iMyanmarHouse.com - Best Property Website for Myanmar
×


သတ္ကြင္း ဇာတ္ကားမွာ စည္သူအျဖစ္ပါဝင္ခဲ့တဲ့ စည္ၿဖိဳးက ဒီဇာတ္ကားကို တကယ့္ေတာထဲမွာ ျဖတ္သန္းၿပီး အခက္အခဲေတြနဲ႔ သြားေရာက္႐ိုက္ကူးခဲ့တာလို႔ ဆိုပါတယ္။

“သတ္ကြင္း ႐ုပ္ရွင္ကားတင္တာကို မင္းေသြးက အျဖတ္သန္းခ်င္ဆုံးေန႔ေလးတေန႔ပါ။ သူျဖစ္ေစခ်င္တဲ့ ဆႏၵေတြအတိုင္းပဲ က်ေနာ္တို႔ အကုန္လိုက္လုပ္ေပးျဖစ္တယ္။ သူသာရွိရင္ အရမ္းေပ်ာ္မွာ အရမ္းသတိရေနပါတယ္။ က်ေနာ္တို႔ အမွတ္တရေတြလည္းအမ်ားႀကီးပဲ”


“က်ေနာ္တို႔ ဒီကားအတြက္ Location ေနရာေတြ ကို လိုက္ရွာတယ္။ တႀကိမ္ေတာင္မဟုတ္ဘူး။ ႐ိုက္ကူးတုန္းက ေတာထဲကို တကယ္ျဖတ္သန္းတဲ့ အေနနဲ႔ ေရမခ်ိဳးဘူး။ မ်က္ႏွာမသစ္ဘူး။ သြားမတိုက္ဘူး။ က်ေနာ္တို႔ အနားဆို စက္အဖြဲ႕ေတာင္မကပ္ခ်င္ဘူး”

“မင္းေသြးက ကားထဲမွာက လမ္းျပတေယာက္။ အျပင္မွာေတာ့ တရားျပသြာတာေပါ့။ သူျပသြားတဲ့ တရားကေတာ့ ၾကမ္းတယ္။ ဒီကားကရတဲ့ေငြေလးနဲ႔ အလႉအတန္းေတြလုပ္ဦးမယ္။ ေနာက္ထပ္ေျခလွမ္းေတြ လုပ္ဦးမယ္လို႔ေျပာခဲ့တာ။ အခုေတာ့ သူမရွိေတာ့ဘူးေပါ့”လို႔ စည္ၿဖိဳးက ေျပာပါတယ္။


သတ္ကြင္းဇာတ္ကားမွာ အမွတ္တရရွိခဲ့တဲ့ ဒီကား႐ိုက္ကူးစဥ္က အမွတ္တရေတြကိုလည္း အခုလိုဆိုပါတယ္။

“က်ေနာ္ သတ္ကြင္း႐ိုက္ရင္း ေသရာပါအမွတ္တရက အူက်သြားခဲ့တယ္။ အခုခ်ိန္ အဲ့ဒီနာက်င္မႈကို အမွတ္တရအျဖစ္ ျပန္ၿပီးခံစားလို႔ရပါတယ္။ အခက္အခဲေတြက အမ်ားႀကီးပဲ။ ျပင္ဦးလြင္မွာ အရမ္းေအးတယ္။ ေခ်ာင္းျဖတ္တဲ့ အခန္းေတြဆို ေမး႐ိုက္ေအာင္ခ်မ္းတာ။ စိတ္ေက်နပ္မႈရွိတယ္”

“Team ရခဲ့ေတာ့ Team နဲ႔ လုပ္ခဲ့တာ ေက်နပ္မႈရွိတယ္။ အားလည္းအားရတယ္။ ညီအစ္ကိုေတြဝိုင္းၿပီး ႀကိဳးစားထား ၾကတယ္။ က်န္တာေတာ့ ပရိသတ္က ဆုံးျဖတ္ေပးပါလိမ့္မယ္။ က်ေနာ္တို႔ အားလုံးနဲ႔ ေစတနာကို တန္ဖိုးထားၿပီး အသိအမွတ္ျပဳရင္ေက်နပ္ပါၿပီ”လို႔ စည္ၿဖိဳးကေျပာပါတယ္။

စည္ၿဖိဳးဟာ လက္ရွိမွာ ဇာတ္ကား႐ိုက္ကူးမႈ ျပဳုလုပ္ေနေပမယ့္လည္း ဇာတ္လမ္းေတြကို ေ႐ြးခ်ယ္ ႐ိုက္ကူးလွ်က္ရွိပါတယ္။ သတ္ကြင္း ႐ုပ္ရွင္ဇာတ္ကားကို ဒါ႐ိုက္တာ သားညီ ကိုယ္တိုင္ ႐ိုက္ကူးထားၿပီး မင္းေသြး၊ စည္ၿဖိဳး၊ ေနရဲ၊ ထူးျခားတို႔က အဓိက ပါဝင္သ႐ုပ္ ေဆာင္ထားၾကပါတယ္။

“သတ္ကြင္း” ႐ုပ္ရွင္ဇာတ္ကားကို ဒီဇင္ဘာ(၁၄) ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

သတ်ကွင်း ဇာတ်ကားမှာ စည်သူအဖြစ်ပါဝင်ခဲ့တဲ့ စည်ဖြိုးက ဒီဇာတ်ကားကို တကယ့်တောထဲမှာ ဖြတ်သန်းပြီး အခက်အခဲတွေနဲ့ သွားရောက်ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။

“သတ်ကွင်း ရုပ်ရှင်ကားတင်တာကို မင်းသွေးက အဖြတ်သန်းချင်ဆုံးနေ့လေးတနေ့ပါ။ သူဖြစ်စေချင်တဲ့ ဆန္ဒတွေအတိုင်းပဲ ကျနော်တို့ အကုန်လိုက်လုပ်ပေးဖြစ်တယ်။ သူသာရှိရင် အရမ်းပျော်မှာ အရမ်းသတိရနေပါတယ်။ ကျနော်တို့ အမှတ်တရတွေလည်းအများကြီးပဲ”


“ကျနော်တို့ ဒီကားအတွက် Location နေရာတွေ ကို လိုက်ရှာတယ်။ တကြိမ်တောင်မဟုတ်ဘူး။ ရိုက်ကူးတုန်းက တောထဲကို တကယ်ဖြတ်သန်းတဲ့ အနေနဲ့ ရေမချိုးဘူး။ မျက်နှာမသစ်ဘူး။ သွားမတိုက်ဘူး။ ကျနော်တို့ အနားဆို စက်အဖွဲ့တောင်မကပ်ချင်ဘူး”

“မင်းသွေးက ကားထဲမှာက လမ်းပြတယောက်။ အပြင်မှာတော့ တရားပြသွာတာပေါ့။ သူပြသွားတဲ့ တရားကတော့ ကြမ်းတယ်။ ဒီကားကရတဲ့ငွေလေးနဲ့ အလှူအတန်းတွေလုပ်ဦးမယ်။ နောက်ထပ်ခြေလှမ်းတွေ လုပ်ဦးမယ်လို့ပြောခဲ့တာ။ အခုတော့ သူမရှိတော့ဘူးပေါ့”လို့ စည်ဖြိုးက ပြောပါတယ်။

သတ်ကွင်းဇာတ်ကားမှာ အမှတ်တရရှိခဲ့တဲ့ ဒီကားရိုက်ကူးစဉ်က အမှတ်တရတွေကိုလည်း အခုလိုဆိုပါတယ်။

“ကျနော် သတ်ကွင်းရိုက်ရင်း သေရာပါအမှတ်တရက အူကျသွားခဲ့တယ်။ အခုချိန် အဲ့ဒီနာကျင်မှုကို အမှတ်တရအဖြစ် ပြန်ပြီးခံစားလို့ရပါတယ်။ အခက်အခဲတွေက အများကြီးပဲ။ ပြင်ဦးလွင်မှာ အရမ်းအေးတယ်။ ချောင်းဖြတ်တဲ့ အခန်းတွေဆို မေးရိုက်အောင်ချမ်းတာ။ စိတ်ကျေနပ်မှုရှိတယ်”

“Team ရခဲ့တော့ Team နဲ့ လုပ်ခဲ့တာ ကျေနပ်မှုရှိတယ်။ အားလည်းအားရတယ်။ ညီအစ်ကိုတွေဝိုင်းပြီး ကြိုးစားထား ကြတယ်။ ကျန်တာတော့ ပရိသတ်က ဆုံးဖြတ်ပေးပါလိမ့်မယ်။ ကျနော်တို့ အားလုံးနဲ့ စေတနာကို တန်ဖိုးထားပြီး အသိအမှတ်ပြုရင်ကျေနပ်ပါပြီ”လို့ စည်ဖြိုးကပြောပါတယ်။

စည်ဖြိုးဟာ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု ပြုုလုပ်နေပေမယ့်လည်း ဇာတ်လမ်းတွေကို ရွေးချယ် ရိုက်ကူးလျှက်ရှိပါတယ်။ သတ်ကွင်း ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ သားညီ ကိုယ်တိုင် ရိုက်ကူးထားပြီး မင်းသွေး၊ စည်ဖြိုး၊ နေရဲ၊ ထူးခြားတို့က အဓိက ပါဝင်သရုပ် ဆောင်ထားကြပါတယ်။

“သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ(၁၄) ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top