iMyanmarHouse.com - Best Property Website for Myanmar
×



အိမ္ေထာင္တစ္ခု ထူေထာင္ဖုိ႔ဆုိတာ အခ်စ္တစ္ခုတည္းနဲ႔ မၿပီးပါဘူး။ ဒါေပမဲ့ အခ်စ္မ႐ွိလို႔လည္း မျဖစ္ပါဘူး။ အခ်ိဳ႕ေတြကေတာ့ ဇနီးသည္နဲ႔ မိသားစုအေပၚ တာဝန္ေက်ဖို႔အတြက္ အလုပ္ႀကိဳးစားေနရင္းကပဲ ဇနီးအေပၚ ဂ႐ုမစိုက္မိသလို ျဖစ္တတ္ပါတယ္။ ကိုယ့္ရဲ႕ဇနီးသည္အေပၚ သစၥာေစာင့္သိ႐ံုမက ခ်စ္လည္းခ်စ္တတ္ေၾကာင္း ျပသဖုိ႔အတြက္ အလြယ္ဆံုးနည္းေလးေတြရွိပါတယ္။

၁။ ပါတီေသးေသး သူေရာကိုယ္ပါ ခင္မင္ရင္းႏွီးတဲ့ မိတ္ေဆြေတြကိုေခၚၿပီး အိမ္မွာပဲ စားပြဲေသာက္ပြဲ ေသးေသးေလးတစ္ခုေလာက္ လုပ္ေပးလိုက္ပါ။ သူမမွာလည္း ပင္ပန္းေနရတာေတြ႐ွိတတ္လို႔ စကားစျမည္ေျပာရင္းနဲ႔ ပင္ပန္းမႈေတြ ေလ်ာ့သြားတာေပါ့။

၂။ ညစာထြက္စား ဆိုင္ႀကီးႀကီးျဖစ္စရာမလုိပါဘူး။ ဆုိင္သန္႔သန္႔ေလးမွာ ႏွစ္ေယာက္တည္း ေအးေအးေဆးေဆး ညစာထြက္စားဖုိ႔ သူမကိုေခၚပါ။

၃။ ဖုန္းထားခဲ့ ညစာအတူစားေနတုန္းမွာ ဖုန္းကိုမၾကည့္ပါနဲ႔။ အခ်ိန္ နာရီဝက္ေလာက္ေလးအတြင္းမွာ ဖုန္းကို silent လုပ္ထားၿပီး စကားေတြေျပာေပးမယ္ဆုိ သူမ အရမ္းၾကည္ႏူးသြားပါလိမ့္မယ္။ ကိုယ့္မိန္းမထက္ အေရးႀကီးတာ ဘာမွမရွိဘူးဆုိတဲ့ ကိုယ့္စိတ္ထားကို ဇနီးကသိသြားပါလိမ့္မယ္။

၄။ တစ္ေန႔တာအေၾကာင္း ဒီေန႔ ဘာလုပ္စရာ႐ွိသလဲလို႔ ေမးမယ့္အစား ဒီေန႔ ဘာေတြလုပ္ျဖစ္လဲလို႔ ေမးၾကည့္ပါ။ အလုပ္မွာ ဘာေတြျဖစ္ခဲ့လဲ၊ အထက္လူႀကီးနဲ႔ အဆင္ေျပရဲ႕လားလို႔ ေမးေပးတာကလည္း သူမကို ဂရုစိုက္တာပါပဲ။ အိမ္မွာပဲေနတဲ့ဇနီးဆုိရင္လည္း သူမရဲ႕အိမ္မႈကိစၥလုပ္ေဆာင္မႈေတြကို ကိုယ္က မကူႏိုင္ေပမယ့္ သူမရဲ႕အိမ္ေထာင္ရွင္မ၀တၱရားေက်ပြန္မႈကို အသိအမွတ္ျပဳရာေရာက္တာေပါ့။

၅။ လက္ေဆာင္ ကလစ္ေလးတစ္ေခ်ာင္း၊ ပုဝါေလးတစ္ထည္ ဆုိေပမယ့္ အဲ့ဒီေသးေသးမႊားမႊားလက္ေဆာင္ေလးကပဲ သူမကို ေခါင္းထဲအၿမဲထည့္ထားတယ္ဆုိတာ ေပၚလြင္သြားေစပါတယ္။


Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

အိမ်ထောင်တစ်ခု ထူထောင်ဖို့ဆိုတာ အချစ်တစ်ခုတည်းနဲ့ မပြီးပါဘူး။ ဒါပေမဲ့ အချစ်မရှိလို့လည်း မဖြစ်ပါဘူး။ အချို့တွေကတော့ ဇနီးသည်နဲ့ မိသားစုအပေါ် တာဝန်ကျေဖို့အတွက် အလုပ်ကြိုးစားနေရင်းကပဲ ဇနီးအပေါ် ဂရုမစိုက်မိသလို ဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့ဇနီးသည်အပေါ် သစ္စာစောင့်သိရုံမက ချစ်လည်းချစ်တတ်ကြောင်း ပြသဖို့အတွက် အလွယ်ဆုံးနည်းလေးတွေရှိပါတယ်။

၁။ ပါတီသေးသေး သူရောကိုယ်ပါ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေကိုခေါ်ပြီး အိမ်မှာပဲ စားပွဲသောက်ပွဲ သေးသေးလေးတစ်ခုလောက် လုပ်ပေးလိုက်ပါ။ သူမမှာလည်း ပင်ပန်းနေရတာတွေရှိတတ်လို့ စကားစမြည်ပြောရင်းနဲ့ ပင်ပန်းမှုတွေ လျော့သွားတာပေါ့။

၂။ ညစာထွက်စား ဆိုင်ကြီးကြီးဖြစ်စရာမလိုပါဘူး။ ဆိုင်သန့်သန့်လေးမှာ နှစ်ယောက်တည်း အေးအေးဆေးဆေး ညစာထွက်စားဖို့ သူမကိုခေါ်ပါ။

၃။ ဖုန်းထားခဲ့ ညစာအတူစားနေတုန်းမှာ ဖုန်းကိုမကြည့်ပါနဲ့။ အချိန် နာရီဝက်လောက်လေးအတွင်းမှာ ဖုန်းကို silent လုပ်ထားပြီး စကားတွေပြောပေးမယ်ဆို သူမ အရမ်းကြည်နူးသွားပါလိမ့်မယ်။ ကိုယ့်မိန်းမထက် အရေးကြီးတာ ဘာမှမရှိဘူးဆိုတဲ့ ကိုယ့်စိတ်ထားကို ဇနီးကသိသွားပါလိမ့်မယ်။

၄။ တစ်နေ့တာအကြောင်း ဒီနေ့ ဘာလုပ်စရာရှိသလဲလို့ မေးမယ့်အစား ဒီနေ့ ဘာတွေလုပ်ဖြစ်လဲလို့ မေးကြည့်ပါ။ အလုပ်မှာ ဘာတွေဖြစ်ခဲ့လဲ၊ အထက်လူကြီးနဲ့ အဆင်ပြေရဲ့လားလို့ မေးပေးတာကလည်း သူမကို ဂရုစိုက်တာပါပဲ။ အိမ်မှာပဲနေတဲ့ဇနီးဆိုရင်လည်း သူမရဲ့အိမ်မှုကိစ္စလုပ်ဆောင်မှုတွေကို ကိုယ်က မကူနိုင်ပေမယ့် သူမရဲ့အိမ်ထောင်ရှင်မဝတ္တရားကျေပွန်မှုကို အသိအမှတ်ပြုရာရောက်တာပေါ့။

၅။ လက်ဆောင် ကလစ်လေးတစ်ချောင်း၊ ပုဝါလေးတစ်ထည် ဆိုပေမယ့် အဲ့ဒီသေးသေးမွှားမွှားလက်ဆောင်လေးကပဲ သူမကို ခေါင်းထဲအမြဲထည့်ထားတယ်ဆိုတာ ပေါ်လွင်သွားစေပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top