iMyanmarHouse.com - Best Property Website for Myanmar
×



သရုပ္ေဆာင္ သူထူးစံနဲ႔ သရုပ္ေဆာင္ ထိုက္ဆုဝင္းတို႔ကေတာ့ ယေန႔ ဒီဇင္ဘာလ (၉) ရက္ေန႔ေလးမွာ ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕႐ွိ ေငြေတာင္ေတာရေက်ာင္းမွာ မဂၤလာဦးဆြမ္းကပ္ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ရုတ္တရက္ဆိုသလို ျဖစ္သြားတဲ့ ဒီမဂၤလာပြဲေလးေၾကာင့္ ပရိသတ္ေတြလည္း အံ့ၾသဝမ္းသာခဲ့ၾကရပါတယ္။ သူထူးစံဟာ အခ်စ္ေရးနဲ႔ပတ္သက္လာရင္ အျမဲလိုလို သိုဝွက္တတ္ျပီးေတာ့ ပရိသတ္ေတြကို အသိေပးတတ္ျခင္းမရွိခဲ့ပါဘူး။

သူထူးစံနဲ႔ ထုိက္ဆုဝင္းတို႔ဟာ ဗီဒီယုိဇာတ္ကားေတြကိုလည္း အတူတြဲျပီးသရုပ္ေဆာင္ခဲ့ဖူးၾကသူေတြျဖစ္ပါတယ္။ သူထူးစံကေတာ့ အသက္အရြယ္ရလာျပီျဖစ္တာေၾကာင့္ အထီးက်န္ျခင္းဆိုတဲ့ခံစားခ်က္ေတြ စတင္ခံစားလာရျပီမို႔ ယခုလိုအိမ္ေထာင္ျပဳလုိက္တာျဖစ္တယ္လို႔ ဖူးစံုကေျပာျပပါေသးတယ္။ ပရိသတ္ေတြကလည္း လိုက္ဖက္လြန္းလွတဲ့ သူတို႔ဇနီးေမာင္ႏွံေလးကို ဝမ္းသာဆုေတာင္းေတြနဲ႔ ဆုေတာင္းေပးေနၾကပါတယ္။

ဇတ္မင္းသားေလး ဖိုးခ်စ္ကလည္း ယခုလိုမ်ိဳးျမန္ျမန္ယူသြားတဲ့ သူထူးစံကို အရမ္းလ်ိွဳဝွက္လြန္းတယ္လို႔ ဆိုပါတယ္။”အဲ့ဒီလူၾကီးယူလိမ့္မယ္ေတာင္မထင္ဘူး။ တကယ္ယူတဲ့အတြက္ ေက်းဇူးတင္တယ္။ မ်က္စိေနာက္နည္းနည္းသက္သာသြားျပီ။ အနားမွာအတူတူေနတာေတာင္မွ သူကလွ်ဳိ၀ွက္တယ္။ သိပ္မသိဘူး။ သတင္းတက္လာေတာ့မွသိတယ္” လို႔ လ်ိဳ႕ဝွက္လြန္းတဲ့ သူထူးစံေၾကာင့္ သတင္းတက္လာမွသိရတဲ့မဂၤလာပြဲအေၾကာင္းကိုေျပာျပလာတာျဖစ္ပါတယ္။

Credit:Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

သရုပ်ဆောင် သူထူးစံနဲ့ သရုပ်ဆောင် ထိုက်ဆုဝင်းတို့ကတော့ ယနေ့ ဒီဇင်ဘာလ (၉) ရက်နေ့လေးမှာ နေပြည်တော် တပ်ကုန်းမြို့ရှိ ငွေတောင်တောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကပ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရုတ်တရက်ဆိုသလို ဖြစ်သွားတဲ့ ဒီမင်္ဂလာပွဲလေးကြောင့် ပရိသတ်တွေလည်း အံ့သြဝမ်းသာခဲ့ကြရပါတယ်။ သူထူးစံဟာ အချစ်ရေးနဲ့ပတ်သက်လာရင် အမြဲလိုလို သိုဝှက်တတ်ပြီးတော့ ပရိသတ်တွေကို အသိပေးတတ်ခြင်းမရှိခဲ့ပါဘူး။

သူထူးစံနဲ့ ထိုက်ဆုဝင်းတို့ဟာ ဗီဒီယိုဇာတ်ကားတွေကိုလည်း အတူတွဲပြီးသရုပ်ဆောင်ခဲ့ဖူးကြသူတွေဖြစ်ပါတယ်။ သူထူးစံကတော့ အသက်အရွယ်ရလာပြီဖြစ်တာကြောင့် အထီးကျန်ခြင်းဆိုတဲ့ခံစားချက်တွေ စတင်ခံစားလာရပြီမို့ ယခုလိုအိမ်ထောင်ပြုလိုက်တာဖြစ်တယ်လို့ ဖူးစုံကပြောပြပါသေးတယ်။ ပရိသတ်တွေကလည်း လိုက်ဖက်လွန်းလှတဲ့ သူတို့ဇနီးမောင်နှံလေးကို ဝမ်းသာဆုတောင်းတွေနဲ့ ဆုတောင်းပေးနေကြပါတယ်။

ဇတ်မင်းသားလေး ဖိုးချစ်ကလည်း ယခုလိုမျိုးမြန်မြန်ယူသွားတဲ့ သူထူးစံကို အရမ်းလျှိုဝှက်လွန်းတယ်လို့ ဆိုပါတယ်။”အဲ့ဒီလူကြီးယူလိမ့်မယ်တောင်မထင်ဘူး။ တကယ်ယူတဲ့အတွက် ကျေးဇူးတင်တယ်။ မျက်စိနောက်နည်းနည်းသက်သာသွားပြီ။ အနားမှာအတူတူနေတာတောင်မှ သူကလျှိုဝှက်တယ်။ သိပ်မသိဘူး။ သတင်းတက်လာတော့မှသိတယ်” လို့ လျို့ဝှက်လွန်းတဲ့ သူထူးစံကြောင့် သတင်းတက်လာမှသိရတဲ့မင်္ဂလာပွဲအကြောင်းကိုပြောပြလာတာဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top