iMyanmarHouse.com - Best Property Website for Myanmar
×



ႏွစ္ရွည္လမ်ား လက္တြဲလာတဲ့အိမ္ ေထာင္တစ္ခုမွာ အဖုအထစ္ေလးေတြ ရွိတတ္ပါတယ္။ ဒါေပမယ့္လည္း နားလည္မႈက ၾကီးမားရင္ေတာ့ ဒီအဖုအထစ္ေလးေတြက ဘာမွမဟုတ္ေတာ့ပါဘူး။ အဖုထစ္ေလးေတြကေန ျပသနာၾကီးအဆင့္ထိ ျဖစ္မသြားေစဖို႔ အိမ္ေထာင္တစ္ခုမွာ ဒီအခ်က္ေတြနဲ႔ပတ္သက္ရင္ လိမ္ေျပာတာမ်ိဳး မလုပ္သင့္ပါဘူး။

၁ – မိသားစု

မိသားစုနဲ႔ ပတ္သက္ရင္လည္း အစာၾကီးကတည္းက ေဝ့လည္ေၾကာင္ပတ္ေျပာဆိုထားတာေတြ မရွိသင့္ပါဘူး။ သူ႔မိဘ၊ကိုယ့္မိဘ၊ သူ႔ေဆြမ်ိဳး၊ကိုယ့္ေဆြမ်ိဳး နားလည္ေပးရမွာေတြ ရွိပါတယ္။ ဒါေၾကာင့္ ကိုယ့္ဘက္က မိသားစုက ဘယ္လိုစရိုက္ ဘယ္လိုပံုစံရွိတယ္လို႔ တစ္ဖက္က ၾကိဳသိထားတဲ့အခါ သူ႕ဘက္က ေရွာင္သင့္တာကိုေရွာင္ျပီး သည္းခံသင့္တာကို သည္းခံေပးလို႔ရပါတယ္။ မိသားစုနဲ႔ပတ္သက္လို႔ ေငြေရးေၾကးေရးနဲ႔ပတ္သက္လာရင္လည္း ပြင့္ပြင့္လင္းလင္းေျပာထားတာေၾကာင့္ မလိုလားတဲ့ ျပႆနာေတြ မျဖစ္ေတာ့ပါဘူး။

၂ – ကေလး

သင္တို႔ႏွစ္ဦးရဲ႕ ရင္ေသြးနဲ႔ပတ္သက္တဲ့ ကိစၥေတြမွာလည္း လိမ္လည္ေျပာဆိုတာေတြ၊ ေဝ့လည္ေၾကာင္ပတ္ေျပာဆိုတာေတြ မရွိသင့္ပါဘူး။ ကေလးကို အေဖ့ကို ျပန္မေျပာနဲ႔၊ အေမ့ကို ျပန္မေျပာနဲ႔ဆိုတဲ့စကားမ်ိဳး မေျပာသင့္ဘဲ ဒီလိုေျပာရမယ့္ ကိစၥမ်ိဳးကိုလည္း မလုပ္ေဆာင္သင့္ပါဘူး။ ကေလးေတြနဲ႔ ပတ္သက္ရင္ မိဘႏွစ္ပါးစလံုးဟာ ရိုးသားမႈနဲ႔ပဲ ဆက္ဆံသင့္တာ ျဖစ္ပါတယ္။

၃ – ေငြေၾကး

အိမ္ ေထာင္တစ္ခုမွာ အခ်ိန္ၾကာလာတဲ့အခါ ျပသနာအျဖစ္ပြားရဆံုး အေၾကာင္းအရင္း ျဖစ္ပါတယ္။ ေငြေၾကးနဲ႔ပတ္သက္ရင္ အေစာၾကီးကတည္းက ရွင္းရွင္းလင္းလင္းရွိသင့္ပါတယ္။ လိမ္ေျပာရမယ့္ကိစၥမ်ိဳးဆို ဘယ္လိုကိစၥကိုမွ မလုပ္သင့္ပါဘူး။ ဝယ္တာျခမ္းတာေတြအကုန္လံုးဟာ တစ္ဦးကိုတစ္ဦး အသိေပးသင့္ပါတယ္။ အိမ္ေထာင္တစ္ခုမွာ ေငြေၾကးနဲ႔ပတ္သက္တဲ့ကိစၥဟာ ႏွစ္ဦးသားအျမဲတိုင္ပင္တဲ့ ကိစၥလည္း ျဖစ္သင့္ပါတယ္။

၄ – လိင္

အိမ္ေထာင္တစ္ခုမွာ လိင္ပိုင္းဆုိင္ရာနဲ႔ပတ္သက္ရင္ ပြင့္ပြင့္လင္းလင္းရွိသင့္ပါတယ္။ လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနကို ပြင့္ပြင့္လင္းလင္းနဲ႔ ရုိးရိုးသားသား ရွိသင့္တာ ျဖစ္ပါတယ္။ ေျပာရဆိုရတာဟာ ကို႔ယို႔ကားယားႏုိင္တယ္လို႔ ခံစားရႏုိင္ပါတယ္။ ဒါေပမယ့္လည္း ဒီကိစၥမွာေတာ့ လိမ္မေျပာသင့္ပါဘူး။ ပြင့္ပြင့္လင္းလင္း တုိင္ပင္ေဆြးေႏြးတာဟာ ႏွစ္ဦးစလံုးအတြက္ အက်ိဳးမ်ားပါတယ္။

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

နှစ်ရှည်လများ လက်တွဲလာတဲ့အိမ် ထောင်တစ်ခုမှာ အဖုအထစ်လေးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့်လည်း နားလည်မှုက ကြီးမားရင်တော့ ဒီအဖုအထစ်လေးတွေက ဘာမှမဟုတ်တော့ပါဘူး။ အဖုထစ်လေးတွေကနေ ပြသနာကြီးအဆင့်ထိ ဖြစ်မသွားစေဖို့ အိမ်ထောင်တစ်ခုမှာ ဒီအချက်တွေနဲ့ပတ်သက်ရင် လိမ်ပြောတာမျိုး မလုပ်သင့်ပါဘူး။

၁ – မိသားစု

မိသားစုနဲ့ ပတ်သက်ရင်လည်း အစာကြီးကတည်းက ဝေ့လည်ကြောင်ပတ်ပြောဆိုထားတာတွေ မရှိသင့်ပါဘူး။ သူ့မိဘ၊ကိုယ့်မိဘ၊ သူ့ဆွေမျိုး၊ကိုယ့်ဆွေမျိုး နားလည်ပေးရမှာတွေ ရှိပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က မိသားစုက ဘယ်လိုစရိုက် ဘယ်လိုပုံစံရှိတယ်လို့ တစ်ဖက်က ကြိုသိထားတဲ့အခါ သူ့ဘက်က ရှောင်သင့်တာကိုရှောင်ပြီး သည်းခံသင့်တာကို သည်းခံပေးလို့ရပါတယ်။ မိသားစုနဲ့ပတ်သက်လို့ ငွေရေးကြေးရေးနဲ့ပတ်သက်လာရင်လည်း ပွင့်ပွင့်လင်းလင်းပြောထားတာကြောင့် မလိုလားတဲ့ ပြဿနာတွေ မဖြစ်တော့ပါဘူး။

၂ – ကလေး

သင်တို့နှစ်ဦးရဲ့ ရင်သွေးနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာလည်း လိမ်လည်ပြောဆိုတာတွေ၊ ဝေ့လည်ကြောင်ပတ်ပြောဆိုတာတွေ မရှိသင့်ပါဘူး။ ကလေးကို အဖေ့ကို ပြန်မပြောနဲ့၊ အမေ့ကို ပြန်မပြောနဲ့ဆိုတဲ့စကားမျိုး မပြောသင့်ဘဲ ဒီလိုပြောရမယ့် ကိစ္စမျိုးကိုလည်း မလုပ်ဆောင်သင့်ပါဘူး။ ကလေးတွေနဲ့ ပတ်သက်ရင် မိဘနှစ်ပါးစလုံးဟာ ရိုးသားမှုနဲ့ပဲ ဆက်ဆံသင့်တာ ဖြစ်ပါတယ်။

၃ – ငွေကြေး

အိမ် ထောင်တစ်ခုမှာ အချိန်ကြာလာတဲ့အခါ ပြသနာအဖြစ်ပွားရဆုံး အကြောင်းအရင်း ဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင် အစောကြီးကတည်းက ရှင်းရှင်းလင်းလင်းရှိသင့်ပါတယ်။ လိမ်ပြောရမယ့်ကိစ္စမျိုးဆို ဘယ်လိုကိစ္စကိုမှ မလုပ်သင့်ပါဘူး။ ဝယ်တာခြမ်းတာတွေအကုန်လုံးဟာ တစ်ဦးကိုတစ်ဦး အသိပေးသင့်ပါတယ်။ အိမ်ထောင်တစ်ခုမှာ ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စဟာ နှစ်ဦးသားအမြဲတိုင်ပင်တဲ့ ကိစ္စလည်း ဖြစ်သင့်ပါတယ်။

၄ – လိင်

အိမ်ထောင်တစ်ခုမှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင် ပွင့်ပွင့်လင်းလင်းရှိသင့်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ရှိသင့်တာ ဖြစ်ပါတယ်။ ပြောရဆိုရတာဟာ ကို့ယို့ကားယားနိုင်တယ်လို့ ခံစားရနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စမှာတော့ လိမ်မပြောသင့်ပါဘူး။ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးတာဟာ နှစ်ဦးစလုံးအတွက် အကျိုးများပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top