iMyanmarHouse.com - Best Property Website for Myanmar
×







Credit: welovecele

# Unicode Version ဖြင့် ဖတ်ပါ #

Beauty Blogger အဖြစ်နာမည်ကြီးလူသိများလာသူ နေခြည်ဦးဟာ သူမရဲ့ လမ်းကြောင်းပေါ်မှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်နေရုံမက အနုပညာလောကထဲကိုပါ တစတစနဲ့ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ရုပ်ရှင်ကားကြီး ၂ ကားကို ရိုက်ကူးပြီးသွားခဲ့ပြီးတော့ ရည်းစားဟောင်းဖြစ်သူ အောင်ရဲလင်းနဲ့ ရုပ်ရှင်တွဲရိုက်ဖို့လည်း ကမ်းလှမ်းခံထားရတာဖြစ်ပါတယ်။

နေခြည်ဦးရဲ့ မိဘတွေဟာ စိမ်းလဲ့တင်အပန်းဖြေစခန်းကို တည်ထောင်ထားသူတွေဖြစ်ပြီး နေခြည်ဦး အသက် (၃၀) ပြည့်ပါက စိမ်းလဲ့တင်အပန်းဖြေစခန်းကို လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ မိခင်ဖြစ်သူ အန်တီဆွေက ဆိုပါတယ်။ စိမ်းလဲ့တင်မြေကို ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလမှာ ဝယ်ယူပြီးတော့ စတင်တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ သားသမီးတွေဖြစ်တဲ့ နေခြည်ဦးလက်ထဲကို အသက် (၃၀) အရွယ်မှာ လွှဲပေးဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

နေခြည်ဦးအနေနဲ့ လက်ရှိမှာ သူမအောင်မြင်တဲ့ Beauty Blogger လိုင်းမှာ လျှောက်လှမ်းနေပြီးတော့ သူမခြေထောက်ပေါ်ကိုယ်တိုင်ရပ်တည်ရတာဖြစ်တဲ့အတွက် တခါတလေမှာ အောက်ကျတဲ့အဖြစ်မျိုးတွေကိုလည်းရင်ဆိုင်ခဲ့ရတဲ့အချိန်တွေ ရှိခဲ့မယ်လို့ဆိုပါတယ်။ ဒါတွေဟာ သူမအတွက် သင်ခန်းစာနဲ့အတွေ့အကြုံတွေဖြစ်ပြီးတော့ အသက် (၃၀) ပြည့်ပြီးစိမ်းလဲ့တင်ကိုလွှဲပေးမယ့်အချိန်မှာ မိဘများအနေနဲ့ သီးသန့်သင်ကြားပေးစရာမလိုလောက်တော့ဘူးလို့ မိခင်ဖြစ်သူကဆိုပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top