္ အားကစားသမားေတြဆုိရင္ မျဖစ္မေနစားသံုးသင့္ပါတယ္။ ေလ့က်င့္ခန္းလုပ္ၿပီး ၾကြက္သားေတြ ျပန္လည္ကုစားဖို႔အတြက္ကိုလည္း အေထာက္အကူျဖစ္ေစတဲ့ စားစရာျဖစ္ပါတယ္။

။ ပဲပိစပ္

တစ္ခြက္လွ်င္ (၃၀၀)ကယ္လိုရီ၊ တစ္ပတ္လွ်င္ (၂)ခြက္ေသာက္သံုးပါ။

ပဲပိစပ္မွာ အသားဓာတ္၊ အမွ်င္ဓာတ္၊ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ား၊ ဗီတာမင္အမ်ိဳးမ်ိဳးနဲ႔ သတၱဳဓာတ္ေတြ ပါ၀င္ပါတယ္။ တို႔ဖူးေတြ၊ ပဲႏို႔ေတြ မၾကိဳက္ရင္ ပဲပိစပ္ကို အစားထိုးစားသံုးႏိုင္ပါတယ္။

။ အမဲသား

သံုးေအာင္စလွ်င္ (၁၆၃)ကယ္လိုရီ၊ တစ္ပတ္လွ်င္ (၃/၄)ႀကိမ္စားသံုးပါ။

အမဲသားမွာ ၾကြက္သားႀကီးထြားေစတဲ့ အမိုင္ႏိုအက္ဆစ္ဓာတ္၊ သံဓာတ္နဲ႔ ဇင့္ဓာတ္ေတြပါ၀င္တဲ့အတြက္ ေသြးအားေကာင္းေစပါတယ္။ ဒါ့အျပင္ အသားဓာတ္၊ B6 ၊ B12 စသည့္အဟာရဓာတ္မ်ား ၾကြယ္၀စြာ ပါ၀င္ပါေသးတယ္။

။ ဂ်ံဳၾကမ္းေပါင္မုန္႔

(၂)ခ်ပ္လွ်င္ (၁၄၀)ကယ္လိုရီ၊ တစ္ပတ္ကို (၆)ခ်ပ္ခန္႔စားပါ။

ဂ်ံဳအျဖဴနဲ႔ ျပဳလုပ္ထားတဲ့ ေပါင္မုန္႕ေတြမွာ အမွ်င္ဓာတ္နဲ႔ အသားဓာတ္ပါ၀င္မႈနည္းပါးၿပီး အစာအိမ္က အလြယ္တကူေခ်ဖ်က္လိုက္ႏိုင္ပါတယ္။ ခဏတာ စြမ္းအင္ျပည့္သြားေပမယ့္ စားၿပီးသိပ္မၾကာခ်င္မွာပဲ ျပန္ၿပီးဗိုက္ဆာလာမွာ ျဖစ္ပါတယ္။ ဂ်ံဳၾကမ္းမွာ ပါ၀င္တဲ့ကာဘိုဟိုက္ဒရိတ္ဓာတ္ကေတာ့ ေခ်ပ်က္ဖို႔ အခ်ိန္ၾကာတဲ့အတြက္ တင္းတိမ္မႈကို အၾကာႀကီးခံစားေနရမွာျဖစ္ပါတယ္။ ဂ်ံဳၾကမ္းေတြဟာ အညိဳေရာင္ရွိတတ္ပါတယ္။ ဒါ့ေၾကာင့္ အညိဳေရာင္ဂ်ံဳသားနဲ႔ ေပါင္မုန္႔ေတြကိုသာ စားသံုးပါ။

။ အယ္မြန္ေစ့

(၀.၅)ေအာင္စလွ်င္ (၈၂)ကယ္လိုရီ၊ တစ္ပတ္လွ်င္ သံုးႀကိမ္သံုးေဆာင္ပါ။

အသားဓာတ္၊ အမွ်င္ဓာတ္နဲ႔ ဗီတာမင္ အီး ဓာတ္ေတြ ၾကြယ္၀တဲ့ အယ္မြန္ေစ့ေတြဟာ ႏွလံုး၊ အစာအိမ္နဲ႔ အူလမ္းေၾကာင္း၊ အေရျပားက်န္းမာေရးအတြက္ တကယ္ကိုေကာင္းပါတယ္။

။ ဒိန္ခ်ဥ္

တစ္ခြက္လွ်င္ (၁၅၄)ကယ္လုိရီ၊

ႏြားႏို႔ကေနရရွိတဲ့ အက်ိဳးေက်းဇူးေတြအားလံုး ဒိန္ခ်ဥ္ကေနရရွိႏိုင္ပါတယ္။ ဒါ့အျပင္ အူအတြင္းရွိ အက်ိဳးျပဳဘက္တီးရီးယားေတြကိုလည္း တိုးပြားေစတာေၾကာင့္ နာမက်န္းျဖစ္မႈေတြကို ကာကြယ္ႏိုင္ပါတယ္။ ဒိန္ခ်ဥ္မွာ အဆီေတြကိုေလာင္ကၽြမ္းေစတဲ့ ကယ္ဆီယမ္ဓာတ္လည္းပါ၀င္ၿပီး ဗိုက္ျပည့္ေစတာေၾကာင့္ ၀ိတ္ေလွ်ာ့စာတစ္ခုအျဖစ္လည္း စားသံုးသင့္ပါတယ္။

။ ဟင္းႏွနယ္

(၇)ကယ္လိုရီ၊ တစ္ပတ္ကို (၂/၃)ႀကိမ္ သံုးေဆာင္ပါ။

ဟင္းႏုနယ္ရြက္မွာ အမွ်င္ဓာတ္၊ ကယ္စီယမ္ဓာတ္ေတြအျပင္ ကိုယ္ခံအားစနစ္၊ အျမင္အာ႐ုံတို႔အတြက္ အေရးပါတဲ့ ဘီတာကရိုတိန္းဓာတ္လည္း အမ်ားအျပားပါ၀င္ပါတယ္။

။ ဘရုိကိုလီ(ပန္းေဂၚဖီစိမ္း)

(၃၁)ကယ္လိုရီ၊ တစ္ပတ္လည္း (၂/၃)ႀကိမ္သံုးေဆာင္ပါ။

ပန္းေဂၚဖီစိမ္းေတြမွာ ေသြးလည္ပတ္မႈနဲ႔ အ႐ုိးၾကံ႕ခိုင္မႈကို အေထာက္အကူျဖစ္ေစတဲ့ သံဓာတ္၊ ကယ္စီယမ္ဓာတ္၊ အမွ်င္ဓာတ္နဲ႔ ဗီတာမင္ စီ ဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ အေအးမိတာကေနစၿပီး ေရာဂါအမ်ိဳးမ်ိဳးကို ကာကြယ္ေပးႏိုင္ပါတယ္။

။ ခရမ္းခ်ဥ္သီး

(၈၃)ကယ္လိုရီ၊ တစ္ပတ္(၄)ႀကိမ္ သံုးေဆာင္ပါ။

ခရမ္းခ်ဥ္သီးကို အခ်စ္သီးလို႔ေခၚတာ အလကားမဟုတ္ပါဘူး။ လိင္ပိုင္းဆိုင္ရာက်န္းမာေရးကို အေထာက္အကူျဖစ္ေစတဲ့ စားစရာတစ္မ်ိဳးျဖစ္ပါတယ္။ ဒါ့အျပင္ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ အမ်ားႀကီးပါ၀င္တာေၾကာင့္ ေရာဂါအမ်ိဳးမ်ိဳးကို ဆန္႔က်င္ႏိုင္ၿပီး အမ်ိဳးသားေတြအတြက္ အဓိကက်တဲ့ ဆီးက်ိတ္ကင္ဆာကို ကာကြယ္ႏိုင္ပါတယ္။ ခရမ္းခ်ဥ္သီးေတြဟာ အစိမ္းစားတာထက္ ခ်က္စားတာက အာဟာရဓာတ္ပိုမ်ားလာေစပါတယ္။

။ Oatmeal (ဂ်ံဳယာဂု)

(၁၄၈)ကယ္လိုရီ၊ တစ္ပတ္လွ်င္ (၃/၄)ႀကိမ္ သံုးေဆာင္ပါ။

မနက္စာထဲမွာ ဂ်ံဳယာဂုထက္ေကာင္းတာ မရွိပါဘူး။ သင့္ရဲ႕ခြန္အားကို ျမင့္တက္ေစၿပီး တစ္ေနကုန္ အားအျပည့္နဲ႔ လႈပ္ရွားႏိုင္ေစပါတယ္။ ဒါ့အျပင္ စိတ္ဖိစီးကိုေလ်ာ့ပါးေစၿပီး ကိုယ္ခံအားစနစ္ကို ျမွင့္တင္ေပးပါတယ္။ ေပ်ာ္၀င္ႏိုင္တဲ့အမွ်င္ဓာတ္လည္း အမ်ားအျပားပါ၀င္တာေၾကာင့္ ႏွလံုးေသြးေၾကာေတြက မေကာင္းတဲ့ ကိုလက္စတေရာဓာတ္စုပ္ယူမႈကို ကာကြယ္ႏိုင္ပါတယ္။

။ ဘလူးဘယ္ရီ

(၄၁)ကယ္လိုရီ၊ တစ္ပတ္လွ်င္ (၁/၂)ခြက္သံုးေဆာင္ပါ။

အသီးေတြထဲမွာ ဘလူးဘယ္ရီသီးက အေကာင္းဆံုးျဖစ္ပါတယ္။ အစိမ္းလိုက္ပဲျဖစ္ျဖစ္၊ တစ္ခုခုနဲ႔ေရာစားတာပဲျဖစ္ျဖစ္၊ ေဖ်ာ္ရည္လုပ္ေသာက္တာပဲျဖစ္ျဖစ္ ဘယ္လိုစားစား ေကာင္းပါတယ္။ ဘလူးဘယ္ရီသီးေတြမွာ အမွ်င္ဓာတ္၊ ဗီတာမင္ဓာတ္၊ သတၱဳဓာတ္ေတြ ၾကြယ္၀ၿပီး ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြပါ၀င္တာေၾကာင့္ အိုမင္းရင့္ေရာ္မႈကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ေနာက္ထပ္ အေၾကာင္းရင္းတစ္ခုကေတာ့ မွတ္ဉာဏ္ကို ေကာင္းမြန္ေစတာပဲျဖစ္ပါတယ္။

။ ေဆာ္လ္မြန္ငါး

သံုးေအာင္စလွ်င္ (၁၂၁)ကယ္လိရီ၊ တစ္ပတ္လွ်င္ (၃/၄)ႀကိမ္သံုးေဆာင္ပါ။

ေဆာ္လ္မြန္ငါးေတြမွာ အိုမီဂါသရီး ဖက္တီးအက္ဆစ္ဓာတ္ ၾကြယ္၀စြာပါ၀င္ပါတယ္။ ဒီအက္ဆစ္ဓာတ္က အသက္ႀကီးလာတဲ့အခါ မွတ္ဉာဏ္ဆံုး႐ႈံးမႈ ေႏွးေကြးေစၿပီး ႏွလံုးက်န္းမာေရးကိုလည္း အေထာက္အကူ ျပဳပါတယ္။ ႏွလံုးေသြးေၾကာက်ဥ္း၊ ေသြးေၾကာပိတ္တာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ အ၀လြန္ေရာဂါမျဖစ္ေအာင္လည္း တားဆီးေပးႏိုင္ပါတယ္။ အသားဓာတ္ေတြလည္းပါ၀င္တာေၾကာင့္ အဆီခ်ၿပီး ၾကြက္သားေတြကို ဖြံ႕ၿဖိဳးလာေစႏိုင္ပါတယ္။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔မွ်ေဝေပးပါေနာ္...
credit.gentleman
 ကျန်းမားရေးကောင်းဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေ စားနေရုံနဲ့မလုံလောက်ပါဘူး။ နည်းစနစ်မှန်မှန်စားတတ်ဖို့လည်း လိုပါတယ်။ သင်လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံရရှိဖို့အတွက် စားသောက်တဲ့ အစားအစာတိုင်းကို သတိပြုဆင်ခြင်သင့်ပါတယ်။ သင်စားသောက်တဲ့ပုံစံဟာ အာဟာရလည်းပြည့်၊ ရောဂါအမျိုးမျိုးကိုလည်း ကာကွယ်နိုင်ပြီး ကြွက်သားတွေကိုပါ ဖွံ့ဖြိုးလာစေနိုင်တဲ့ စားသောက်မှုမျိုးဖြစ်ဖို့ လိုပါတယ်။ ဒီလိုစားသောက်မှုပုံစံမှန်ကန်ဖို့ ဘယ်တွေကို ဘယ်လိုစားရမလဲ မသိလို့ စိတ်ညစ်မသွားပါနဲ့။ အမျိုးသားတွေကျန်းမာကြံ့ခိုင်ဖို့အတွက် စားသုံးရမယ့် စားသောက်ဖွယ်ရာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

။ ကြက်ဆင်ရင်ပုံသား

အသား (၃)အောင်စလျှင် (၇၂)ကယ်လိုရီရှိသည်။

တပတ်လျှင် (၃)ကြိမ် စားပေးပါ။

ကြက်ဆင်သားဟာ ဗီတာမင် ဘီ၊ ဇင့်နဲ့ ကင်ဆာဆန့်ကျင်တဲ့ စီလီနီယမ်ဓာတ်တွေ မြင့်မားစွာပါဝင်ပါတယ်။ ဒါ့အပြင် အမိုင်နိုအက်ဆစ်ဓာတ်ကြွယ်ဝပြီး မကောင်းတဲ့အဆီဓာတ် အနည်းငယ်သာပါတဲ့အတွက် ကြက်ဆင်သား တစ်အောင်စ စားတိုင်းမှာ ကြွက်သား(၇)ဂရမ်တိုးလာစေနိုင်ပါတယ်။

။ သံလွင်ဆီ

စားပွဲတင်ဇွန်းတစ်စွန်းလျှင် (၁၁၉)ကယ်လိုရီရှိသည်။ တစ်ရက်ကို စားပွဲတင်ဇွန်း(၂)ဇွန်းစားပါ။

သံလွင်ဆီဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့အတွက် နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် နာကျဉ်မှုနဲ့ ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာတဲ့အကျိုးကျေးဇူးလည်း ရှိပါတယ်။ သံလွင်ဆီကို ဟင်းထဲထည့်ချက်တာ၊ အသုပ်သုပ်ရာမှာ သုံးတာအပြင် စားပွဲတင်ဇွန်းနှစ်ဇွန်းလောက် စားပေးရင် အကောင်းဆုံးဖြစ်ပါတယ်။

။ Quinoa

ခွက်တစ်ဝက်လျှင် (၃၁၈)ကယ်လိုရီ၊ တစ်ပတ်ကို (၂/၃)ကြိမ်သုံးဆောင်ပါ။

အန်းဒီးစ်တောင်တန်းတွေမှာ ပေါက်ရောက်တဲ့ နှံစားသီးနှံတစ်မျိုးတဲ့ Quinoa စေ့တွေကို သင်အလွယ်တကူ တော့ရနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ရနိုင်မယ်ဆိုရင်တော့ အခြားနှံစားသီးနှံတွေထက် စားသင့်တဲ့ စားစရာတစ်မျိုးဖြစ်ပါတယ်။

။ ပဲနောက်

တစ်ခွက်လျှင် (၂၂၇)ကယ်လိုရီ၊ တစ်ပတ်လျှင်(၂)ကြိမ်သုံးဆောင်ပါ။

ပဲနောက်လေးတွေက အရွယ်အစားသေးပေမယ့် သင့်ကို အင်အားဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ကြွယ်ဝတာကြောင့် နည်းနည်းစားရုံနဲ့ တင်းတိမ်စေနိုင်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ်က စွမ်းအင်အဖြစ်ပြောင်းလဲအသုံးချတဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်နဲ့ ပရိုတင်းအသားဓာတ်တွေလည်း ပါဝင်တာကြောင့် စားသုံးသင့်တဲ့ စားစရာတစ်မျိုးဖြစ်ပါတယ်။

။ လက်ဖက်ရည်ကြမ်း(ရေနွေးကြမ်း)

တစ်ခွက်လျှင် (၂)ကယ်လိုရီ၊ တစ်ရက်ကို (၁)ခွက်မှ (၃)ခွက်အထိ သုံးဆောင်ပါ။

လက်ဖက်စိမ်းရဲ့အကျိုးကျေးဇူးတွေကတော့ ကင်ဆာရောဂါကာကွယ်ရာကနေ ကိုယ်အလေးချိန်လျှော့ချပေးနိုင်တာအထိ ရှိပါတယ်။ အယ်ဇိုင်းမား (Alzheimer) ရောဂါဖြစ်ပွားနိုင်ချေကို လျှော့ချပေးပြီး အခြားနာမကျန်းမှုတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် အပူပဲဖြစ်ဖြစ်၊ အအေးပဲဖြစ်ဖြစ် လက်ဖက်စိမ်းအဆီအနှစ်ကို ဖျော်ထားတဲ့ လက်ဖက်ရည်ကြမ်းကို သောက်သုံးပါ။

။ ဥအမျိုးမျိုး

ကြက်ဥတစ်လုံးလျှင် (၇၄)ကယ်လိုရီ၊ တစ်ပတ်ကို (၃)လုံးမှ(၇)လုံးအထိ သုံးဆောင်ပါ။

ကြက်ဥအလုံးတိုင်းမှာ ကြွက်သားတည်ဆောက်ရာမှာ အထောက်အကူဖြစ်တဲ့ အမိုင်နိုအက်ဆစ်ဓာတ် (၄)ဂရမ် ပါဝင်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေတဲ့ ဗီတာမင်ဓာတ်တစ်မျိုးလည်း ပါရှိတဲ့အတွက် တစ်နေ့တစ်လုံးမှန်မှန်စားသုံးသင့်ပါတယ်။

။ နို့

တစ်ခွက်လျှင် (၁၁၈)ကယ်လိုရီ၊ တစ်ရက်ကို (၃)ခွက်သောက်သုံးပါ။

နွားနို့ဟာ ခန္ဓာကိုယ်အတွက် အားဖြစ်စေတယ်ဆိုတာ လူတိုင်းသိပါတယ်။ နို့ထွက်ကုန်ပစ္စည်းတွေမှာ ခန္ဓာကိုယ်ရဲ့ အဆီလောင်ကျွမ်းမှုဖြစ်စဉ်ကို လှုံ့ဆော်ပေးပြီး အဆီသိုလှောင်မှုကို နှေးကွေးသွားစေတဲ့ ဓာတ်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။

။ ရေ

(ဝ)ကယ်လိုရီ၊ တစ်ရက်ကို ရေ(၈)အောင်စ သောက်သုံးပါ။

ရေဟာ ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်တွေကို သန့်စင်ပေးပြီး ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်စေပါတယ်။ ကျောက်ကပ်အတွင်း ကျောက်တည်ခြင်းကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်အတွင်း အာဟာရဓာတ်တွေကို ပျံ့နှံစေပါတယ်။ တစ်နေ့လုံးရေချည်းပဲ မသောက်ချင်ရင် သကြားမပါတဲ့ သံပုရာရည်သောက်လို့ ရပါတယ်။

။ ကန်စွန်းဥ

တစ်လုံးလျှင် (၁၀၀)ကယ်လိုရီ၊ တစ်ပတ်လျှင် (၁)လုံးသုံးဆောင်ပါ။

ကန်စွန်းဥမှာ ဘီတာကရိုတင်း၊ သံဓာတ်နဲ့ ဗီတာမင် စီ၊ အီး စတာတွေ အများအပြားပါဝင်ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ဒဏ်ဖြစ်တာတွေကို ကာကွယ်ပေးနိုင်တဲ့အတွက် အားကစားသမားတွေဆိုရင် မဖြစ်မနေစားသုံးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သားတွေ ပြန်လည်ကုစားဖို့အတွက်ကိုလည်း အထောက်အကူဖြစ်စေတဲ့ စားစရာဖြစ်ပါတယ်။

။ ပဲပိစပ်

တစ်ခွက်လျှင် (၃၀၀)ကယ်လိုရီ၊ တစ်ပတ်လျှင် (၂)ခွက်သောက်သုံးပါ။

ပဲပိစပ်မှာ အသားဓာတ်၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗီတာမင်အမျိုးမျိုးနဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ တို့ဖူးတွေ၊ ပဲနို့တွေ မကြိုက်ရင် ပဲပိစပ်ကို အစားထိုးစားသုံးနိုင်ပါတယ်။

။ အမဲသား

သုံးအောင်စလျှင် (၁၆၃)ကယ်လိုရီ၊ တစ်ပတ်လျှင် (၃/၄)ကြိမ်စားသုံးပါ။

အမဲသားမှာ ကြွက်သားကြီးထွားစေတဲ့ အမိုင်နိုအက်ဆစ်ဓာတ်၊ သံဓာတ်နဲ့ ဇင့်ဓာတ်တွေပါဝင်တဲ့အတွက် သွေးအားကောင်းစေပါတယ်။ ဒါ့အပြင် အသားဓာတ်၊ B6 ၊ B12 စသည့်အဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါသေးတယ်။

။ ဂျုံကြမ်းပေါင်မုန့်

(၂)ချပ်လျှင် (၁၄၀)ကယ်လိုရီ၊ တစ်ပတ်ကို (၆)ချပ်ခန့်စားပါ။

ဂျုံအဖြူနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေမှာ အမျှင်ဓာတ်နဲ့ အသားဓာတ်ပါဝင်မှုနည်းပါးပြီး အစာအိမ်က အလွယ်တကူချေဖျက်လိုက်နိုင်ပါတယ်။ ခဏတာ စွမ်းအင်ပြည့်သွားပေမယ့် စားပြီးသိပ်မကြာချင်မှာပဲ ပြန်ပြီးဗိုက်ဆာလာမှာ ဖြစ်ပါတယ်။ ဂျုံကြမ်းမှာ ပါဝင်တဲ့ကာဘိုဟိုက်ဒရိတ်ဓာတ်ကတော့ ချေပျက်ဖို့ အချိန်ကြာတဲ့အတွက် တင်းတိမ်မှုကို အကြာကြီးခံစားနေရမှာဖြစ်ပါတယ်။ ဂျုံကြမ်းတွေဟာ အညိုရောင်ရှိတတ်ပါတယ်။ ဒါ့ကြောင့် အညိုရောင်ဂျုံသားနဲ့ ပေါင်မုန့်တွေကိုသာ စားသုံးပါ။

။ အယ်မွန်စေ့

(ဝ.၅)အောင်စလျှင် (၈၂)ကယ်လိုရီ၊ တစ်ပတ်လျှင် သုံးကြိမ်သုံးဆောင်ပါ။

အသားဓာတ်၊ အမျှင်ဓာတ်နဲ့ ဗီတာမင် အီး ဓာတ်တွေ ကြွယ်ဝတဲ့ အယ်မွန်စေ့တွေဟာ နှလုံး၊ အစာအိမ်နဲ့ အူလမ်းကြောင်း၊ အရေပြားကျန်းမာရေးအတွက် တကယ်ကိုကောင်းပါတယ်။

။ ဒိန်ချဉ်

တစ်ခွက်လျှင် (၁၅၄)ကယ်လိုရီ၊

နွားနို့ကနေရရှိတဲ့ အကျိုးကျေးဇူးတွေအားလုံး ဒိန်ချဉ်ကနေရရှိနိုင်ပါတယ်။ ဒါ့အပြင် အူအတွင်းရှိ အကျိုးပြုဘက်တီးရီးယားတွေကိုလည်း တိုးပွားစေတာကြောင့် နာမကျန်းဖြစ်မှုတွေကို ကာကွယ်နိုင်ပါတယ်။ ဒိန်ချဉ်မှာ အဆီတွေကိုလောင်ကျွမ်းစေတဲ့ ကယ်ဆီယမ်ဓာတ်လည်းပါဝင်ပြီး ဗိုက်ပြည့်စေတာကြောင့် ဝိတ်လျှော့စာတစ်ခုအဖြစ်လည်း စားသုံးသင့်ပါတယ်။

။ ဟင်းနှနယ်

(၇)ကယ်လိုရီ၊ တစ်ပတ်ကို (၂/၃)ကြိမ် သုံးဆောင်ပါ။

ဟင်းနုနယ်ရွက်မှာ အမျှင်ဓာတ်၊ ကယ်စီယမ်ဓာတ်တွေအပြင် ကိုယ်ခံအားစနစ်၊ အမြင်အာရုံတို့အတွက် အရေးပါတဲ့ ဘီတာကရိုတိန်းဓာတ်လည်း အများအပြားပါဝင်ပါတယ်။

။ ဘရိုကိုလီ(ပန်းဂေါ်ဖီစိမ်း)

(၃၁)ကယ်လိုရီ၊ တစ်ပတ်လည်း (၂/၃)ကြိမ်သုံးဆောင်ပါ။

ပန်းဂေါ်ဖီစိမ်းတွေမှာ သွေးလည်ပတ်မှုနဲ့ အရိုးကြံ့ခိုင်မှုကို အထောက်အကူဖြစ်စေတဲ့ သံဓာတ်၊ ကယ်စီယမ်ဓာတ်၊ အမျှင်ဓာတ်နဲ့ ဗီတာမင် စီ ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် အအေးမိတာကနေစပြီး ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

။ ခရမ်းချဉ်သီး

(၈၃)ကယ်လိုရီ၊ တစ်ပတ်(၄)ကြိမ် သုံးဆောင်ပါ။

ခရမ်းချဉ်သီးကို အချစ်သီးလို့ခေါ်တာ အလကားမဟုတ်ပါဘူး။ လိင်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ စားစရာတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါဝင်တာကြောင့် ရောဂါအမျိုးမျိုးကို ဆန့်ကျင်နိုင်ပြီး အမျိုးသားတွေအတွက် အဓိကကျတဲ့ ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်ပါတယ်။ ခရမ်းချဉ်သီးတွေဟာ အစိမ်းစားတာထက် ချက်စားတာက အာဟာရဓာတ်ပိုများလာစေပါတယ်။

။ Oatmeal (ဂျုံယာဂု)

(၁၄၈)ကယ်လိုရီ၊ တစ်ပတ်လျှင် (၃/၄)ကြိမ် သုံးဆောင်ပါ။

မနက်စာထဲမှာ ဂျုံယာဂုထက်ကောင်းတာ မရှိပါဘူး။ သင့်ရဲ့ခွန်အားကို မြင့်တက်စေပြီး တစ်နေကုန် အားအပြည့်နဲ့ လှုပ်ရှားနိုင်စေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးကိုလျော့ပါးစေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်လည်း အများအပြားပါဝင်တာကြောင့် နှလုံးသွေးကြောတွေက မကောင်းတဲ့ ကိုလက်စတရောဓာတ်စုပ်ယူမှုကို ကာကွယ်နိုင်ပါတယ်။

။ ဘလူးဘယ်ရီ

(၄၁)ကယ်လိုရီ၊ တစ်ပတ်လျှင် (၁/၂)ခွက်သုံးဆောင်ပါ။

အသီးတွေထဲမှာ ဘလူးဘယ်ရီသီးက အကောင်းဆုံးဖြစ်ပါတယ်။ အစိမ်းလိုက်ပဲဖြစ်ဖြစ်၊ တစ်ခုခုနဲ့ရောစားတာပဲဖြစ်ဖြစ်၊ ဖျော်ရည်လုပ်သောက်တာပဲဖြစ်ဖြစ် ဘယ်လိုစားစား ကောင်းပါတယ်။ ဘလူးဘယ်ရီသီးတွေမှာ အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်တွေ ကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် အိုမင်းရင့်ရော်မှုကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ မှတ်ဉာဏ်ကို ကောင်းမွန်စေတာပဲဖြစ်ပါတယ်။

။ ဆော်လ်မွန်ငါး

သုံးအောင်စလျှင် (၁၂၁)ကယ်လိရီ၊ တစ်ပတ်လျှင် (၃/၄)ကြိမ်သုံးဆောင်ပါ။

ဆော်လ်မွန်ငါးတွေမှာ အိုမီဂါသရီး ဖက်တီးအက်ဆစ်ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီအက်ဆစ်ဓာတ်က အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်ဆုံးရှုံးမှု နှေးကွေးစေပြီး နှလုံးကျန်းမာရေးကိုလည်း အထောက်အကူ ပြုပါတယ်။ နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဝလွန်ရောဂါမဖြစ်အောင်လည်း တားဆီးပေးနိုင်ပါတယ်။ အသားဓာတ်တွေလည်းပါဝင်တာကြောင့် အဆီချပြီး ကြွက်သားတွေကို ဖွံ့ဖြိုးလာစေနိုင်ပါတယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
credit.gentleman
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top