iMyanmarHouse.com - Best Property Website for Myanmar
×



ဂ်ပန္ႏ္ိုင္ငံဟာ လူအေတာ္ေတာ္မ်ားမ်ားရဲ႕ ခရီးသြားမဲ့စာရင္းထဲမွာ ေနရာယူထားပါတယ္။ ဂ်ပန္ႏိုင္ငံကို လာေရာက္လည္ပတ္ၾကတဲ့ခရီးသြားေတြအတြက္ အျပဳအမူေတြ၊ လိုက္နာရမဲ့ စည္းကမ္းခ်က္ေတြလည္း အမ်ားႀကီးရွိပါတယ္။ ဒါေၾကာင့္ ဂ်ပန္လူမ်ိဳးေတြနဲ႔ စကားေျပာဆိုဆက္ဆံရေတာ့မယ္ဆိုရင္ လိုက္နာရမဲ့ စည္းကမ္းက်င့္ဝတ္ေတြကိုလည္း သိထားသင့္ပါတယ္။

၁။ အမႈိက္ကိုစည္းကမ္းမဲ့စြာ စြန္႔ပစ္ျခင္း

ဂ်ပန္ႏိုင္ငံဟာ ကမၻာမွာ အသန္႔ရွင္းဆုံးႏိုင္ငံေတြထဲက တစ္ႏိုင္ငံျဖစ္ၿပီးေတာ့ တစ္ကိုယ္ေရသန္႔ရွင္းမႈနဲ႔ ပတ္သက္ၿပီးေတာ့လည္း သန္႔ရွင္းတယ္ဆိုၿပီး နာမည္ႀကီးလွပါတယ္။ ဒါေၾကာင့္ ဒီတိုင္းျပည္မွာ အမႈိက္စြန္႔ပစ္တာဟာ အဓိကအခန္းက႑မွာ ပါဝင္တယ္ဆိုတာ အံ့ဩစရာမဟုတ္ပါဘူး။

အရာရာတိုင္းကို ျပန္လည္သုံးစြဲလို႔ရတာေတြ၊ မီး႐ႈိ႕ရမဲ့ပစၥည္းေတြ၊ မ႐ႈိ႕ရမဲ့ပစၥည္းေတြဆိုၿပီး အေသးစိတ္အမ်ိဳးအစား ခြဲျခားထားပါတယ္။ ေနရာကိုလိုက္ၿပီး အမႈိက္ပုံးေတြ အမ်ိဳးအစားအမ်ားႀကီးခြဲထားပါတယ္။ သင္ဂ်ပန္ႏိုင္ငံကို ေရာက္ခဲ့ရင္ အမႈိက္အမ်ိဳးအစားကို ေဖာ္ျပထားတဲ့ အမႈိက္ပုံးေတြမွာပုဲ အမႈိက္စြန္႔ပစ္ပါ။

၂။ မီးရထားနဲ႔ ဓာတ္ေလွကားေတြထဲမွာ စကားက်ယ္ေလာင္စြာေျပာျခင္း

ဂ်ပန္လူမ်ိဳးေတြဟာ မီးရထား၊ ဓာတ္ေလွကားလိုမ်ိဳး လူသူထူထပ္တဲ့ေနရာမ်ိဳးေတြမွာ ဆူဆူညံညံလုပ္ရင္ စိတ္အေႏွာင့္အယွက္ျဖစ္တတ္ၾကပါတယ္။ သင္ရထားစီးေတာ့မယ္ဆိုရင္ ခရီးသည္မ်ားကို သူတို႔ရဲ႕ဖုန္းေတြပိတ္ထားဖို႔ ဒါမွမဟုတ္ အသံပိတ္ထားဖို႔ေတာင္းဆိုတဲ့ ေၾကညာခ်က္ကို ၾကားရမွာပါ။ တကယ္လို႔ ရထားစီးေနတုန္း တစ္ေယာက္ေယာက္ရဲ႕ဖုန္းျမည္ခဲ့မယ္ဆိုရင္ ျမန္ျမန္အသံပိတ္လိုက္တာကို သတိထားမိႏိုင္ပါတယ္။

၃။ စက္ေလွကားရဲ႕အလယ္မွာ ရပ္စီးျခင္း

ဂ်ပန္မွာ စက္ေလွကားစီးေတာ့မယ္ဆိုရင္ အျမန္လိုေနတဲ့သူေတြကို ဖယ္ေပးေနတဲ့ပုံစံမ်ိဳးနဲ႔ တစ္ဖက္တည္းမွာရပ္ေနတာကို ေတြ႕ႏိုင္ပါတယ္။ ကန္ဆိုင္း (Kensai) ကလူေတြက စက္ေလွကားညာဘက္မွာ ရပ္ၾကၿပီးေတာ့ ကန္တို (Kento) ကျပည္သူေတြဆိုရင္ စက္ေလွကား ဘယ္ဘက္မွာရပ္ၾကပါတယ္။ ဒါေၾကာင့္ သင့္ေရာက္ေနတဲ့ေနရာကိုလိုက္ၿပီး နည္းနည္းေတာ့ ကြာျခားမႈရွိမွာပါ။

၄။ ထမင္းစားခန္းနဲ႔ စားေသာက္ဆိုင္မွ စားစရာေတြကို အျပင္ကိုသယ္သြားျခင္း၊ ယူလာျခင္း

ဂ်ပန္ႏိုင္ငံမွာ ေနာက္တစ္ခ်က္ သတိထားရမွာကေတာ့ အစားအစာေတြနဲ႔ ေသာက္စရာေတြကို စားေသာက္ဆိုင္ေတြ၊ ထမင္းစားခန္းေတြကေန ယူသြားတာတို႔၊ သယ္သြားတာတို႔ပဲ ျဖစ္ပါတယ္။ ဆိုင္ကခြင့္ျပဳထားရင္ေတာင္မွ မလုပ္သင့္ပါဘူး။ ဂ်ပန္လူမ်ိဳးေတြဟာ သူတို႔ျပဳလုပ္လိုက္တဲ့ အစားအစာရဲ႕ အရည္အေသြးနဲ႔ မီးဖိုေခ်ာင္သန္႔ရွင္းမႈကို အင္မတန္ေစ့စပ္ေသခ်ာၾကပါတယ္။

စားသုံးသူတစ္ေယာက္ေယာက္က စားေသာက္ဆိုင္ထဲကို ယူေဆာင္လာတဲ့ အစားအေသာက္ေၾကာင့္ အစာအဆိပ္သင့္တာမ်ိဳး ျဖစ္ခဲ့တယ္ဆိုရင္ စားသုံးသူေရာက္ေနတဲ့ဆိုင္ကို ယာယီပိတ္ပစ္လိုက္ႏိုင္လို႔ပါ။

၅။ ကီမိုႏိုဝတ္စုံကို ေသခ်ာမဝတ္ျခင္း

ကီမိုႏ္ိုဝတ္စုံဟာ သပ္သပ္ရပ္ရပ္ဝတ္ရင္ ေတာ္ေတာ္လွတဲ့ဝတ္စုံမ်ိဳးျဖစ္ပါတယ္။ ဂ်ပန္လူမ်ိဳးေတြဟာ သူတို႔ရဲ႕႐ိုးရာဝတ္စုံကို လွလွပပသပ္သပ္ရပ္ရပ္ ဝတ္ေလ့ရွိၾကပါတယ္။ ကီမိုႏိုရဲ႕ဘယ္ဘက္ျခမ္းကို အေပၚမွာထားၿပီးဝတ္ရၿပီးေတာ့ ညာဘက္ျခမ္းကို အေပၚမွာထားၿပီး ဝတ္ထားတယ္ဆိုတာ ေသဆုံးသြားတဲ့သူေတြကို ဈာပနအခမ္းအနားမွာ ဝတ္ေပးတာ ျဖစ္ပါတယ္။

ကီမိုႏိုဝတ္တဲ့အခါ သင့္ရဲ႕ညာဘက္လက္ဟာ ဝတ္စုံထဲကို လြယ္လြယ္ကူကူသြင္းလို႔ရၿပီဆိုရင္ မွန္မွန္ကန္ကန္ဝတ္ထားတာ က်ိန္းေသေနပါၿပီ။

၆။ ထမင္းပန္းကန္လုံးထဲမွာ တူထည့္ထားျခင္း

အစာစားေနတဲ့အခ်ိန္ တူကိုထမင္းပန္းကန္လုံးထဲမွာ ထည့္ထားၿပီဆိုရင္ ကတိေဖာက္ဖ်က္တယ္လို႔ ယူဆၾကပါတယ္။ ဒါေၾကာင့္ သင္အစာစားေနတဲ့အခ်ိန္ တူကိုခ်ထားခ်င္ရင္ တူထည့္တဲ့ေနရာ ဒါမွမဟုတ္ ပန္းကန္ရဲ႕ေဘးမွာ ထားရပါမယ္။

၇။ အစားအစာကို တစ္ေယာက္နဲ႔တစ္ေယာက္ တူနဲ႔ၫွပ္ေပးျခင္း

ဒီအခ်က္ဟာလည္း ဂ်ပန္ဈာပနအခမ္းအနာေတြနဲ႔ သက္ဆိုင္ေနပါတယ္။ ၿပီးေတာ့ ဒီလိုျပဳလုပ္တာကို ဆိုး႐ြားတဲ့အျပဳအမူလို႔လည္း သတ္မွတ္ၾကၿပီး ကံမေကာင္းမႈေတြ ယူေဆာင္လာတတ္တယ္လို႔ ဆိုၾကပါတယ္။ အစားအစာထည့္ေပးခ်င္တယ္ဆိုရင္ ပထမဆုံး ပန္းကန္ထဲထည့္ၿပီးမွ ေပးသင့္ပါတယ္။

Credit:Yoyarlay

# Unicode Version ျဖင့္ ဖတ္ပါ #

ဂျပန်နိုင်ငံဟာ လူအတော်တော်များများရဲ့ ခရီးသွားမဲ့စာရင်းထဲမှာ နေရာယူထားပါတယ်။ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ခရီးသွားတွေအတွက် အပြုအမူတွေ၊ လိုက်နာရမဲ့ စည်းကမ်းချက်တွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေနဲ့ စကားပြောဆိုဆက်ဆံရတော့မယ်ဆိုရင် လိုက်နာရမဲ့ စည်းကမ်းကျင့်ဝတ်တွေကိုလည်း သိထားသင့်ပါတယ်။

၁။ အမှိုက်ကိုစည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်း

ဂျပန်နိုင်ငံဟာ ကမ္ဘာမှာ အသန့်ရှင်းဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီးတော့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ပတ်သက်ပြီးတော့လည်း သန့်ရှင်းတယ်ဆိုပြီး နာမည်ကြီးလှပါတယ်။ ဒါကြောင့် ဒီတိုင်းပြည်မှာ အမှိုက်စွန့်ပစ်တာဟာ အဓိကအခန်းကဏ္ဍမှာ ပါဝင်တယ်ဆိုတာ အံ့ဩစရာမဟုတ်ပါဘူး။ 

အရာရာတိုင်းကို ပြန်လည်သုံးစွဲလို့ရတာတွေ၊ မီးရှို့ရမဲ့ပစ္စည်းတွေ၊ မရှို့ရမဲ့ပစ္စည်းတွေဆိုပြီး အသေးစိတ်အမျိုးအစား ခွဲခြားထားပါတယ်။ နေရာကိုလိုက်ပြီး အမှိုက်ပုံးတွေ အမျိုးအစားအများကြီးခွဲထားပါတယ်။ သင်ဂျပန်နိုင်ငံကို ရောက်ခဲ့ရင် အမှိုက်အမျိုးအစားကို ဖော်ပြထားတဲ့ အမှိုက်ပုံးတွေမှာပုဲ အမှိုက်စွန့်ပစ်ပါ။

၂။ မီးရထားနဲ့ ဓာတ်လှေကားတွေထဲမှာ စကားကျယ်လောင်စွာပြောခြင်း

ဂျပန်လူမျိုးတွေဟာ မီးရထား၊ ဓာတ်လှေကားလိုမျိုး လူသူထူထပ်တဲ့နေရာမျိုးတွေမှာ ဆူဆူညံညံလုပ်ရင် စိတ်အနှောင့်အယှက်ဖြစ်တတ်ကြပါတယ်။ သင်ရထားစီးတော့မယ်ဆိုရင် ခရီးသည်များကို သူတို့ရဲ့ဖုန်းတွေပိတ်ထားဖို့ ဒါမှမဟုတ် အသံပိတ်ထားဖို့တောင်းဆိုတဲ့ ကြေညာချက်ကို ကြားရမှာပါ။ တကယ်လို့ ရထားစီးနေတုန်း တစ်ယောက်ယောက်ရဲ့ဖုန်းမြည်ခဲ့မယ်ဆိုရင် မြန်မြန်အသံပိတ်လိုက်တာကို သတိထားမိနိုင်ပါတယ်။

၃။ စက်လှေကားရဲ့အလယ်မှာ ရပ်စီးခြင်း

ဂျပန်မှာ စက်လှေကားစီးတော့မယ်ဆိုရင် အမြန်လိုနေတဲ့သူတွေကို ဖယ်ပေးနေတဲ့ပုံစံမျိုးနဲ့ တစ်ဖက်တည်းမှာရပ်နေတာကို တွေ့နိုင်ပါတယ်။ ကန်ဆိုင်း (Kensai) ကလူတွေက စက်လှေကားညာဘက်မှာ ရပ်ကြပြီးတော့ ကန်တို (Kento) ကပြည်သူတွေဆိုရင် စက်လှေကား ဘယ်ဘက်မှာရပ်ကြပါတယ်။ ဒါကြောင့် သင့်ရောက်နေတဲ့နေရာကိုလိုက်ပြီး နည်းနည်းတော့ ကွာခြားမှုရှိမှာပါ။

၄။ ထမင်းစားခန်းနဲ့ စားသောက်ဆိုင်မှ စားစရာတွေကို အပြင်ကိုသယ်သွားခြင်း၊ ယူလာခြင်း

ဂျပန်နိုင်ငံမှာ နောက်တစ်ချက် သတိထားရမှာကတော့ အစားအစာတွေနဲ့ သောက်စရာတွေကို စားသောက်ဆိုင်တွေ၊ ထမင်းစားခန်းတွေကနေ ယူသွားတာတို့၊ သယ်သွားတာတို့ပဲ ဖြစ်ပါတယ်။ ဆိုင်ကခွင့်ပြုထားရင်တောင်မှ မလုပ်သင့်ပါဘူး။ ဂျပန်လူမျိုးတွေဟာ သူတို့ပြုလုပ်လိုက်တဲ့ အစားအစာရဲ့ အရည်အသွေးနဲ့ မီးဖိုချောင်သန့်ရှင်းမှုကို အင်မတန်စေ့စပ်သေချာကြပါတယ်။

စားသုံးသူတစ်ယောက်ယောက်က စားသောက်ဆိုင်ထဲကို ယူဆောင်လာတဲ့ အစားအသောက်ကြောင့် အစာအဆိပ်သင့်တာမျိုး ဖြစ်ခဲ့တယ်ဆိုရင် စားသုံးသူရောက်နေတဲ့ဆိုင်ကို ယာယီပိတ်ပစ်လိုက်နိုင်လို့ပါ။

၅။ ကီမိုနိုဝတ်စုံကို သေချာမဝတ်ခြင်း

ကီမိုနိုဝတ်စုံဟာ သပ်သပ်ရပ်ရပ်ဝတ်ရင် တော်တော်လှတဲ့ဝတ်စုံမျိုးဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေဟာ သူတို့ရဲ့ရိုးရာဝတ်စုံကို လှလှပပသပ်သပ်ရပ်ရပ် ဝတ်လေ့ရှိကြပါတယ်။ ကီမိုနိုရဲ့ဘယ်ဘက်ခြမ်းကို အပေါ်မှာထားပြီးဝတ်ရပြီးတော့ ညာဘက်ခြမ်းကို အပေါ်မှာထားပြီး ဝတ်ထားတယ်ဆိုတာ သေဆုံးသွားတဲ့သူတွေကို ဈာပနအခမ်းအနားမှာ ဝတ်ပေးတာ ဖြစ်ပါတယ်။

ကီမိုနိုဝတ်တဲ့အခါ သင့်ရဲ့ညာဘက်လက်ဟာ ဝတ်စုံထဲကို လွယ်လွယ်ကူကူသွင်းလို့ရပြီဆိုရင် မှန်မှန်ကန်ကန်ဝတ်ထားတာ ကျိန်းသေနေပါပြီ။

၆။ ထမင်းပန်းကန်လုံးထဲမှာ တူထည့်ထားခြင်း

အစာစားနေတဲ့အချိန် တူကိုထမင်းပန်းကန်လုံးထဲမှာ ထည့်ထားပြီဆိုရင် ကတိဖောက်ဖျက်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် သင်အစာစားနေတဲ့အချိန် တူကိုချထားချင်ရင် တူထည့်တဲ့နေရာ ဒါမှမဟုတ် ပန်းကန်ရဲ့ဘေးမှာ ထားရပါမယ်။

၇။ အစားအစာကို တစ်ယောက်နဲ့တစ်ယောက် တူနဲ့ညှပ်ပေးခြင်း

ဒီအချက်ဟာလည်း ဂျပန်ဈာပနအခမ်းအနာတွေနဲ့ သက်ဆိုင်နေပါတယ်။ ပြီးတော့ ဒီလိုပြုလုပ်တာကို ဆိုးရွားတဲ့အပြုအမူလို့လည်း သတ်မှတ်ကြပြီး ကံမကောင်းမှုတွေ ယူဆောင်လာတတ်တယ်လို့ ဆိုကြပါတယ်။ အစားအစာထည့်ပေးချင်တယ်ဆိုရင် ပထမဆုံး ပန်းကန်ထဲထည့်ပြီးမှ ပေးသင့်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top