iMyanmarHouse.com - Best Property Website for Myanmar
×


သမီးရည္းစားေတြၾကားမွာ ရန္ျဖစ္စကားမ်ားတဲ့အရာဟာ အၿမဲလိုလို ႀကဳံေတြ႕ေနရတတ္တဲ့အရာေတြပါ။ တခါတေလမွာ ရန္ျဖစ္ေပးတာက ေကာင္းတယ္ ဆိုေပမယ့္ အၿမဲလိုလိုျဖစ္လာတဲ့အခါ တဦးနဲ႔တဦး လမ္းခြဲျခင္းကို ဦးတည္တတ္ပါတယ္။

ဒါေၾကာင့္ ဘယ္လို အခ်က္ေတြေၾကာင့္ ရန္ျဖစ္ရတယ္ဆိုတာကို သိတဲ့အခါ ျပန္လည္ျပင္ဆင္ၿပီး ေကာင္းမြန္တဲ့ ဆက္ဆံေရး တည္ေဆာက္ႏိုင္မယ့္ နည္းလမ္းေတြ ေျပာျပေပးသြားပါမယ္။


(၁) ေငြေရးေၾကးေရး

ဝင္ေငြမတူတဲ့ ခ်စ္သူေတြၾကားမွာ ေငြေရးေၾကးေရးက အခ်ိန္ အတိုင္းအတာ တခုေရာက္လာတဲ့အခါ စကားမ်ားေစရတဲ့ အဓိက အေၾကာင္းအရင္း ျဖစ္လာပါတယ္။ ဒါေၾကာင့္ ပိုက္ဆံေၾကာင့္ ရန္ျဖစ္ရတာမ်ိဳး မျဖစ္ရေအာင္ အစကတည္းက ညႇိႏႈိင္းတိုင္ပင္တာမ်ိဳး လုပ္ထားသင့္ပါတယ္။

(၂) စိတ္ဖိစီးမႈနဲ႔ ကိုယ္ေရးကိုယ္တာ ျပႆနာ

အၿမဲအလိုလို အတူရွိေနတဲ့ ခ်စ္သူေတြၾကားမွာ ကိုယ္ေရးကိုယ္တာေၾကာင့္ အခ်ိန္မေပးႏိုင္တာမ်ိဳးနဲ႔ လုပ္ငန္းခြင္ေၾကာင့္ စိတ္ဖိစီးမႈေတြေၾကာင့္ ရန္ျဖစ္ရတတ္ပါတယ္။ တဦးနဲ႔ တဦးနီးစပ္ခ်င္တာေၾကာင့္ ျဖစ္တတ္တဲ့ ျပႆနာမလို႔ အတူတကြ ေျဖရွင္းမယ့္အခ်ိန္ကို ပြင့္ပြင့္လင္းလင္း တိုင္ပင္ထားသင့္ပါတယ္။


(၃) တဦးတည္း အခ်ိန္ျဖဳန္းျခင္း

ခ်စ္သူူရည္းစားကို အခ်ိန္မေပးဘဲ ကိုယ္ေရးကိုယ္တာနဲ႔ သူငယ္ခ်င္းေတြၾကား အခ်ိန္ျဖဳန္းခ်င္သူကိုေတာ့ ဘယ္သူကမွာ သည္းခံႏိုင္မယ္ မထင္ပါဘူး။ ဒါေၾကာင့္ သင္တကယ္ ခ်စ္တယ္ဆိုရင္ သူ႔အတြက္အခ်ိန္ကို ဖယ္ထားသင့္ပါတယ္။

(၄) အဆက္အသြယ္ မရွိျခင္း

တဦးနဲ႔တဦးၾကား အဆက္အသြယ္ မရွိေတာ့ဘူး၊ တေယာက္ ဘာလုပ္ေနမွန္း မသိေတာ့ဘူးဆိုရင္ အတြဲအမ်ားစုက လမ္းခြဲျခင္းနဲ႔ အဆုံးသတ္ၾကပါတယ္။ ဒီလို မျဖစ္ရေအာင္ အၿမဲဆက္သြယ္ဖို႔ အစီအစဥ္ခ်တာမ်ိဳး၊ အခ်ိန္ သတ္မွတ္တာမ်ိဳး လုပ္ပါ။

(၅) ခံစားခ်က္ကို နားလည္ မေပးျခင္း

တဦးရဲ႕ခံစားခ်က္ကို နားလည္ မေပးဘဲ ကိုယ္ျဖစ္ခ်င္တာကိုပဲ ဇြတ္လုပ္တတ္တဲ့သူမ်ိဳးေတြဟာလည္း မေပ်ာ္႐ႊင္ရတဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ရတတ္ပါတယ္။ ႏွစ္ေယာက္သားဟာ စိတ္ခ်င္းေဝးလာတဲ့အခါ အၿမဲလိုလို ရန္ျဖစ္ေတာ့တာေပ့ါ။

(၆) မိသားစုနဲ႔ သူငယ္ခ်င္း

သင့္ပတ္ဝန္းက်င္ အသိုင္းအဝိုင္းေၾကာင့္လည္း သင့္ခ်စ္သူနဲ႔ စကားမ်ားရတတ္ပါတယ္။ ဒါေၾကာင့္ ႏွစ္ဦးႏွစ္ဖက္ၾကားမွာ သဟဇာတျဖစ္ေအာင္ အစကတည္းက ႀကိဳတင္ညႇိႏႈိင္းတာမ်ိဳး၊ အသိေပးထားတာမ်ိဳး လုပ္ထားသင့္ပါတယ္။

(၇) မေျဖရွင္းထားတဲ့ ျပႆနာေတြ

ႏွစ္ဦးႏွစ္ဖက္ၾကားမွာ ျပသနာေတြ ရွိလာတဲ့အခါ ခ်က္ခ်င္းညႇိႏႈိင္း ေျဖရွင္းထားသင့္ပါတယ္။ ဒီလို မဟုတ္ဘဲ စိတ္ထဲမွာ မွတ္ထားတာမ်ိဳးေတြ မ်ားလာတဲ့အခါ ႏွစ္ေယာက္ၾကား ေျဖရွင္းလို႔ မရတဲ့ ျပႆနာတခုျဖစ္ၿပီး လမ္းခြဲရတတ္ပါတယ္။

(၈) သဝန္တိုျခင္း

တဦးနဲ႔တဦး သဝန္တိုရတဲ့အေၾကာင္းေတြ ရွိတဲ့အခါမွာလည္း ရန္ျဖစ္ စကားမ်ားရ တတ္ပါတယ္။ ဒါေၾကာင့္ သဝန္မတိုရေအာင္၊ အထင္မလြဲရေအာင္ အစကတည္းက ညႇိႏႈိင္းထားတာမ်ိဳးလုပ္ထားပါ။ ရန္ျဖစ္စကားမ်ားတာဟာ စိတ္ညစ္စရာေကာင္းေပမယ့္လည္း Relationship တိုင္းမွာ ႀကဳံေတြ႕ရတတ္တာေၾကာင့္ တဦးအေပၚ သည္းခံၿပီး နားလည္ခြင့္လႊတ္မႈေတြနဲ႔အတူ သာယာတဲ့ခ်စ္ျခင္းကို ပိုင္ဆိုင္ေစဖို႔ အႀကံျပဳလိုက္ရပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

သမီးရည်းစားတွေကြားမှာ ရန်ဖြစ်စကားများတဲ့အရာဟာ အမြဲလိုလို ကြုံတွေ့နေရတတ်တဲ့အရာတွေပါ။ တခါတလေမှာ ရန်ဖြစ်ပေးတာက ကောင်းတယ် ဆိုပေမယ့် အမြဲလိုလိုဖြစ်လာတဲ့အခါ တဦးနဲ့တဦး လမ်းခွဲခြင်းကို ဦးတည်တတ်ပါတယ်။

ဒါကြောင့် ဘယ်လို အချက်တွေကြောင့် ရန်ဖြစ်ရတယ်ဆိုတာကို သိတဲ့အခါ ပြန်လည်ပြင်ဆင်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်းတွေ ပြောပြပေးသွားပါမယ်။


(၁) ငွေရေးကြေးရေး

ဝင်ငွေမတူတဲ့ ချစ်သူတွေကြားမှာ ငွေရေးကြေးရေးက အချိန် အတိုင်းအတာ တခုရောက်လာတဲ့အခါ စကားများစေရတဲ့ အဓိက အကြောင်းအရင်း ဖြစ်လာပါတယ်။ ဒါကြောင့် ပိုက်ဆံကြောင့် ရန်ဖြစ်ရတာမျိုး မဖြစ်ရအောင် အစကတည်းက ညှိနှိုင်းတိုင်ပင်တာမျိုး လုပ်ထားသင့်ပါတယ်။

(၂) စိတ်ဖိစီးမှုနဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာ

အမြဲအလိုလို အတူရှိနေတဲ့ ချစ်သူတွေကြားမှာ ကိုယ်ရေးကိုယ်တာကြောင့် အချိန်မပေးနိုင်တာမျိုးနဲ့ လုပ်ငန်းခွင်ကြောင့် စိတ်ဖိစီးမှုတွေကြောင့် ရန်ဖြစ်ရတတ်ပါတယ်။ တဦးနဲ့ တဦးနီးစပ်ချင်တာကြောင့် ဖြစ်တတ်တဲ့ ပြဿနာမလို့ အတူတကွ ဖြေရှင်းမယ့်အချိန်ကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ထားသင့်ပါတယ်။

(၃) တဦးတည်း အချိန်ဖြုန်းခြင်း

ချစ်သူူရည်းစားကို အချိန်မပေးဘဲ ကိုယ်ရေးကိုယ်တာနဲ့ သူငယ်ချင်းတွေကြား အချိန်ဖြုန်းချင်သူကိုတော့ ဘယ်သူကမှာ သည်းခံနိုင်မယ် မထင်ပါဘူး။ ဒါကြောင့် သင်တကယ် ချစ်တယ်ဆိုရင် သူ့အတွက်အချိန်ကို ဖယ်ထားသင့်ပါတယ်။

(၄) အဆက်အသွယ် မရှိခြင်း

တဦးနဲ့တဦးကြား အဆက်အသွယ် မရှိတော့ဘူး၊ တယောက် ဘာလုပ်နေမှန်း မသိတော့ဘူးဆိုရင် အတွဲအများစုက လမ်းခွဲခြင်းနဲ့ အဆုံးသတ်ကြပါတယ်။ ဒီလို မဖြစ်ရအောင် အမြဲဆက်သွယ်ဖို့ အစီအစဉ်ချတာမျိုး၊ အချိန် သတ်မှတ်တာမျိုး လုပ်ပါ။

(၅) ခံစားချက်ကို နားလည် မပေးခြင်း

တဦးရဲ့ခံစားချက်ကို နားလည် မပေးဘဲ ကိုယ်ဖြစ်ချင်တာကိုပဲ ဇွတ်လုပ်တတ်တဲ့သူမျိုးတွေဟာလည်း မပျော်ရွှင်ရတဲ့ အချစ်ရေးကို ပိုင်ဆိုင်ရတတ်ပါတယ်။ နှစ်ယောက်သားဟာ စိတ်ချင်းဝေးလာတဲ့အခါ အမြဲလိုလို ရန်ဖြစ်တော့တာပေ့ါ။

(၆) မိသားစုနဲ့ သူငယ်ချင်း

သင့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြောင့်လည်း သင့်ချစ်သူနဲ့ စကားများရတတ်ပါတယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက်ကြားမှာ သဟဇာတဖြစ်အောင် အစကတည်းက ကြိုတင်ညှိနှိုင်းတာမျိုး၊ အသိပေးထားတာမျိုး လုပ်ထားသင့်ပါတယ်။

(၇) မဖြေရှင်းထားတဲ့ ပြဿနာတွေ

နှစ်ဦးနှစ်ဖက်ကြားမှာ ပြသနာတွေ ရှိလာတဲ့အခါ ချက်ချင်းညှိနှိုင်း ဖြေရှင်းထားသင့်ပါတယ်။ ဒီလို မဟုတ်ဘဲ စိတ်ထဲမှာ မှတ်ထားတာမျိုးတွေ များလာတဲ့အခါ နှစ်ယောက်ကြား ဖြေရှင်းလို့ မရတဲ့ ပြဿနာတခုဖြစ်ပြီး လမ်းခွဲရတတ်ပါတယ်။

(၈) သဝန်တိုခြင်း

တဦးနဲ့တဦး သဝန်တိုရတဲ့အကြောင်းတွေ ရှိတဲ့အခါမှာလည်း ရန်ဖြစ် စကားများရ တတ်ပါတယ်။ ဒါကြောင့် သဝန်မတိုရအောင်၊ အထင်မလွဲရအောင် အစကတည်းက ညှိနှိုင်းထားတာမျိုးလုပ်ထားပါ။ ရန်ဖြစ်စကားများတာဟာ စိတ်ညစ်စရာကောင်းပေမယ့်လည်း Relationship တိုင်းမှာ ကြုံတွေ့ရတတ်တာကြောင့် တဦးအပေါ် သည်းခံပြီး နားလည်ခွင့်လွှတ်မှုတွေနဲ့အတူ သာယာတဲ့ချစ်ခြင်းကို ပိုင်ဆိုင်စေဖို့ အကြံပြုလိုက်ရပါတယ်။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top