iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Burmese Asia
# Unicode Versiob ဖြင့် ဖတ်ပါ #
ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam ကတော့ တဖြည်းဖြည်း ကြီးလာလေ ချစ်ဖို့ကောင်းလေ ဖြစ်ပါတယ်။ အဖိုးဖြစ်သူ လွင်မိုးနဲ့ ရုပ်ချင်းဆင်ပြီး တစ်အိမ်လုံးရဲ့ အချစ်တော် ကလေးလေးလည်း ဖြစ်ပါတယ်။
သြစတြေးလျမှာ မွေးဖွားခဲ့တဲ့ Liam လေးက လက်ရှိအချိန်မှာတော့ မြန်မာပြည်ကို ခေတ္တခဏ ပြန်လည်ရောက်ရှိနေပါတယ်Liam လေးက ၂ လသားအရွယ် ရှိနေပြီး ခေးကို ယောက္ခမ ခေါ်ချင်သူတွေက အခုတည်းက တန်းစီစောင့်နေတာ ဖြစ်ပါတယ်။
ခေးကလည်း သားလေးရဲ့ ပုံတွေကို အင်စတာဂရမ်ကတဆင့် ပရိသတ်တွေကို အမြဲမိတ်ဆက်ပေးလေ့ရှိပါတယ်။ဖိုးဖိုးလွင်မိုးနဲ့ ဖွားဖွားမေသူတို့ကလည်း မြေးဦးလေးကို ချစ်မဝဖြစ်နေကြသလို သားယောကျ်ားလေး မရှိတဲ့ လွင်မိုးတို့ မိသားစုအတွက် Liam လေးက မြေးဦးယောကျ်ားလေးပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး မိသားစုလေးမှာ မွေးဖွားကြီးပြင်းရတာ Liam လေးအတွက် ကံကောင်းမှုလို့ ဆိုရပါမယ်သိပ်ချစ်ဖို့ကောင်းတဲ့ Liam လေးက သားချော့တေးလေးကို ပြုံးပြုံးကြီး နားထောင်နေတဲ့ ဗီဒီယိုလေးကို ခေးက အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။
“You are My Sunshine” သီချင်းကို အေးအေးလေး ညီးပြနေတဲ့ ခေးရဲ့ မျက်နှာကို Liam ကလိုက်ကြည့်ပြီး သဘောတွေကျနေတာ ဖြစ်ပါတယ်ဘယ်လိုတွေတောင် ချစ်ဖို့ကောင်းနေတဲ့ Liam လည်း သိချင်ရင် ဗီဒီယိုလေးမှာ ကြည့်လိုက်နော်
Credit: Burmese Asia
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top