iMyanmarHouse.com - Best Property Website for Myanmar
×

ခ်ီလီေတြရဲ႕အသည္း Beauty Blogger ေနျခည္ဦးဟာ အခုဆိုရင္ ရုပ္ရွင္ကားၾကီးေတြရိုက္ထားျပီး ေအာင္ျမင္တဲ့မင္းသမီးတစ္ေယာက္ျဖစ္ဖုိ႔ တက္လမ္းပြင့္ေနျပီျဖစ္တဲ့ အညြန္႔တလူလူနဲ႔ လူငယ္ေလးတစ္ေယာက္ျဖစ္ပါတယ္။ မၾကာမီအခ်ိန္မွာ ေနျခည္ဦးရဲ႕ ပထမဆံုးကားၾကီးျဖစ္တဲ့ ရန္သူ ရုပ္ရွင္ကားၾကီးဟာ မၾကာခင္မွာရံုတင္ေတာ့မွာျဖစ္ပါတယ္။ ေအာင္ျမင္မႈေတြဆက္တုိက္ဆိုသလိုရရွိေနတဲ့ ေနျခည္ဦးဟာ အခ်စ္ေရးမွာေတာ့ အဆင္မေျပတာေလးေတြရွိေနလုိ႔ လမ္းခြဲလိုက္ျပီလို႔ မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ေျဖၾကားလာပါတယ္။

ေနျခည္ဦးက ခ်စ္သူနဲ႔အတူသြားခဲ့တဲ့ ခရီးအေၾကာင္းကုိ “ေနျခည္က အရမ္းစိတ္ေတြရႈပ္လာျပီဆိုရင္ ခရီးသြားတယ္။ ေနျခည့္မွာ List ရွိတယ္။ ဘယ္ေနရာဘယ္ေနရာသြားခ်င္တယ္ဆိုတာ။ ဒါျပီးလို႔ရွိရင္လည္းဆက္သြားမယ့္နုိင္ငံေတြရွိေသးတယ္။ခရီးသြားရတာအရမ္းၾကိဳက္တယ္။ ခ်စ္သူနဲ႔အတူသြားခဲ့တာေပါ့ေနာ္”လို႔ ေျပာျပထားပါတယ္။ဒါေပမယ့္လည္း ခရီးသြားအျပီးမွာခ်စ္သူနဲ႔ျပတ္သြားခဲ့ေၾကာင္းကုိ “အေျခအေနကေတာ့အခုေတာ့ တစ္ေယာက္တည္းပါပဲ။ အစကတည္းကလည္းေနျခည္ေျပာခဲ့တယ္။ ေနျခည္တို႔ညွိတယ္။ ညွိလို႔အဆင္မေျပဘူးေပါ့ေနာ္။ အဆင္မေျပေတာ့ ေနျခည္တို႔ေအးေအးေဆးေဆးပဲ..လမ္းခြဲတယ္ဆိုေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္စကားမေျပာေတာ့တာမဟုတ္ဘူးေပါ့ေနာ္။ နွစ္ဦးသေဘာတူပဲအဆင္ေျပေျပနဲ႔ပဲ တစ္ေယာက္လမ္းတစ္ေယာက္ေလွ်ာက္ခဲ့ၾကတာေပါ့။ဒါေပမယ့္ အခုအခ်ိန္အထိလည္းေနျခည္တို႔သူငယ္ခ်င္းပါပဲ။ အျမဲတမ္းလည္းအဆက္အသြယ္ရွိေနမွာပါ”လို႔ ေျဖၾကားထားပါတယ္။

လမ္းခြဲလုိက္ရတဲ့အေၾကာင္းအရင္းကုိေတာ့ ေနျခည္က “ေနျခည္တို႔ခရီးသြားတာက Anniversary နဲ႔ ခရီးသြားတယ္။ နွစ္ေယာက္က အဆင္မေျပဘူးဆိုတာက အဓိကကအခ်ိန္။ေနျခည္က ဒီဘက္မွာအလုပ္နဲ႔ ရုပ္ရွင္ရိုက္တာနဲ႔ သူကလည္း သူ႔စီးပြားေရးနဲ႔ဆိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္အခ်ိန္မေပးနိုင္တဲ့အခ်ိန္မွာ break လုပ္ျပီးေတာ့ ေနျခည္တို႔ေနလုိက္တာေပါ့ေနာ္။ေနျခည္တို႔ၾကားထဲမွာအမုန္းလည္းမရွိပါဘူး။ ေနျခည္က သူ႔ကုိခ်စ္တယ္။သူကလည္း ေနျခည့္ကုိခ်စ္တယ္။ေနျခည္တို႔က လူူငယ္ေတြျဖစ္ေတာ့ ကုိယ့္ဘဝအတြက္ ေအာင္ျမင္ခ်င္တယ္။ အလုပ္လုပ္ခ်င္တယ္။ အဓိကကေတာ့ ဒီအလုပ္ကုိပဲ ေနျခည္တို႔ ဦးစားေပးလိုက္တဲ့သေဘာပါ”လို႔ဆုတ္သာတက္သာေျပာျပသြားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာေနျခည္တစ္ေယာက္ Single ျပန္ျဖစ္သြားတာကုိ ဝမ္းသာၾကလား။ ေနျခည့္ရဲ႕ရုပ္ရွင္ကားၾကီးရံုတင္ရင္ေရာ သြားေရာက္အားေပးၾကမွာလား။ ေျပာခဲ့ၾကဦးေနာ္။

Credit: Can’t Wait To Say
# Unicode Version ျဖင့္ ဖတ္ပါ #
ချီလီတွေရဲ့အသည်း Beauty Blogger နေခြည်ဦးဟာ အခုဆိုရင် ရုပ်ရှင်ကားကြီးတွေရိုက်ထားပြီး အောင်မြင်တဲ့မင်းသမီးတစ်ယောက်ဖြစ်ဖို့ တက်လမ်းပွင့်နေပြီဖြစ်တဲ့ အညွန့်တလူလူနဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ မကြာမီအချိန်မှာ နေခြည်ဦးရဲ့ ပထမဆုံးကားကြီးဖြစ်တဲ့ ရန်သူ ရုပ်ရှင်ကားကြီးဟာ မကြာခင်မှာရုံတင်တော့မှာဖြစ်ပါတယ်။ အောင်မြင်မှုတွေဆက်တိုက်ဆိုသလိုရရှိနေတဲ့ နေခြည်ဦးဟာ အချစ်ရေးမှာတော့ အဆင်မပြေတာလေးတွေရှိနေလို့ လမ်းခွဲလိုက်ပြီလို့ မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဖြေကြားလာပါတယ်။

နေခြည်ဦးက ချစ်သူနဲ့အတူသွားခဲ့တဲ့ ခရီးအကြောင်းကို “နေခြည်က အရမ်းစိတ်တွေရှုပ်လာပြီဆိုရင် ခရီးသွားတယ်။ နေခြည့်မှာ List ရှိတယ်။ ဘယ်နေရာဘယ်နေရာသွားချင်တယ်ဆိုတာ။ ဒါပြီးလို့ရှိရင်လည်းဆက်သွားမယ့်နိုင်ငံတွေရှိသေးတယ်။ခရီးသွားရတာအရမ်းကြိုက်တယ်။ ချစ်သူနဲ့အတူသွားခဲ့တာပေါ့နော်”လို့ ပြောပြထားပါတယ်။ဒါပေမယ့်လည်း ခရီးသွားအပြီးမှာချစ်သူနဲ့ပြတ်သွားခဲ့ကြောင်းကို “အခြေအနေကတော့အခုတော့ တစ်ယောက်တည်းပါပဲ။ အစကတည်းကလည်းနေခြည်ပြောခဲ့တယ်။ နေခြည်တို့ညှိတယ်။ ညှိလို့အဆင်မပြေဘူးပေါ့နော်။ အဆင်မပြေတော့ နေခြည်တို့အေးအေးဆေးဆေးပဲ..လမ်းခွဲတယ်ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက်စကားမပြောတော့တာမဟုတ်ဘူးပေါ့နော်။ နှစ်ဦးသဘောတူပဲအဆင်ပြေပြေနဲ့ပဲ တစ်ယောက်လမ်းတစ်ယောက်လျှောက်ခဲ့ကြတာပေါ့။ဒါပေမယ့် အခုအချိန်အထိလည်းနေခြည်တို့သူငယ်ချင်းပါပဲ။ အမြဲတမ်းလည်းအဆက်အသွယ်ရှိနေမှာပါ”လို့ ဖြေကြားထားပါတယ်။

လမ်းခွဲလိုက်ရတဲ့အကြောင်းအရင်းကိုတော့ နေခြည်က “နေခြည်တို့ခရီးသွားတာက Anniversary နဲ့ ခရီးသွားတယ်။ နှစ်ယောက်က အဆင်မပြေဘူးဆိုတာက အဓိကကအချိန်။နေခြည်က ဒီဘက်မှာအလုပ်နဲ့ ရုပ်ရှင်ရိုက်တာနဲ့ သူကလည်း သူ့စီးပွားရေးနဲ့ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်အချိန်မပေးနိုင်တဲ့အချိန်မှာ break လုပ်ပြီးတော့ နေခြည်တို့နေလိုက်တာပေါ့နော်။နေခြည်တို့ကြားထဲမှာအမုန်းလည်းမရှိပါဘူး။ နေခြည်က သူ့ကိုချစ်တယ်။သူကလည်း နေခြည့်ကိုချစ်တယ်။နေခြည်တို့က လူူငယ်တွေဖြစ်တော့ ကိုယ့်ဘဝအတွက် အောင်မြင်ချင်တယ်။ အလုပ်လုပ်ချင်တယ်။ အဓိကကတော့ ဒီအလုပ်ကိုပဲ နေခြည်တို့ ဦးစားပေးလိုက်တဲ့သဘောပါ”လို့ဆုတ်သာတက်သာပြောပြသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရောနေခြည်တစ်ယောက် Single ပြန်ဖြစ်သွားတာကို ဝမ်းသာကြလား။ နေခြည့်ရဲ့ရုပ်ရှင်ကားကြီးရုံတင်ရင်ရော သွားရောက်အားပေးကြမှာလား။ ပြောခဲ့ကြဦးနော်။

Credit: Can’t Wait To Say
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top