iMyanmarHouse.com - Best Property Website for Myanmar
×


ရဲရင့္ေအာင္ နဲ႔ ဧၿငိမ္းျဖဴ တုိ႔ လမ္းခြဲလုိက္ၾကၿပီဆုိတ့ဲ သတင္းေတြအေပၚ ဧၿငိမ္းျဖဴက အခုလုိ ေျဖရွင္းလာပါၿပီ။ ဒီသတင္းေတြ ေၾကာင့္ Fan ေတြလည္း စိတ္ညစ္ေနရၿပီ လုိ႔ သူမက ဆက္လက္ေျပာျပလာပါတယ္

အဆုိေတာ္ ရဲရင့္ေအာင္နဲ႔ ခ်စ္သူေကာင္မေလး ဧၿငိမ္းျဖဴတုိ႔ရဲ႕ အခ်စ္ေရးကေတာ့ ရန္ျဖစ္လုိက္ ျပန္ခ်စ္လုိက္ပါပဲ။ သိပ္မၾကာေသးခင္ကလည္း ဧၿငိမ္းျဖဴရဲ႕ My Story ကေန လမ္းခြဲလုိက္ပါၿပီ ဆုိတဲ့ အေပၚ ပရိသတ္ေတြၾကားမွာ ဂယက္ရုိက္ခဲ့တာကုိ ေတြ႔ရပါတယ္။


'' ငါ ညံ့လုိက္တာကြာ တစ္ခ်ိန္လုံး လိမ္ခံေနခဲ့ရတာ '' '' လမ္းခြဲလုိက္ၾကပါၿပီ'' ဆုိၿပီးေတာ့ ဒီဇင္ဘာလ ၉ ရက္ေန႔ ညက ဧၿငိမ္းျဖဴရဲ႕ My Story မွာ ေရးသားခဲ့တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ သတင္း မီဒီယာေတြကေနတဆင့္ လမ္းခြဲလုိက္ၿပီ ဆုိတ့ဲ သတင္းေတြဆက္လက္ ထြက္ေပၚခဲ့တာကုိ ေတြ႔ရပါတယ္။

အဲ့ဒီေနာက္ ညတြင္းခ်င္းမွာပဲ ရဲရင့္ေအာင္နဲ႔ ဧၿငိမ္းျဖဴတုိ႔ လမ္းခြဲလုိက္ၾကၿပီ ဆုိတဲ့အတြက္ ႏွစ္ေယာက္စလုံးကုိ ခ်စ္တဲ့ ပရိသတ္ေတြကလည္း စုိးရိမ္ခဲ့ၾကပါေသးတယ္။ ဒါေပမယ့္လည္း ရန္ျဖစ္လုိက္ ျပန္ခ်စ္လုိက္ သူတုိ႔ ႏွစ္ဦးကေတာ့ အခုဆုိရင္ ျပန္အဆင္ေျပသြားၿပီလုိ႔ ဧၿငိမ္းျဖဴက ေျပာပါတယ္။


'' ညတြင္းခ်င္း ျပႆနာေျဖရွင္းခြင့္ေလးေတာင္ မေပးၾကဘူးလား။ မနက္အထိေတာ့ ခဏေစာင့္ၾကည့္ဦးေပါ့။ ဇြတ္ေနာ္ ယူတုိ႔ကလည္း အခုခ်က္ခ်င္း ျပန္အဆင္ေျပသြားေတာ့ ဘယ္လုိ လုပ္မလဲ။ Fan ေလးေတြပဲ စိတ္ညစ္ရတယ္။ Sry ပါ။ အဲ့ဒါေၾကာင့္ သူက Interview မွာ ေျဖတာ သူဘာတင္တင္ မျမင္ခ်င္ေယာင္ေဆာင္ေနလိုက္ပါတယ္တဲ့။ ဒါ အမွန္ဆုံးပဲ ကုိယ္က တစ္ခါတေလ က်ပ္သိပ္မျပည့္ခ်င္ဘူး'' ဆုိၿပီးေတာ့ ဒီဇင္ဘာလ ၁၀ ရက္ေန႔ မနက္ေစာေစာက သူ႔ရဲ႕ My Story မွာ ထပ္တင္ထားတာ ေတြ႔ရပါတယ္။

ရဲရင့္ေအာင္ဟာ ခ်စ္သူေကာင္မေလး ဧၿငိမ္းျဖဴ နဲ႔ အက်င့္စရုိက္ခ်င္းကလည္း တူျပန္တယ္လုိ႔ဆုိပါတယ္။ သူခ်စ္တတ္တဲ့ အေၾကာင္းအရာေတြ ကုိလည္း ထုတ္ျပၿပီး မေျပာဆုိတတ္သလုိ သူကုိယ္တုိင္ကလည္း ရင္ခုန္စရာေကာင္းတဲ့ ေယာက်္ားတစ္ေယာက္မဟုတ္တဲ့အေၾကာင္း Duwun Media ကေန ေျပာျပခဲ့ ပါေသးတယ္။

'' ေတာ္ေတာ္မ်ားမ်ားက တူတယ္။ အဲ့ဒီလုိ တူေတာ့ မတည့္ေတာ့ဘူးေပါ့။ အက်င့္က အကုန္တူတာ အခ်ဳိးမေျပတာေတြကအစ။ သူက ထုတ္ျပ ၿပီးေလွ်ာက္ေျပာေနတာကုိး ကၽြန္ေတာ္က မေျပာဘူး၊ ဘယ္ေတာ့မွလည္း ေျပာမွာ မဟုတ္ဘူး။ ဒီအတုိင္းပဲ အဲ့ဒါေၾကာင့္လည္း ျပႆနာက ခဏ ခဏ တက္ရတယ္။ ကၽြန္ေတာ္က မRo တက္ဘူး ရင္ခုန္စရာလည္း မေကာင္းဘူး'' လို႔ဆုိပါတယ္။

အဆုိေတာ္ ရဲရင့္ေအာင္နဲ႔ ေမာ္ဒယ္လ္ Dancer မယ္ေလး ဧၿငိမ္းျဖဴ တုိ႔ အတြဲကိုေတာ့ မသိတဲ့ပရိသတ္ မရွိသေလာက္ပါပဲ။ သူတုိ႔ ႏွစ္ဦးဟာ ၂၀၁၇ ခုႏွစ္ သႀကၤန္အျပီးမွာ ခ်စ္သူေတြျဖစ္ေၾကာင္း ဝန္ခံလိုက္ၾကတာျဖစ္ပါတယ္။ ႏွစ္ေယာက္ စလုံးဟာ လူငယ္ေတြလည္း ျဖစ္သလုိ ေအာင္ျမင္လွ်က္ရွိတဲ့ အႏုပညာရွင္ စုံတြဲတစ္တြဲျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ သူတုိ႔ႏွစ္ဦးရဲ႕ ခ်စ္သူသက္တမ္းက တစ္ႏွစ္ေက်ာ္ ၾကာခဲ့ပါၿပီ။

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို့ လမ်းခွဲလိုက်ကြပြီဆိုတဲ့ သတင်းတွေအပေါ် ဧငြိမ်းဖြူက အခုလို ဖြေရှင်းလာပါပြီ။ ဒီသတင်းတွေ ကြောင့် Fan တွေလည်း စိတ်ညစ်နေရပြီ လို့ သူမက ဆက်လက်ပြောပြလာပါတယ်

အဆိုတော် ရဲရင့်အောင်နဲ့ ချစ်သူကောင်မလေး ဧငြိမ်းဖြူတို့ရဲ့ အချစ်ရေးကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ။ သိပ်မကြာသေးခင်ကလည်း ဧငြိမ်းဖြူရဲ့ My Story ကနေ လမ်းခွဲလိုက်ပါပြီ ဆိုတဲ့ အပေါ် ပရိသတ်တွေကြားမှာ ဂယက်ရိုက်ခဲ့တာကို တွေ့ရပါတယ်။

'' ငါ ညံ့လိုက်တာကွာ တစ်ချိန်လုံး လိမ်ခံနေခဲ့ရတာ '' '' လမ်းခွဲလိုက်ကြပါပြီ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၉ ရက်နေ့ ညက ဧငြိမ်းဖြူရဲ့ My Story မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် သတင်း မီဒီယာတွေကနေတဆင့် လမ်းခွဲလိုက်ပြီ ဆိုတဲ့ သတင်းတွေဆက်လက် ထွက်ပေါ်ခဲ့တာကို တွေ့ရပါတယ်။

အဲ့ဒီနောက် ညတွင်းချင်းမှာပဲ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ လမ်းခွဲလိုက်ကြပြီ ဆိုတဲ့အတွက် နှစ်ယောက်စလုံးကို ချစ်တဲ့ ပရိသတ်တွေကလည်း စိုးရိမ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက် သူတို့ နှစ်ဦးကတော့ အခုဆိုရင် ပြန်အဆင်ပြေသွားပြီလို့ ဧငြိမ်းဖြူက ပြောပါတယ်။

'' ညတွင်းချင်း ပြဿနာဖြေရှင်းခွင့်လေးတောင် မပေးကြဘူးလား။ မနက်အထိတော့ ခဏစောင့်ကြည့်ဦးပေါ့။ ဇွတ်နော် ယူတို့ကလည်း အခုချက်ချင်း ပြန်အဆင်ပြေသွားတော့ ဘယ်လို လုပ်မလဲ။ Fan လေးတွေပဲ စိတ်ညစ်ရတယ်။ Sry ပါ။ အဲ့ဒါကြောင့် သူက Interview မှာ ဖြေတာ သူဘာတင်တင် မမြင်ချင်ယောင်ဆောင်နေလိုက်ပါတယ်တဲ့။ ဒါ အမှန်ဆုံးပဲ ကိုယ်က တစ်ခါတလေ ကျပ်သိပ်မပြည့်ချင်ဘူး'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်စောစောက သူ့ရဲ့ My Story မှာ ထပ်တင်ထားတာ တွေ့ရပါတယ်။

ရဲရင့်အောင်ဟာ ချစ်သူကောင်မလေး ဧငြိမ်းဖြူ နဲ့ အကျင့်စရိုက်ချင်းကလည်း တူပြန်တယ်လို့ဆိုပါတယ်။ သူချစ်တတ်တဲ့ အကြောင်းအရာတွေ ကိုလည်း ထုတ်ပြပြီး မပြောဆိုတတ်သလို သူကိုယ်တိုင်ကလည်း ရင်ခုန်စရာကောင်းတဲ့ ယောကျ်ားတစ်ယောက်မဟုတ်တဲ့အကြောင်း Duwun Media ကနေ ပြောပြခဲ့ ပါသေးတယ်။

'' တော်တော်များများက တူတယ်။ အဲ့ဒီလို တူတော့ မတည့်တော့ဘူးပေါ့။ အကျင့်က အကုန်တူတာ အချိုးမပြေတာတွေကအစ။ သူက ထုတ်ပြ ပြီးလျှောက်ပြောနေတာကိုး ကျွန်တော်က မပြောဘူး၊ ဘယ်တော့မှလည်း ပြောမှာ မဟုတ်ဘူး။ ဒီအတိုင်းပဲ အဲ့ဒါကြောင့်လည်း ပြဿနာက ခဏ ခဏ တက်ရတယ်။ ကျွန်တော်က မRo တက်ဘူး ရင်ခုန်စရာလည်း မကောင်းဘူး'' လို့ဆိုပါတယ်။

အဆိုတော် ရဲရင့်အောင်နဲ့ မော်ဒယ်လ် Dancer မယ်လေး ဧငြိမ်းဖြူ တို့ အတွဲကိုတော့ မသိတဲ့ပရိသတ် မရှိသလောက်ပါပဲ။ သူတို့ နှစ်ဦးဟာ ၂၀၁၇ ခုနှစ် သြင်္ကန်အပြီးမှာ ချစ်သူတွေဖြစ်ကြောင်း ဝန်ခံလိုက်ကြတာဖြစ်ပါတယ်။ နှစ်ယောက် စလုံးဟာ လူငယ်တွေလည်း ဖြစ်သလို အောင်မြင်လျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ အခုချိန်မှာတော့ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းက တစ်နှစ်ကျော် ကြာခဲ့ပါပြီ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top