iMyanmarHouse.com - Best Property Website for Myanmar
×












Credit:Burmese.asia

# Unicode Version ဖြင့် ဖတ်ပါ #

နိုင်ငံကျော် သရုပ်ဆောင်အဆိုတော် အကယ်ဒမီ ထွန်းထွန်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင် တစ်ဦးပါ။ ထွန်းထွန်းက အနုပညာကိုကြိုးစားလုပ်ကိုင်နေပြီး လက်ရှိမှာ သရုပ်ဆောင် နေထက်လင်း ၊ နေတိုးတို့နဲ့အတူ ကျားနဲ့ ဆင် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။

ထွန်းထွန်း ဟာဆိုရင် သူ့ရဲ့ ချစ်သူလေးနဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်ကလေးတွေကို သူ့ရဲ့ Instagram ပေါ်မှာ တင်ပေးလေ့ရှိသူပါ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ထွန်းထွန်းရဲ့ ချစ်သူ လေးက ထွန်းထွန်းနဲ့ သူမတို့ရဲ့ အချစ်ရေးအကြောင်း ရေးထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ထွန်းထွန်းက သူ့ရဲ့ Instagram ပေါ်မှာ ချစ်သူလေးနဲ့ ကြည်နူးနေတဲ့ ပုံရိပ်ကလေးတွေကို တင်လေ့ရှိပြီး ဒီတစ်ခါမှာတော့ ထွန်းထွန်း ရဲ့ ချစ်သူလေးက သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခုလိုရေးထားတာပါ။ ” တကယ်တော့ ကိုယ်ကသူ့ကိုနိုင်တာမဟုတ်ပါဘူး.. သူကိုယ်တိုင်ကအရမ်းချစ်ပီး အရာရာကိုအနိုင်ပေးထားတာပါ… ♥️ကိုယ့်ကိုကြောက်တာမဟုတ်ဘူး..သူချစ်လို့ Respect ထားတာပါ.. ♥️ကိုယ့်အပေါ်သာချစ်တဲ့စိတ်မရှိရင် ကိုယ်ပြောသမျှကိုအလျော့မပေး နားလည်မှုမရှိရင် ကိုယ်ဘယ်နိုင်မလဲ သူ့ကို… အရာအားလုံးကသူချစ်လို့ ..ကိုယ့်ကိုအလျော့ပေးထားတာတွေကြီးပါပဲ…

 ♥️အရင်ကဆိုးခဲ့တာတွေကြောင့် ဆိုတာလဲ.. မဟုတ်ပါဘူး..ပြောရရင် ကိုယ်ပဲဆိုးတာ .. လုပ်ချင်တာလုပ်တာ.. 😂သူကိုယ့်အပေါ်နစ်နာအောင် တခါမှ မလုပ်ခဲ့ဖူးဘူး.. ချစ်လွန်းလို့ကို သူ့ဘာသူကောင်းအောင်နေသွားတာ.. ပြောင်းလဲသွားတာ.. ♥️အရာအားလုံးက လူတယောက်ရဲ့စိတ်ပေါ်ပဲမှုတည်ပါတယ်.. ♥️ဘယ်အရာမှအတင်းလုပ်ယူခိုင်းလို့မရပါဘူး…”ဆိုပြီးပြောထားပါတယ်။

ထွန်းထွန်းရဲ့ ချစ်သူလေးက သူ့ကိုအနိုင်ယူတာမဟုတ်ပဲ သူက ချစ်လို့အနိုင်ပေးထားတာဖြစ်ပြီး ထွန်းထွန်းက သူ့ကို အရမ်းချစ်လို့ အလျော့ပေးတာဆိုပြီး သူမတို့နှစ်ယောက်ရဲ့ အချစ်ရေးကို ပြောပြသွားတာပါ။

မကြာသေးခင်က ထွန်းထွန်းကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခရီးထွက်နေတဲ့ အချိန်ဆို ချစ်သူလေးကို လွမ်းနေတဲ့ အကြောင်း ရေးထားပါသေးတယ်။သရုပ်ဆောင် ထွန်းထွန်းတို့ချစ်သူနှစ်ဦးရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top