iMyanmarHouse.com - Best Property Website for Myanmar
×


မိန္းကေလးတစ္၀က္ေလာက္က သူတို႔ရဲ့ခ်စ္သူနဲ႔ပတ္၀န္းက်င္ကို “ေက်းဇူးပဲေနာ္”လို႔ ေျပာဖို႔မလိုအပ္ဘူးလို႔ ထင္ေနၾကပါတယ္။ ကိုယ့္အတြက္ “ေက်းဇူးပဲေနာ္” ဆိုတဲ့စကားေလးတစ္ခြန္းက ေျပာဖို႔လြယ္ကူေပမယ့္ လူအမ်ားက ေက်းဇူးတင္ဖို႔ေမ့ေနတတ္ၾကလို႔ ခိုင္ျမဲတဲ့အခ်စ္တစ္ခုတည္ေဆာက္တဲ့ေနရာမွာ ခက္ခဲေနၾကတယ္ဆိုတာ သတိေပးခ်င္လို႔ပါေနာ္။

အေမရိကန္လူမ်ိဳးေတြရဲ့ေက်းဇူးတင္တတ္ျခင္းအေလ့အက်င့္ကို သုေတသနျပဳၾကည့္တဲ့အခါမွာ အေမရိကန္လူမ်ိဳးေတြရဲ့ ၉၇ရာခိုင္ႏႈန္းဟာ ထသြားထလာကိစၥေလးေတြမွာေတာင္ “ေက်းဇူးေနာ္” ဆိုတာမ်ိဳးေလး ေျပာေလ့ရွိၾကေပမယ့္ ကိုယ့္ခ်စ္သူကို အျမဲတေစ “ေက်းဇူးပဲေနာ္” လို႔ေျပာတတ္တဲ့ မိန္းကေလးရာခိုင္ႏႈန္းကေတာ့ ၄၈ရာခို္င္ႏႈန္းပဲရွိပါသတဲ့။ဟုတ္တာေပါ့။ ကိုယ့္ခ်စ္သူကို ထမင္းစားေရေသာက္ “ေက်းဇူးပဲေနာ္ အခ်စ္ရယ္”လို႔ မေျပာလို႔လည္း မိန္းမဆိုးၾကီးျဖစ္မသြားပါဘူးေနာ္။

ဒါေပမယ့္ ခိုင္ျမဲတဲ့အခ်စ္လမ္းေပၚေလွ်ာက္လွမ္းေတာ့မယ္ဆိုရင္ေတာ့ “ေက်းဇူးပဲေနာ္ အခ်စ္ရယ္” ဆိုတာေလးေတြက ကိုယ့္ကို အခ်စ္ပိုေစမယ္ဆိုရင္ေရာ ကဲ ဘယ္လိုလဲ။ကၽြန္မတို႔ဟာ Relationship တစ္ခုကို ထူေထာင္ၾကတဲ့ေနရာမွာ အစပိုင္းမွာေတာ့ ေက်းဇူးတင္တာမ်ိဳးရွိၾကေပမယ့္လည္း အခ်ိန္ၾကာလာတဲ့အခါမွာ ဒီလူဟာ အရင္းႏွီးဆံုးသူျဖစ္သြားၾကတဲ့အတြက္ ေက်းဇူးတင္စကားေျပာစရာမလိုေတာ့ပါဘူးလို႔ ေတြးေလ့ရွိၾကပါတယ္။


ကိုယ္ခ်စ္တဲ့သူကို အျမဲတေစ ေက်းဇူးတင္စကားဆိုရင္း အခ်ိန္ၾကာလာတဲ့အမွ် ေလ်ာ့ရဲလာတဲ့အခ်စ္ျကိုးေတြကို ျပန္လည္တင္းက်ပ္ေပးႏိုင္သလို ခ်စ္သက္တမ္းရွည္ၾကာဖို႔အတြက္လည္း အေထာက္အကူေပးမွာပါ။

အထူးသျဖင့္ကၽြန္မတို႔ျမန္မာႏိုင္ငံသားေတြမွာ “ေက်းဇူးတင္တယ္ေနာ္”လို႔ ေျပာလိုက္တာမ်ိဳးဟာ သူစိမ္းေတြအတြက္ပဲျဖစ္ေနျပီး ကိုယ္နဲ႔အရင္းႏွီးဆံုးသူေတြျဖစ္တဲ့ မိသားစု၊ ခ်စ္သူနဲ႔ သူငယ္ခ်င္းေတြအေပၚမွာ “ငါတို႔တစ္ေယာက္နဲ႔တစ္ေယာက္က ေက်းဇူးတင္စရာလူေတြမွ မဟုတ္တာ။” လို႔ပဲ အမ်ားစုက ေတြးၾကတယ္။ဒါေပမယ့္ ေျပာခ်င္တာက ေက်းဇူးတင္ၾကည့္ပါ။

ကိုယ့္ဘက္က အပန္းမျကီးတဲ့ အားထုတ္မႈေလးတစ္ခုဆိုေပမယ့္ အက်ိဳးထူးရမယ္လို႔ အာမခံပါတယ္ေနာ္။ “ရံုးကအျပန္ ဘုရားပန္းေလး၀ယ္လာပို႔ေပးတာ သိပ္ေက်းဇူးတင္တာပဲ အခ်စ္ရယ္။”၊ “ မိန္းမအျပင္သြားေနတုန္း ကေလးေတြကိုၾကည့္ေပးထားလို႔ ေက်းဇူးပဲ ေယာက္်ားရယ္။”

စသည္ျဖင့္ ေျပာၾကည့္တာမ်ိဳးေလးေတြ၊ ေက်းဇူးတင္အနမ္းေလးေပးတာမ်ိဳးေလးေတြ လုပ္ၾကည့္ျပီး အခ်စ္ေတြ အကုန္သိမ္းပိုက္ၾကရေအာင္လားေနာ္။

Credit:cele.lwinpyin

# Unicode Version ျဖင့္ ဖတ္ပါ #

မိန်းကလေးတစ်ဝက်လောက်က သူတို့ရဲ့ချစ်သူနဲ့ပတ်ဝန်းကျင်ကို “ကျေးဇူးပဲနော်”လို့ ပြောဖို့မလိုအပ်ဘူးလို့ ထင်နေကြပါတယ်။ ကိုယ့်အတွက် “ကျေးဇူးပဲနော်” ဆိုတဲ့စကားလေးတစ်ခွန်းက ပြောဖို့လွယ်ကူပေမယ့် လူအများက ကျေးဇူးတင်ဖို့မေ့နေတတ်ကြလို့ ခိုင်မြဲတဲ့အချစ်တစ်ခုတည်ဆောက်တဲ့နေရာမှာ ခက်ခဲနေကြတယ်ဆိုတာ သတိပေးချင်လို့ပါနော်။

အမေရိကန်လူမျိုးတွေရဲ့ကျေးဇူးတင်တတ်ခြင်းအလေ့အကျင့်ကို သုတေသနပြုကြည့်တဲ့အခါမှာ အမေရိကန်လူမျိုးတွေရဲ့ ၉၇ရာခိုင်နှုန်းဟာ ထသွားထလာကိစ္စလေးတွေမှာတောင် “ကျေးဇူးနော်” ဆိုတာမျိုးလေး ပြောလေ့ရှိကြပေမယ့် ကိုယ့်ချစ်သူကို အမြဲတစေ “ကျေးဇူးပဲနော်” လို့ပြောတတ်တဲ့ မိန်းကလေးရာခိုင်နှုန်းကတော့ ၄၈ရာခိုင်နှုန်းပဲရှိပါသတဲ့။ဟုတ်တာပေါ့။ ကိုယ့်ချစ်သူကို ထမင်းစားရေသောက် “ကျေးဇူးပဲနော် အချစ်ရယ်”လို့ မပြောလို့လည်း မိန်းမဆိုးကြီးဖြစ်မသွားပါဘူးနော်။

ဒါပေမယ့် ခိုင်မြဲတဲ့အချစ်လမ်းပေါ်လျှောက်လှမ်းတော့မယ်ဆိုရင်တော့ “ကျေးဇူးပဲနော် အချစ်ရယ်” ဆိုတာလေးတွေက ကိုယ့်ကို အချစ်ပိုစေမယ်ဆိုရင်ရော ကဲ ဘယ်လိုလဲ။ကျွန်မတို့ဟာ Relationship တစ်ခုကို ထူထောင်ကြတဲ့နေရာမှာ အစပိုင်းမှာတော့ ကျေးဇူးတင်တာမျိုးရှိကြပေမယ့်လည်း အချိန်ကြာလာတဲ့အခါမှာ ဒီလူဟာ အရင်းနှီးဆုံးသူဖြစ်သွားကြတဲ့အတွက် ကျေးဇူးတင်စကားပြောစရာမလိုတော့ပါဘူးလို့ တွေးလေ့ရှိကြပါတယ်။

ကိုယ်ချစ်တဲ့သူကို အမြဲတစေ ကျေးဇူးတင်စကားဆိုရင်း အချိန်ကြာလာတဲ့အမျှ လျော့ရဲလာတဲ့အချစ်ကြိုးတွေကို ပြန်လည်တင်းကျပ်ပေးနိုင်သလို ချစ်သက်တမ်းရှည်ကြာဖို့အတွက်လည်း အထောက်အကူပေးမှာပါ။

အထူးသဖြင့်ကျွန်မတို့မြန်မာနိုင်ငံသားတွေမှာ “ကျေးဇူးတင်တယ်နော်”လို့ ပြောလိုက်တာမျိုးဟာ သူစိမ်းတွေအတွက်ပဲဖြစ်နေပြီး ကိုယ်နဲ့အရင်းနှီးဆုံးသူတွေဖြစ်တဲ့ မိသားစု၊ ချစ်သူနဲ့ သူငယ်ချင်းတွေအပေါ်မှာ “ငါတို့တစ်ယောက်နဲ့တစ်ယောက်က ကျေးဇူးတင်စရာလူတွေမှ မဟုတ်တာ။” လို့ပဲ အများစုက တွေးကြတယ်။ဒါပေမယ့် ပြောချင်တာက ကျေးဇူးတင်ကြည့်ပါ။

ကိုယ့်ဘက်က အပန်းမကြီးတဲ့ အားထုတ်မှုလေးတစ်ခုဆိုပေမယ့် အကျိုးထူးရမယ်လို့ အာမခံပါတယ်နော်။ “ရုံးကအပြန် ဘုရားပန်းလေးဝယ်လာပို့ပေးတာ သိပ်ကျေးဇူးတင်တာပဲ အချစ်ရယ်။”၊ “ မိန်းမအပြင်သွားနေတုန်း ကလေးတွေကိုကြည့်ပေးထားလို့ ကျေးဇူးပဲ ယောက်ျားရယ်။”

စသည်ဖြင့် ပြောကြည့်တာမျိုးလေးတွေ၊ ကျေးဇူးတင်အနမ်းလေးပေးတာမျိုးလေးတွေ လုပ်ကြည့်ပြီး အချစ်တွေ အကုန်သိမ်းပိုက်ကြရအောင်လားနော်။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top