iMyanmarHouse.com - Best Property Website for Myanmar
×





Credit: Celeverities

# Unicode Version ဖြင့် ဖတ်ပါ #
ပရိသတ်တွေကြား နာမည်တစ်ခုနဲ့ ရပ်တည်လာခဲ့တဲ့မင်းသမီးလေး သင်ဇာဝင့်ကျော်ဟာ လက်ရှိမှာလည်း အောင်မြင်မှုတွေရရှိနေပြန်ပါတယ်။ သူမရဲ့သူမတူတဲ့ ထိုးဖောက်ချင်တဲ့ စိတ်ဓာတ်တွေကလည်း သူမကို ပရိသတ်တွေကြား ပိုမိုရေပန်းစားစေခဲ့တာပါ။ သူမရဲ့ ဝတ်စားဆင်ယင်မှုတွေဟာ နေ့စဉ်နဲ့အမျှ လူမှုကွန်ယက်ပေါ်မှာ ပြောစရာခေါင်းစဉ်တစ်ခုအဖြစ် ရှိနေတာလည်း သူမရဲ့အောင်မြင်မှုတစ်ခုဖြစ်နေပါတယ်။

မကြာသေးခင်ကမှ နေရွှေသွေးအောင်ရဲ့ အမိုက်စား MTV မှာ အကြမ်းစားသရုပ်ဆောင်ခဲ့တဲ့ ပုံရိပ်တွေကလည်း ပရိသတ်တွေအတွက် အသစ်အဆန်းတစ်ခုဖြစ်နေပြန်ပါတယ်။ သင်ဇာဝင့်ကျော်ဟာမရိုးနိုင်တဲ့ ဝတ်စားဆင်ယင်မှုတွေကို ဝတ်ဆင်တတ်တဲ့သူတစ်ဦးဖြစ်ပါတယ်။

မနေ့ကလဲလည်းသူမရဲ့ 119 ဆိုင်သစ်ဖွင့်ပွဲကို ကိုတက်ရောက်လာခဲ့တဲ့ဖက်ပုံရှင်ရိပ်လေးတွေဟာ အရမ်းကိုဟော့ဖြစ်နေတာတွေ့ရပါတယ်။ ထိုပွဲလေးမှာလည်း သင်ဇာဝင့်ကျော်ရဲ့ သူမတူတဲ့ ဝတ်စားဆင်ယင်မှုပုံရိပ်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ထိုဖက်ရှင်နဲ့ပက်သက်ပြီး သင်ဇာက “ပိတ်စ မလောက်လို့ အောက်ပိုင်းက ပေါ်နေတဲ့ ဖက်ရှင်ဖြစ်သွားတာပါ (ရယ်လျက်)။ သင်ဇာ ဘယ်လိုရူးရူး လိုက်ပြီး ရူးပေးကြလို့ ပရိသတ်ကို ကျေးဇူး အများကြီးတင်ပါတယ်” ဆိုပြီးပြောခဲ့ပါတယ်။
အလန်းစားပုံရိပ်တွေနဲ့ တက်ရောက်လာတဲ့ သင်ဇာဝင့်ကျော်ရဲ့ interview ဗီဒီယိုဖိုင်လေးကို ပရိသိတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top