iMyanmarHouse.com - Best Property Website for Myanmar
×


ပရိသတ္နဲ႔ အခ်ိန္ကာလတခုအၾကာေဝးကြာသြားခဲ့တဲ့ သ႐ုပ္ေဆာင္ရဲတိုက္က သူကိုယ္တိုင္႐ိုက္ခ်င္တဲ့ ကာ႐ိုက္တာတခုအတြက္ ဇာတ္ၫႊန္းကို ကိုယ္တိုင္ေရးသားေနတယ္လို႔ ဧရာဝတီကိုေျပာပါတယ္။

“က်ေနာ္ကိုယ္တိုင္႐ိုက္ခ်င္တဲ့ ကာ႐ိုက္တာတခုရဲ႕ ဇာတ္ၫႊန္းကို က်ေနာ္ေရးေနတယ္။ ကာ႐ိုက္တာက အခုပုံေဖာ္ေနတယ္။ ေယာက်္ားတေယာက္ပါပဲ။ ခ်စ္တတ္တယ္။ တျခားခံစားခ်က္ေတြလည္းရွိတယ္။ ေနာက္ၿပီးေတာ့ သူ႔ဆီမွာ ေနာက္ခံအေၾကာင္းေတြလည္းရွိတယ္” လို႔ ရဲတိုက္ကေျပာပါတယ္။

၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလအတြင္းက အက်ဥ္းေထာင္က လြတ္ေျမာက္လာခဲ့တဲ့ သ႐ုပ္ေဆာင္ရဲတိုက္က အခုခ်ိန္မွာေတာ့ ႐ုပ္ရွင္ဇာတ္ကား ၃ကားကို ႐ိုက္ကူးခဲ့ၿပီးျဖစ္ေပမယ့္ သူကိုယ္တိုင္ စိတ္တိုင္းက်ခဲ့တာကေတာ့ ၁ကားပဲရွိခဲ့တယ္လို႔ ဆိုပါတယ္။

“ေထာင္ထဲကထြက္လာၿပီးေတာ့ ႐ိုက္ကူးလာတာ ၃ကားရွိၿပီ။ အဲဒီ ၃ကားထဲမွာမွ တကားပဲ ေသေသခ်ာခ်ာ သ႐ုပ္ေဆာင္ရတယ္။ က်န္တဲ့ကားေတြက သိပ္စိတ္ႀကိဳက္မဟုတ္ဘဲ ႐ိုက္လိုက္တာေတြလည္းရွိတယ္။ လြတ္လာတဲ့အခ်ိန္မွာ အလုပ္လုပ္ခ်င္တယ္။ သ႐ုပ္ပဲေဆာင္ခ်င္ေနတယ္။ သ႐ုပ္မေဆာင္ရရင္ မေနႏိုင္ဘူးဆိုေတာ့ လုပ္စရာရွိတာေတြကို လုပ္တာေပါ့။ ဒါပါပဲ” လို႔ ရဲတိုက္ကေျပာပါတယ္။

ေထာင္ထဲက လြတ္ေျမာက္လာခဲ့တာ အခ်ိန္ကာလတခုအထိ ၾကာျမင့္လာၿပီျဖစ္ေပမယ့္ စိတ္ခံစားမႈမ်ားက အသားမက်ေသးဘဲ ပုံမွန္ဘဝထဲကို မသြားႏိုင္ေသးသလိုမ်ိဳးျဖစ္ေနတယ္လို႔ ေျပာပါတယ္။

“စိတ္ခံစားမႈကေတာ့ ထင္သေလာက္ေတာ့ မေပ်ာ္ေသးဘူး။ အသားမက်ေသးတာေၾကာင့္ေပါ့။ အဓိကကေတာ့ က်ေနာ္နဲ႔ပဲ ဆိုင္ပါတယ္။ ခဏခဏေနမေကာင္းျဖစ္တယ္။ အဲဒီလိုေနမေကာင္းျဖစ္ေနတဲ့အတြက္ ပုံမွန္ဘဝထဲကို မသြားရေသးသလိုျဖစ္ေနတာေပါ့ေနာ္။ ကားေတြေတာ့ ႐ိုက္ေနတယ္။ ကားတကား႐ိုက္လိုက္ ေနမေကာင္းျဖစ္လိုက္နဲ႔။ ပုံမွန္အလုပ္လုပ္တဲ့ကာလရယ္လို႔ မရွိေသးဘူး။ အဲဒါေၾကာင့္ပါ” လို႔ ရဲတိုက္က ေျပာပါတယ္။

မၾကာေသးမီအခ်ိန္က လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ရဲတိုက္နဲ႔ ပတ္သက္တဲ့ေကာလာဟလမ်ား ထြက္ေပၚလာၿပီး အဆိုပါသတင္းမ်ားနဲ႔ ပတ္သက္ၿပီး ဘယ္လိုထင္ျမင္မႈရွိရွိ သူ႔အတြက္ျပႆနာမရွိဘူးလို႔ ရဲတိုက္ကေျပာပါတယ္။

“အဲဒီကိစၥေတြကို အခုတခါတည္းေျပာလိုက္ရင္ ေဒါသထြက္လို႔ ေျပာလိုက္တယ္ျဖစ္မယ္။ အခုေခတ္မွာ က်ေနာ့္ကို Gay လို႔ထင္ရင္ ေကာင္းတာေပါ့။ Gay ေတြအမ်ားႀကီးပဲ။ အဲဒီလိုမထင္ဘူးဆိုရင္လည္း ေကာင္းတယ္။ က်ေနာ့္ကို ႀကိဳက္တဲ့ေကာင္မေလးေတြအမ်ားႀကီးပဲ”

“သူတို႔က Gay လို႔မထင္လို႔ႀကိဳက္တာေလ။ Gay လို႔ထင္ရင္ ဘယ္ေကာင္မေလးမွမႀကိဳက္ဘူး။ ဟုတ္တယ္လို႔ ထင္တယ္ဆိုတဲ့သူကလည္း ဟုတ္တယ္လို႔ထင္။ မဟုတ္ဘူးလို႔ထင္တဲ့သူကလည္း မဟုတ္ဘူးလို႔ထင္။ က်ေနာ့္အတြက္ အဲဒါက ျပႆနာမရွိဘူး” လို႔ ရဲတိုက္က ေျပာပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

ပရိသတ်နဲ့ အချိန်ကာလတခုအကြာဝေးကွာသွားခဲ့တဲ့ သရုပ်ဆောင်ရဲတိုက်က သူကိုယ်တိုင်ရိုက်ချင်တဲ့ ကာရိုက်တာတခုအတွက် ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးသားနေတယ်လို့ ဧရာဝတီကိုပြောပါတယ်။

“ကျနော်ကိုယ်တိုင်ရိုက်ချင်တဲ့ ကာရိုက်တာတခုရဲ့ ဇာတ်ညွှန်းကို ကျနော်ရေးနေတယ်။ ကာရိုက်တာက အခုပုံဖော်နေတယ်။ ယောကျ်ားတယောက်ပါပဲ။ ချစ်တတ်တယ်။ တခြားခံစားချက်တွေလည်းရှိတယ်။ နောက်ပြီးတော့ သူ့ဆီမှာ နောက်ခံအကြောင်းတွေလည်းရှိတယ်” လို့ ရဲတိုက်ကပြောပါတယ်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက အကျဉ်းထောင်က လွတ်မြောက်လာခဲ့တဲ့ သရုပ်ဆောင်ရဲတိုက်က အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကား ၃ကားကို ရိုက်ကူးခဲ့ပြီးဖြစ်ပေမယ့် သူကိုယ်တိုင် စိတ်တိုင်းကျခဲ့တာကတော့ ၁ကားပဲရှိခဲ့တယ်လို့ ဆိုပါတယ်။

“ထောင်ထဲကထွက်လာပြီးတော့ ရိုက်ကူးလာတာ ၃ကားရှိပြီ။ အဲဒီ ၃ကားထဲမှာမှ တကားပဲ သေသေချာချာ သရုပ်ဆောင်ရတယ်။ ကျန်တဲ့ကားတွေက သိပ်စိတ်ကြိုက်မဟုတ်ဘဲ ရိုက်လိုက်တာတွေလည်းရှိတယ်။ လွတ်လာတဲ့အချိန်မှာ အလုပ်လုပ်ချင်တယ်။ သရုပ်ပဲဆောင်ချင်နေတယ်။ သရုပ်မဆောင်ရရင် မနေနိုင်ဘူးဆိုတော့ လုပ်စရာရှိတာတွေကို လုပ်တာပေါ့။ ဒါပါပဲ” လို့ ရဲတိုက်ကပြောပါတယ်။

ထောင်ထဲက လွတ်မြောက်လာခဲ့တာ အချိန်ကာလတခုအထိ ကြာမြင့်လာပြီဖြစ်ပေမယ့် စိတ်ခံစားမှုများက အသားမကျသေးဘဲ ပုံမှန်ဘဝထဲကို မသွားနိုင်သေးသလိုမျိုးဖြစ်နေတယ်လို့ ပြောပါတယ်။

“စိတ်ခံစားမှုကတော့ ထင်သလောက်တော့ မပျော်သေးဘူး။ အသားမကျသေးတာကြောင့်ပေါ့။ အဓိကကတော့ ကျနော်နဲ့ပဲ ဆိုင်ပါတယ်။ ခဏခဏနေမကောင်းဖြစ်တယ်။ အဲဒီလိုနေမကောင်းဖြစ်နေတဲ့အတွက် ပုံမှန်ဘဝထဲကို မသွားရသေးသလိုဖြစ်နေတာပေါ့နော်။ ကားတွေတော့ ရိုက်နေတယ်။ ကားတကားရိုက်လိုက် နေမကောင်းဖြစ်လိုက်နဲ့။ ပုံမှန်အလုပ်လုပ်တဲ့ကာလရယ်လို့ မရှိသေးဘူး။ အဲဒါကြောင့်ပါ” လို့ ရဲတိုက်က ပြောပါတယ်။

မကြာသေးမီအချိန်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရဲတိုက်နဲ့ ပတ်သက်တဲ့ကောလာဟလများ ထွက်ပေါ်လာပြီး အဆိုပါသတင်းများနဲ့ ပတ်သက်ပြီး ဘယ်လိုထင်မြင်မှုရှိရှိ သူ့အတွက်ပြဿနာမရှိဘူးလို့ ရဲတိုက်ကပြောပါတယ်။

“အဲဒီကိစ္စတွေကို အခုတခါတည်းပြောလိုက်ရင် ဒေါသထွက်လို့ ပြောလိုက်တယ်ဖြစ်မယ်။ အခုခေတ်မှာ ကျနော့်ကို Gay လို့ထင်ရင် ကောင်းတာပေါ့။ Gay တွေအများကြီးပဲ။ အဲဒီလိုမထင်ဘူးဆိုရင်လည်း ကောင်းတယ်။ ကျနော့်ကို ကြိုက်တဲ့ကောင်မလေးတွေအများကြီးပဲ”

“သူတို့က Gay လို့မထင်လို့ကြိုက်တာလေ။ Gay လို့ထင်ရင် ဘယ်ကောင်မလေးမှမကြိုက်ဘူး။ ဟုတ်တယ်လို့ ထင်တယ်ဆိုတဲ့သူကလည်း ဟုတ်တယ်လို့ထင်။ မဟုတ်ဘူးလို့ထင်တဲ့သူကလည်း မဟုတ်ဘူးလို့ထင်။ ကျနော့်အတွက် အဲဒါက ပြဿနာမရှိဘူး” လို့ ရဲတိုက်က ပြောပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top