iMyanmarHouse.com - Best Property Website for Myanmar
×


ခ်စ္သူေကာင္ေလးဘက္က ကိုယ့္ကို တကယ္ ခ်စ္တာမွ ဟုတ္ရဲ႕လား ဆိုတာ သိခ်င္ေနတ့ဲ မိန္းကေလးေတြ ရွိမွာပါ။ သင့္ခ်စ္သူ ေကာင္ေလးက ဒီအခ်က္ေလးေတြနဲ႔ ကိုက္ညီရဲ႕လားဆိုတာ စမ္းစစ္ၾကည့္လိုက္ပါ။

၁။ အရာရာကို ဦးစားေပးလာမယ္ ။

ေယာက်ာ္းေလးမ်ား တကယ္ခ်စ္လာရင္ ခ်စ္သူကို အရာရာထက္ အေရးအႀကီးဆံုးလို႕ ေတြးလာတတ္ျပီး၊ ဘာပဲလုပ္လုပ္ ခ်စ္သူကိုပဲ ေရွ႕တန္းတင္ ဦးစားေပး လာတတ္ၾကပါတယ္။

၂။ သင္နဲ႕ ပတ္သက္တာဆို အရမ္းသိခ်င္လာမယ္ ။

သင္ ဘာကို ႀကိဳက္တတ္လဲ ၊ သင္ အရာကို လုပ္ရတာ ႏွစ္သက္လဲ ၊ သင္ အျဖစ္ခ်င္ဆံုး အိပ္မက္ေတြက ဘာလဲ ၊ စတ့ဲ သင္ နဲ႕ ပတ္သက္သမွ်ကို အရမ္းကို သိခ်င္လာၾကပါတယ္။

၃။ သင္ ေပးတ့ဲ အႀကံဥာဏ္ကို ဦးစားေပး စဥ္းစားေလ့ရိွတယ္ ။

အေျခအေန တစ္ခုခုကို ဆံုးျဖတ္ေတာ့မယ္ဆိုရင္ သင့္ကို အရင္ ေမးလာပါလိမ့္မယ္။ သင္ စဥ္စားဆံုးျဖတ္ထားတ့ဲ အရာတစ္ခုခုကို သူ့ဘက္က ျပဳလုပ္ေပးဖို႕ အဆင္သင့္ ျဖစ္ေနတတ္ပါတယ္။

၄။ သင့္ကို ပြင့္လင္းစြာ တိုင္ပင္လာမယ္ ။

သူ့ကိစၥေတြနဲ႕ ပတ္သက္ျပီး သင္နဲ႕ မသက္ဆိုင္ဘူး ဆိုရင္ေတာင္မွ သင့္ကို ရင္ဖြင့္ေျပာဆိုေလ့ရိွပါတယ္။ သူအယံုႀကည္ရဆံုးသူက သင္လို႕ ခံယူထားတ့ဲအတြက္ သူမွားမွား မွန္မွန္ သင့္ကို တိုင္ပင္လာပါလိမ့္မယ္။

၅။ သင္နဲ႕ အတူရိွေနရင္ ဟန္ေဆာင္ျခင္းမရိွဘူး ။

အျပန္အလွန္ ဟန္ေဆာင္ထားတာမ်ိဳး သူႀကိဳက္မွာ မဟုတ္ပါဘူး။ အဲဒီအတြက္လဲ သင္နဲ႕ရိွေနခ်ိန္တိုင္း ဟန္ေဆာင္မႈ ကင္းစြာနဲ႕ သူ႕ဘဝ သရုပ္အတိုင္း ခ်စ္သြားမွာပါ။ ဟိတ္ဟန္ေတြ မထုတ္ ဂုဏ္ပကာသနေတြ ေဘးထားျပီး သင္နဲ႕ ေနရတာ ေပ်ာ္ေနပါလိမ့္မယ္။

၆။ ခံစားခ်က္ေတြလဲ မွ်ေဝခ်င္တယ္ ။

ေရရွည္ ဘဝလက္တြဲေဖာ္ ခ်စ္သူအျဖစ္ သင့္ကို ေရြးခ်ယ္ထားတ့ဲအတြက္ သင္ ခံစားရသမွ်ကို သူ့ဘက္က တတ္နိုင္သေလာက္ အေကာင္းဆံုး နားလည္ေပးပါလိမ့္မယ္ ။ သူခံစားခ်က္ေတြကိုလဲ သင္တစ္ေယာက္ကိုသာ အသိေပးေနမွာပါ။

၇။ ေပးထားတ့ဲ ကတိကို တည္ေအာင္ ၾကိဳးစားတယ္။

ေယာက်္ားေလးတစ္ေယာက္က မိန္းကေလး တစ္ေယာက္ကို တကယ္မွ ခ်စ္လာရင္ သူမ မႀကိဳက္တာေတြကို စြန္႕လြတ္လာတတ္ႀကတယ္။ ကတိေပးထားျပီးရင္လဲ မေဖာက္ဖ်က္မိေအာင္ ထိန္းသိမ္းေနတတ္ႀကတယ္။ ဘာလို့လဲဆိုေတာ့ သူမဟာ သူ့ဘဝအတြက္ေတာ့ အေရးပါဆံုးသူတစ္ေယာက္ ျဖစ္ေနလို႕ပါပဲ။

၈။ သူ႕မိသားစု၊ သူ႔သူငယ္ခ်င္းေတြနဲ႔ သင့္ကို မိတ္ဆက္ေပးမယ္ ။

ဒီအခ်က္ကေတာ့ ေယာက်ာ္းေလးေတြ တကယ္ခ်စ္မွ လုပ္ေလ့ရိွတ့ဲအခ်က္ပါပဲ။ သင္က သူ႕ခ်စ္သူပါလို႕ သူ့ပတ္ဝန္းက်င္အားလံုးကို အသိေပးျခင္းဟာ သင့္ကို ဘဝလက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္ထားတယ္ဆိုတာနဲ႔ အတူတူပါပဲေနာ္။

Credit: Lwinpyin cele

# Unicode Version ျဖင့္ ဖတ္ပါ #

ချစ်သူကောင်လေးဘက်က ကိုယ့်ကို တကယ် ချစ်တာမှ ဟုတ်ရဲ့လား ဆိုတာ သိချင်နေတဲ့ မိန်းကလေးတွေ ရှိမှာပါ။ သင့်ချစ်သူ ကောင်လေးက ဒီအချက်လေးတွေနဲ့ ကိုက်ညီရဲ့လားဆိုတာ စမ်းစစ်ကြည့်လိုက်ပါ။

၁။ အရာရာကို ဦးစားပေးလာမယ် ။

ယောကျာ်းလေးများ တကယ်ချစ်လာရင် ချစ်သူကို အရာရာထက် အရေးအကြီးဆုံးလို့ တွေးလာတတ်ပြီး၊ ဘာပဲလုပ်လုပ် ချစ်သူကိုပဲ ရှေ့တန်းတင် ဦးစားပေး လာတတ်ကြပါတယ်။

၂။ သင်နဲ့ ပတ်သက်တာဆို အရမ်းသိချင်လာမယ် ။

သင် ဘာကို ကြိုက်တတ်လဲ ၊ သင် အရာကို လုပ်ရတာ နှစ်သက်လဲ ၊ သင် အဖြစ်ချင်ဆုံး အိပ်မက်တွေက ဘာလဲ ၊ စတဲ့ သင် နဲ့ ပတ်သက်သမျှကို အရမ်းကို သိချင်လာကြပါတယ်။

၃။ သင် ပေးတဲ့ အကြံဉာဏ်ကို ဦးစားပေး စဉ်းစားလေ့ရှိတယ် ။

အခြေအနေ တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် သင့်ကို အရင် မေးလာပါလိမ့်မယ်။ သင် စဉ်စားဆုံးဖြတ်ထားတဲ့ အရာတစ်ခုခုကို သူ့ဘက်က ပြုလုပ်ပေးဖို့ အဆင်သင့် ဖြစ်နေတတ်ပါတယ်။

၄။ သင့်ကို ပွင့်လင်းစွာ တိုင်ပင်လာမယ် ။

သူ့ကိစ္စတွေနဲ့ ပတ်သက်ပြီး သင်နဲ့ မသက်ဆိုင်ဘူး ဆိုရင်တောင်မှ သင့်ကို ရင်ဖွင့်ပြောဆိုလေ့ရှိပါတယ်။ သူအယုံကြည်ရဆုံးသူက သင်လို့ ခံယူထားတဲ့အတွက် သူမှားမှား မှန်မှန် သင့်ကို တိုင်ပင်လာပါလိမ့်မယ်။

၅။ သင်နဲ့ အတူရှိနေရင် ဟန်ဆောင်ခြင်းမရှိဘူး ။

အပြန်အလှန် ဟန်ဆောင်ထားတာမျိုး သူကြိုက်မှာ မဟုတ်ပါဘူး။ အဲဒီအတွက်လဲ သင်နဲ့ရှိနေချိန်တိုင်း ဟန်ဆောင်မှု ကင်းစွာနဲ့ သူ့ဘဝ သရုပ်အတိုင်း ချစ်သွားမှာပါ။ ဟိတ်ဟန်တွေ မထုတ် ဂုဏ်ပကာသနတွေ ဘေးထားပြီး သင်နဲ့ နေရတာ ပျော်နေပါလိမ့်မယ်။

၆။ ခံစားချက်တွေလဲ မျှဝေချင်တယ် ။

ရေရှည် ဘဝလက်တွဲဖော် ချစ်သူအဖြစ် သင့်ကို ရွေးချယ်ထားတဲ့အတွက် သင် ခံစားရသမျှကို သူ့ဘက်က တတ်နိုင်သလောက် အကောင်းဆုံး နားလည်ပေးပါလိမ့်မယ် ။ သူခံစားချက်တွေကိုလဲ သင်တစ်ယောက်ကိုသာ အသိပေးနေမှာပါ။

၇။ ပေးထားတဲ့ ကတိကို တည်အောင် ကြိုးစားတယ်။

ယောကျ်ားလေးတစ်ယောက်က မိန်းကလေး တစ်ယောက်ကို တကယ်မှ ချစ်လာရင် သူမ မကြိုက်တာတွေကို စွန့်လွတ်လာတတ်ကြတယ်။ ကတိပေးထားပြီးရင်လဲ မဖောက်ဖျက်မိအောင် ထိန်းသိမ်းနေတတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူမဟာ သူ့ဘဝအတွက်တော့ အရေးပါဆုံးသူတစ်ယောက် ဖြစ်နေလို့ပါပဲ။

၈။ သူ့မိသားစု၊ သူ့သူငယ်ချင်းတွေနဲ့ သင့်ကို မိတ်ဆက်ပေးမယ် ။

ဒီအချက်ကတော့ ယောကျာ်းလေးတွေ တကယ်ချစ်မှ လုပ်လေ့ရှိတဲ့အချက်ပါပဲ။ သင်က သူ့ချစ်သူပါလို့ သူ့ပတ်ဝန်းကျင်အားလုံးကို အသိပေးခြင်းဟာ သင့်ကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ထားတယ်ဆိုတာနဲ့ အတူတူပါပဲနော်။


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top