iMyanmarHouse.com - Best Property Website for Myanmar
×


ဘဝၾကီးက မေအးေအးဝင္းစီစဥ္တာမဟုတ္ေတာ့ ခါးတယ္ဆိုတဲ့ စကားေတြဟာ အခုတေလာမွာမွ Facebook မွာေခတ္စားလာခဲ့တာျဖစ္ပါတယ္။ ျမန္မာကားေတာ္ေတာ္မ်ားမ်ားကုိ မေအးေအးဝင္းက စီစဥ္ခဲ့တာျဖစ္ေလေတာ့ ျမန္မာကားေတြၾကည့္ျပီး ၾကီးျပင္းလာတဲ့ ပရိသတ္ေတြဟာ မေအးေအးဝင္းကုိ သိခ်င္လဲသိ၊မသိခ်င္လဲသိ၊မသိလို႔ကုိေနလို႔မရတဲ့ အျဖစ္မ်ိဳးဆိုက္ေရာက္ေနေတာ့တာပါပဲ။

မေအးေအးဝင္းစီစဥ္ေပးပါဆိုတဲ့ သူေတြေရာ မေအးေအးဝင္းကုိအျပင္းအထန္လိုအပ္ေနပါျပီဆိုသူေတြေရာ မေအးေအးဝင္းစီစဥ္တာနာခံခ်င္လို႔ပါဆိုသူေတြေရာအတြက္ သတင္းေကာင္းကေတာ့ မေအးေအးဝင္းက တရားစြဲဖို႔စီစဥ္ေနပါျပီတဲ့။ မေအးေအးဝင္းက ရုပ္ရွင္ဇာတ္ကားေတြတရားမဝင္ပ်ံ႕နွံ႕မႈေတြကုိ တရားစြဲလို႔ရေအာင္ ဥပေဒေၾကာင္းအရ ခုိင္ခိုင္မာမာအျပစ္ေပးလို႔ရေအာင္ စာခ်ဳပ္စာတမ္းေတြနဲ႔ စီစဥ္သြားေတာ့မွာျဖစ္ေၾကာင္း မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။


မေအးေအးဝင္းက ရုပ္ရွင္ေတြပ်ံ႕နံွ႕သြားတာကုိ ခိုင္ခိုင္မာမာအေရးယူသြားမွာျဖစ္ေၾကာင္း “အစ္မတို႔အတြက္ အဲ့ဒါ ေတာ္ေတာ္အေရးၾကီးပါတယ္။ အစ္မတို႔အဲဒါ ေနာက္ပုိင္းကုိေပါ့ေနာ္ဘယ္လိုလုပ္ရမလဲဆိုတာကုိေနာက္ပုိင္း အစ္မတို႔က စာခ်ဳပ္စာတမ္းနဲ႔ လုပ္ဖို႔ရွိပါတယ္။အစ္မတို႔ကေပးရလို႔ရွိရင္ အသံပုိင္းဆိုင္ရာေတြေပးရတယ္ဆိုေတာ့.. ဒီလိုျဖစ္သြားတဲ့အေပၚမွာ အစ္မတို႔ေနာက္ပုိင္း ခိုင္ခိုင္မာမာျဖစ္ေအာင္ စီစဥ္သြားဖို႔ရွိပါတယ္”လို႔ ေျပာျပထားပါတယ္။

အဲဒီလို ရုပ္ရွင္ေတြကုိတရားမဝင္ျဖန္႔တဲ့သူေတြကုိ တရားစြဲလို႔ရေအာင္ စီစဥ္သြားမယ္လုိ႔လည္း “ဒီတရားစြဲဆိုလို႔ရေအာင္ေပါ့ေနာ္ လြယ္လြယ္ေလးနဲ႔ online ေပၚပ်ံ႕နွံ႕မသြားေအာင္ ခိုင္ခို္င္မာမာစာခ်ဳပ္စာတမ္းနဲ႔ စီစဥ္သြားဖို႔ရွိပါတယ္”လိ္ု႔လည္းေျပာထားျပီး ဒီလုိပ်ံ႕နွံ႔ေနတာေတြေၾကာင့္ အရမ္းကုိနစ္နာရေၾကာင္းကုိ “အစ္မတုိ႔က အရင္းအနွီးအမ်ားၾကီးထည့္ျပီးဖန္တီးထားတာေလ။

Online ေပၚမွာျမန္ျမန္ဆန္ဆန္ေရာက္သြားခဲ့ရင္ အစ္မတို႔က ဖန္တီးထားတဲ့အနုပညာတစ္ခုကုိ Online ေပၚေရာက္သြားခဲ့ရင္ အမ်ားၾကီး နစ္နာပါတယ္။ဒါေၾကာင့္အတတ္နုိင္ဆံုး Safe ျဖစ္ေအာင္ေတာ့လုပ္ရမွာေပါ့ေလ”လို႔ ေျဖၾကားထားပါတယ္။


ေနာက္ျပီး စာခ်ဳပ္စာတမ္းနဲ႔ ခိုင္မာေအာင္ေသခ်ာစီစဥ္သြားမယ့္အေၾကာင္း “အဓိကက ဒီလိုေတြျဖစ္တယ္ဆိုေတာ့ ဒီလိုေတြလုပ္သြားတယ္ဆိုေတာ့ ဒီလိုပဲေျပာလို႔မရေတာ့ဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ယံုၾကည္မႈအျပင္ စာခ်ဳပ္စာတမ္းနဲ႔ပါခိုင္ခိုင္မာမာေပါ့ေနာ္။လုပ္သြားဖို႔ရွိပါတယ္”လို႔ ေျပာျပသြားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ မေအးေအးဝင္းကုိ အရွင္လတ္လတ္ျမင္ဖူးျပီးၾကျပီလား။ မေအးေအးဝင္းစီစဥ္တဲ့ရုပ္ရွင္ေတြထဲက ဘယ္တစ္ခုကုိအၾကိဳက္ဆံုးလဲ။ ေနာက္ထပ္ မေအးေအးဝင္းစီစဥ္တဲ့ ရုပ္ရွင္ေတြကုိေရာအားေပးၾကမွာလား။ မေအးေအးဝင္းစီစဥ္တာမဟုတ္ေတာ့ ဘာျဖစ္တယ္ဆုိတာေတြလည္းၾကည့္ေျပာၾကဦးေနာ္။ ေတာ္ၾကာ မေအးေအးဝင္းနာမည္ကုိအလြဲသံုးစားလုပ္သူေတြကုိ မေအးေအးဝင္းက တရားစြဲဖို႔ စီစဥ္ေနပါျပီဆိုမွ နားကားေနၾကဦးမယ္ 😛

Credit: Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

ဘဝကြီးက မအေးအေးဝင်းစီစဉ်တာမဟုတ်တော့ ခါးတယ်ဆိုတဲ့ စကားတွေဟာ အခုတလောမှာမှ Facebook မှာခေတ်စားလာခဲ့တာဖြစ်ပါတယ်။ မြန်မာကားတော်တော်များများကို မအေးအေးဝင်းက စီစဉ်ခဲ့တာဖြစ်လေတော့ မြန်မာကားတွေကြည့်ပြီး ကြီးပြင်းလာတဲ့ ပရိသတ်တွေဟာ မအေးအေးဝင်းကို သိချင်လဲသိ၊မသိချင်လဲသိ၊မသိလို့ကိုနေလို့မရတဲ့ အဖြစ်မျိုးဆိုက်ရောက်နေတော့တာပါပဲ။

မအေးအေးဝင်းစီစဉ်ပေးပါဆိုတဲ့ သူတွေရော မအေးအေးဝင်းကိုအပြင်းအထန်လိုအပ်နေပါပြီဆိုသူတွေရော မအေးအေးဝင်းစီစဉ်တာနာခံချင်လို့ပါဆိုသူတွေရောအတွက် သတင်းကောင်းကတော့ မအေးအေးဝင်းက တရားစွဲဖို့စီစဉ်နေပါပြီတဲ့။ မအေးအေးဝင်းက ရုပ်ရှင်ဇာတ်ကားတွေတရားမဝင်ပျံ့နှံ့မှုတွေကို တရားစွဲလို့ရအောင် ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာအပြစ်ပေးလို့ရအောင် စာချုပ်စာတမ်းတွေနဲ့ စီစဉ်သွားတော့မှာဖြစ်ကြောင်း မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

မအေးအေးဝင်းက ရုပ်ရှင်တွေပျံ့နံှ့သွားတာကို ခိုင်ခိုင်မာမာအရေးယူသွားမှာဖြစ်ကြောင်း “အစ်မတို့အတွက် အဲ့ဒါ တော်တော်အရေးကြီးပါတယ်။ အစ်မတို့အဲဒါ နောက်ပိုင်းကိုပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုတာကိုနောက်ပိုင်း အစ်မတို့က စာချုပ်စာတမ်းနဲ့ လုပ်ဖို့ရှိပါတယ်။အစ်မတို့ကပေးရလို့ရှိရင် အသံပိုင်းဆိုင်ရာတွေပေးရတယ်ဆိုတော့.. ဒီလိုဖြစ်သွားတဲ့အပေါ်မှာ အစ်မတို့နောက်ပိုင်း ခိုင်ခိုင်မာမာဖြစ်အောင် စီစဉ်သွားဖို့ရှိပါတယ်”လို့ ပြောပြထားပါတယ်။

အဲဒီလို ရုပ်ရှင်တွေကိုတရားမဝင်ဖြန့်တဲ့သူတွေကို တရားစွဲလို့ရအောင် စီစဉ်သွားမယ်လို့လည်း “ဒီတရားစွဲဆိုလို့ရအောင်ပေါ့နော် လွယ်လွယ်လေးနဲ့ online ပေါ်ပျံ့နှံ့မသွားအောင် ခိုင်ခိုင်မာမာစာချုပ်စာတမ်းနဲ့ စီစဉ်သွားဖို့ရှိပါတယ်”လို့လည်းပြောထားပြီး ဒီလိုပျံ့နှံ့နေတာတွေကြောင့် အရမ်းကိုနစ်နာရကြောင်းကို “အစ်မတို့က အရင်းအနှီးအများကြီးထည့်ပြီးဖန်တီးထားတာလေ။

Online ပေါ်မှာမြန်မြန်ဆန်ဆန်ရောက်သွားခဲ့ရင် အစ်မတို့က ဖန်တီးထားတဲ့အနုပညာတစ်ခုကို Online ပေါ်ရောက်သွားခဲ့ရင် အများကြီး နစ်နာပါတယ်။ဒါကြောင့်အတတ်နိုင်ဆုံး Safe ဖြစ်အောင်တော့လုပ်ရမှာပေါ့လေ”လို့ ဖြေကြားထားပါတယ်။

နောက်ပြီး စာချုပ်စာတမ်းနဲ့ ခိုင်မာအောင်သေချာစီစဉ်သွားမယ့်အကြောင်း “အဓိကက ဒီလိုတွေဖြစ်တယ်ဆိုတော့ ဒီလိုတွေလုပ်သွားတယ်ဆိုတော့ ဒီလိုပဲပြောလို့မရတော့ဘူး။ တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုအပြင် စာချုပ်စာတမ်းနဲ့ပါခိုင်ခိုင်မာမာပေါ့နော်။လုပ်သွားဖို့ရှိပါတယ်”လို့ ပြောပြသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မအေးအေးဝင်းကို အရှင်လတ်လတ်မြင်ဖူးပြီးကြပြီလား။ မအေးအေးဝင်းစီစဉ်တဲ့ရုပ်ရှင်တွေထဲက ဘယ်တစ်ခုကိုအကြိုက်ဆုံးလဲ။ နောက်ထပ် မအေးအေးဝင်းစီစဉ်တဲ့ ရုပ်ရှင်တွေကိုရောအားပေးကြမှာလား။ မအေးအေးဝင်းစီစဉ်တာမဟုတ်တော့ ဘာဖြစ်တယ်ဆိုတာတွေလည်းကြည့်ပြောကြဦးနော်။ တော်ကြာ မအေးအေးဝင်းနာမည်ကိုအလွဲသုံးစားလုပ်သူတွေကို မအေးအေးဝင်းက တရားစွဲဖို့ စီစဉ်နေပါပြီဆိုမှ နားကားနေကြဦးမယ် 😛

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top